Chapter 14- လူနှစ်ယောက်ရဲ့တိုက်ပွဲ!

2.1K 292 4
                                    

နောက်နေ့မနက် BaiLuoYin တစ်ယောက် ခါတိုင်းလိုပဲ ကျောင်းနောက်ကျတဲ့အပြင် အတန်းထဲကို အေးဆေးဖြေးဖြေး ဝင်လာတယ်။ ကျောပိုးအိတ်ကို စားပွဲခုံပေါ် ပစ်တင်လိုက်တယ်။ သူ့ စားပွဲအံထဲမှာ ပဟေဌိဆန်တဲ့ဗူးတစ်ဗူးကို သွားတွေ့တယ်။ သူ ဗူးကို ယူပြီး သေသေချာချာ ကြည့်မိတော့မှ ဗြုန်းဆို ဗူးကိုအံဆွဲထဲ ပြန်ထိုးထည့်လိုက်မိတယ်။
*ဘယ်လိုဖြစ်တာလဲ*
*ငါ့အံဆွဲထဲကို အောက်ခံဘောင်းဘီတစ်ထည် ဘယ်သူလာထည့်သွားတာလဲ*
*မနေ့ကတော့ YouQi အိမ်သာသုံးစက္ကူထုတ်ကြီး လက်ဆောင်ရလို့ ငါ ဟားနေခဲ့တာ။ ဒီနေ့ ငါက ဘောင်းဘီတစ်ထည်ရတယ်တဲ့! ငါ့အံဆွဲထဲ တစ်ယောက်ယောက်များ မှားထည့်မိတာလား? *
( မင်းအတွက်) ဆိုတဲ့ စက္ကူစတစ်စကြောင့် အစောပိုင်းက ထင်ယောင်ထင်မှားအတွေးစတို့ ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။
စကားလုံးဟာ မနေ့က စကားလုံးနဲ့ တထပ်တည်းတူနေတယ်။ ဒီတော့ လက်ရေးတွေဘာတွေ တိုက်စစ်မနေတော့ဘဲ၊ BaiLouYinဟာ YouQiရှိရာကို ဗူးနဲ့ပစ်ပေါက်လိုက်တယ်။
( မင်း တော််တော့်ကို မုန်းစရာကောင်းတာပဲ)
YouQiက စားပွဲပေါ်မှောက်ပြီး တရေးအိပ်နေဆဲ၊ ခပ်မာမာ ပစ္စည်းတခုက သူ့ခေါင်းကို ဗုန်းကနဲလာမှန်လို့၊ ယူကြည့်််လိုက်တော့... အော် အောက်ခံဘောင်းဘီ ဖြစ်နေတာကိုး။
( XiaoBai ရေ၊ မိုက်တယ်ဟ! မင်း ဒီလောက် သူများအတွက်တွေးပေးတတ်မှန်း ငါမသိခဲ့ဘူး။ ပြီးခဲ့တဲ့၂ရက်ကတော့ တစ်သျှူးထုပ်ပေးတယ်။ အဲ ဒီနေ့ကျ ဘောင်းဘီ ပေးတယ်)
( လဲသေလိုက်ပါလား!)
BaiLuoYin မကြားတကြား ဆဲလျက်၊ စာအုပ်ယူပြီး အခန်းပြင်ဘက် ထွက်သွားလိုက်တယ်။
အဖြစ်အပျက်တွေအားလုံးကို အစအဆုံး ကြည့်နေတဲ့ GuHaiဟာ တခစ်ခစ်နဲ့ ရယ်လို့ကိုမပြီးဖြစ်နေတယ်။ ဒီကောင်လေးဟာလေ သူများပေးစာကမ်းစာကို လက်ခံမယ့်အစား ဘောင်းဘီအစိုကြီးကိုသာ ဝတ်လိုက်မယ်ဆိုတဲ့ စရိုုက်မျိုးရှိသူပါ။ သိပ်ထူးခြားပါတယ်။
စိုထိုင်းထိုင်း အောက်ခံဘောင်းဘီကြောင့် BaiLuoYin ဒုက္ခကြုံနေရပြီ။ ဒီဘောင်းဘီကို မနေ့ညကတည်းက သူဝတ်ထားခဲ့တာ၊ ဒီနေ့မနက်တော့ ဘောင်းဘီကခြောက်သွားခဲ့တယ်။ ဒါပေမယ့် အချိန်အကြာကြီး ဘောင်းဘီစိုကိုဝတ်ထားရတော့၊ သူ အခု ဝမ်းလျှောပြီပေါ့။
တတိယမြောက်အတန်းချိန်ကျ၊ BaiLuoYin အိမ်သာသွားရတာ ၇ခါရှိနေပြီ။
အခန်းထဲ ဝင်လိုက်ထွက်လိုက်လုပ်နေရတာကို ရှက်တာနဲ့ ၈ခါမြောက်ကျ အခန်းထဲပြန်မဝင်တော့ဘဲ နာရီဝက်လောက် အပြင်မှာပဲ နေလိုက်တော့တယ်။ နေ့လည် ကျောင်းဆင်းနားတဲ့အချိန်ထိ သူ ကျိတ်မှိတ်သည်းခံကြည့်ဖို့ပဲ စိတ်ဆုံးဖြတ်ထားတယ်။
BaiLuoYinတစ်ယောက် သူ့ပစ္စည်းသူ သိမ်းနေတုန်း၊ ဗိုက်ထဲက အသံစုံမြည်နေသံကို သူကြားရတယ်။ BanHanQiအပေါ် သူ ခါးခါးသီးသီး စိတ်တိုမိတယ်။ သူ ငယ်ငယ်ကတည်းက အခုအရွယ်အထိ၊ သူ့အဖေရဲ့နမော်နမဲ့နိုင်မှုကြောင့် BaiLouYin ဒုက္ခရောက်ပေါင်း မနည်းတော့ဘူး။
သက်ပြင်းရှည်ကြီးချလိုက်ပြီး ထသွားမယ်ကြံတော့မှ သူ့ရှေ့ကို ပစ္စည်းတခု ကျလာတယ်။
သူ ကောက်ကြည့်လိုက်တော့၊ ဝမ်းပိတ်ဆေးပဲ။
*ထူးထူးဆန်းဆန်း၊ ဒီဆေး ဘယ်ကရောက်လာတာပါလိမ့် *
BaiLuoYin ခေါင်းရှုပ်သွားတယ်။ ဒီဆေးဗူးက YouQi ပေးတာမဟုတ်မှန်း သူသိတယ်။ YouQiဟာ အခန်းအပြင်ကို တလှမ်းမှမထွက်သေးတဲ့အတွက်ကြောင့်၊ ဆေးဆိုင်ကို ပြေးဝယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ နောက်ပြီး ကြိုဝယ်ထားတယ်လို့ ပြောရအောင်လည်း BaiLuoYin အခုလိုဝမ်းလျှောမယ်မှန်းလည်း YouQi ဘယ်လိုကြိုသိနိုင်မှာလဲ?
ဟိုအောက်ခံဘောင်းဘီအကြောင်းကို ပြန်တွေးမိတော့၊ တခုခု မှားနေပြီးဆိုတာ သူခံစားရတယ်။
ဒီကျောင်းမှာ အောက်ခံဘောင်းဘီရောင်းတဲ့ဆိုင် မရှိဘူး။ ဒီတော့ ကျောင်းအဆောင်မှာနေတဲ့ ကျောင်းသားပေးတာတော့ မဖြစ်နိုင်ဘူး။ ဒီလိုဆို YouQiကို သံသယဖြစ်သူစာရင်းက ပယ်လို့ရပြီ။ နည်းနည်း ဆက်တွေးကြည့်ရင်၊ မိန်းကလေးတစ်ယောက်ယောက်ကများ ပေးတာဆို၊ BaiLuoYinကို တမင်တကာ အောက်ခံဘောင်းဘီပေးပြီး သူ့တုံ့ပြန်မှုကို စောင့်ကြည့်ချင်လို့များ...............။
* ဖြစ်ရောဖြစ်နုိုင်ပါ့မလား.... ဒီလောက်ကြီး တိုက််ဆိုင်တယ်ဆိုတာ? မနေ့က ဘောင်းဘီဝတ်စရာမရှိဘူး၊ ဒီနေ့ကျ အောက်ခံဘောင်းဘီဗူးက ဟတ်ချလောင်းဆို ပေါ်လာတယ်။ ပြီးတော့ မနေ့ညကမှ ဘောင်းဘီစိုဝတ်မိတာ၊ အခုကျ၊ ဝမ်းပိ်တ်ဆေးထုတ်က ငါ့အိတ်ထဲ ရောက်နေတယ်။ အားလုံးကို ကြိုတင်စီစဉ်ထားသလိုမျိုးပဲ *
တနည်းဆိုရသော်......
BaiLuoYin ကျောပိုးအိတ်ကို စားပွဲပေါ်ပစ်ပြီး ခပ်မာမာပြောလိုက်တယ်။ ( မနေ့ညက ငါ့ကို နောက်ယောင်ခံလိုက်လာတာ ဘယ်သူတုန်းကွ?!)
အတန်းထဲမှာ လူနည်းနည်းပဲ ကျန်တော့တယ်။ ဒါပေမယ့် သူရှာနေတဲ့လူ ဒီအခန်းထဲမှာရှိနေပြီး သူ့ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေဦးမယ်ဆိုတာ BaiLuoYin သိနေတယ်။
GuHai အကြပ်ရိုက်သွားတယ်။ BaiLuoYin ဒီလောက်ဉာဏ်ပြေးမယ်လို့ သူ ထင်မထားဘူး။ ဆေးဗူးနဲ့ ဘောင်းဘီကို ခေရြာခံပြီး၊ မနေ့ညက နောက်ယောင်ခံလိုက်တဲ့သူရှိမှန်း BaiLuoYin ကောက်ချက်ဆွဲနိုင်တယ်တဲ့။
( ငါ့ကို ယီးတိယားတား လုပ်မနေနဲ့တော့ကွ!) ပြောရင်းဆိုရင်း BaiLuoYin စိတ်တိုလာပြီး ဆေးထုတ်ကို နံရံဆီ ပစ်ပေါက်လိုက်တယ်။ ပြန်ကန်ထွက်လာတဲ့ ဆေးထုတ်ကို GuHai မိမိရရ ဖမ်းလိုက်တယ်။
အခုတော့ အခန်းထဲကျောင်းသားတွေလည်း အလျှိုလျှို လစ်ကုန်ကြပြီ။ အရင့်အရင်အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး၊ BaiLuoYin နဲ့ အချအေတင်မဖြစ်တာ ကောင်းမှန်း လူတိုင်းသိကတြယ်။ အကြောင်းက BaiLuoYinဟာ ပေါင်းရသင်းရ ခက်တဲ့လူမို့လို့။ ချွင်းချက်; တစ်ယောက်သောသူကတော့ အချအေတင်ဖြစ်အောင် စ,လုပ်လိုက်ပါပြီ။
( ငါပဲ) GuHaiပြောလိုက်တဲ့ စကားရိုးရိုးလေးမှာပဲ လူတွေကို ကြောက်ဒူးတုန်စေတဲ့ ပါဝါရှိတယ်။ သူ BaiLuoYinရှေ့ကို လျှောက်သွားတယ်။ ခေလြှမ်းတိုင်းက မြဲမြံပြီး အားအင်ပါတယ်။ သက်တူရွယ်တူထဲမှာ သူ့လောက် ပေါ့ပျက်ပျက်နိုင်တဲ့သူ ရှိမယ်မထင်ဘူး။ ( ငါ့မှာ အခြားရည်ရွယ်ချက်မရှိဘူး။ မင်းကို စိတ်ပူရုံသက်သက်ပဲ။ ဟိုနေ့ကဟာအတွက် တောင်းပန်ချင်တာလည်း ပါတာပေါ့)
GuHaiက ပြုံးပလြျက် BaiLuoYinလက်ထဲ ဆေးထုတ်ထည့်ပေးလိုက်တယ်။
ပြုံးပြနေတဲ့လူကို ရန်မပြုသင့်မှန်း BaiLuoYin နားလည်ပါတယ်။
( ရှုပ်ယှက်ခတ်နေတဲ့ လက်ရေးအတွက် တောင်းပန်တာလား?)
လက်မှတ်ထိုးထားသလိုု ရှုပ်ထွေးနေတဲ့ GuHaiရဲ့လက်ရေးကို အခုထက်ထိ BaiLuoYin မမေ့နိုင်သေးဘူး။ အဲ့ဒီနေ့ကစလို့ သူ GuHai အပေါ် ခင်ချင်စိတ်မရှိတော့တာ။ GuHai ဘယ်လိုစိတ်ပဲထားထား၊ သူ GuHaiကို မျက်စိစပါးမွေးစူးနေတယ်။ သူမေးလို့ ဖေရြမယ့် GuHaiရဲ့စကားသံကိုတောင် သူနားကြားမြင်းကပ်ပါတယ်။
( ဘယ်ဟုတ်ပါ့မလဲ) GuHaiက တည်တည်ငြိမ်ငြိမ်နဲ့ ဝန်ခံလိုက်တယ်။ ( တောင်းပန်ရတဲ့ အကြောင်းရင်းက ငါလက်ရေးကျင့်ချင်လို့ မင်းစာစီစာကုံး စာရွက်ကို ဖြဲယူသွားမိလို့)
၅စက္ကန့်အကြာ၊ BaiLuoYinရဲ့ဟိန်းဟောက်သံက အခန်းထဲ ပဲ့တင်ထပ်သွားတယ်။ ( သေပေတော့!)
အခုချိန် BaiLuoYin ဘယ်လောက်တောင် ဒေါသထွက်နေသလဲဆိုတာ စကားနဲ့တောင်ပြောလို့မရဘူး။ စာစီစာကုံးစာရွက်ကို ဖြဲသွားတဲ့ ဟောဒီကောင်စုတ်ကြောင့် သူ့မှာ စာသင်ချိန်ကြီး အခန်းအပြင်ဘက်ထွက် အပြစ်ပေးခံထားရတာ။ အခု တရားခံအစစ်က သူ့ရှေ့မှာ သောက်ရေးမကြီးသလိုမျိုး အေးအေးလူလူ သူ့အပြစ်သူဝန်ခံနေလေရဲ့။ မျက်ခွက်ပေါ်မှာ အားတုံ့အားနာဖြစ်နေတဲ့ အမူအရာလေး တစက်တောင် မရှိဘူး။
GuHaiရဲ့ အင်္ကျ ီကော်လံကို သူဆွဲပြီ၊ နံရံနဲ့ တွန်းကပ်ပစ်လိုက်တယ်။
( စာစီစာကုံးစာရွက်ကို ဘာကြောင့် အကြောင်းမဲ့ မင်း ဆွဲစုတ်လိုက်ရတာတုန်း? မင်းမကျနေပ်အောင် ငါပြောလိုက်မိလို့လား? ငါ့နဲ့ တစ်ပွဲလောက် နွှဲချင်တယ်ပေါ့လေ?)
( မင်းလက်ရေးကို ငါကြိုက်လို့လေ။ မင်း ဂုဏ်တောင် ယူသင့်တာ)
GuHai စကားတွေကြောင့် BaiLuoYin အကြီးအကျယ် ဒေါသထွက်ရပေမယ့်၊ ဆဲရေးတိုင်းတွာတာတွေမလုပ်သလို လက်လည်း မပါဘူး။ အဲ့လိုလုပ်ရင် သူ့ကိုယ်သူ သိက္ခာချသလို ဖြစ်မှာပဲမို့။ စိတ်ရှိတိုင်းသာဆို၊ GuHaiကို သူ အသေဆော်ပြီးနေပြီ!
လက်သီးတင်းတင်းဆုပ်ထားတဲ့ BaiLuoYinကို ကြည့်ပြီး၊ GuHai တစ်ယောက် BaiLuoYinပုခုံးကို ဆုပ်ကိုင်ရင်း အထင်မြင်သေးတဲ့လေသံနဲ့ ( ကဲပါကွာ၊ ကဲ ကဲ။ ငါ မင်းကိုတောင်းပန်တယ်။ ဒီအကြောင်းကို အရှည်မဆွဲနဲ့တော့)
BaiLuoYinဟာ ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် GuHaiကို လက်ညှိုးကြီးတထိုးထိုးနဲ့ ပြောလိုက်တာက ( မင်းလောက် သောက်ရှက်မရှိတဲ့ကောင် ငါမတွေ့ဖူးဘူး)
GuHai ကလည်း BaiLuoYin နဖူးပေါ် လက်ညှိုးနဲ့ထိုးပြီး ( ငါ တောင်းပန်စကားပြောရတဲ့သူလည်း ဒီတသက် မကြုံဖူးသေးဘူး)
(သွားစမ်းပါ... ဖီ!)
သခင်လေးGuတစ်ယောက် တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်ကို တံခါးဘောင်မှာမှီပြီး ထူးခြားတဲ့ပုံပန်းသဏ္ဍာန်လေးတခု မျက်စိအောက်က ပျောက်ကွယ်သွားတဲ့အထိ တည်ငြိမ်တဲ့မျက်လုံးတွေနဲ့လိုက်ကြည့်နေတယ်။
သူ ထေ့ပြုံးပြုံးပြီး ဖာသာတွေးမိနေတာက.... ( စိတ်ချ၊ ပွဲက မပြီးသေးဘူး) လို့။

End of Chapter 14

Are you addicted?Book-1 (Myanmar Translation )Dove le storie prendono vita. Scoprilo ora