Chapter 64- မင်းကိုငါ ဒီလောက်တောင် သဘောကျရသလား?

1.8K 212 6
                                    

Chapter 64- မင်းကိုငါ ဒီလောက်တောင် သဘောကျရသလား?

နောက်၂ရက်နေတော့ အိုးအိမ်ဝန်ကြီးဌာနက ဒါရိုက်တာကြီးကိုယ်တိုင် အန်တီZouကို ဆေးရုံမှာ လူနာလာမေးတယ်။

( အစ်မကြီးကို တောင်းပန်ဖို့ ကျွန်တော်လာခဲ့တာပါ။ ဟိုနေ့က ဖြစ်ပျက်သွားတာတွေအတွက် တကယ့်ကို ရှက်မိပါတယ်ဗျာ။ အဲ့ဒီဝန်ထမ်းတွေကိုလည်း ပညာကောင်းကောင်းပေးလိုက်ပါပြီ။ သူတို့ကို ဒဏ်ငွေလည်း တပ်လို်က်ပြီးသားပါ။ ဒီတော့ အစ်မကြိီးကပဲ သဘောထားကြီးကြီးနဲ့ ကျွန်တာ်တို့ကို သက်ညှာပေးလိုက်ပါလို့)

အန်တီZouက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ တုံနိဘာဝေဖြစ်နေတယ်။ လမ်းဘေးတွန်းလှည်းနဲ့ရောင်းတဲ့ ဈေးသည်တွေကို စည်ပင်က အရေးယူတာဟာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒါရိုက်တာကြီးကိုယ််တိုင်လာပြီး တောင်းပန်တာကတော့ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပါ။

( ဒီမှာ ငွေသား ယန်း၅၀၀၀ပါ။ အစ်မကြီးရဲ့ဆေးဝါးကုန်ကျစရိတ်အတွက် နှစ်သိမ့်ကြေးငွေအဖြစ်ပဲ သဘောထားပေးပါခင်ဗျာ)

( ဒါ..ဒါ...)

ဆေးဖိုးကုန်ကျစရိတ်က အဲ့လောက်မများပါဘူးလို့ အန်တီZou ပြောချင်နေတာပါ။

( ဒါပေါ့ ကျွန်တော်တို့ လက်ခံထားလိုက်မယ်နော်) GuHaiက ငွေထည့်ထားတဲ့စာအိတ်ကို ခပ်သွက်သွက်ယူလိုက်ပြီး အန်တီZouရဲ့ခေါင်းအုံးအောက်ကို ထိုးထည့်ထားလိုက်တယ်။ ( အန်တီ ယူလိုက်ပါ။ အားနာနေစရာ မလိုဘူးရယ်)

( ဟုတ်ပါတယ်။ ဟုတ်ပါတယ် အစ်မကြီးရယ်) ဒါရိုက်တာကြီးကလည်း ခေါင်းတညိတ်ညိတ်နဲ့ ( အစ်မကြီးရဲ့စီးပွားရေးကို ဖျက်ဆီးမိတာ ကျွန်တော်တို့ အမှားပါ။ XinJeiKouမှာရှိတဲ့ စားသောက်ဆိုင်ကိုလည်း အကုန်လုံး ပြင်ဆင်ပြီးပါပြီ။ ဆိုင်အတွင်းပိုင်း အလှဆင်တာတွေရော ဘာရော အားလုံးအသစ်တွေချည်းပဲ။ ဆိုင်ဘုတ်တောင် အသစ်တင်ပြီးပြီ။ အန်တီZou စားဖွယ်စုံ တဲ့။ အစ်မကြီး ဆေးရုံဆင်းလာတာနဲ့ ဆိုင်ဖွင့်ပွဲရက်ကို စောနိုင်သမျှ အစောဆုံးကျွန်တော်တို့ ရက်ရွေးကတြာပေ့ါ)

အန်တီZouတစ်ယောက် အိမ်မက်များမက်နေသလားလို့တောင် ထင်မိတယ်။ သူမရဲ့ခြေထောက် အပူလောင်တာတောင် သက်သာသွားသလိုပဲ။

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now