Chapter 145- ကောင်းခန်း လာတော့မှာ

2.5K 60 19
                                    

Chapter 145- ကောင်းခန်း လာတော့မှာ

အမှန်အတိုင်းပြောရရင် Bai Luoyin အိမ်ပြန်လာတဲ့ ညကတည်းက သိနေခဲ့ပြီးသားပါ။ ဒီလို ရှောင်လွှဲမရတဲ့ တစ်နေ့ကို ရောက်လာမယ်ဆိုတာ အရိုးထဲကကို သိနေခဲ့ပါတယ်။ Gu Hai နဲ့နေဖို့ ရွေးချယ်လိုက်တာဟာ ပြန်လမ်းမရှိတဲ့ လမ်းတစ်ခုကို ရွေးလိုက်သလိုပါပဲ။ အမြဲတမ်း သူ့ကို ဦးစားပေးဖို့ကိုပဲ လိုချင်နေလို့ မရဘူးလေ။ အဲ့တာအပြင် ဒီကိစ္စကနေ ရှောင်ပြေးလာတာကလဲ သူတို့ရဲ့ ဆက်ဆံရေးကို အက်ကြောင်းထင်စေ၊ အမည်းစက် စွန်းထင်းနိုင်တယ်ဆိုတဲ့ သဘောကိုဆောင်နေတယ်လေ။

ပြီးတော့ အခု ... Gu Hai နဲ့ သူ မခွဲချင်သေးဘူး။

ဒီလို ဝိရောဓိအခြေအနေတွေက တစ်ခုနဲ့တစ်ခု အသေငြိတွယ်နေတဲ့ သံဆူးကြိုးတွေလိုမျိုး ရစ်ပတ်ချည်နှောင်နေပြီး အစူးချွန်ချွန်တွေနဲ့ ထိုးနေသလိုပဲ။ ဒီအရှုပ်ကိုရှင်းဖို့ မဖြစ်နိုင်တဲ့အပြင် အကောင်းဆုံးသော ကတ်ကြေးကတောင်မှ ဒီဆူးတွေကို ဖြတ်တောက်နိုင်မှာမဟုတ်ဘူး။

ဒီ‌ရှုပ်ထွေးပွေလီလှတဲ့ ဆူးကြိုးတွေနဲ့ ခပ်ဖွဖွထိလိုက်တာနဲ့ ပူလောင်စူးရှတဲ့ ပြင်းထန်တဲ့နာကျင်မှုက သူ့ရဲ့အပြင်းအထန်လှုပ်ရှားနေပြီးသား အစာအိမ်ကို ထိုးဖောက်လိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပြီးသားပါ။

အမည်မသိချောက်နက်ကြီးထဲကို ငေးစိုက်ကြည့်နေရသလိုမျိုး သူ့မျက်ဝန်းတွေနဲ့ ခေါင်းငုံ့လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ခေါင်းကို Gu Hai ရဲ့ ပခုံး‌ကျယ်‌ကျယ်ပေါ်ကို အားဖျော့စွာ မှီချလိုက်တယ်။ သူ တကယ်ပဲ ဒီလူကို ချက်ချင်း လက်ဗလာနဲ့ နှစ်ခြမ်းဆွဲဖြဲပြီး မြိုချလိုက်ချင်တာ။ အဲ့လိုသာဆို ဒီလူစားတာခံရမှာကို စိတ်ပူနေစရာမလိုတော့ဘူးလေ။ ပိုပြီး အရေးကြီးတာက သူထွက်ပြေးနေတာကိုလဲ စိတ်ပူစရာ မလိုတော့ဘူး။

Gu Hai ရဲ့ တုန်ရီနေတဲ့ လက်တွေက Bai Luoyin ရဲ့ ခေါင်းကိုရောက်လာပြီး သူ့ပခုံးထက်ကနေ မ လိုက်တယ်။ ညင်သာစွာပဲ ရင်းနှီးနေပြီးသား မျက်နှာလေးကို သူ့နဲ့ မျက်နှာချင်းဆိုင်စေလိုက်တယ်။ အချစ်ဆိုတာ အဲ့တာပါပဲ။ ကုသလို့မရတော့အောင်ကို စွဲလမ်းနေတဲ့ အချစ်တွေအပြည့်နဲ့ သူ့မျက်လုံးတွေဟာ သူ့ရှေ့က ခေါင်းမာတဲ့ကောင်လေးရဲ့ မျက်လုံးတွေကို ကြည့်နေတယ်။ သူ့ရဲ့ ပြည့်ကျပ်နေတဲ့ ရင်ဘတ်ထဲမှာ သူ့နှလုံးသားက ခံစားချက်တွေကို တိတ်တိတ်လေး တတွတ်တွတ်ပြောနေမိတာက :

You've reached the end of published parts.

⏰ Last updated: Oct 07, 2023 ⏰

Add this story to your Library to get notified about new parts!

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now