Chapter 37- သဘောထားမတူတဲ့ သားအဖ
(မင်း ဒီလောက် ငါးတွေအများကြီးမိလာတာ။ ငါ့ကို ဒီည မင်းတို့အိမ်ဖိတ်ပြီး ထမင်းလေးများ မကျွေးချင်ဘူးလား?) GuHaiက သူ့ကိုယ်သူ ဖိတ်မံတက ပြုတယ်။
ဘွားဘွားဘိုင်ရဲ့ လေမဆက်တဲ့ စကားပြောပုံကိုစဉ်းစားမိတော့ BaiLuoYin ချက်ချင်းပဲ ထမင်းစားဖိတ်မယ့်အစီအစဥိကို ပယ်ချလိုက်တယ်။ ( ငါးစတူးကျက်ရင် မင်းဆီ ငါလာပို့ပေးမယ်။ မင်းအိမ်မှာပဲ စောင့်နေလိုက်)
လက််ရှိသူနေနေတဲ့ နေရာကို GuHai သတိရသွားပြီး၊ BaiLuoYinသာ သူ့အိမ်ကိုလာခဲ့ရင် သေပြီ ဆိုတဲ့အတွေးက အသည်းအသန် သူ့ခေါင်းထဲဝင်လာတယ်။ *အိမ်လာခံလို့ မဖြစ်ဘူး! ငါ့အိမ်က ဒီမှာမှမဟုတ်တာ။ BaiLuoYinသာ အဲ့ဒီကိုလာရင်တော့ ငါ့လျှိုထားတာတွေ ပေါ်ကုန်တော့မှာ သေချာတယ်!*
( မင်းအိမ်မှာ ထမင်းဝင်စားတော့ရော ဘာဖြစ်လို့တုန်း?) GuHaiဟာ ရန်လိုတဲ့အမူအရာမျိုးနဲ့ မျက်မှောင်ကြုတ်ထားတယ်။ ( ဖြစ်သင့်တာက မင်းကအရင်ဦးအောင် ငါ့ကိုထမင်းစားဖိတ်ရမှာ။ ဒါတောင် အခု မင်းကို ငါကပြန်ပြီးသတိပေးနေရတယ်။ မင်း ဒီလောက်လေးတောင် လူမှုရေးနားမလည်ဘူးလား?)
( ဟုတ်တယ် ဒီလောက်လေးတောင် ငါနားမလည်ဘူး။ နားမလည်တော့ မင်းကဘာလုပ်ချင်လဲ?) BaiLuoYinဟာ GuHaiလက်ထဲက ပုံးကိုဆွဲယူပြီး ( မင်း စားချင်တယ်ဆိုရင်၊ စကားမများဘဲ အိမ်ပြန်ပြီး စောင့်နေ။ မဟုတ်ရင်တော့ စားဖို့ကို မေ့လိုက်တော့)
*အိမ်*ဆိုတဲ့ စာလုံးကိုကြားတာနဲ့ GuHai တကိုယ်လုံး တစိမ့်စိမ့်နဲ့ ကျောချမ်းသွားသလိုပဲ။
BanHanQi အလုပ်က ပြန်လို့ အိမ်ကိုရောက်နှင့်နေပြီ။ အခုတော့ အိမ်ရှေ့တံခါးဝမှာ အစေ့ပေါက် သစ်ပင်လေး၂ပင်ကိုစိုက်ဖို့ အလုပ်များနေလေရဲ့။ BaiLuoYinနဲ့ GuHaiတို့ ငါးမျှားပြီးပြန်လာကတြာကို မြင်တော့ သူ့မျက်နှာကြီးက ပြုံးလို့မက ဖြီးနေတယ်။ GuHaiကို သေသေချာချာလည်း မြင်လိုက်ရော၊ ဖြီးနေတဲ့ သူ့အပြုံးတွေက စပ်ဖြဲဖြဲပါ ဖြစ်လာတယ်။
( ဗျို့ ဦးလေး!) GuHaiက တရင်းတနှီး နှုတ်ဆက်လိုက်တယ်။
BaiHanQiက ပြုံးချိုရွှင်လန်းတဲ့ မျက်နှာထားနဲ့ GuHaiရဲ့ပုခုံးပေါ်လက်တင်ပြီး တခုခုပြောမယ်လုပ်တုန်း၊ သူ့မျက်နှာထားက ချက်ချင်းပြောင်းသွားတယ်။ ( မင်းအင်္ကျ ီတွေ ဘာလို့စိုနေတာတုန်း? လာလာ၊ ဝင်လာခဲ့။ အင်္ကျ ီတစ်စုံ မြန်မြန်ဝင်လဲချေ)
်ဘBaiLuoYinက GuHaiနဲ့ သူ့အဖေရှေ့ကနေ ပိတ်ရပ်လျက်၊ မျက်နှာထား တည်တည်နဲ့ ( အဖေ၊ သူလဲဝတ်ဖို ကျွန်တော်တို့မှာ ဘယ်မှာ အင်္ကျ ီတစ်စုံပိုနေလို့တုန်း?)
( အင်္ကျ ီအပိုတစ်စုံ မရှိစရာလားကွာ?...အင်း... ငါ အခုလေးတင် အသစ်နှစ်စုံဝယ်လာခဲ့တာ။ သူ့ကိုအရင် တစ်ထည်ပေးဝတ်လိုက်ပါ ဟုတ်ပြီလား)
*ဝယ်မယ်ဆိုလည်း စောစောကဝယ်ထားပါလား၊ ဒါမှမဟုတ် နောက်ကျမှ ဝယ်ပါ့လား။ အခုမှ ဝယ်လာရတယ်လို့..*BaiLuoYin မျက်လုံးပြူးနေတယ်။ သူ တကယ့်ကို GuHaiကို သူတို့အခန်းထဲ မဝင်စေချင်တာပါ။
( ဒါနဲ့ ဦးလေး၊ စိတ်မရှိဘူးဆိုရင် ကျွန်တော် ရေချိုးခန်းလေးသုံးပါရစေနော်? ကျွန်တော့်တကိုယ်လုံး ရွှံ့တွေဗွက်တွေ ပေနေလို့။ အဝတ်အစားအသစ်တွေကလည်း ညစ်ပတ်ကုန်ပြီမို့လို့)
( စောက်ပိုကွာ!) BaiLuoYinက GuHaiကို သတ်ချင်သလို ကြည့်နေတယ်။
BanHanQiကတော့ အားရဝမ်းသာနဲ့ ဆန့်ကျင်စွာတုန့်ပြန်တယ်။ ( ကောင်းတာပေါ့။ ကောင်းတယ်။ ရေပူနဲ့ချိုးချင်လား ငါ့တူ? BaiLuoYinကိုပါ မင်းနဲ့အတူ ရေခေါ်ချိုးလိုက်လေ၊ ဒါမှ ရေပူဘယ်လိုဖွင့်ရသလဲဆိုတာ သူပြပေးမှာ)
( အတိုင်းထက် အလွန်ပေါ့ ဦးလေးရယ်) GuHaiတစ်ယောက် ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးဖြီးနေလို့ သွားရေတောင် ကျနေသေးတယ်။
( ကောင်းတယ်လို့ အဖေပြောတာ ဘာသဘောတုန်း?) BaiLuoYin အော်ပစ်တယ်။ ( ကျွန်တော့်တို့အိမ်မှာ ရေချိုးခန်းက ကောင်းတာလဲ မဟုတ်ဘဲနဲ့။ လဟာပြင်ထွက်ပြီး ရေချိုးရမှာလား။ ရေပိုက်ခေါင်းက ရေကျတာစောင့်ရတာနဲ့ အသက်ထွက်သွားမယ်။ ဘယ်လိုလုပ်ပြီး သူကို ရေချိုးခိုင်းလို့ရမလဲ?)
( ငါ ချိုးတတ်တယ်!) GuHaiရဲ့မျက်နှာထားဟာ ချက်ချင်းလက်ငင်းကြီး ပျော့ပျောင်းသွားတယ်။ ( မင်းတို့အိမ်ကမှ ကံံကောင်းလို့ အဖီဆွဲထားတဲ့ ရေချိုးခန်းလေးမှာ ပလပ်စတစ်လိုက်ကာလေး ကာထားသေးတယ်။ ငါတို့အိမ်ကရေချိုးခန်းဆိုရင် အကာမပါ အကွယ်မပါနဲ့ ဟောင်းလောင်းကြီး။ နွေရာသီဆို ရေဘုံဘိုင်ကလာတဲ့ရေကို တိုက်ရိုက်ချိုးလိုက်တာပဲ။ ငါတို့ဆို ရေပူတောင်မရှိဘူး)
BanHanQiက ကျကျေနေပ်နပ်ကြီး ပြုံးလျက် ( ဦးလေးတို့မှာ ရေပူတွေပေါပါတယ်ကွ။ သွားသွား..ရေချိုးတော့)
*ဒီနှစ်ယောက်နဲ့တော့.....စိတ်ကုန်တယ်ကွာ!*BaiLuoYin အံကြိတ်ပြီး မျက်နှာရှစ်ခေါက်ချိုးနဲ့ သန့်ရှင်းရေးလုပ်ဖို့ အိမ်ထဲဝင်သွားလိုက်တယ်။
အရင်ကတော့ သူ့အိမ်ကို ဘယ်သူမှလာမလည်ဖူးဘူး။ သူ့အိမ်က ဘယ်လောက်တောင် ရှုပ်ရှက်ခတ်နေသလဲဆိုတာ သူ မသိ။ သူ့အခန်းထဲ သပ်သပ်ရပ်ရပ်ဖြစ်အောင် BaiLuoYin ရှင်းလင်းနေတုန်း GuHaiလှမ်းအော်သံကို ကြားရတယ်။ ( BaiLuoYinရေ... ရေပူကို ဘယ်လိုဖွင့်ရမလဲဟေ့?)
BaiLuoYin မကြားချင်ယောင်ဆောင်နေတယ်။
တအောင့်အကြာ၊ BanHanQiက သူ့အခန်းထဲကို ဒေါကြီးမောကြီးနဲ့ ဝင်ချလာပြီး BaiLuoYinကို ပွစိပွစိလုပ်ပါတော့တယ်။ ( သူ့ကို မင်းသွားပလြိုက်စမ်းပါကွာ! မင်း ဘယ်လိုတောင် ဒီလောက် ပြောရဆိုရခက်နေရတာတုန်း?)
်ဘBaiLuoYinဟာ စိတ်ညစ်ညစ်နဲ့ သက်ပြင်းချလျက် အဖီဆွဲထားတဲ့ရေချိုးခန်းလေးထဲ တန်းဝင်သွားပြီး၊ လိုက်ကာကို ဖယ်ပစ်လိုက်တယ်။ အဲ့ဒီအချိန် GuHaiက အဝတ်အစားအားလုံး ချွတ်ပြီးနေပြီ။ GuHaiဟာ BaiLuoYinရဲ့မျက်စိရှေ့မှာပဲ ကျစ်လစ်သန်မာတဲ့ ခန္ဓာကိုယ်ကို ရှိုးပလြျက် ရေချိုးခန်းထဲမှာ ကိုယ်လုံးတီးနဲ့ ဝံ့ဝ့ံကြွားကြွား ရပ်နေတယ်။ အမှန်အတိုင်းပြောရရင်တော့၊ BaiLuoYinဟာ အဲ့ဒီတစ်ယောက်ရဲ့ လုံးကျစ်နေတဲ့ ဖင်ကိုသာ ပစ်ကန်ပစ်ချင်နေတာ။
( ရေတောင် ဘယ်လိုဖွင့်ရမလဲ မသိတာကို မင်းက ဘာတွေအလောကြီးနေလို့ အင်္ကျ ီတွေချွတ်ထားရတာတုန်း?)
GuHaiက BaiLuoYinရဲ့အင်္ကျ ီကော်လံကို အသာလေးဆွဲလိုက်ပြီး လက်တဖက်တည်းနဲ့ ကြယ်သီးတွေကို ဖြုတ်နေတာ သုံးလုံးတောင် ပြုတ်သွားပြီ။
( အတူတူ ရေချိုးရအောင်ပါကွာ! မင်းဘောင်းဘီလည်း ကြည့်ဦး။ ဗွက်တွေချည်းပဲ။ ရွှံ့တွေ ဗွက်တွေနဲ့ မင်းနေရမခက်ဘူးလား?)
( စိတ်ပူပေးလို့တော့ ကျေးဇူးပဲ!) BaiLuoYinက အံကြိတ်ပြောပြီး GuHaiရဲ့ပြောင်ချောနေတဲ့ ပုခုံးသားတွေကို ပုတ်နေတယ်။ နောက် ရုတ်တရက်BaiLuoYinဟာ GuHaiရဲ့အောက်ပိုင်းကို ဒူးနဲ့ဆောင့်လိုက်ပြီး ပိတ်ဟောက်တယ်။ ( ကိုယ့်ဖာသာကိုယ်သာ ချိုး!)
GuHaiကတော့ အပြုံးမပျက်။ ( BaiLuoYin မင်းက သိပ်နှာဘူးတာပဲ)
BaiLuoYinက သွားဖို့ပြင်နေတုန်း၊ GuHai အခုလိုပြောလိုက်တာ ကြားကြားချင်း-- BaiLuoYin နောက်ပြန်လှည့်လာလိုက်တော့ GuHai ကြိုသိနေပြီး သူ့ရဲ့အဓိကနေရာကို ခပ်မြန်မြန်လေး အုပ်ထားလိုက်တယ်။
( တုံ့ပြန်တာ မြန်သားပဲ)BaiLuoYinမျက်နှာကတော့ တည်တည်ပဲ။
GuHaiက မျက်နှာပိုးသတ်လိုက်ပြီး တည်ကြည်တဲ့မျက်နှာဘေးဖမ်းပြီး BaiLuoYinဘက်လှည့်ပြီး မေးလိုက်တယ်။ ( မင်းတို့က ပလပ်စတစ်အကြည်ကို လိုက်ကာလုပ်ထားတော့ အပြင်ကလူတွေက ဒိုးယိုပေါက်မြင်နေရမှာပဲ။ သူများကြည့်မှာ မင်း မစိုးရိမ်ဘူးလား?)
( ငါတို့အိမ်ကို ဘယ်သူမှ မလာဘူး။ အထူးသဖြင့် မိန်းကလေးတွေဆို မျက်စောင်းတောင် ထိုးမကြည့်ဘူး။ မင်း စိတ်အေးအေးထားပြီး ချိုး။ ဒီခြံထဲမှာ မင်း ကိုယ်တုံးလုံးနဲ့ လျှောက်ပြေးနေရင်တောင် ဘယ်သူမှ ဂရုမစိုက်ဘူး)
( ကိုကြီးBai အိမ်ပြန်ရောက်ပြီလာ?) အန်တီZouရဲ့ နုညံ့ပြီး တိုးညှင်းတဲ့အသံက အပြင်ကဝင်လာတယ်။
BaiLuoYin ပြောစရာစကား မရှိတော့။ (........)
( သေစမ်း!) GuHai တကိုယ်လုံး တောင့်ခဲသွားပြီး ( မင်းပြောတော့ မင်းတို့အိမ်ကို ဘယ်သူမှ မလာပါဘူးဆို? ငါ့ကို လာရွှီးနေတာလား?)
BaiLuoYin ရယ်ချင်တာကို အောင့်ထားရတယ်။ ( မင်းသာ ကောင်းကောင်းနေ။ ငါ့ကို စိတ်တိုအောင်လာလုပ်ရင်၊ ငါ ပလပ်စတစ်လိုက်ကာကို မီးရှို့ပစ်လိုက်မယ်)
(.......)
အန်တီZouက ငါးတွေထည့်ထားတဲ့ ပုံးကိုမြင်သွားတော့၊ သူမရဲ့မျက်လုံးတွေ ဝင်းလက်သွားတယ်။ ( ဟယ် ဒီငါးတွေ မင်း ဘယ်ကဝယ်လာတာလဲ?)
( ကျွန်တော် မျှားထားတာ) BaiLuoYin ပြုံးလျက် ( လက်ဆောင်အဖြစ် ငါး၂ကောင်ယူသွားပါ အန်တီ။ ကျန်တာတွေကို ကျွန်တော်တို့အတွက် စတူးဟင်းချက်ပေးလို့ရမလား? ကျွန်တော့်အဖေချက်ရင် ငါးဟင်း ပျက်စီးသွားမှာစိုးလို့)
( ဟားဟားဟ...) အန်တီZouက သဘောကောင်းစွာ ရယ်မောရင်း ( ဒီကလေးလေး စကားကို ကျအောင်ပြောတတ်ပါ့။ မင်းတို့အတွက် အန်တီက ငါးစတူးချက်ပေးပါ့မယ်။ ကျက်တာနဲ့ အန်တီ ယူလာပေးမယ်နော်)
အိမ်နောက်ဖေးကနေ BaiHanQiထွက်လာပြီး အန်တီZouကို ပြာပြာသလဲ တားတယ်။ ( ရပါတယ်ဟာ! နင့်ကိုဟင်းချက်ခိုင်းရတော့ ငါ့မကောင်းဖြစ်မှာပေါ့။ နင်သာ ၂ကောင်ယူသွား။ ကျန်တာ ငါ စတူးဟင်းချက်လိုက်မယ်)
အန်တီZou ပြုံးရုံသာပြုံးနေတယ်။ ဘာမှပြန်မပြော။ ငါးပါတဲ့ပုံးကိုဆွဲပြီး BaiHanQi ရှေ့ကနေဖြတ်ကာ အိမ်ပြန်သွားခဲ့တယ်။
BaiHanQiရဲ့ လူတတ်ကြီးလုပ်နေတဲ့ပုံစံကြောင့် BaiLuoYinက သူ့ဖခင်ကြီးကို ဘေးဖက်ကိုဆွဲခေါ်လာပြီး ဆူပါတော့တယ်။ ( အဖေ့ကိုပြောထားဦးမယ်... GuHaiက ကျွန်တော်တို့အိမ်မှာ ထမင်းစားချင်တယ်တဲ့။ အဖေ့သား ကျွန်တော်တောင် အဖေ့လက်ရာ မစားနိုင်တာ GuHai ထမင်းမြိန်အောင် အဖေက ဘယ်လိုချက်ကျွေးနိုင်မှာတုန်း?)
( ငါ့သား...မင်းကတော့ကွာ စကားပြောတာ ဘယ်လိုကြီးလဲ?) BanHanQi မျက်မှောင်ကြုတ်လျက်( ငါးတွေက မင်းတို့နှစ်ယောက် အတူတူမျှားလာကတြာလေကွာ။ သူ့ကို နဲနဲတောင်မကျွေးရင်တော့ မဟုတ်သေးဘူးလေ?)
( သူ့ကို မကျွေးဘူးလို့ ပြောတာမဟုတ်ဘူး။ ကျွန်တော်ပြောတာက ဟင်းကိုသူ့အိမ်ကို သွားပို့ပေးလိုက်မယ်လို့)
BaiLuoYinက သူ့အဘိုးအဘွားတွေရဲ့အခန်းထဲ မျက်လုံးထောင့်ကပ်ကြည့်လျက် BaiHanQiကို မသိမသာလေး အရိပ်အမြွက်ပေးတယ်။ ( GuHaiရှေ့ ကျွန်တော့်မိသားစုတွေကို ဟားတိုက်စရာဖြစ်နေမှာ ကျွန်တော်မကြိုက်ဘူး)
သားဖြစ်သူ ဘာကိုဆိုလိုသလဲဆိုတာ BanHanQi သိပါပြီ။ သိလို့ BaiLuoYin စိတ်အေးအောင် ခေါင်းညိတ်ပလြျက် ( စိတ်ချ၊ GuHaiကို အဖေ လုံးဝ ထမင်းခေါ်မကျွေးဘူး)
GuHai ရေချိုးပြီးလို့ အပြင်ပြန် အထွက် BaiLuoYinက အဝတ်အစားတွေယူပြီ ရေချိုးခန်းထဲ ဝင်သွားပြီ။
( ဦးလေး! ဒီပန်းတွေ ဘယ်သူစိုက်ထားထာလဲ?)
( အော် ဦးလေးသားစိုက်ထားတာလေ။ လှတယ်မဟုတ်လား?')
( လှတာပေါ့။ ကျွန်တော် တပွင့်ခူးလို့ရမလား?)
( ခူးခူး။ ကြိုက်သလောက်ခူး)
BaiLuoYinတစ်ယောက် ပလပ်စတစ်လိုက်ကာကြီးကို ဆွဲချမိတော့မလိုဖြစ်သွားတယ်။ ၆လတောင်ကျော်နေပြီ၊ အခုမှ ပန်းပင်က သုံးလေးငါးပွင့် ဖူးနေတာကိုများဗျာ!!!!!!!!!!
( ဦးလေး ဒီည ကျွန်တော် ဒီမှာပဲ ထမင်းစားသွားလို့ ရလားဟင်? ဦးလေး ခွင့်ပြုမလား)
မေးနေဆဲကာလ နှုတ်ဆိတ်နေတဲ့ ငြိမ်သက်မှုက ကြီးစိုးနေတယ်။ BaiLuoYin ရေပိုက်ကိုပိတ်ပြီး နားကိုစွင့်ထားတယ်။ သူ့ခေါင်းမှာ ရေမဆေးချရသေးတဲ့ ဆပ်ပြာအမြှပ်တွေ ကျန်နေတယ်။
( ရတာပေါ့ကွ!) ပျော်မြူးနေတဲ့ ရယ်သံအကျယ်ကြီး ကြားလိုက်ရတယ်။ ( မင်းက အိမ်ပြန်ချင်တယ်ဆိုတောင် ဦးလေးက မင်းကို ပြန်မလွှတ်ဘူး စိတ်ချ! ဒီမှာ ညစာစားသွား။ ဗိုက်ကို ပြည့်ကားနေအောင် စားသွား။ စားပြီးမှ ပြန်နော်။ ဟားဟားဟားဟား....)
(!!!!!!)End of Chapter 37
أنت تقرأ
Are you addicted?Book-1 (Myanmar Translation )
عاطفيةထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...