Chapter 21- ဂျင်းဆိုတာ ကြီးလေစပ်လေပဲ!

2.2K 278 9
                                    

နေ့လည် ထမင်းစားနားချိန် အိမ်ပြန်တဲ့လမ်းမှာ၊ BaiLuiYin တော်တော် ခေါင်းစားနေပါတယ်။ တစ်ဖက်မှာတော့၊ ShiHui သူ့အပေါ် မျှော်လင့်ချက်တွေကုန်သွားအောင် ဘယ်လိုလုပ်ရမလဲလို့ ကြိုးစားပြီး စဉ်းစားနေပါတယ်။ တဖက်မှာလည်း သူ့ကို လိုက်နှောက်ယှက်နေတဲ့ GuHaiကို လုပ်ရပ်တွေ ရပ်တန်းကရပ်ဖု့ိ ဘယ်လိုပညာပေးရမလဲလို့ သူ အကြံထုတ်နေပါတယ်။
ဒီပြဿနာ၂ခုကို သေသေချာချာ ချိန်ဆကညြ့်တော့၊ GuHaiဆိုတဲ့ ပြဿနာကို ဦးစားပေး ဖေရြှင်းဖို့သာ ဆုံးဖြတ်လိုက်ပါတော့တယ်။
သူနဲ့ ShiHuiတို့ရဲ့ပတ်သတ်မှုက အနှိုင်အရံှုးမပေါ်သေးတဲ့ တိုက်ပွဲတစ်ပွဲပါ။ ဒါပေမယ့် အခုတော့ ဟိုချီးထုတ်နဲ့ စာရင်းရှင်းဖို့ အလျင်လိုအပ်နေပါတယ်။
ဘာလိုလိုနဲ့ ဆောင်းဦးတောင် ဝင်လာခဲ့ပြီ။ ဒါပေမယ့် ရာသီဥတုကတော့ မခံရပ်နိုင်အောင် ခြောက်ကပ်ကပ်နဲ့ ပူအိုက်နေပါတယ်။ အစောပိုင်းကမှ စွပ်ပြုတ်တစ်ခွက် သူသောက်ထားတာ။ အခု လမ်းလေးနဲနဲလျှောက်လိုက်တာနဲ့၊ သူ့နဖူးမှာ ချွေးတွေရွှဲနေပြီ။
ဘယ်တော့များမှ မိုးရွာမှာပါလိမ့်?
BaiLuoYinက လေဝင်အောင် ဝတ်ထားတဲ့အင်္ကျ ီတွေကို ခါပြီး အပူသက်သာအောင်လုပ်နေတယ်။ ပန်းပင်တွေ ပန််းတွေနဲ့ အလှဆင်ထားတဲ့ လမ်းဘေးဝဲယာက စတိုးဆိုင်တွေကို သူကညြ့်နေတယ်။ လမ်းလျှောက်လာရင်းနဲ့၊ ရုတ်တရက်ကြီး သူ့အာရုံကို ဖမ်းစားသွားတဲ့ စကား၂လုံးကို တွေ့လိုက်တယ်။ သူ ရပ်မကြည့်ဘဲ မနေနိုင်ခဲ့ဘူး။
အဲ့ဒီစကား၂လုံးက * ချောဆီ *တဲ့။
နေ့လည်ကျောင်းပြန်တက် ခေါင်းလောင်းထိုးတော့၊ အမဲရောင် အစက်ပြောက်တခု သူ့လက်မောင်းမှာ ပေနေမှန်း GuHai သတိထားမိသွားတယ်။ GuHaiဟာ စားပွဲခုံမျက်နှာပြင်ပေါ် လက်ချောင်း၂ချောင်းနဲ့ ပွတ်ဆွဲကြည့်တော့ သူ့လက်ချောင်းမှာ အမဲရောင်တွေ စွန်းသွားတယ်။ ဒီအမဲရောင်အမှုန့်တွေက သူ့စားပွဲပေါ် ဘယ်လိုများခြေထောက်ပေါက်ပြီး ရောက်လာပါလိမ့်? ဒါပေမယ့် GuHai လွယ်လွယ်လေး အဖေရြှာတွေ့လိုက်တာတော့၊ ဒီအမှုန့်တွေကို ဖြူးထားတဲ့သူက BaiLuoYinပဲဆိုတာ။
* ကလေးအတွေးတွေ *
GuHaiက အသက်ကိုမှုတ်ထုတ်လိုက်ပြီး၊ သူ့စားပွဲကို အဝတ်စိုနဲ့ သုတ်တယ်။ လက်ထောင်ပကြာ အပြင်ထွက်ခွင့်တောင်းလိုက်တယ်။ အပြင်ထွက်ခွင့်ရပြီမို့ GuHai ထထွက်သွားပြီး အတန်းတံခါးကို ပြန်ပိတ်ထားခဲ့တယ်။ အကြောင်းကတော့ ဒီနေ့ အပြင်မှာ လေတွေ အရမ်းတိုက်နေလို့။
အတန်းတံခါး ဖွင့်သံ ပိတ်သံကို ကြားတော့ BaiLuoYin လှောင်ပြုံးပြုံးနေမိတယ်။
GuHai လက်ဆေးပြီး အတန်းထဲကို ပြန်လာတော့ အတန်းတံခါးက ဘယ်လိုမှ ဖွင့်မရတော့။ သူ တံခါးကို အသာလေးခေါက်လိုက်တော့ ကျောင်းသားတစ်ယောက် ထလာပြီး သူ့ကို တံခါးဖွင့်ပေးဖို့လုပ်တယ်။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ ကြိုးစားဖွင့်ဖွင့် လက်ကိုင်ဖုက လှည့်လို့မရ။
GuHai အရှေ့ဘက်က အဝင်ပေါက်တံခါးကို သွားပြီး ဖွင့်ကြည့်ပြန်တော့လည်း အချည်းနှီးပဲ။ အဲ့ဒီနောက်မှ သူ့စားပွဲခုံပေါ်က အမဲရောင်အမှုန့်တွေအကြောင်းကို သတိရမိတယ်။ ဘာတွေဖြစ်ပျက်နေမှန်း ရုတ်တရက် သူသဘောပေါက်သွားပြီ။ ဒါတွေအားလုံးဟာ BaiLuoYinရဲ့ ညစ်ကျယ််တဲ့ လှည့်စားချက်တွေပေါ့။ BaiLuoYinရဲ့အဓိက ရည်ရွယ်ချက်က သူ့လက်ကိုညစ်ပတ်စေချင်လို့မဟုတ်ဘဲ၊ GuHai တစ်ယောက် အခန်းအပြင်ဘက် ထွက်နေအောင်လို့။
*မင်းက တံခါးကို ဒီလိုလုပ်ထားလို့ အထဲကို ငါ မဝင်နိုင်ဘူးများ ထင်နေလား*
ကျောင်းအဆောက်အဦးရဲ့အပြင်ဘက်ကို GuHaiထွက်ပြီး၊ သူ့တို့အတန်းရှိတဲ့အထပ်ကို သူမော့ကြည့်တယ်။ အခန်းနံပါတ် ၂၇ရဲ့ ပတြင်းတံခါးတွေ ဖွင့်ထားလျက်ပဲ။ အဆောက်အဦးက ၃ထပ်ဆိုပေမယ့်၊ အသက် ၅နှစ် ၆နှစ်လောက်ကတည်းက ခုန်ပျံကျော်လွှား အဆင်းအတက်တွေကို လေ့ကျင့်ထားသူ GuHaiအတွက်တော့ ဒီလောက်က ထမင်းစားရေသောက်လေး အေးဆေး။
ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဘယ်သူမှမရှိ။ GuHaiဟာ ပတြင်းပေါက်ဘေးက ရေပိုက်ကို လက်နဲ့ဆွဲပြီး ခြေထောက်က ပတြင်းဘောင်ကို နင်းကာ ခပ်မြန်မြန်ပဲ တက်သွားလိုက်တယ်။ သူ့လှုပ်ရှားမှုတွေက သွက်တယ်၊ ပေါ့တယ်၊ ခိုင်တယ်၊ မြဲတယ်။ တစ်မိနစ်တောင် မပြည့်သေးခင်၊ GuHai တစ်ယောက် တတိယထပ်ကို ရောက်သွားပြီ။ ဖွင့်ထားတဲ့ ပတြင်းတံခါးကနေ အခန်းထဲကို ချောင်းကြည့်လိုက်တယ်။ ဆရာက ကျောက်သင်ပုန်းပေါ်မှာ စာရေးနေတာကို မြင်တော့၊ အခွင့်အရေးကို အမိအရယူကာ ရေပိုက်ကိုင်ထားတဲ့လက်ကို ပတြင်းဘောင်ဘက် မြန်မြန်လေး ဆွဲပြီး လှမ်းကူးလိုက်တယ်။
*ဟ ဘယ်လိုဖြစ်တာလဲ? ပတြင်းသံဘောင်က ချောနေပါလား*
အပြင်ဘက်က ဗုန်းဆိုတဲ့အသံကို BaiLuoYin ကြားလိုက်ရတယ်။ GuHai ပြုတ်ကျသွားပြီဆိုတာ သူသိလိုက်ပြီ။ ပူရှိန်းချိုချဉ် အလုံး၁၀၀ လောက်ကို မျိုချလိုက်ရသလိုမျိုး သူ့ရင်ထဲ အေးကနဲ ဖြစ်သွားတယ်။ ဆိုလိုချင်တာက BaiLuoYin စိတ်ထဲ လန်းဆန်းပြီး ကျနေပ်သွားတယ်လို့။ အခုလို မပျော်ရတာတောင် အတော်ကြာပြီ။ ကမ်းခေမြှာ အေးအေးလူလူ လေညှင်းခံလိုက်ရသလို... ပန်းမွေ့ရာပေါ် မှေးစက်လိုက်ရသလို ပျော်ရွှင်ရပါတယ်။
( ဒေါက် ဒေါက် ဒေါက်)
ရုတ်တရက် ပေါ်လာတဲ့ အခန်းတံခါးခေါက်သံကြောင့် BaiLuoYinရဲ့ အတွေးစတို့ ပျက်သွားတယ်။
ဟိုကောင် အခုမှ အောက်ပြုတ်ကျသွားတာလေ။ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး အပေါ်ရောက်လာမှာလဲ?
ကျောင်းလုံခြုံရေးဌာနက အမှုဆောင်Zhangက ဒေါကြီးမောကြီးနဲ့ တံခါးခေါက်နေတာ ဖြစ်တယ်။ ပြီးတော့ သူက အော်နေသေးတယ်။ ( ဒီအတန်းထဲက ဆရာ မူးလဲသွားတယ်လို့ ဖုန်းဆက်ပြောလို့။ တံခါးကို ဘာလို့ပိတ်ထားတာလဲ။ ဖွင့်စမ်း!)
အတန်းထဲက ဆရာလန့်သွားပြီး စာအုပ်ကို ပြာပြာသလဲချကာ တံခါးကို အပြေးသွားဖွင့်ပေးတယ်။ ဒီတော့မှ တံခါးက ဖွင့်လို့မရမှန်း သိရတော့တယ်။
( ဆရာ အနောက်ဖက်တံခါးကလည်း လော့ကျနေတယ်)
BaiLuoYin၏မူပိုင်ပစ္စည်းဖြစ်သည် လို့ရေးပြီး တံခါးဘုပေါ်မှာ ကပ်ထားတဲ့စာရွက်တစ်ရွက်ကို အမှုဆောင်Zhangက စိုက်ကြည့်နေတယ်။
( ကျွန်တော် လုပ်ပေးမယ်)
BaiLuoYinဟာ တံခါးနားကပ်လာပြီး တံခါးဂျက်ကြားထဲမှာ ညှပ်ထားတဲ့ သရေကွင်းကို မသိမသာ ဆွဲထုတ်လိုက်ပါတယ်။ ဒီတော့မှ တံခါးက ပွင့်သွားတယ်။ တံခါးပွင့်လာတော့ အမှုဆောင် Zhangရဲ့ ဒေါသမျက်နှာကြီးနဲ့ သွားတိုးတယ်။
( မင်းက BaiLuoYinလား?)
BaiLuoYin ခဏတော့ တွေဝေသွားပြီး၊ နောက်မှ ခေါင်းညိတ်ပလြိုက်တယ်။
( ငါ့ရုံးခန်း လိုက်ခဲ့!)
၄င်းရဲ့ အသံကျယ်ကြီးကြောင့် အချို့အိပ်ပျော်နေတဲ့ ကျောင်းသားတွေတောင် လန့်နှိုးကုန်ကြပြီ။
( ယဉ်ယဉ်ကျေးကျေး ပြောမယ်ဆိုရင်တော့၊ မင်းက လက်သရမ်းတယ်ပေါ့ကွာ။ အေး... မညှာမတာပြောရမယ်ဆိုရင်တော့၊ မင်းရဲ့အကျင့်စာရိတ္တနဲ့ တွေးခေါ်ပုံတွေ အကြီးအကျယ် မှားယွင်းနေပြီဆိုတာပဲ! မင်း ဘာဖြစ်လို့ စနောက်တဲ့ဖုန်းမျိုးကို ဆက်ရတာလဲ? ပြီးတော့ မင်းသဘောနဲ့မင်း အတန်းတံခါးကို လော့ချထားလို့ရတယ် ထင်နေတယ်ပေါ့လေ။ မင်းကွာ ကြီးကောင်ကြီးမားနဲ့ အခုလို ကလေးဆန်တာမျိုးတွေ ဘာကြောင့် လုပ်နေတာလဲ)
BaiLuoYin နားတွေပူပြီး၊ ခေါင်းတွေ ရှုပ်နေတယ်။ ဒါပေမယ့် အမှုဆောင် Zhangကို ဖုန်းဆက်လိုက်တာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ သူ ရှင်းရှင်းလင်းလင်းသိတယ်။ အခုတော့ အဲ့ဒီကောင်ကို စိတ်ထဲကနေ ကျိတ်ဆဲလို့ပဲ ရသေးပေမယ့်၊ တကယ်တမ်း သူလုပ်လိုက်ချင်တာက အဲ့ဒီကောင်ကို ခြေထောက်တွေ ချိုးပစ်ချင်နေတာပါ။
( မင်း ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးတဲ့အတွက် ဒဏ်ငွေဆောင်ရမယ်။ မနက်ဖြန် ယန်း၁၀၀ယူလာခဲ့)
( ဘာလို့ ဆောင်ရမှာလဲ? တံခါးလော့ခ်တွေကလည်း ဆိုးဆိုးဝါးဝါး ပျက်စီးသွားတာမှ မဟုတ်ဘဲ။ ပျက်သွားရင်တော့ တမျိုးပေါ့။ အခုချက်ချင်း ကျွန်တော်ပြင်လိုက်မယ်!)
( သူ့ဘာသာသူ နေတဲ့ တံခါးတွေကို မင်းပဲ လက်ဆော့တာလေ။ ဒီတော့ မင်း ဒဏ်ငွေ ဆောင်ရမှာပေါ့။ ဒါ စည်းကမ်းပဲ)
( ကျွန်တော်တို့မိသားစုက ဆင်းရဲတယ်။ ဒဏ်ငွေဆောင်ဖို့ မတတ်နိုင်ဘူး)
( မတတ်နိုင်ဘူးဆိုလည်း၊ တံခါးတွေကို ဘာလို့ လက်သွားဆော့သလဲ။ ပြီးတော့ ကျောင်းကို ကစားကွင်းများမှတ်နေလား။ ထားတော့။ ဆိုတော့ မင်းက ဒဏ်ငွေမဆောင်နိုင်ဘူးပေါ့ ဟုတ်လား။ မင်းမိဘရဲ့ဖုန်းနံပါတ် ငါ့ပေး။ ငါ သူတို့ဆီကတောင်းမယ်)
( အဖေ့ဆီက တောင်းတာထက်စာရင် ကျွန်တော့်ဆီကမှ ဆရာ ဒဏ်ငွေရချင်ရဦးမယ်)
( တော်စမ်း! ငါ့ကို ဖုန်းနံပါတ်သာပေး)
BaiLuoYinက ဖုန်းနံပါတ်ဂဏန်းတွေကို တသီကြီးရွတ်ပတြယ်။
ဖုန်းလိုင်းဝင်နေပြီ။ တဖက်ကနေ ရိုးသားပြီး ဟန်ဆောင်မှုကင်းတဲ့ BanHanQiရဲ့အသံ ထွက်လာတယ်။
( ဘယ်သူပါလဲ?)
( ကျွန်တော်က BaiLuoYinတို့ကျောင်းက လုံခြုံရေးဌာနရဲ့ အမှုဆောင်ပါ။ BaiLuoYinလေ အတန်းထဲက တံခါးသော့၂ခုကို ဖျက်ဆီးပစ်လိုက်လို့။ သူ့ဆီက ဒဏ်ငွေတောင်းတော့၊ သူ့မိသားစုက ဆင်းရဲတယ်လို့ ပြောနေလို့။ ခင်ဗျားတို့မိသားစုတွေ ဘယ်လောက်များ ဆင်းရဲသလဲဆိုတာကို သိချင်လို့ လှမ်းဆက်တာ။ ကျောင်းပိုင်ပစ္စည်းကို ဖျက်ဆီးတုန်းကကျ လွယ်လွယ်လေးပဲ၊ အခုကျမှ ဒဏ်ငွေကို မတတ်နိုင်ဘူးတဲ့လား?)
( ကျွန်တော်တို့အိမ်က တံခါးဂျက်ဆိုရင် ပျက်နေတာ ၅နှစ်လောက်ရှိနေပြီ။ အခုထိ အသစ်ဝယ်မလဲနိုင်သေးဘူး။ အဲ့လိုသာ အိမ်တံခါးသော့က ပျက်နေတာ၊ ၅နှစ်တောင် ရှိပြီလေ၊ ဘယ်သူခိုးကမှ ကျွန်တော်တို့အိမ် ဝင်မခိုးဘူး။ ကဲ ကျွန်တော်တို့က အဲ့လောက်ဆင်းရဲတာ ခင်ဗျ)
အမှုဆောင် Zhang သက်မောကြီးချလိုက်ပါတော့တယ်။ အံ့လောက်ပါပေတယ်။
BaiLuoYin တစ်ယောက် အသံထွက်အောင် ရယ်မိတော့မလို ဖြစ်သွားတယ်။
ဆိုရိုးစကားအတိုင်းပါပဲ ဂျင်းဆိုတာ ကြီးလေစပ်လေပဲ မဟုတ်ပါလား။

End of Chapter21

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now