Chapter 57- မိုးမီးလောင်ပြီ!

1.7K 199 3
                                    

    BaiLuoYinဆီ ဘောလုံးပြန်ရောက်သွားပြီ။ ဒါပေမယ့် လူကတော့ ၃မှတ်တန်းရဲ့အပြင်ဘက်မှာ။
    တုတ်ပေါရဲ့စိတ်တွေ မတင်မကျဖြစ်လာတာက အကယ်လို့ BaiLuoYinသာ နောက်ထပ်၃မှတ်ထပ်ရသွားရင်၊ အမှတ်က လိုက်မမှီအောင် ကွာသွားမှာကိုပဲ။ ဒါ့ကြောင့် သူဟာ အလောသုံးဆယ် ပြေးတက်သွားပြီး BaiLuoYin လက်ထဲက ဘောလုံးကို အတင်းကာရော ဆွဲလုပါတော့တယ်။ တုတ်ပေါရဲ့ ခန္ဓာကိုယ်ကြီးက လေးလံပြီး ကမူးရူးထိုးနိုင်ပေမယ့် BaiLuoYinရဲ့ကျွမ်းကျင်မှုက အပုံကြီး သာနေပါတယ်။
    BaiLuoYin အရင်ဆုံး သူ့လက်ထဲက ဘောလုံးကို သူ့အသင်းသားတစ်ယောက်ဆီကို ပစ်ပေးလိုက်ပြီး၊ တုတ်ပေါရဲ့ဘယ်ဖက်ကနေ ကွေ့ရှောင်ပြီးမှ အဲ့ဒီအသင်းသားဆီကနေ ဘောလုံးကို သူ ပြန်ယူလိုက်တယ်။
    တုတ်ပေါရဲ့စိတ်ထဲ ဒေါသတွေ အကြီးအကျယ်ထွက်လာပြီး၊ BaiLuoYinကို ဘော်ဒီဝင်တိုက်ပါတော့တယ်။
    BaiLuoYinက လှမ်းအခုန်၊ တုတ်ပေါက ဘော်ဒီဝင်အတိုက်မို့ BaiLuoYinတစ်ယောက် ခန္ဓာကိုယ်က ယိမ်းသွားပြီး၊ ခေလြွတ်လက်လွတ် အောက်ကိုလိမ့်ကျကာ ဂိုးခြင်းထောင်ထားတဲ့ သံမဏိတိုင်ကြီးနဲ့ ဝင်ဆောင့်မိသွားတယ်။
    အစွန်းနှစ်ဖက်ကို ရောက်နေတဲ့ အခေအြနေတွေကို GuHai သိလိုက်ချိန်၊ တုတ်ပေါကို ပွဲကထုတ်လိုက်ချင်ပေမယ့် သိပ်ကိုနောက်ကျသွားခဲ့ပါပြီ။ သူ အပြေးအလွှားသွားပြီး ခေလြွတ်လက်လွတ်ပြုတ်ကျလာတဲ့ BaiLuoYin ကို ဖမ်းလိုက်ချင်ပေမယ့်၊ သူ ရောက်သွားတဲ့အချိန်ကျ BaiLuoYinက ဘော်လုံးခြင်းပေါ်တောင် ကျပြီးသွားပြီ။
    အလိပ်လိပ်ထွက်လာတဲ့ ဒေါသအခိုးတွေကြောင့် GuHai မျက်နှာကြီး မဲမှောင်နေတာကို အားလုံး မြင်ကတြယ်။ သူ BaiLuoYinကို သွားထူပေးတဲ့အချိန်၊ သူ့လက်တွေ အနဲငယ် တုန်ရီနေတယ်။ BaiLuoYinကတော့ လိမ့်ကျထားတဲ့အရှိန်ကြောင့် နဲနဲလေး ဒယိမ်းဒယိုင်ဖြစ်နေတယ်။ သူ့မျက်နှာတခြမ်းကလည်း အညိုအမဲစွဲနေပြီး၊ သူ့နှာခေါင်းကနေ သွေးစီးချောင်း ကျနေတယ်။ ပြီးတော့ သူ့နှုတ်ခမ်းလည်း ပေါက်သွားသေးတယ်။
    GuHaiဟာ တုတ်ပေါကို ဆောင့်ဆွဲလိုက်တယ်။ GuHai မျက်နှာကြီးက ညိုမှောင်ပြီး ကြောက်ဖို့တောင် ကောင်းနေတာဟာ တုတ်ပေါကို အစိမ်းလိုက်ဝါးစားပစ်တော့မယ့် ပုံမျိုးနဲ့။ ဘယ်သူ့မှ သွားပြီး မဖြန်ဖေရြဲကဘြူး။ နောက် GuHaiက တုတ်ပေါရဲ့ပေါင်းတွင်းသားပေါ် ခြေထောက်တင််ပြီး၊ နင်းခေလြိုက်တဲ့အခါ တုတ််ပေါရဲ့ခြေထောက်တွေက တဆက်ဆက် တုန်လျက် နာလွန်းလို့ အော်ဟစ်နေတော့တယ်။ GuHaiက တုတ်ပေါကို ၂ချက်လောက် ပိ်တ်ထိုးလိုက်ပြီး ၂၆၄ပေါင်လောက်ရှိတဲ့ အဆီတုံကြီးကို ကြမ်းပြင်နဲ့ ကိုင်ပေါက်လိုက်တယ်။ အခြားဘာကိုမျှ ဂရုမစိုက်တော့ဘဲ၊ GuHaiတစ်ယောက် ပြင်းထန်းတဲ့ လက်သီးမိုးတွေကို တုတ်ပေါ အပေါ် ရွာချပစ်နေတာများ တုတ်ပေါ စကားသံထွက်မလာနိုင်တော့တဲ့အထိပဲ။
    YouQiက BaiLuoYin မျက်နှာပေါ်က အညစ်အကြေးနဲ့ ဖုန်တွေကို တစ်သျှူးစနဲ့ သေသေချာချာလေး သုတ်သင်ပေးနေတယ်။
    GuHaiရဲ့ဒေါသတို့ တဖြည်းဖြည်းချင်း မှေးမှိန်သွားပြိီး သူ..BaiLuoYin ရှိတဲ့ဆီကို လျှောက်လာတယ်။ နောက် YouQiကို ဘေးကို တွန်းထုတ်လိုက်ပြီး BaiLuoYinကို နုနုညံ့ညံ့လေး မေးတာက ( ကြည့်စမ်းပါဦးကွာ။ နှာရိုးတွေ ဘာတွေများ ကျိုးသွားသေးလားဟင်?)
    ( ငါ အဆင်ပေပြါတယ်) BaiLuoYin မျက်မှောင်ကြုတ်လျက် ဖေတြယ်။
    GuHaiတစ်ယောက် သူ့လက်နဲ့ BaiLuoYinရဲ့မျက်နှာကို ဘယ်ပြန်ညာပြန် စောင်းကိုင်ကြည့်လျက် နွေးထွေးကြင်နာစွာ စိတ်ပူပန်သောက ရောက်နေတာ။
    ( ဒီလောက်ဖြစ်ထားတာကို ဘာအဆင်ပေတြယ် လုပ်နေတာလဲကွာ? မင်းမိသားစုကရော မင်းပံုံစံကို အဆင်ပေတြယ်လို့ ထင်ပါ့မလား?) GuHaiက BaiLuoYinကို မထူပြီး အပြင်ကို တွဲခေါ်သွားတဲ့တလျှောက် ဝမ်းနည်းမှုရော ဂရုဏာဒေါသနဲ့ပါ ဆူပူနေတယ်။ ( အဲ့ဒီ သံတိုင်ကြီးက မာတောင့်နေတာပဲ! မင်းကလည်း အဲ့ဒီမအလကို ဆွဲပြီး သူ့ခေါင်းကို အဲ့သံတိုင်နဲ့ ၂ချက်လောက် ဆောင့်လိုက်ရမှာကွ။ ဒါမှ အဲ့ကောင်မျက်ခွက် ဘယ်လိုဖြစ်သွား...)
    YouQiက သူတို့နှစ်ယောက်ရဲ့လွယ်အိတ်တွေကို ကူသယ်ပေးပြီး သူတို့တွေနောက်ကနေ ရှုပ်ထွေးနေတဲ့ မျက်နှာထားနဲ့ လိုက်လာခဲ့တာ။
    ( ဟေ့!.. ကိုဟိုဝှာ..နာမည် ထူးထူးဆန်းဆန်းနဲ့ ဟိုကိုဝှာ...)
    YouQiကမှ စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နေတာ။ အဲ့ဒီအချိန် သူ့ပုခုံးကို တစ်စုံတစ်ယောက်က လာပုတ်လို့၊ နောက်လှည့်ကြည့်လိုက်တော့ လှပ နုညံ့တဲ့မျက်နှာလေးနဲ့ သွားတိုးမိတယ်။
    အဲ့ဒီလူက YangMeng။
    ( မင်း ဘာလာလုပ်တာလဲ?) YouQi မေးတယ်။
    YangMengက ပြုံးဖြဲဖြဲနဲ့ ( နောက်တစ်ချိန်က ကာယအချိန်မို့လို့လေ။ မင်းတို့ရော အတန်းပြီးသွားပြီလား? ဒါနဲ့ BaiLuoYin တစ်ယောက်ရော မမြင်မိပါလား?)
    ( ငါတို့ရှေ့တည့်တည့်မှာ BaiLuoYinမဟုတ်လို့ ဘယ်သူတုန်း)
    YangMengက ရှက်ရှက်နဲ့ ပြုံးလိုက်ပြီး ( ငါ မျက်မှန်မတပ်ရသေးလို့ပါကွ)
    ( ဒါဖြင့် ငါ့ကျ ငါမှန်း မင်းဘယ်လိုသိလဲ)
    YangMeng ဇတ်ပုသွားပြီး ( မင်းရဲ့ ဆောင့်ကြွားကြွားပုံစံကတော့ မမှတ်မိစရာလား? မှန်တာပြောသစ္စာပါကွာ။ ငါ့ သူငယ်ချင်းမ တစ်ယောက်က မင်းကိုကြိုက်နေတာကွ။ သူက YouQiလေး ဘာဖြစ်တယ်..YouQiလေး ညာဖြစ်တယ် နဲ့ တချိန်လုံးပြောနေတာလေ။ ငါ့မှာ အာရုံတွေကို နောက်လို့)
    YouQiက သေးသေးကွေးကွေး YangMengလေးကို သူ့အနားဆွဲကပ်လိုက်ပြီး အံကြိတ်ပြီး မေးလိုက်တာ ( ဒီတော့ မင်းက ငါ့ကိုစမ်းချင်တာလား?)
    ( မစမ်းချင်ပါဘူး။ မစမ်းချင်ပါဘူး....) YangMengက လည်ပင်းကို တွန့်လိမ်ပြီး ရှုန်းထွက်ဖို့ ကြိုးစားတယ်။ ( ငါက မစမ်းချင်ဘူး။ မင်းသာ ဇ ရှိရင်၊ BaiLuoYinကို သွားစမ်းလိုက်)
    YouQiက YangMengမြင်အောင် BaiLuoYinရှိတဲ့နေရာကို မေးဆတ်ပလြိုက်တယ်။
    ( သူ မစမ်းနိုင်တော့ဘူး)
    YangMeng မျက်နှာ ဖြူရော်သွားတယ။် ( ဘယ်လိုဖြစ်တာလဲ?)
    ( ဟိုမှာ ကိုယ့်ဖာသာကိုယ် သွားကြည့်လိုက်ပါလား?)
    YangMeng ခပ်သုတ်သုတ် ရှေ့တက်သွားပြီး၊ သူ BaiLuoYinနားရောက်တော့၊ ခဏလောက် ခေဆြုံးခေါင်းဆုံး သူကြည့်လိုက်တယ်။ သူ့ပါးစပ်က ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေပေမယ့် စကားတခွန်းမှ ထွက်မလာဘူး။ BaiLuoYin သူ့ဘက်ကို ခေါင်းလှည့်ကြည့်လာတော့မှ အာမေဍိတ်အသံ အကျယ်ကြီးထွက်လာတယ်။ YangMengရဲ့မျက်နှာကလည်း ခွေးကိုက်ခံထားရတဲ့ မျက်နှာဘေးနဲ့။
    ( ဖြစ်မှဖြစ်ရလေ YinZiရယ်။ မင်းမှာလဲ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မရှုနိုုင်မကယ်နိုင် အရိုက်ခံလာရတာတုန်း?!)
    BaiLuoYinဟာ YangMengနဲ့ မတွေ့ဖြစ်တာ အတော်ကြာသွားပြီ။ အခု သူ့ကို စိတ်မကောင်းကြီးစွာ စိုက်ကြည့်နေတဲ့ YangMengကိုတွေ့လိုက်ရတော့၊ YangMeng သူ့အပေါ်ထားတဲ့ ခင်မင်အလေးထားမှုကို သူ ခံစားလိုက်ရတယ်။ ဒါနဲ့ သူ YangMengကို အသာအယာ ပွေ့ဖက်လိုက်တယ်။ YangMengရဲ့ပုံပန်းသဏ္ဍာန်ဟာ ချောချောမောမော နုနုနယ်နယ်လေးမို့၊ အဝေးကကြည့်ရင် မိန်းကလေးတစ်ယောက်ကို ဖက်ထားတာနဲ့ တူနေတယ်။ BaiLuoYinက လုပ်ရိုးလုပ်စဉ်အတိုင်း YangMengရဲ့ပါးဖောင်းဖောင်း အိအိလေးကို ဆွဲဆိတ်နေတော့၊ YangMengကလည်း BaiLuoYinကို ထုံစံအရ တံတောင်နဲ့ တွက်လိုက်တယ်။ နှစ်ယောက်သား စနောက်နေကတြာ ကလေးပေါက်စလေးတွေလိုပဲ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ စိတ်ထဲရှိရှိသမျှ ရင်းနှီးမှုကို ဖော်ကျူးနေကတြာပါ။

End of Chapter 57

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now