Chapter55- DaHaiရဲ့သရုပ်မှန် ပေါ်ပြီ

2K 220 5
                                    

Chapter55- DaHaiရဲ့သရုပ်မှန် ပေါ်ပြီ

တစ်ယောက်အိပ် ကုတင်သေးသေးလေးရဲ့အောက်ခေမြှာ တပုံစံတည်းတူတဲ့ ဖိနပ် ၂ရံကို ချွတ်ထားတယ်။
GuHaiဟာ ဘေးတစောင်း လဲလျောင်းနေပြီး၊ သူ့ဘေးက BaiLuoYinကို ကြည့်နေတယ်။ BaiLuoYinဟာ ခေကြားယား လက်ကားယားနဲ့ မှောက်လျက် အိပ်နေပြီး ကုတင်ပေါ်မှာ ဇိမ်ကျနေတယ်။ လရောင်အောက်မှာ အထင်းသားမြင်နေရတဲ့ BaiLuoYinရဲ့ အဝတ်မဲ့တဲ့ အသားအရေဟာ အန်တီZouရဲ့ လက်ဖြစ် ပဲကိတ်ကလေးနဲ့ တူနေတယ်။ ပြောချင်တာကတော့ နူးညံံ့ပြီး ချောမွတ်နေတာလို့။ ဒီလိုနဲ့ GuHaiရဲ့လက်ဟာ သတိလက်လွတ်စွာနဲ့ BaiLuoYinရဲ့ အသားကို လှမ်းထိလိုက်တော့...ဘယ်ပြောကောင်းမလဲ သူ့အသားအရေလေးဟာ ကျစ်လစ်ပြီး ချောမွတ် စိုပြေနေရော။
BaiLuoYin ခေါင်းလှည့်လာပြီး သူ့မျက်လုံးတွေက အိပ်တဝက် နိုးတဝက်နဲ့ ပျင်းတွဲတွဲဖြစ်နေပြီး သူ့စိတ်အခေအြနေကလည်း တည်ငြိမ်နေပါတယ်။
GuHai ထွက်သက်ကို ခပ်မျှင်းမျှင်း ချလိုက်ပြီး၊ မသိလိုက်မသိဖာသာနဲ့ လက်လှမ်းမိသား ဖြစ်သွားတယ်။
သူ့အတွင်းစိတ်ကို သိနေသလိုမျိုး BaiLuoYinက သူ့လက်ကို ချက်ချင်း ဖမ်းကိုင်လိုက်တယ်။
( ဒီနေ့ ငါ မင်းကို ဘာလို့ စိတ်ဆိုးနေတာလဲ မင်းသိလား)
ကောင်းရော။ ဒီအချိန်မှာ မေးခွန်းထုတ်ရတယ်လို့။ BaiLuoYinဟာ သူ့ကို လွယ်လွယ်နဲ့အလျော့ပေးမှာ မဟုတ်မှန်း GuHai သိတယ်။ ( ဒီ၂ရက်အတွင်း မင်းကို ငါလာမတွေ့လို့လေ၊ ဟုတ်လား?)
BaiLuoYin မျက်ခွံတွေကို မှိတ်လိုက်တယ်။ ဒါဟာ ညမှာလန်းတဲ့ ပန်းလေးတွေ ပွင့်ချပ်တွေကို ဖွင့်လိုက်သလို သိမ်မွေ့နေတယ်။
( မင်း စိတ်ဆင်းရဲနေတဲ့ အချိန်ဆို၊ ငါ့ဆီ မင်း မလာဘူးနော်)
အခုလို ရိုးရှင်းတဲ့စကားလေးတွေက Guhaiရဲ့ရင်ကို ထိသွားတယ်။ BaiLuoYinလို လူမျိုးက သူ့အပေါ် ဂရုတစိုက်နဲ့ စိတ်ပူပေးလိမ့်မယ်လို့ GuHai ဘယ်တုန်းကမှ ထင်မထားမိခဲ့ဘူး။ ဖြစ်နိုင်တာကတော့ GuHaiရဲ့မျက်လုံးကို တချက်ကြည့်လိုက်ရုံနဲ့တင် သိုဝှက်ထားတဲ့ စိတ်ခံစားချက်တွေကို ဟိုးအဆုံးထိ BaiLuoYin မြင်နိုင်တယ် ထင်ပါတယ်။ အဲ့ဒီနေ့က GuHaiရဲ့ စိတ်အခေအြနေကိုလည်း သူ့အပြုံးရဲ့ရဲ့လေးတွေကနေ BaiLuoYin ခန့်မှန်းမှာပေါ့။ သူတို့နှစ်ယောက်ကြားက အခုလို အပေးအယူမျှတမှု-Chemistry-ဟာ တရက်ပြီးတရက်နဲ့ ဖြေးဖြေးချင်း တည်ဆောက်လာခဲ့တာ၊ အချိန်တိုလေးအတွင်းမှာ ဘွားဆို ကြီးထွားဖွံ့ဖြိုးလာခဲ့တယ်။
( ငါ့ဆီကနေ စိတ်မချမ်းသာစရာတွေ မင်းကို ကူးစက်သွားမှာ ငါစိုးလို့ပါ) အခုလို ပြောဖို့အရေး GuHai သူ့စိတ်သူ မနည်းငြိမ်အောင် လုပ်လိုက်ရတယ်။
( အဲ့ဒါကြောင့်ပဲ မင်းကို ဒီနေ့ ငါ စိတ်ဆိုးတာ) BaiLuoYin မျက်မှောင်ကျုတ်လျက် သူ့စောင်ကို ခပ်ဖွဖွ ရိုက်နေတယ်။ ( မင်းက အရူးပဲ။ မင်းက ငါ့ကို အပြင်လူလို့ပဲ သတ်မှတ်တာပါကွာ!)
BaiLuoYinရဲ့ စိတ်ဆိုးမာန်ဆိုး မျက်နှာထားက GuHaiရဲ့မျက်လုံးတွေကို အရောင်တောက်လာစေတယ်။ BaiLuoYin တစ်ယောက် စိတ်ခံစားချက်တွေကို မျက်နှာမှာ အသိသာကြီး ဖော်ပြနေတာကို ကြည့်ရတာ သိပ်အရသာရှိလှပါတယ်။
( အဲ့ဒါတော့ မင်းအတွေးလွန်သွားပြီ။ မင်းကို အပြင်လူလို့ တခါမှ ငါ မသတ်မှတ်ခဲ့ဘူး)
( ဒါဆို ဘာလဲ?)
သူဟာ လှန်လိုလှန် မှောက်လိုမှောက် BaiLuoYinရဲ့လက်ခုပ်ထဲက ရေပဲဆိုတာကို GuHai တကယ့်ကို ပြောချင်ပါတယ်။ ဒါပေမယ့် အဲ့ဒီစကားကြီးဟာ သိပ်ကို အကဲပိုလွန်းတာကြောင့် GuHaiတစ်ယောက် ဘယ်ထုတ်ပြောနိုင်ပါ့မလဲလို့! အကယ်လို့ သူပြောလိုက်မိရင် နံရံပေါ်က ခေါင်းလောင်းကြီး သူ့အပေါ် ထပ်ပြုတ်ကျလာမှာ စိုးရသေးတာ။
( ငါ့ကို ဘာမှထပ်မေးမနေနဲ့တော့။ နောက်ကျ ငါ့မှာ ပြဿနာတခုခုရှိလာရင် မင်းဆီ ငါလာခဲ့မယ်ဆို ရပြီမလား?)
BaiLuoYinဟာလည်း ရစ်တတ်တဲ့သူ မဟုတ်။ အခုလို ပြောတဲ့ GuHaiရဲ့စကားကို ကြားတော့၊ သူလည်း ရှည်ရှည်ဝေးဝေး ဘာမှထပ်မပြောတော့ပါ။
နှစ်ဦးသား ဘာမှမပြောကဘြဲ အခန်းဟာ တိတ်ဆိတ်လို့နေတယ်။ GuHaiဟာ သူ့ဘဝအမှန်ကို BaiLuoYinကို ပြောချိန်တန်ပြီ ဆိုတာသိပါတယ်။ အရင်က သူ မပြောဝံ့ခဲ့တာပါ။ အကြောင်းကတော့ BaiLuoYinက သူ့အပေါ် ဘယ်လိုသဘောထားလဲဆိုတာကိုလည်း ရေရေရာရာ Guhai မသိရသေးလို့။ ဒါပေမယ့် ဒီနေ့ပြောတဲ့  BaiLuoYinရဲ့စကားတွေဟာ သူ့ကို နက်နက်ရှိုင်းရှိုင်း ဟတ်ထိစေတဲ့အတွက်ကြောင့်၊ သူကအရင်စပြီး သူ့အကြောင်းသူ ဝန်ခံလိုက်မယ်လို့ GuHai ဆုံးဖြတ်ခဲ့တယ်။
( ပြီးတော့ ငါ့မှာ မင်းမသိအောင် ထိန်ချန်ထားတဲ့ဟာလည်း ရှိသေးတယ်)
BaiLuoYinက အသံလေးထွက်အောင် ခပ်ဖွဖွရယ်တယ်။ ( မင်းအခုနေနေတဲ့ အိမ်က ငှားထားတဲ့ဟာလို့ မင်း ပြောချင်တာမလား)
( ဟမ် ...) GuHai ထိပ်ထိပ်ပြာပြာဖြစ်သွားတယ်။ သူ အိပ်ယာပေါ်ကနေ ငေါက်ခနဲ ထလိုက်ပြိး ( မင်း ဘယ်လိုလုပ် သိသွားတာလဲ?)
( မင်းငှားနေတဲ့ အိမ်ရဲ့ဘေးကပ်ရပ်က အဘိုးကြီးအဘွားကြီး လင်မယားရှိတယ်မလား၊ အဲ့ဒါ ငါ့ အဘိုးလေးနှင့် အဘွားလေးပဲ)
(.........) GuHai ပြောစရာ စကားမရှိတော့။
( နောက်ပြီး အမှန်တကယ်တော့ မင်းတို့ မိသားစုက အရမ်းချမ်းသာတာလို့လည်း မင်းပြောချင်သေးတာ မဟုတ်လား?)
ဒီစကားကိုကြားတော့ GuHai တစ်ယောက် ချွေးစေးတွေပါ ပျံလာတယ်။ သူ လုံးဝကို ကြက်သေသေနေပါပြီ။ သူ မလာဖြစ်တဲ့ ဒီ၂ရက်အတွင်း ကိစ္စအားလုံးဟာ ဘူးပေါ်သလို ပေါ်သွားလိမ့်မယ်လို့ GuHai လုံးဝမထင်ခဲ့ဘူး။ BaiLuoYinက သိဖြစ်အောင်ကို သိသွားသေးတာ။
သူ ဘာလုပ်ရတော့မလဲ? ဒီနေ့ညဟာ BaiLuoYinနဲ့သူ အိပ်တာ နောက်ဆုံးည ဖြစ်သွားတော့မှာလား?
မနက်ဖြန်ကစလို့ သူတို့နှစ်ဦး ကိုယ့်လမ်းကို်ယ် လျှောက်ကရြတော့မယ်ပေါ့?
( ဒီအကြောင်းတွေ ငါ ဘယ်လိုလုပ်ပြီး သိသွားတာလဲဆိုတာ မင်းသိချင်လား?)
GuHai အသည်းတွေ အေးခနဲဖြစ်သွားတယ်။ သူ့လေသံမှာတော့ ဘာခံစားချက်မှ စွက်မနေဘူး ( မင်း ဘယ် လို သိ သွား လဲ?)
( ငါတို့တွေ ကျောင်းဖွင့်ကာစက၊ မင်းတို့အိမ်က ကားဆရာကြီး မင်းကို ကျောင်းဂိတ်ဝမှာ လာလာကြိုတာကို ငါ တွေ့နေကျပဲဟာ)
(....)
( ပြီးတော့ မင်း ငါ့ထိုင်ခုံနောက်က နေရာကို ပြောင်းလာတော့ မင်းရဲ့အဝတ်အစားတွေက အကောင်းစားတွေချည်းပဲ။ ပြီးတော့ မင်းရဲ့လက်က နာရီရောပဲ)
(....)
Guhaiရဲ့ခေါင်းက ခေါင်းအုံးပေါ်ကို ဖြည်းဖြည်းနဲ့ ခပ်လေးလေး ကျသွားတယ်။ သူ့ရင်ထဲမှာလည်း လေပြေအေးအေး ဖြတ်တိုက်သွားတယ်။ ဒီလို သဲလွန်စလေးတွေကနေ ကိစ္စအားလုံးကို BaiLuoYin ဘယ်လိုများ ဆက်စပ်ပြီး တွေးယူနိုင်သလဲဆိုတာ သူအံသမြိပါတယ်။ သိနေရင်လည်း စောစောက ပြောရောပေါ့! သူ ရောင်းလိုက်တဲ့ နာရီတွေ ဟန်းဖုန်းတွေနဲ့ အိုင်ပတ်တွေအတွက် ဘယ်သူက ပြန်လာလျော်ပေးမှာလဲ ဟမ်? ဒီလောက်ရက်တွေ လတွေကြာအောင် အိမ်အပြင်မှာ တကိုယ်တော် လေလွင့်သိုင်းသမားလုပ်နေရတဲ့ သူ့အခက်အခဲတွေအတွက် ဘယ်သူက အစားထိုးပေးမှာလဲ ဟမ်? သူ့ရဲ့ရူးမိုက်မှုတွေကို BaiLuoYinက ကျိတ်ရယ်ချင် ရယ်နေခဲ့မှာပေါ့။ အကယ်လို့ ဒီနေ့သာ အကုန်လုံးကို ဝန်ခံဖို့ GuHaiမလုပ်မိရင်၊ သူ ငတုံးလိုဟန်ဆောင်နေတဲ့အဖြစ်ကို ဆက်ပြီး BaiLuoYinတစ်ယောက် အရင်ကလိုပဲ ပျော်ပျော်ကြီး ဆက်ကြည့်နေဦးမှာပဲလား?
GuHaiဟာ စူးရှတဲ့မျက်လုံးတွေနဲ့ BaiLuoYinရှိရာကို မျက်စောင်းကြီး ခဲပြီးကြည့်နေတယ်။ BaiLuoYinကတော့ အပြင်ဘက်ကိုသာ စိုက်ကြည့်လျက်၊ တိတ်တိတ်လေး ခိုးရယ်နေလေရဲ့!
( ရယ်တယ်ပေါ့ ဟုတ်လား? မင်းကို ရယ်ရအောင် ငါလုပ်ပေးမယ်ဟေ့)
GuHaiဟာ BaiLuoYinပေါ်ကို ဝုန်းခနဲ ခပ်ကြမ်းကြမ်း ခုန်အုပ်လိုက်ပြီး၊ ကလိထိုးတာဟာ သူတို့နှစ်ယောက်စလုံး အသက်လုရှုရလောက်အောင် မောသွားတဲ့အထိပဲ။ နောက် GuHaiက BaiLuoYinရဲ့ကိုယ်ပေါ်မှာ မှောက်လျက်သား အနေအထားနဲ့ မထဘူး လုပ်နေတယ်။
BaiLuoYinဟာ အရယ်လွန်ပြီး နားရွက်တွေ နီတွတ်လာတယ်။ ဒါပေမယ့် သူ့မျက်နှာထား ခပ်တင်းတင်းကတော့ အရင်အတိုင်းပဲ။ ( မင်းက ငါ့ကို ပြန်ချတယ်ပေါ့? ဘယ်သူကအရင် ဘယ်သူကို ဇာတ်လမ်းလာထွင်တာမို့လဲ?)
( ကဲပါ၊ ငါ့အမှားငါ ဝန်ခံပါ့မယ်။ ငါကအရင် တမင်တကာ မင်းမသိအောင် ဖုံးကွယ်ထားမိတာပါ။ ဒါပေမယ့့် အဲ့ဒါက မင်းအပြစ်လည်း မကင်းဘူး။ မင်းလည်း အဖြစ်မှန်တွေ သိသိကြီးနဲ့ ငါ့ကို မင်းလည်း ဖုံးထားတာပဲ။ ဒီတော့ မင်းကို လွယ်လွယ်နဲ့ အလျှော့မပေးနိုင်ဘူး။ ဒီတော့ ဒီလိုလုပ်၊ ဒီိကိစ္စကြောင့်မို့ ငါ့ကိုမင်း နှင်မထုတ်ဘူးဆိုရင်တော့၊ ငါ မင်းနဲ့ဆက်ပြီး ငြင်းခုံမနေတော့ဘူး။ မင်းနဲ့ငါ အခု သရေပဲ)
BaiLuoYin ဘာမှမပြောဘဲ ငြိမ်နေတယ်။
GuHaiရဲ့နှလုံးသားက နည်းနည်းတော့ မတည်မငြိမ်ဖြစ်နေသွားလို့ BaiLuoYinရဲ့ပေါင်ကို သူကန်လိုက်တယ်။ ( မင်း တကယ်ကြီး စိတ်ကောက်တာလား?)
( ငါက အဲ့လောက် သဘောထားမသေးပါဘူးကွ!) BaiLuoYinက Guhaiကို မျက်စောင်းကြီးခဲပြီး ( ငါ့က စိတ်ကောက်ရအောင် မိန်းကလေးမို့လို့လား? မင်းကို ငါ အရက်မူးမူးနဲ့ စကားတွေပြောဖြစ်ခဲ့တဲ့ ညကလေ၊ ငါ့စကားတွေက မိသားစုဝင်တွေအတွက်ပဲ ရည်ရွယ်တာ! လူချမ်းသာတွေအပေါ်မှာ မလိုမုန်းထားတာတို့ မနာလိုတာတို့ ငါ့မှာ မရှိဘူး။ လမ်းမပေါ်မှာ BMWစီးနေတဲ့လူတွေ ရှိသားပဲ၊ သူ့တို့ကြောင့် ငါစိတ်အနှောက်အယှက်ဖြစ်နေလို့လား?)
GuHaiဟာ အူယားလာတာနဲ့ BaiLuoYinရဲ့ပါးကို ဆွဲဆိတ်ပစ်လိုက်တယ်။ ( ဒါဆိုလည်း စောစောကပြောပါလား?)
BaiLuoYinက GuHaiကို ကန်ထည့်လိုက်ပြီး ( မင်းကရော ငါ့ကိုပြောခွင့်မှ မပေးဘဲနဲ့!)
-------------------------
သူ့ရင်ထဲ အခုလောက်ထိ မချိုမြိန်နေဖူးဘူး။ နောက်နောင်၊ GuHaiဘဝမှာ ပုန်းရှိုးကွယ်ရှိုးလည်း နေထိုင်စရာ မလိုအပ်တော့ပါဘူး။
GuHai တွေးမိလေလေ၊ စိတ်ထဲ ပျော်လေလေပဲ။ မကြုံဖူးတဲ့ အပျော်ထူးကို GuHaiတစ်ယောက် BaiLuoYinနဲ့ မျှဝေပေးချင်ပါတယ်။ ဒါပေမယ့် BaiLuoYinရဲ့မျက်လုံးတွေ မှိတ်နေပြီဆိုတာ သူ သွားတွေ့တယ်...သူ့မျက်တောင်တွေက ခပ်လေးလေး ခတ်နေပြီး၊ သူ့မျက်ခွံအောက်က သူ့မျက်လုံးအိမ်ဟာလည်း ဟိုဘက်ဒီဘက် ရွေ့နေတာက၊ အိမ်မက်ကမ်ဘာဆီ သူရောက်နေပြီဆိုတဲ့ သဘောပါပဲ။ ဒါပေမယ့် သူက မှောက်ရက်ကြီး အိပ်လို့နေရဲ့။
GuHaiက BaiLuoYinရဲ့နောက်ကျောကို အသာလေးပုတ်လိုက်ပြီး ခပ်တိုးတိုးလေး ပြောလိုက်တယ်။ ( Yinလေး၊ Yinလေး...အိပ်ပျော်မသွားနဲ့ဦး။ ပက်လက်အရင်လှန်လိုက်လေ။ မှောက်ရက်ကြီးဆို မင်းနှလုံးတွေကို ဖိထားသလိုဖြစ်နေမှာပေါ့)
BaiLuoYinတစ်ယောက်ကတော့ အတော်တောင် အိပ်မောကျနေပါပြီ။ ဒီတော့ GuHaiရဲ့စကားတွေကိုလည်း သူမကြားတော့ပါ။ သူကြည့်ရတာတော့ သက်တောင့်သက်သာရှိလေစွ။
GuHaiအတွက်တော့ သူ့ကိုမှောက်ရက်ကြီးကြည့်ရတာ စိတ်မသက်သာလှဘူး။ ဒီတော့ BaiLuoYinရဲ့ပုခုံးကို ကိုင်ပြီး သူ့ကို ခပ်ကြမ်းကြမ်းလေး ဆွဲလှန်ပစ်လိုက်တယ်။ နောက် ၂စက္ကန့်လောက်အကြာ BaiLuoYinကိုယ်ကိုပြန်လှိမ့်လိုက်တော့ မှောက်လျက်သား ပြန်ဖြစ်သွားပြန်ရော။ GuHaiတစ်ယောက် စိတ်တိုသွားတာပေါ့။ ဒါနဲ့ သူ BaiLuoYinကို တဖက်ကို ပြန်လှန်ပေးလိုက်ပေမယ့် အရင်လိုပဲ ပြန်မှောက်သွားပြန်ရော။ ၁၀မိနစ်တိတိ နှစ်ယောက်သား မှောက်ချည် လှန်ချည်နဲ့ အချင်းများနေကတြယ်။
နောက်ဆုံးတော့ GuHaiရဲ့သည်းခံနိုင်စွမ်း ကုန်သွားပါပြီ။ ဘာကြောင့် ဒီကလေး ပြောစကားနားမထောင်ရသလဲပေါ့? အနုနည်းနဲ့မရတော့.... သူ BaiLuoYinရဲ့ဖင်ကို ဖျန်းခနဲမြည်အောင် အားပါပါနဲ့ ရိုက်ပစ်လိုက်တယ်။
ဒီအားအင်တွေ ဘယ်ကရောက်လာတာပါလိမ့်။ သာမာန်လူတစ်ယောက်က ဒီလိုအားပြင်းတဲ့ ရိုက်ချက်ကို ဘယ်ခံနိုင်လိမ့်မလဲ? BaiLuoYin ဖျက်ဆို မျက်လုံးပွင့်လာတယ်။ ကျားတစ်ကောင်လို စူးရဲတဲ့မျက်လုံးတွေနဲ့ GuHaiကို သူစိုက်ကြည့်နေတာ၊ သူ့မှာသာ လက်သည်းတွေရှိရင် GuHaiကို ကုတ်ခြစ်ပစ်ချင်တဲ့ ပုံပဲ။
အဲ့ဒီတော့မှ သူ ရိုက်လိုက်တာ တော်တော်ပြင်းသွားမှန်း GuHaiသဘောပေါက်သွားပြီး၊ အရိုက်ခံလိုက်ရတဲ့ ဖင်လုံးလေး၂ခုလုံးကို အသာအယာ ပွတ်ပေးလျက် BaiLuoYinကို ချော့မြူနေတယ်။ ( ဟုတ်ပြီ။ ဟုတ်ပြီ။ ငါ မင်းကိုမရိုက်တော့ဘူးနော်။ အိပ် အိပ်။ ပြန်အိပ်တော့)
BaiLuoYinရဲ့မျက်လုံးတွေ မှေးစင်းလာပြီး၊ ပြန်ပြီး အိပ်ပျော်သွားတယ်။ ညသန်းခေါင်းရောက်တော့၊ ချမ်းစိမ့်စိမ့်ဖြစ်တာနဲ့ Guhai နိုးလာတယ်။ ဒါပေမယ့် သူ့ဘေးကလူသားကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေရဲ့! အဲ့ဒီသူဟာ ခရုတစ်ကောင်လို ခန္ဓာကိုယ်ကို ကွေးကျုံ့ထားပြီး ခြုံစောင် တစ်စောင်လုံးကို တစ်ယောက်တည်း အပိုင်သိမ်းထားတယ်။
အခုလို ကိစ္စမျိုးကို အရင်ညတွေတုန်းကလည်း ကြုံဖူးပြီးသားပါ။ BaiLuoYinဆိုတာ ပုံမှန်အားဖြင့်တော့ အတော့်ကို အနေအေးတဲ့ လူတစ်ယောက်ဆိုပေမယ့် အခုလို ခြုံစောင်ကိုတော့ အမြဲလိုလို အပိုုင်သိမ်းတတ်ပါတယ်။ လူပဲ အအေးဓာတ်ကို ဘယ်ကျိတ်ခံနိုင်ပါ့မလဲ။ ဒါပေမယ့် အေးရင်လည်း စောင်ခြုံပေါ့။ အခု BaiLuoYinဟာက စောင်ကိုတော့ အပိုင်သိမ်းထားပြီး၊ လက်နှစ်ဖက်ကို ပေါင်ကြားထဲညှပ်ထားကာ စောင်ကလွတ်နေတော့ ဘာအသုံးဝင်တော့မှာလဲ?
ဒီတော့ အရင်ညတွေတုန်းကလိုပဲ GuHaiကပဲ လုံးထွေးနေတဲ့စောင်ကို ဖြန့်ပြီး BaiLuoYin ကိုယ်ပေါ်မှာ လုံနေအောင် ခြုံပေးလိုက်ရတယ်။ နောက်မှ စောင်ကို သူ့ဖက် နဲနဲပြန်ဆွဲခြုံရတယ်။
ပြီးတဲ့နောက် BaiLuoYin မှောက်ရက်ကြီး အိပ်နေပြန်ပြီ။
GuHai မေးခွန်းတွေ ထုတ်နေမိတာက... လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက BaiLuoYin အခုလို အိပ်လာခဲ့သလား? သူ့ကို ဘာကြောင့် ဘယ်သူမှ အမှန်ပြင်မပေးခဲ့သလဲ? ညတိုင်း ဒီလိုကြီး မှောက်ရက်အိပ်လျက်၊ အခုလို သူ ထွားထွားကြိုင်းကြိုင်းနဲ့ ကြီးပြင်းလာနိုင်သေးတယ်ပေါ့? ဒါဟာ ဆေးသိပ္ပံပညာရဲ့ ပြောမယုံ ကြုံဖူးမှသိနိုင်တဲ့ ကိစ္စပါပဲ။ သို့ပေမယ့် သူ ထပ်တွေးမိတာက၊ တခါကတော့ BaiLuoYinပြောဖူးတယ်...မိဘတွေ အိမ်ထောင်ကွဲသွားကတည်းက BaiLuoYinက သူ့အဖေနဲ့အတူနေတာဆိုတော့၊ ဖခင်တစ်ယောက်က ကလေးငယ်တစ်ယောက်ကို ဘယ်လောက်များ ဂရုစိုက်ပြုစုပျိုးထောင် နိုင်မှာမို့တုန်း? GuHaiကတော့ ၃နှစ် ၄နှစ်အထိ သူ့အမေနဲ့အတူ ကုတင်မခွဲဘဲ အိပ်ခဲ့ရတာကိုး။ BaiLuoYinလေးကျတော့ ငယ်စဉ်ဘဝကတည်းက တစ်ယောက်တည်းအိပ်ခဲ့ရမှာပေါ့။ ဒါ့ကြောင့်မို့လည်း အခုလို ဒီကောင်လေး အအိပ်ကြမ်းနေတာ မဟုတ်လား?
ဒီလိုတွေးမိတော့လည်း GuHaiတစ်ယောက် BaiLuoYin မှောက်လျက်အိပ်နေတာကို ပြန်လှန်ပေးဖို့ မကြိုးစားမိတော့ဘူး။ သူ ချက်ချင်းကို လက်ကိုဆန့်လိုက်ပြီး၊ BaiLuoYinကို ဖက်ထားလိုက်မိတယ်။
ဒီနေ့ည BaiLuoYin နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ GuHaiက သူ့ကို ဆွဲဖက်လိုက်တဲ့အချိန်၊ သူ တုတ်တုတ်မျှ မလှုပ်။ သူ့ရဲ့ဝင်သက်ထွက်သက် နွေးနွေးက GuHaiရဲ့မျက်နှာကို လာထိနေတယ်။
လက်လှမ်းမှီတဲ့နေရာမှာ ရောက်နေတဲ့မျက်နှာလေးကို GuHai ကြည့်မိတယ်။ ကြည့်လေကြည့်လေ၊ အဲ့ဒီမျက်နှာလေးက ကြည့့်ကောင်းလာလေလေ။ ကြည့်လေကြည့်လေ၊ အဲ့ဒီမျက်နှာလေးကို သူ ကြိုက်လာလေလေ။ ဆိုတော့၊ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ အဲ့ဒီမျက်နှာလေးကို သူ့လက်ချောင်းလေးတွေနဲ့ ပွတ်သပ်နေမိတယ်။
နောက်မှ သူ့ဖာသာသူ အံသရြတယ်။
ငါ ဘာလုပ်နေတာလဲဲ။ ညသန်းခေါင်ကြီးမှ ဘာအရူးထပြီး ယောက်ျားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို မက်မက်စက်စက် ဆော့မြှူနေရတာလဲကွာ?
သူ့အပေါ်ထားတဲ့ ငါ့ရဲ့နှစ်ခြိုက်မှုက လိုတာထက်များ ပိုနေပြီလား?
သူ BaiLuoYinနဲ့အတူရှိနေချိန်တိုင်း၊ သူ့နှလုံးခုန်သံဟာ ပုံမှန်မဟုတ်တာကို GuHai သတိထားမိပါတယ်။ ဒါဟာ သူ့ဗိုက်ထဲမှာ ပရိုဂရမ်၂ခု သွင်းထားသလိုမျိုး... အခြားသူတွေနဲ့ဆို သူ့အပြုအမူ အပြောအဆိုက ၁မျိုး၊ BaiLuoYinနဲ့ဆို သူ့အပြုအမူ အပြောအဆိုတွေက ခလုတ်နှိပ်ပြီးပြောင်းလိုက်သလို ပြောင်းလဲသွားတာ။ ဒါဟာ သူ့ကိုယ်တိုင်တောင် နားမလည်လောက်အောင် ထူးဆန်းနေပါတယ်။
မနက်စောစောမှာ BaiLuoYin အိပ်ရေးဝဝလေး နိုးလာတော့၊ သူသိလိုက်ရတာက သူဟာ GuHaiရဲ့ရင်ခွင်ထဲမှာ အိပ်နေတယ်ဆိုတာပါပဲ....။
သေဟဲ့! သူ ငါ့ကိုဖက်ထားပြန်ပြီ!
BaiLuoYin လက်သီးစာကျွေးဖို့ ဟန်ပြင်နေဆဲ၊ သူ့လက်သီးဟာ ရွယ်လျက်နဲ့ ရပ်တန့်သွားတယ်။
သူ့ဘေးက လူသားဟာ အလွန့်ကို ငြိမ်းချမ်းစွာ အိပ်မောကျနေပါတယ်။ ဒါဟာ ပီတိဖြစ်ရလောက်အောင် လုံခြုံအေးချမ်းတဲ့ ရသကို ပေးပါတယ်။ ပုခက်ထဲမှာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးကျနေတာပဲ။ အခုလို ချောမော၊ တောင့်တင်းပြီး သန်းစွမ်းကြံ့ခိုင်တဲ့ ယောက်ျားတစ်ယောက် အခုလို ဖြူစင်သန့်ရှင်းစွာ အိပ်မောကျနေတာကို မြင်ရတဲ့ဘယ်သူမဆို သူ့ကို ဘယ်နှလုံးသားနဲ့ ရိုက်ရက်တော့မှာလဲ! BaiLuoYin..GuHaiကို တခဏလောက် ငေးကြည့်နေမိချိန်၊ ရုတ်တရက် သူ့ခေါင်းထဲ ပေါ်လာတာက၊ ဒီအိပ်မောကျနေတဲ့ လူသားလေးဟာ သိပ်ကို စွဲဆောင်မှုရှိပါတယ်။ အခုလိုမျိုး ထာဝရအိပ်စက်နေမယ်ဆို ဘယ်လောက်များ ကောင်းလိုက်လိမ့်...........
အဲ့ဒီအခိုက်အတန့်၊ GuHaiရဲ့ရင်ထဲက မကောင်းဆိုးဝါးလေးက ခုန်ထွက်လာပြီး၊ အော်ပြောလိုက်တာက( ဟျောင် ဟျောင်! မင်း ငါ့ကို ထာဝရ အိပ်စက်ခိုင်းလိုက်မယ််ဆိုရင် ငါ သေသွားမှာပေါ့ကွ?)

End of Chapter 55

Are you addicted?Book-1 (Myanmar Translation )Hikayelerin yaşadığı yer. Şimdi keşfedin