Chapter 136 - ဘေးကင်းရန်ကွာ

1.4K 90 10
                                    

စာသင်နှစ်အသစ်တစ်ခုစတင်ဖို့က နှေးကွေးပေမယ့် သေချာပေါက် ရောက်လာပါပြီ။ နှစ်ယောက်သား အိမ်မှာပဲ ပုန်းနေခဲ့ကြပြီး လုံးဝကို အပြင်ထွက်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ နေ့တိုင်း သူတို့ကို တစ်စက္ကန့်လေးတောင် အနားမပေးဘဲ လှောင်ပြောင်နေတဲ့ စာမေးပွဲစာရွက်အထပ်လိုက် အထူကြီးကိုပဲ စိတ်ညစ်ညစ်နဲ့ ကြည့်နေခဲ့ကြရတယ်။ ဒီမေးခွန်းတွေက အဖြေထွက်ဖို့တကယ့်ကို မူးနောက်ချင်စရာဖြစ်ပြီး နောက်ဆုံးရလဒ်ကလဲ တစ်ခုတည်းပါပဲ။ ဆရာတွေကတော့ အဖြေရှာတဲ့နည်းလမ်းကိုပဲ သေချာပေါက်ကြည့်ပြီး သဘောကျနေမှာပဲလေ။

တခြားရွေးစရာလဲ မရှိတာမို့ နှစ်ယောက်သား အလုပ်တွေခွဲလိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါမှ တစ်ယောက်ကို တစ်ဝက်ပဲလုပ်ရတော့မှာလေ။

စာမေးပွဲစာရွက်ဖြူဖြူတွေက ကြယ်တွေလိုပဲ တောက်ပနေပြီး ကုတင်တစ်ခုလုံးကိုတောင် ဖုံးတော့မလို ပျံ့ကျဲနေကြတယ်။ ဘေးမှာတော့ အသုံးခံဖို့ စိတ်အားထက်သန်စွာစောင့်နေတဲ့ အသစ်စက်စက် စားပွဲနှစ်လုံးရှိတယ်။ ဒါပေမယ့်လဲ ခြုံငုံပြီးပြောရရင်တော့ ဝယ်လာပြီးကတည်းက သုံးတာ ၃ကြိမ်ထက်မပိုသေးဘူး။ အချိန်တော်တော်များများမှာ သူတို့ ကျောင်းစာတွေကို စိတ်ကုန်လာပြီး ပင်ပန်းမှုကြောင့် အိပ်ငိုက်လာတဲ့အထိ အိပ်ရာပေါ်မှာပဲ လုပ်လေ့ရှိကြတယ်။

Bai Luoyin က ကုတင်ပေါ် ဝမ်းလျားမှောက်ပြီး မေးထောက်ထားတယ်။ သူ စာရွက်တွေပေါ်မှာ ပြိုင်တူလှည့်ပတ်နေတဲ့ မရေမတွက်နိုင်တဲ့ စာလုံးတွေကို အာရုံစိုက်နိုင်ဖို့ ကြိုးစားပြီး သူ့မျက်လုံးတွေက ဒီဂရီပေါင်းစုံကနေ ကြည့်နေရင်း ခနခနသမ်းနေတယ်။ ဒီအချိန်မှာ သူလုပ်ချင်သလိုတွေလုပ်နေပြီး စနစ်တကျဖြစ်ဖို့လဲ အားကိုမရှိနေဘူး။ သိပ်မကြာခင်မှာပဲ သူ့သွားရည်က စာရွက်ပေါ်ကျပြီး ခြောက်သွားခဲ့တယ်။

Gu Hai ရဲ့မျက်လုံးတွေက Bai Luoyin ဆီကို ဖျတ်ခနဲရောက်သွားတယ်။ တစ်ချက်တည်းကြည့်ရုံနဲ့ သူ့နှလုံးသားက တင်းကျပ်လာတယ်။ စိုးရိမ်ပူပန်မှုက သူ့နှုတ်ခမ်းက ထွက်ကျလာတဲ့စကားလုံးတွေကို ဒေါသသံဖြစ်စေတယ်။

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now