Chapter144- ဝံပုလွေဆိုးကြီး ဆာနေပြီ
"ဒါဆို မင်းအခုထိ မစားရသေးဘူးပေါ့?" Gu Hai က Meng Tong Tian ရဲ့ ဗိုက်လေးကို ပွတ်ပြီး မေးလိုက်တယ် "မင်းဗိုက်လေးက ခုထိ မစာဆာသေးဘူးလား ဟင်?"
Meng Tong Tian က လေးလေးနက်နက် ခေါင်းညိတ်ပြီး "သားဗိုက်မဆာပါဘူး အဘိုးနဲ့အဘွား အခန်းထဲမှာ စားပြီးသွားပြီ အရသာရှိတဲ့အစားအသောက်တွေ အများကြီး စားပြီးပြီ အပြင်မှာစားလို့မရတဲ့ ငါးနဲ့တခြားအသားတွေ အများကြီးပဲလေ"
"ငါးနဲ့ တခြားအသားတွေ?" Gu Hai က Meng Tong Tian ကို မေးခွန်းတွေ တန်းစီနေတဲ့ ပုံစံနဲ့ မေးလိုက်တယ်။
Meng Tong Tian က ပျော်ပျော်ရွှင်ရွှင်ပဲ သူ့ခေါင်းကို ညိမ့်ပြတယ်။ သူ့ခေါင်းလေးက စိတ်လှုပ်ရှားမှု အပြည့်နဲ့ လှုပ်ခါရင်း "ဟုတ်တယ် ဟုတ်တယ်"
Gu Hai ရဲ့ ခေါင်းထဲမှာ မယုံသင်္ကာဖြစ်သွားတာတော့ မဟုတ်ပေမယ့် ကိစ္စတစ်ခုလုံးကို နောက်တစ်ခေါက် ထပ်စဉ်းစားလိုက်တယ်။ အန်တီ Zou က သူ့မိဘတွေအတွက် ဒီလို အရသာရှိတဲ့ အစားအသောက်တွေ လုပ်ပေးမှာပဲ ဒါက အထူးအဆန်းတော့ မဟုတ်ဘူး ပြီးတော့ သူတို့မြေးမလေး မတော်တဆဖြစ်ထားတယ်ဆိုတာလဲ သူတို့ မသိကြသေးဘူးလေ။
ဒါပေမယ့် Meng Tong Tian ပြောလိုက်တဲ့ နောက်ထပ်စကားတစ်ခွန်းက
"အစကတော့ အပြင်မှာ အစားအသောက်ကောင်းတွေ အများကြီးပဲ ဒါပေမယ့် ကိုကြီးလာတာနဲ့ အကုန်လုံးကို ဖယ်လိုက်တာ"
အို ...
အဲ့အချိန်မှာပဲ Gu Hai ရဲ့ တည်ငြိမ်နေတဲ့ပုံစံကနေ ပူပန်မှုကို ပြောင်းလဲသွားတယ်။
"အဲ့တာက Bai gege ရဲ့ အကြံတွေလေ!" Meng Tong Tian က သူ့ရဲ့ ခါးသေးသေးလေးကို အပြင်ကို ဆန့်လိုက်ပြီး 'မင်းဒုက္ခရောက်နေတဲ့ အချိန်မှာ ငါမင်းကို ကူညီမယ်' ဆိုတဲ့ပုစံမျိုးနဲ့ အခိုင်အမာပြောတယ်။ အဲ့တာက သူ့ရဲ့ မှားယွင်းနေတဲ့ အစ်ကိုအတွက် တရားမျှတမှုကို တောင်းဆိုနေတဲ့ အတိုင်းပဲ။
"သူက ကိုကြီးကို မစားစေချင်လို့ အရသာရှိတဲ့ အစားအသောက်တွေအကုန်လုံးကို ဖွက်လိုက်တာ!"
Gu Hai ရဲ့ မျက်နှာက ဖြူရော်သွားပြီး တခြားဘယ်သူ့ဆီမှာမှ မမြင်ဖူးတဲ့ အရောင်ပေါင်းစုံပြောင်းလဲသွားတယ်။ သူက Meng Tong Tian ကို အောက်ချပေးလိုက်ပြီး သူ့အရပ်အထိ ခါးကိုင်းလိုက်တယ်။
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...