Chapter 139- အဖိုးတန်သော ခရေတစ်ပွင့်

1.1K 54 9
                                    

တော်တော်လေး တင်းမာနေတဲ့ မျက်နှာထားနဲ့ Gu Wei Ting က Gu Hai ဆီကို လျှောက်လာတယ်။ Bai Luoyin လက်ထဲက ဆန်ပြုတ်ပန်းကန်ကို တစ်ချက်ကြည့်လိုက်ရင်း သူ့နှုတ်ခမ်းတွေဟာ ကြုံတောင့်ကြုံခဲ အပြုံးတစ်ခုဖြစ်ပေါ်လာတယ်။ ကောင်လေးနှစ်ယောက်ကြားက "ညီအစ်ကိုတွေလို နက်ရှိုင်းပြီး နွေးထွေးကြင်နာတဲ့ ခံစားချက်" တွေကို တွေ့လိုက်ရတာမလို့ တော်တော်လေးကို စိတ်ကျေနပ်မှုကို သူခံစားနေရတယ်။

Bai Luoyin က ဆန်ပြုတ်ပန်းကန်ကို ဘေးကိုချလိုက်ပြီး ခက်ခက်ခဲခဲနဲ့ မတ်တပ်ရပ်ရင်း အင်တင်တင်နဲ့ပဲ နောက်နည်းနည်းဆုတ်ဖို့ လုပ်လိုက်ရတယ်။ ပြီးတော့ ခပ်လှမ်းလှမ်းနေရာမှာ မတ်တပ်ရပ်နေပြီး ထူးဆန်းနေတဲ့ အဖေနဲ့သားဆက်ဆံရေးကို ခွင့်ပြုပေးလိုက်တယ်။

"ငါ့ကို ပြစမ်း ဘယ်ခြေထောက်က ခြေပွတ်တံလည်တာလဲ?" Gu Wei Ting က စောင်ကို ဆွဲမလိုက်ချင်တဲ့ ပုံစံနဲ့ မေးတယ်။

တုန့်ဆိုင်းမနေဘဲ Gu Hai ကလဲ စောင်ရဲ့ထောင့်တွေကို သေချာတင်းတင်း ဖိထားလိုက်တယ်။ ပြီးတော့ တစ်စက္ကန့်လောက်ကြာတော့ စိတ်ဆုံးဖြတ်ထားသလို ခိုင်ခိုင်မာမာ ပုံစံနဲ့ ခေါင်းထောင်လာတယ်။ သူ့လက်အောက်က စောင်ကို နည်းနည်းလေးမှ လျှော့မပေးချင်ဘူးဆိုတာ မနက်ခင်းနေရောင်လို ထင်ထင်ရှားရှားပါပဲ။

" ကျွန်တော် အဆင်ပြေတယ်။ ဘာမှမဖြစ်ပါဘူး။ "

Gu Wei Ting ရဲ့လက်တွေရပ်တန့်ကုန်တယ်။ သူ့အကြည့်တွေက အသက်ဝင်နေတဲ့ Gu Hai ရဲ့ မျက်ဝန်းတွေနဲ့ သွားဆုံတယ်။

" ငါ မင်းရဲ့ နာကျင်မှုကို မတုန်လှုပ်တဲ့ သန်မာတဲ့ စိတ်ဓာတ်ကို ချီးကျူးပါတယ် ဒါပေမယ့် မင်း နေမကောင်းနေရင် ဆရာဝန်နဲ့ သွားပြရမယ်လေ၊ ဒီလိုကြီး နေနေတာက နည်းလမ်းကောင်းမဟုတ်ဘူးကွ၊ Mr. Sun အခုနတုန်းက ခင်ဗျားဆက်သွယ်ထားတဲ့ စစ်တပ်ဆရာဝန်က ဘယ်အချိန်ရောက်မှာလဲ?"

Sun Jingwei က သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး " သိပ်မကြာခင်ရောက်တော့မှာပါ၊ ကားကြပ်မနေခဲ့ရင် နောက် ၁၀ မိနစ်ထက် ပိုမကြာလောက်ပါဘူး "

Gu Wei Ting ရဲ့ မျက်ခုံးထူထူတွေက သံသယကြောင့် အနည်းငယ်တွန့်ချိုးသွားတယ်။ " ဒီအချိန် ဒီလမ်းပေါ်မှာ ဘယ်နေ့များမှ​ ကားမပိတ်တော့မှာလဲ? "

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now