Chapter 25- BaiLuoYinရဲ့အရေးကိစ္စ

1.8K 234 1
                                    

စိတ်ကြိုက်စာလုပ်ချိန် ပြီးလို့ နားချိန်ပေးကတည်းက၊ BaiLuoYinတစ်ယောက် ခေါင်းမထူနိုင်တော့။
အဲ့ဒီအချိန်မှာပဲ GuHaiတစ်ယောက်ကတော့ အသက်တောင် ဝဝမရှူနိုင်ဘဲ ဂနာမငြိမ်ဖြစ်နေရပါတယ်။
GuHaiဟာ သူ့စားပွဲခုံကို ရှေ့ကိုအားနဲ့တွန်းပြီး BaiLuoYin နောက်ကျောကို သွားဆောင့်မိအောင် လုပ်တယ်။ ဆောင့်တွန်းတွန်းတဲ့အသံက ကျယ်လွန်းလို့ တတန်းလုံးက သူ့ကိုလှည့်ကြည့်ကတြယ်။ ဒါပေမယ့် BaiLuoYinမှာတော့ အေးအေးချမ်းချမ်း အိပ်မောကျနေဆဲ။ သူ BaiLuoYin အိပ်မရအောင် နည်းမျိုးစုံနဲ့ ဘယ်လိုပဲ ကြိုးစားကြိုးစား သူပစ်မှတ်ထားတဲ့လူကတော့ အိပ်ပျော်နေတုန်းပဲ။ ဒါ့ကြောင့် သူ အတော့်ကို စိတ်မကျမေနပ်ဖြစ်ရတယ်။
တတိယမြောက် အတန်းချိန်က LuoXiaoYuရဲ့ စာသင်ချိန်။ ဆရာမ LuoXiaoYuက BaiLuoYinကို စာမေးရတာတော်တော်ကြိုက်တယ်။ အခုလည်း ဒီလိုပါပဲ၊ သူမနှုတ်ကနေ BaiLuoYin ဆိုတဲ့ နာမည်သုံးလုံးထွက်လာတာနဲ့ တပြိုင်နက် ကျောင်းသားအားလုံး BaiLuoYin ရှိရာလှမ်းကြည့်ကတြယ်။
BaiLuoYin အိပ်တာများသွားလို့ သူ့ပါးမှာ ပန်းဆီရောင်အကွက်ပေါ်နေတယ်။ သူ ခါတိုင်းလိုပဲ မတ်တပ်ထရပ်ပြီး အဖေကြို ပိုင်ပိုင်နိုင်နိုုင် ဖေလြိုက်တယ်။
ဒါမျိုးက ဖြစ်နေကျပဲမို့ ဘယ်သူကမှ အထူးအဆန်း မမှတ်ကြတော့။
ဒါပေမယ့် GuHaiကတော့ တကယ့်ကို ကိုယ့်ဒုက္ခကိုယ်ရှာချင်နေပါတယ်။
သူ BaiLuoYinကို စသိစဉ်ကတည်းက ဟိုတစ်ယောက်တကယ် အိပ်တာရောဟုတ်ရဲ့လားလို့ သူသံသယဝင်နေခဲ့တာ။ အိပ်နေတုန်းမှာ လက်ချာလိုက်နိုင်တဲ့သူဆိုတာ ရှိရောရှိနိုင်ပါ့မလား? အခြားအတန်းဖော်တွေကတော့ ပြောတယ်- BaiLuoYinက ထူးဆန်းတယ်တဲ့၊ မှော်အတတ်များ တတ်နေသလား ဆိုပဲ။
အဲ့ဒီလို သဘာဝလွန်ပညာရပ်တွေအပေါ် GuHai အယုံအကြည်မရှိပါ။
သူ့အထင် မှန်သလား မှားသလား စမ်းသပ်ကြည့်ချင်တာနဲ့ GuHaiဟာ တတိယမြောက် စာသင်ခိျန်မှာ ကျောင်းဆေးပေးခန်းကနေ အိပ်ဆေး၂လုံးတောင်းလာခဲ့တယ်။ အတန်းထဲပြန်ရောက်တော့ BaiLuoYinရဲ့ရေဘူးထဲကို အိပ်ဆေးတွေ ချပြေီးထည့်ထားလိုက်တယ်။
နေ့လည်ရောက်တဲ့အထိ၊ BaiLuoYin ခေါင်းထဲ မူးဝေနောက်ကျိနေတုန်းပဲ။
တုပ်ကွေးပျောက်ဆေးတွေက လူကိုမူးနောက်နောက် ဖြစ်စေတဲ့နေရာမှာတော့ ထိပ်တန်းပါပဲ။ သူက အချိန်မှားသောက်လိုက်မိတော့ ပိုဆိုးပေါ့။ သူ့ခင်မျာ နေ့လား ညလား ဘာမှမသိအောင် အိပ်ပျော်သွားခဲ့တာ။
BaiLuoYin ရေငတ်တာနဲ့ ရေဘူးယူပြီး ဂလုဂလုနဲ့ မော့ချပစ်လိုက်တယ်။
*တမျိုးကြီးပဲ၊ ရေက ဒီနေ့မှ ဘာလို့ခါးနေရတာပါလိမ့်၊ ငါ့မှာ သောက်လေသောက်လေ ငတ်မပြေဖြစ်နေပါလား*
BaiLuoYin ဟာ ရေဘူးကြီး တဗူးလုံးကုန်အောင် သောက်ပစ်လိုက်တယ်။ ရေသောက်ပြီးတော့ ရေပူပိုက်လိုင်းကနေ ရေဘူးထဲ ရေပြန်ထည့်ကာ သူ့စားပွဲပေါ်တင်ထားရင်း အအေးခံထားတယ်။
ရေသောက်ပြီး သူ ချက်ချင်းပဲ အိပ်ငိုက်လာတော့တယ်။
သူ ဆက်အိပ်သွားတာများ ခေါင်းကို ထောင်ထမလာတော့ပါ။
စာသင်ချိန် ၂ချိန်ဆက်တိုက်၊ ဆရာတွေကလည်း BaiLuoYinကို ဘာမေးခွန်းမှ မမေးကြ။ စမ်းသပ်မှု အဖြေပေါ်စရာလမ်း မမြင်ဘူးလို့ GuHai တွေးမိတယ်။ နောက်အချိန်တွေက စိတ်ကြိုက်စာလုပ်ချိန်မို့၊ တတန်းလုံး တိတ်ဆိတ်နေလို့ အိပ်ချင်သူတွေအတွက်တော့ အချိန်ကောင်းပဲ။ BaiLuoYinက လှုပ်တောင်မလှုပ်။ သူ့ ဖတ်စာစာအုပ် အောက်ပြုတ်ကျသွားတာတောင် သူ သတိမထားမိ။
အတန်းဖော်တစ်ယောက်က အတန်းထဲက ကျောင်းသားတွေရဲ့ မှတ်စုစာအုပ်တွေကို လိုက်ကောက်နေတယ်။ သူ BaiLuoYin အနားရောက်တော့ အသံတိုးတိုးနဲ့ခေါ်တယ်။
( BaiLuoYin၊ မင်းရဲ့သင်္ချာစာအုပ်ရော?)
BaiLuoYinထံမှ ဘာမှ တုံ့ပြန်မှုမလာ။
ထိုကျောင်းသားလည်း စိတ်မရှည်တော့လို့ BaiLuoYinရဲ့ခေါင်းကို ပုတ်လိုက်တယ်။
( ဟေ့၊ ထတော့။ မင်း စာအုပ်ထပ်ရဦးမှာ)
YouQiက နောက်လှည့်ကြည့်ပြီး ခြောက်တယ်။
( ဆရာ ဝင်လာပြီနော်)
BaiLuoYinက တုပ်တုပ်မှ မလှုပ်။
ဒီတော့မှ အခန်းဖော်ကျောင်းသား စိုးရိမ်သွားတယ်။ သီအိုရီ အရဆိုရင်၊ BaiLuoYinဆိုတာ အိပ်နေရင်းနဲ့ သတိကပ်ထားတဲ့သူပါ။ သူ ဘယ်လောက် အိပ်မောကျနေကျနေ၊ သူ့ကို ခေါ်လိုက်ပြီဆို ဒါမှမဟုတ် အရေးကြီးကိစ္စပေါ်ပြီဆို သူ နိုးလာနေကျ။
အခု ဘယ်လိုဖြစ်တာပါလိမ့်?
YouQiက BaiLuoYinရဲ့ခေါင်းကို မ,ကြည့်တော့မှ၊ YouQiရဲ့မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။
( သူ့မျက်နှာ ဘာလို့ ဒီလောက် ဖြူဖတ်နေရတာလဲ?)
ဒီစကားကြောင့် GuHai အတွေးဝင်လာတယ်။
* သူ အိပ်ဆေးနဲ့ဓာတ်မတည့်ရောဂါ ဖြစ်တာတော့ မဟုတ်ဘူးမလား?*
GuHaiက ထိုင်ခုံကို အမြန်ရွှေ့လိုက်ပြီး BaiLuoYin ပုခုံးကို လက်တဖက်တည်းနဲ့ ပွေ့ထားတယ်။ နောက်လက်တဖက်နဲ့ BaiLuoYinရဲ့ ဖြူဖတ်ဖြူရော် မျက်နှာလေးကို ပုတ်နှိုးလျက် ( BaiLuoYin? BaiLuoYin?)
BaiLuoYinထံမှ ဘာစကားမပြန်မှ မရပါ။
YouQi စိတ်မရှည်ဖြစ်လာပြီး ( သူ သတိမေ့နေတာ။ ဆေးပေးခန်းကို အမြန်ပို့ အမြန်ပို့)
ပြောရင်းဆိုရင်း YouQiဟာ BaiLuoYinကို နောက်ကျောပေါ်တင်ပြီး အပြင်ခေါ်သွားဖို့ ကြိုးစားတယ်။ ဖြစ်ချင်တော့၊ YouQi မတ်တပ်ရပ်တာနဲ့ နှစ်ယောက်စလုံး နောက်လှန်လဲကျသွားကတြယ်။
GuHai လက်ပိုက်ကြည့်မနေနိုင်တော့လို့ သူ YouQiကို ဘေးဖက် တွန်းထုတ်ရင်း ( ဘေးဖယ်၊ ငါချီမယ်)
ချက်ချင်းပဲ BaiLuoYinရဲ့လက်ကိုဆွဲပြီး သူ့နောက်ကျောပေါ်ကို တင်လိုက်တယ်။ BaiLuoYin နေရာကျသွားပြီဆိုမှ GuHaiတစ်ယောက် သွက်သွက်လေးပဲ လှေကားအတို်င်း ဆင်းလာခဲ့တယ်။ YouQiကတော့ နောက်ကနေ ပြေးလိုက်လာတာပေါ့။
( ငါပြောဦးမယ်၊ မင်းကြည့်ရတာ ငှက်ကလေးကို ကျောပေါ်တင်သွားတာကျနေတာပဲ)
YouQiက ဟောဟဲဆိုက်နေပြီ။ သူကျောပေါ်မှာ ဘာဝန်ထုတ်ဝန်ပိုးမှ သယ်ရတာမဟုတ်တာတောင် GuHaiကို သူအမှီ မလိုက်နိုင်ဘူး။
BaiLuoYinက ပေါ့ပေါ့ပါးပါးလေးပါ။ GuHaiက အထုတ်အပိုးတွေကို သယ်ရင်း အပြေးလေ့ကျင့်နေကျမို့၊ တစ်မိနစ်တောင် မကြာလိုက်ခင် နှစ်ယောက်စလုံး ကျောင်းဆေးပေးခန်းကို ရောက်သွားကြပြီ။ GuHaiက BaiLuoYinကို ကုတင်ပေါ်တင်လိုက်တယ်။
ဆေးပေးခန်းက နာ့စ်မလေးက မိန်းမငယ်လေး။ ကိုလူချော၂ယောက်က ကိုလူလှလေးကို ဆေးပေးခန်းထိ လာပို့့တာဆိုတော့ သူမရဲ့သွေးတွေ ဆူလာတယ်။
( အမယ်လေးလေး၊ GuHai နင် ဘာလာလုပ်တာလဲ?)
ဆေးပေးခန်းကို GuHai အိပ်ဆေးလာတောင်းတုန်းက ဒီနာ့စ်မလေးက GuHaiကို အတင်းဆွဲခေါ်ပြီး စုံစီနဖာ လျှောက်မေးခဲ့တာ။ သူမရဲ့မရိုးသားတဲ့မျက်လုံးတွေကြောင့် GuHaiတစ်ယောက် နေရထိုင်ရခက်မိတယ်။ နောက်လည်း မဆုံဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့်၊ အခုလို ဒီလောက်မြန်မြန်ကြီး သူမဆီ ပြန်လာရဦးမယ်လို့ ဘယ်ထင်ပါ့မလဲ။
YouQiက GuHaiဘက်လှည့်မေးတယ်။ ( မင်းနဲ့ သူ သိနေကတြာလား?)
Guhaiက စကားတလုံးမှမပြောဘဲ BaiLuoYinကိုသာ မျက်လုံဒေါက်ထောက်ကြည့်နေတယ်။
ထိုနာ့စ်မလေး YouQiကို မြင်လိုက်ချိန်မှာတော့ သူမရဲ့မျက်ဝန်းတို့ အရောင်လဲ့သွားကတြယ်။
( နင်..နင်က YouQi မလား?)
YouQiက ခပ်တည်တည်နဲ့ ခေါင်းညိတ်ပလြိုက်တယ်။
( မိုက်တယ်ကွာ။ နင်က ဒီကျောင်းရဲ့အချစ်တော်ပဲ။ YouQi YouQiနဲ့၊ လူတွေပြောပြောနေကတြာ နင်ကိုး။ နင်က တခုခုထူးနေလို့ဖြစ်ရမယ်လို့တော့ ဒီကတွက်ပြီးသားပါ။ ဆိုတော့ အများတကာပြောနေကတြာ အမှန်ပဲကိုး။ ပြောဦးမယ်၊ တလောက ဒီကိုကျောင်းသူလေး၂ယောက်လာတော့ သူတို့က နင့်အကြောင်းပြောနေတာတာလေ)
YouQiတစ်ယောက် GuHaiရဲ့မျက်နှာကို ကြည့်မိတဲ့အချိန် သူ ထိတ်ပြာသွားတယ်။
( မြန်မြန်လုပ်ပါဗျာ)YouQi ဟန်မဆောင်နိုင်တော့ဘဲ၊ ထိုနာ့စ်မကို အလောသုံးဆယ် တိုက်တွန်းရတယ်။ ( လူနာက ဟိုမှာ၊ သူ့ကို နေကောင်းသွားအောင်သာ အရင်စစ်ဆေးကြည့်စမ်းပါ)
နာ့စ်မက BaiLuoYinဘက် လှည့်သွားပြန်တော့လည်း သူမမျက်ဝန်းတွေ ရွှန်းတောက်လာပြန်တယ်။
( ဟယ် ဒါလေးက BaiLuoYin ဆိုတာလေး မဟုတ်လား?)
အဲ့ဒီအချိန် အေးစက်ကျယ်လောင်တဲ့ အသံက နာ့စ်မလေးရဲ့နားစည်ကို ထိုးဖောက်သွားတယ်။
( ခင်များ ပါးစပ်ကို ပိတ်ရင်ပိတ်။ မပိတ်ရင် နက်ဖြန်ဆို ဒီဆေးခန်း ပိတ်သွားမယ်)

End of Chapter 25

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now