Chapter 34- မင်း နားကြားမှားတာပါ

1.8K 250 4
                                    

Chapter 34- မင်း နားကြားမှားတာပါ

JinLuLu စိတ်ပေသြွားတဲ့အချိန်ကို မှန်းပြီးမှ GuHai ဖုန်းကို ပြန်ဖွင့်လိုက်တယ်။ ဒီတခါတော့ ဝင်လာတဲ့ဖုန်းကောလ်မရှိဘူး။ သူ အကြာကြီးစောင့်နေပေမယ့် ဘယ်ဖုန်းမှ မလာခဲ့။ GuHai တွေတွေဝေဝေနဲ့ ဖုန်းစခေါ်လိုက်တယ်။
( ဟယ်လို)
နှာသံတရှုံ့ရှုံ့နဲ့ ဖုန်းလာကိုင်တဲ့သူမ။ GuHai လန့်သွားတယ်။ JinLuLuလို စိတ်မာတဲ့မိန်းကလေးက ငိုတယ်ဆိုတာ ရှားပါတယ်။ GuHai မှတ်မိသလောက်ဆိုရင်၊ JinLuLu တခါမှ မျက်ရည်မကျဖူးပါ။
( အေးပါကွာ၊ ဟုတ်ပါပြီ၊ မငိုနဲ့တော့နော်)
JinLuLu တဟီးဟီးနဲ့  စငိုပါတော့တယ်။ သူမ စကားပြောလာတော့ စကားလုံးတွေက ပြတ်တောင်းပြတ်တောင်း ဖြစ်နေတယ်။
( ငါ သိတယ်။ ငါ အတွေးတွေ မလွန်သင့်ဘူးဆိုတာ..ဟီး... ဒါပေမယ့် ... နင်..နင်.. အများကြီးပြောင်းလဲသွားတယ်... အရင်ကဆို...ဟင့်... ငါတို့နှစ်ယောက်..ကျောင်းမတူကတြာတောင်.. ငါ့ဘေးမှာ အမြဲ နင်ရှိနေသလိုပဲ...ဟီးအီး...အခုကျတော့... နင်...ငါနဲ့...ငါနဲ့ ပိုပို ဝေး..ဝေးသွားသလို ခံစားရတယ်)
GuHai ခဏလောက် တန့်သွားပြီး ( အဲ့လောက်ကြီးလည်း မဝေးပါဘူး။ ကျည်ဆန်ရထားနဲ့သွားရင် နာရီဝက်လောက်ပဲ ကြာတာကို)
JinLuLu အငိုတိတ်သွားပြီး ပြုံးလျက်( ငါ့ဖုန်းကို ဘာလို့ချပစ်လိုက်တာလဲ?)
( ငါ ဖုန်းချပစ်တာမဟုတ်ဘူး၊ ဒီနားမှာဆို လိုင်းက သိပ်မမိချင်ဘူးဖြစ်နေတာ)
ပါးစပ်ကထွက်သမျှ အလိမ်အညာတွေချည်းဖြစ်နေတာကို GuHai သိပါတယ်။
JinLuLu အသက်ကိုမှုတ်ထုတ်လိုက်ရင်း ( အခုတလော ငါ ခေါင်းတခြမ်းကိုက်ကိုက်နေတာ။ နေလို့သိပ်မကောင်းဘူး)
၅မိနစ်လောက် GuHaiတစ်ယောက် ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေတယ်။
( ဒါက ဘာလို့လဲဆိုတော့ နင်က လက်တော့ပ်ကို အကြာကြီးကြည့်၊ ဖုန်းတွေလည်း တနေကုန်သုံးတာကိုး။ နင့်နားနဲ့ ဖုန်းကို ဝေးနို်င်သမျှ ဝေးဝေးထား။ ဖုန်းက အပူလှိုင်းဘယ်လောက်တောင် ထွက်လိုက်သလဲ! လိမ္မာစမ်းပါ၊ ညကို စောစောအိပ်လိုက်၊ မနက်ဖြန်ဆို နင် နေလို့ကောင်းသွားမှာ)
JinLuLu အသက်ကို ဝအောင်ရှူလိုက်တယ်။ ( ငါ့ကို ဒီတပတ်စနေနေ့ လာတွေ့ပါလားဟင်၊ တွေ့မယ်မလား?)
( ဒီတပတ်စနေကျ HuZiတို့၊ LiShuoတို့နဲ့ ငါချိန်းပြီးသွားပြီ။ တနင်္ဂနွေနေ့ဆိုရင်ကော? ဆန်းဒေးကျ ငါတနေကုန်အားတယ်)
( နင်က သူတို့တွေဆို ငါ့ထက်ပိုပြီး အမြဲဦးစားပေးနေတာပဲ)
( ဒါမျိုးမှာ ဦးစားပေးတွေ ဘာတွေမရှိပါဘူးဟ။ သူတို့နဲ့တွေ့မယ်လို့ နင့်ထက်အရင် ပြောထားပြီးလို့။ ကတိက ကတိလေဟာ)
JinLuLuရဲ့မျက်နှာတည်သွားပြီး ဘာမှမဖြစ်သလို ဖေတြယ်။ ( တနင်္ဂနွေနေ့ကျ ငါ့အတန်းဖော်တစ်ယောက်ရဲ့မွေးနေ့ သွားစရာရှိတယ်။ အဲ့နေ့ ငါမအားဘူး။ နောက်တပတ်ဆိုရင်ရော? နင့်အတွက် ပိုအဆင်ပေတြာပေါ့)
ဖုန်းမချခင်၊ JinLuLuရဲ့စိတ်ပျက်လက်ပျက် သက်ပြင်းချသံကို GuHai ကြားရတယ်။
အခန်းမီးတွေ ပိတ်လျက်၊ ပြီးခဲ့တဲ့ ၂နှစ်က အကြောင်းကို GuHai ရုတ်တရက် သတိထရလာတယ်။ ဝိုင်းခေါ်သင်တဲ့ ဆရာမတစ်ယောက်ရဲ့အိမ်က ပတြင်းတံခါးမှန်တွေကို ခွဲကတြဲ့ မိန်းကလေးအုပ်စုကို ခေါင်းဆောင်သူက JinLuLu။ သူမ ကျောင်းပြန်ရောက်တော့ ကျောင်းအုပ်ဆရာကြီးကို LuLuက ဒဲ့ပဲ စိန်ခေါ်တယ်။ အဲ့ဒီအချိန်တုန်းက သူမဟာ အင်မတန် ဒဲ့ဒိုးဆန်ပြီး ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ်ဆိုတာကို မကွယ်မဝှက်ပြောတတ်တဲ့ ကောင်မလေးမျိုး။ နောက်ပြီး လူတိုင်းအပေါ်ကိုလည်း အထင်အမြင်သေးတတ်တယ်။ လူကောင်လေးက သေးသေးလေးဆိုပေမယ့် သူမရဲ့ဘဝင်ကတော့ လူနဲ့မလိုက်။
JinLuLu အတန်းထဲကခုံမှာထိုင်ရင်း အူလိုက်အသည်းလိုက် အော်ရယ်နေတာကို GuHai အခုထိ အမှတ်ရနေပြီး၊ အဲ့ချိန်တုန်းက LuLuဟာ သိပ်ချစ်စရာကောင်းတယ်လို့ သူထင်ခဲ့မိတယ်။
အဲ့တုန်းကတော့ GuHaiတစ်ယောက် JinLuLuကို စွဲလမ်းခဲ့ရတာပေါ့။
သင်ချစ်တဲ့အရာတွေကို သင် မထိမကိုင်ရင် ပိုကောင်းမယ်ထင်တယ်။ သင်သာ မြတ်နိုးရတဲ့အရာကို မထိရင်၊ ဒါလေးက ဒီအတိုင်းလေး သန့်သန့်စင်စင်ရှိနေမှာ။ သင် ဘယ်လောက်ထိုင်ကြည့်ထိုင်ကြည့် ဒါလေးကို အကောင်းလို့ပဲ သင်ထင်နေဦးမှာ။ အကယ်လို့ အဲ့ဒီအရာကို ထိတွေ့ကြည့်ပြီး သင်နဲ့ အကျွမ်းဝင်လာပြီဆိုရင်တော့၊ အဲ့ဒီအရာရဲ့အလှတရားတွေဟာ ပွန်းပဲ့သွားရစမြဲပဲ။
GuHaiဟာ ဖုန်းကိုအကြာကြီး ကိုင်ထားလျက် အတွေးနယ်ချဲ့နေတယ်။ နောက်တော့ သူ SMSတစ်စောင် ပို့လိုက်တယ်။
*ဒီတပတ်စနေနေ့မှာ မလာနိုင်တော့ဘူးလို့ LiShuoနဲ့ HuZiကို ငါလှမ်းပြောလိုက်မယ်။ နင်နဲ့ အဲ့နေ့ ငါလာတွေ့မယ်*
သူ့ဖုန်းကို အောက်ချလိုက်တယ်။ ဒီတော့မှ သူ့စိတ်ထဲ နေသာထိုင်သာရှိသွားတယ်။
နောက်နေ့မနက်မှာ GuHaiဟာ BaiLuoYinကို စက်ဘီးနောက်ခုံမှာ တင်နင်းပြီး ကျောင်းသွားတယ်။ ဒီတခါတော့ BaiLuoYin နေရာယူပုံ မတူတော့။ အရင်က GuHaiနဲဲ့သူ ကျောချင်းကပ်စီးထိုင်ကတြာ။ ဒါပေမယ့် ဒီနေ့မှာတော့ သူက မျက်နှာရှေ့လှည့်ပြီး လက်နှစ်ဖက်စလုံးဟာလည်း GuHaiရဲ့ပုခုံးတွေပေါ် တင်ထားသေးတယ်။ ဒီပုံစံနဲ့မှ ရှေ့တူတူက လမ်းမကြီးကို သူမြင်ရပြီး ချိုင့်ခွက်ပေါတဲ့လမ်းကို ရွေးမောင်းတတ်တဲ့ Guhaiရဲ့ရန်ကနေလည်း ကာကွယ်လို့ ရမည်ပ။
ဒါပေမယ့် ဒီနေ့လေကတော်တော်လေး ပြင်းနေတယ်။ ဒါတင်မက ဘေဂျင်းမှာ လေဟာ အဖော်လည်းခေါ်လာတတ်တယ်။ လေထဲမှာ သဲပါရင်ပါ၊ သဲမပါရင် ဖုန်ပါတတ်တာ။ လမ်းမကြီးအတိုင်း စီးလာကစြဉ် BaiLuoYinက ခေတြင်ခုံပေါ်တက်ပြီး မတ်တပ်ထရပ်တော့ သဲမှုန်ပါတဲ့လေတွေအများကြီးကို သူရှူမိတယ်။
( မင်း ထိုင်နေပါလား? ငါရှိနေတော့ မင်း လေကာပြီးသားဖြစ်တယ်)
BaiLuoYinက စကားတလုံးမှ ပြန်မပြောဘဲ GuHaiရဲ့ပုခုံးတွေကိုသာ မြဲမြဲကိုင်ထားတယ်။ GuHaiရဲ့ပုခုံးပေါ်ကို  သူဟာ မညှာမတာနဲ့ ဆွဲတောင်ဆိတ်လိုက်သေးတယ်။
BaiLuoYin ဘာတွေးနေမှန်း GuHai ချက်ချင်းရိပ်မိတယ်။ သူ လက်မနှေးဘဲ BaiLuoYinစိတ်အေးရအောင် ပြောတယ်။ ( ချိုင့်ခွက်တွေထဲ ငါ မစီးဘူး စိတ်ချ)
( မနက်ဖြန်စနေနေ့။ မင်း ငါနဲ့အတူတူ လျှောက်လည်ချင်လား?)BaiLuoYin ရုတ်တရက် ပြောချလိုက်တယ်။
( ဘာရယ်!)
လေကပြင်းနေတာက တစ်ကြောင်း၊ ဘေးက ကားတွေရဲ့ဟွန်းသံတွေ ဆူနေတာတစ်ကြောင်းမို့၊ BaiLuoYin ဘာပြောလိုက်သလဲဆိုတာ GuHai မှန်းဆလို့မရ။
BaiLuoYinက ခေါင်းလေးနည်းနည်းငုံ့ပြီး GuHaiရဲ့နားရွက်နား ကပ်ပြောလိုက်တယ်။
( စနေ့နေ့ ငါးသွားမျှားရအောင်လားလို့?)
GuHaiရဲ့လက်တွေ တုန်လာတယ်။ သူဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တခုကို ချရသလိုမျိုး မျက်စိရှေ့က လမ်းမကြီးကိုပဲ စိုက်ကြည့်နေတယ်။
( ငါ အလုပ်ရှိတယ်။ မလိုက်နိုင်ဘူး)
BaiLuoYinရဲ့မျက်ဝန်းအရောင် မှိန်သွားတယ်။ ( ထားလိုက်တော့ )
ဒီစကားသုံးလုံးကို အကျယ်ကြီး မပြောသည့်တိုင် GuHai အရှင်းသား ကြားပါတယ်။
( အိုကေလေ၊ စနေနေ့ကျ မင်းကိုငါ လာခေါ်လှည့်မယ်)
BaiLuoYin ခေါင်းကို နဲနဲလေးစောင်းကြည့်တယ်။ Guhaiရဲ့နှာခေါင်းထိပ်ဖျားလေးကို မြင်ရုံလေးပဲ။
( မင်း မလိုက်နို်င်ဘူးလို့ ပြောလိုက်တာမလား?)
GuHaiဟာ မျက်လုံးကို အနည်းငယ်လှန်ကြည့်တော့၊ BaiLuoYinရဲ့ ခိုင်ခန့်ပြီး ချွန်မတြဲ့ မေးစေ့ကို မြင်လိုက်ရတယ်။
( ဒီနေ့ လေကြမ်းတယ်လေကွာ။ မင်း နားကြားမှားတာ ဖြစ်မှာ)

End of Chapter 34

Are you addicted?Book-1 (Myanmar Translation )Opowieści tętniące życiem. Odkryj je teraz