Chapter 20- လေပြင်းတိုက်ပွဲ!

2.1K 270 6
                                    

ဒီနေ့မနက် GuHai ကျောင်းလာတာ အစောကြီးမှ တကယ့်ကိုအစောကြီး။ သူတို့အတန်းဝင်ပေါက်ရှေ့မှာ မတ်တပ်ရပ်နေကတြဲ့ သူခို်းကြမ်းပိုးရုပ်တွေနဲ့ ကောင်လေးတသိုက်ကို သူတွေ့တယ်။ ဒီကောင်လေးတသိုက်က GuHaiကို ခေဆြုံးခေါင်းဆုံး အကဲခတ်နေတယ်။ သူ့တို့ရှေ့က GuHai ဖြတ်လျှောက်တော့မှ ကောင်လေးတစ်ယောက်က GuHaiရဲ့လက်မောင်းကို ဆွဲပြီး ပြောလိုက်တာက ( မေးစရာလေးရှိလို့)
မျက်နှာမှာ ညစ်ပတ်ပေရေနေတဲ့ ထိုကောင်လေးကို GuHai ဘုကြည့်ကြည့်လိုက်တယ်။
( ဘာလဲ?)
( ဟိုဘက်သွားပြောရအောင်၊ သူများတွေကြားသွားရင် မကောင်းဘူး)
GuHaiလည်း စိတ်ရှည်ရှည်ထားပြီး သူ့နောက်လိုက်သွားတယ်။
( ကျွန်တော် မေးပါရစေ....) ထိုကောင်လေးက GuHaiအနား တိုးတိုးလေးကပ်ပြောတော့ သူ့အာငွေ့ပူပူက GuHaiရဲ့နားကို လာထိတယ်။ ( ခင်ဗျားက စစ်မှုထမ်းဟောင်းမဟုတ်လား? မှတ်ပုံတင်ကဒ်အတုနဲ့ ဒီကျောင်းကို စာသင်ရအောင် ဝင်လာတာလေ.. ဟုတ်တယ်မလား?)
( ကြံကြီးစည်ရာကွာ!!)
ကျယ်လောင်တဲ့ ရင်ခေါင်းသံကြီးဟာ အတန်းရှေ့က စင်္ကြ ံတစ်လျှောက် ပဲ့တင်ထပ်သွားတယ်။
-
-
အတန်းထဲ ဝင်သွားချိန်၊ GuHai ထီဆုကြီးပေါက်သလို ခံစားလိုက်ရတယ်။ ဒီနေ့တော့ BaiLuoYinတစ်ယောက် ကျောင်းနောက်မကျပါ။ BaiLuoYinလေ ထိုင်ခုံမှာထိုင်လျက် စာအုပ်တွေပေါ်လက်တင်ပြီး ငေးမိငေးရာငေးနေတယ်။
( အလဲ့။ စောလှချည်လား။ တစ်ယောက်ယောက်ကိုများ ချောဆွဲပြီး ကျောင်းကို လမ်းကြုံလိုက်လာတာလား?)
GuHaiက ရယ်ရင်းမောရင်း ထိုင်ခုံနေရာမှာ ဝင်ထိုင်တယ်။
( မနက် ၃နာရီ နိုးနေတာနဲ့)
GuHaiတစ်ယောက် ထခုန်လောက်ရတဲ့အထိ မအံ့သဖြူးခဲ့ပါ။ အခုလို သူ့မေးခွန်းကို BaiLuoYin အရှိအတိုင်း ပြန်ဖေလြိမ့်မယ်လို့ မျှော်လင့်မထားတော့ သူ အံ့သဝြမ်းသာဖြစ်ရတယ်။
( ဘယ်အချိန် မင်း အိပ်ယာဝင်ခဲ့သလဲ?)
( ၂ချက် ၅၅မိနစ်)
( ဆိုတော့ မင်း တညလုံးမအိပ်ရသေးဘူးပေါ့)
BaiLuoYinက ခန္ဓာကိုယ်ကို ရှေ့ကိုင်းလျက်၊ လက်နှစ်ဖက်ကိုလည်း ဘေးမှာတွဲလန်းချလျက်၊ စားပွဲပေါ်မှာ မျက်နှာဘေးတိုက် မှောက်အိပ်နေတယ်။ သူ့မျက်လုံးတွေဟာ အတန်းနံရံပေါ်က တွေ့ကရာ သံချောင်းကို စူးစိုက်ကြည့်နေပြီး၊ သူ့မျက်နှာထားက တင်းမာနေတယ်။ သူ့ကြည့်ရတာ ရုပ်နဲ့နာမ် မကပ်သလိုပဲ။
GuHaiဟာ ကျောင်းသုံးပစ္စည်းတွေကို ထုတ်နေသလိုလို ထင်ရပေမယ့် တကယ်တမ်းကျ သူ BaiLuoYinကို အကဲခတ်နေတာသာဖြစ်တယ်။
BaiLuoYinရဲ့မျက်ကွင်းတွေ ညိုနေပြီး၊ မျက်သားတွေ နီရဲနေတယ်။ အိပ်မပျော်တဲ့ညတစ်ညတော့ သူဖြတ်သန်းခဲ့ရပြီ။
သက်တောင့်သက်တာဖြစ်သွားအောင် ခုံပေါ်မှာထိုင်လျက် နေရာပုံစံပြင်လိုက်ပြီး BaiLuoYin တစ်ယောက်တော့ အိပ်စက်ခြင်းဆီ အရောက်သွားလိုက်တယ်။
ကျွီ...........
ကျယ်လောင်စူးရှတဲ့အသံတခုကြောင့် BaiLuoYin နိုးသွားတယ်။ သူ့နောက်က စားပွဲက ရှေ့တိုးလာတော့ သူ့နောက်ကျောကို ခပ်ကြမ်းကြမ်း ဝင်ဆောင့်မိတယ်။ ဒီတော့ BaiLuoYin နာသွားလို့ စုတ်သပ်နေရတယ်။
( ငါ့ပစ္စည်းကျသွားလို့ ကုန်းကောက်လိုက်တာ)
GuHaiဟာ ကြိုတင်ကြံစည်ပြီး ကိုယ်တိုင်အောက်ချထားတဲ့ ပေတံကို ကုန်းကောက်နေတယ်။
BaiLuoYin နောက်ကျောက အောင့်သက်သက် နာကျင်သလို ဖြစ်သွားပေမယ့် သူ မျိုသိပ်ထားလိုက်တယ်။ ဘာကြောင့်ဆို GuHai တမင်သက်သက် လုပ်မှန်းသိလို့။ ဒါပေမယ့် GuHaiနဲ့ တပွဲတလမ်း နွှဲချင်စိတ် သူ့တွင်မရှိ။ သူ ခေါင်းတွေလေးလာပြီး ဗုန်းဆို စားပွဲပေါ် မှောက်လျက်သားကျသွားတယ်။ နောက်တော့ သူ ပြန်အိပ်ပျော်သွားပါတယ်။
( ဟေ့၊ ရှောင်ဘိုင်)
GuHaiတစ်ယောက် BaiLuoYinရဲ့လည်ဂုတ်အစပ်က ဆံပင်မွှေးကို တမင်တကာဆွဲလိုက်တယ်။ သူက BaiLuoYinကို ခေါင်းထောင်ထလာစေချင်တာကိုး။
( ပြောကြည့်ကြည့်၊ မင်း မနေ့ညက မအိပ်ရတာက တခုခုကောင်းနေခဲ့တာ မဟုတ်လား?)
BaiLuoYinဟာ သူ့နောက်ကလူသားကို လက်လက်ထနေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ သေသေချာချာ စိုက်ကြည့်နေပြီး၊ လေသံပျော့ပျော့နဲ့ပဲ သတိပေးလိုက်တယ်။ ( မင်းကိုုပြောထားမယ်နော်၊ ဒီနေ့ ငါစိတ်သိပ်မကြည်ဘူး။ ဒီတော့ ငါ့ကို မနှောက်ယှက်ပါနဲ့)
GuHaiက နားမလည်ချင်ယောင်ဆောင်လျက် ( စိတ်မကြည်ဘူးဟုတ်လား? အပျော်လွန်ခဲ့လို့ ပျင်းသွားတာများလား?)
BaiLuoYin အံကျိတ်ကာ GuHaiရဲ့ကော်လံကို ဖမ်းဆွဲလျက်( လူလိုပြောနေတာ၊ လူ့စကား နားမလည််ဘူးလား)
ကော်လံပေါ်က BaiLuoYin ရဲ့လက်ကို GuHai ဆွဲဖယ်ရင်း၊ မရယ်ချင့်ရယ်ချင် ရယ်လျက် ပြောလိုက်တာက ( ဟုတ်တယ် ငါ လူ့စကားနားမလည်ဘူး)
-
-
( ဒီအချိန်ပြီးရင်၊ ယူနစ်၃ကနေ စသင်မယ်။ အားလုံးပဲ အဲ့ဒီသင်ခန်းစာကို ကြိုဖတ်ထားကပြါ)
တခန်းလုံး ချက်ချင်းပဲ ငြိမ်ကျသွားတယ်။ LuoXiaoYuရဲ့မျက်နှာလှလှလေးဟာ ကျောင်းသားတွေရဲ့ ငိုက်မြည်းစိတ်တွေကို အောင်အောင်မြင်မြင် တွန်းထုတ်ပစ်နိုင်လိုက်တဲ့ပုံပါပဲ။ BaiLuoYinနဲ့ GuHaiတို့ရဲ့ ခဏတာတင်းမာမှု ဖြစ်နေဆဲ၊ GuHaiရဲ့ကော်လံကို သူလွှတ်ပေးလိုက်ပြီး ရှေ့ဘက်လှည့်ကာ BaiLuoYin တစ်ယောက်စားပွဲပေါ်မှောက်ပြီး ပြန်အိပ်တယ်။
အစပိုင်း ၅မိနစ်လောက်ထိ BaiLuoYin စိတ်ချလက်ချ အိပ်မပျော်နိုင်ဘူး။ GuHaiတစ်ယောက် ဗရုတ်သုတ်ခတွေ ထပ်လုပ်မှာစိုးလို့။ ခဏလောက် ထပ်စောင့်ကြည့်လိုက်တော့ ဘာကိစ္စမှ ပေါ်မလာတာနဲ့ BaiLuoYin စိတ်လျှော့ကာ စပြီးအိပ်ပါတော့တယ်။ အိမ်မက်ကမ်ဘာဆီ ရောက်လုဆဲဆဲ၊ သူ့ကျောကို လက်တဖက်လာထိပြီး၊ သူ့ယူနီဖောင်းအပေါ်ဝတ်ကို လာဆွဲနေတာ ခံစားရတယ်။
( အမယ်လေးဗျာ... ဟောဒီယူနီဖောင်းမှာ အပေါက်တွေများလှချည်လား။ ဒါ ဝတ်လို့မှ ရပါဦးမလား? နှမြောတယ်ဆိုရင်လည်း၊ ပြန်ချုပ်ပြီး ပြန်ဝတ်လေကွာ။ သြော်.. ငါ့အင်္ကျ ီကို ချုပ်လိုက်လို့ အပ်ချည်မရှိတော့လို့လား?)
BaiLuoYin ခေါင်းကိုတဖက်လှည့်လိုက်တယ်။ သူ အိပ်ယာနိုးသွားရပြန်ပြီ။ ဒါဟာ တကယ့်ကို သည်းခံနိုင်စရာ အကြောင်းမရှိတော့ပါ။
( ငါ့ကို မနှောက်ယှက်နဲ့တော့)
GuHaiက အရမ်းကို အားနာသွားတဲ့ မျက်နှာဘေးနဲ့ ( ငါ မကောင်းတာပါ။ တောင်းပန်တယ်နော်။ ပြန်အိပ် ပြန်အိပ်။ ငါ ထပ်မနှောက်ယှက်တော့ဘူး)
BaiLuoYinက သူ့စားပွဲခုံကို ရှေ့တိုးပြီး ထိုင်ခုံကိုလည်း ရှေ့ကိုနည်းနည်း ဆွဲလိုက်တယ်။ သူ့နောက်ကျောကို GuHaiလက်လှမ်း မမှီနိုင်အောင်လို့။ အဲ့ဒီနောက် သူ့စားပွဲပေါ် ခေါင်းချပြီး ဆက်အိပ်နေပါတယ်။ ဒါပေမယ့် ဒီတကြိမ်တော့ ပိုပြီးနိုးကြားနေမိတယ်။
၁မိနစ်၊ ၂မိနစ်၊ ၃မိနစ်၊..... BaiLuoYin ခေါင်းထဲမှာ မိနစ်တွေကို ရေတွက်လျက် သူ့ခန္တာကိုယ်က တဖြည်းဖြည်း ငြိမ်သက်လာပြီး၊ ခြေတွေလက်တွေ အကြောတွေအားလုံး ပြေလျော့သွားကြတော့ အိပ်စက်ခြင်းက တဖန်ပြန်ပြီး လွှမ်းမိုးလာတယ်။ ရုတ်တရက် BaiLuoYinရဲ့လက်ချောင်းတွေက အလိုအလျောက်လှုပ်သွားသလိုဖြစ်လို့၊ သူ မျက်စိဖွင့်ကြည့်တော့၊ အားလုံး အေးဆေးပဲ။ ဒီတော့ သူလည်း မျက်စိမှိတ်ပြီး ပြန်အိပ်တာပေါ့။
ရုတ်တရက်ဆိုသလို လက်တစ်ဖက်က သူ့နောက်ကျောကို လာထိပါတယ်။
ဟာကွာ!
BaiLuoYinတစ်ယောက် နေရာကနေ ဝုန်းခနဲထပြီး ပါးစပ်ကလည်း ဆဲရေးပါတော့တယ်။
( ယီးပဲ! မင်း ဘာကောင်လဲ လူမိုက်လား?)
သူ့ဘေးမှ လာရပ်နေတဲ့လူတစ်ဦးကို ဆွဲဖြဲတော့မယ့်အကြည့်မျိုးနဲ့ BaiLuoYin ကြည့်လိုက်ပေမယ့်၊ အဲ့ဒီလူ ဘယ်သူမှန်းသိသွားချိန်မှာကျ၊ BaiLuoYinတစ်ယောက် တုံနိဘာဝေဖြစ်သွားရတယ်။
LuoXiaoYuရဲ့လက်တွေက BaiLuoYinကိုယ်ပေါ်မှာ ရှိနေဆဲ။ တခန်းလုံးလည်း သုဿာန်ပြင်လို တိတ်ဆိတတ်သွားတယ်။ ဆရာမ ရိုုးကောလ်ခေါ်နေချိန်တောင် အကြောက်အလန့်မရှိစွာ အိပ်နေရဲတဲ့သူ၊ ဆရာမကို မျက်နှာကြည့်ပြီး ဆဲဆိုရဲတဲ့သူဖြစ်တဲ့ BaiLuoYinကို တတန်းလုံး ဝိုင်းကြည့်နေကြလေပြီ။
( ကျွန်တော် တောင်းပန်ပါတယ်ဆရာမ။ ကျွန်တော် ထင်လိုက်တာက......)
အောင်နိုင်သူတစ်ယောက်ရဲ့အပြုံးကို ဆင်ယင်ထားမယ့် GuHaiရဲ့မျက်နှာကို အခုချိန်မှာတော့ BaiLuoYin လှမ်းမကြည့်တောင် မှန်းကြည့်နိုင်ပါတယ်။
တောက်တောက်ပပပြုံးနေတဲ့ LuoXiaoYuရဲ့မျက်နှာဟာ ထိတ်လန့်ဝမ်းနည်းဟန် ပြောင်းလဲသွားပြီး ( မင်း ငါ့နောက်လိုက်ခဲ့)
နှစ်ယောက်သား အခန်းအပြင်ရောက်တော့၊ BaiLuoYinက ဆရာမဖြစ်သူကို ရှင်းပဖြို့ ကြိုးစားတယ်။
( ဆရာမ၊ ဆရာမကို ဆဲတာမဟုတ်ပါဘူး။ ကျွန်တော်ဆဲတာက GuHaiကိုပါ)
LuoXiaYuရဲ့မျက်လုံးတွေ နီရဲလာပြီး ( ငါ့ကို ဆင်ခြေတွေပေးမနေနဲ့တော့။ GuHai ငါ့ကို ထိုင်ခုံပြောင်းချင်တယ်လာပြောတုန်းက ငါ့ကိုပြောသွားပြီးသား။ မင်းတို့နှစ်ယောက် ဆက်ဆံရေးကောင်းတယ်တဲ့။ မင်းနောက်က ထိုင်ခုံမှာ ပြောင်းထိုင်ချင်လို့တဲ့။ )
( ..........)
BaiLuoYinက အင်တင်တင်နဲ့ ဝန်ခံချက်ပြုတယ်။ ( ထားပါတော့ဆရာမရယ်။ အစောပိုုင်းက ကျွန်တော် ဆရာမကို ဆဲမိတယ်ပဲ ထားပါတော့။ ဆရာမပေးတဲ့အပြစ်ကို ခံယူပါ့မယ်)
ထင်မထားမိတာက၊ BaiLuoYin ပြောလိုက်တဲ့ ဒီစကားကြောင့် LuoXiaoYu တစ်ယောက် ချုံးပွဲချ ငိုတော့တာပါပဲ။
ငိုယိုနေတဲ့ မိန်းမတွေကို ရင်ဆိုင်ရမှာ BaiLuoYin တကယ်လန့်ပါတယ်။ မနေ့ညကတည်းကပေါ့။ သူ့မှာမှ အငိုသန်တဲ့ အမျိုးသမီး၂ဦးနဲ့ ထိပ်တိုက်တွေ့ရတယ်လို့။ မျက်စိတမှိတ်အတွင်းမှာပဲ၊ သူ ရင်ထဲတင်းကြပ်လာတယ်။ ရှိသမျှ အိတ်ထောင်ကို လိုက်စမ်းပေမယ့် မျက်ရည်သုတ်ပေးစရာ ဘာလက်ကိုင်ပုဝါမှ သူ မတွေ့။ လိုအပ်ပြီဆို လက်ကိုင်ပုဝါက ဘယ်တော့မှ မရှိဘူး။
( ဆရာမ၊ ကျွန်တော် မှားတာပါဗျာ။ မငိုပါနဲ့တော့နော်)
သူများတွေပြောတော့ ဒီဆရာမလေးက ဒေါသလည်းကြီးပြီး ကိန်းကြီးကမ်းကြီးနိုင်တယ်ဆို? အခုတော့ မျက်ရည်လွယ်လှချည်လား? သူမရော အသည်းကွဲနေတာများလား?
( ကောင်းပြီ။ မင်းအရင်ဝင်သွားတော့။ ဆရာမ ဒီမှာခဏနေပြီး ငိုလိုက်ဦးမယ်)
( ဆရာမရယ်....)
( သွားဆို!)
LuoXiaoYu ဟီးခနဲ ငိုချတော့၊ ပါးပေါ်မှာ မျက်ရည်စီးကြောင်း၂ကြောင်းစီးကျလာတယ်။ ဒီတော့ မြင်ရသူအားလုံးလည်း သူမအပေါ် ဂရုဏာသက်ကတြာပေါ့။ အဆိုးဆုံးကတော့ ရည်းစားနဲ့ကွဲပြီးကာစ အမျိုးသားတွေပဲ။
BaiLuoYin မနေနိုင်မထိုင်နိုင် တွေးလိုက်မိတာ။ အကယ်လို့များ ShiHuiက သူ့ရှေ့မှာ အခုလို ငိုယိုနေရင်၊ သူ စိတ်ပျော့ပြီး သူမနဲ့ ပြန်တွဲမိမှာပဲလို့။
အတန်းထဲပြန်ရောက်တော့ ကလိမ်ကျတဲ့ GuHaiရဲ့မျက်လုံးတွေကနေ BaiLuoYin ဘယ်ပြေးလွတ်ပါ့မလဲ?
အခြားသူတွေဆို ဒီလိုမျက်လုံးမျိုးနဲ့ ကြည့်တတ်ဖို့မလွယ်ဘူး။ အကြည့်တွေဟာ အပြင်ပိုင်းမှာကျ ကြိုးစားထူးချွန်သူတစ်ယောက်လိုပဲ။ ဒါပေမယ့် အတွင်းမှာကျ ဉာဏ်နီဉာဏ်နက်တွေ ပုန်းအောင်းနေတယ်။
BaiLuoYin စားပွဲမှာ ဝင်ထိုင်တော့၊ သူ့နောက်ကနေ အသံထွက်လာတယ်။
( မင်းကို ငါ မပြောခဲ့ဘူးလား? မင်းကို မနှောက်ယှက်တော့ပါဘူးဆိုတာ။ မင်းက ရမ်းသမ်းပြီး ဆဲမိတာကိုး။ ပြောလေ၊ မင်း တုံးလွန်းတာမဟုတ်ဘူးလား?)
(မင်း ထင်မြင်ချက်ကိုလည်း ငါ မတောင်းမိပါလား!)လို့ ပြောရင်း အရေးမစိုက်တဲ့ မျက်နှာဘေးနဲ့ BaiLuoYinဟာ စားပွဲခုံကို သန့်ရှင်းနေတယ်။
နောက်ကနေ BaiLuoYinရဲ့ထိုင်ခုံကို တစ်ယောက်ယောက်က ကန်လိုက်တော့၊ သူ့ခန္ဓာကိုယ်က ရှေ့ကိုယိုင်သွားတယ်။ ဒါပေမယ့် သူ လွယ်လွယ်နဲ့ ဟန်ချက်ပြန်ထိန်းလိုက်နိုင်တယ်။
ဒီလို လူစားမျိုးဟာ ခွေးပေါက်လေးတစ်ကောင်နဲ့ တူတယ်ဆိုတာBaiLuoYin နားလည်ပါတယ်။ သင်သာ သူ့ကိုလစ်လျူရှုထားရင်၊ သူလည်း သင့်ကိုလစ်လျူရှုထားလိမ့်မယ်။ ဒါပေမယ့် သင်ဟာ သူကိုအစာလေးကျွေးလိုက်မိရင်တော့ သင့်နောက်ကို သူ တကောက်ကောက် လိုက်နေတော့မှာပါ။ အကယ်လို့ သင်က သူကို စော်ကားမော်ကားလုပ်လိုက်မိရင်တော့ သင် ခွေးကိုက်ခံရပါတော့မယ်။
ဒီလိုလူစားမျိုးကို ရင်ဆိုင်မယ်ဆို၊ အကောင်းဆုံးနည်းလမ်းကတော့ သူနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေတာပါပဲ။
( ထိုင်ခုံနေရာလဲရအောင်)
YouQiက BaiLuoYin ဘက်ကို လှည့်ကြည့်ပြီး ( ဘာလို့လဲ?)
( မမေးနဲ့ကွာ၊ ငါ့ကို ကူညီတယ်လို့ပဲ သဘောထားလိုက်)
YouQiလည်း ခေါင်းညိမ့်ပလြျက် သူ့စာအုပ်တွေသူ သိမ်းကာ BaiLuoYinနဲ့ ထိုင်ခုံနေရာလဲပေးပါတယ်။ ဒါတောင် သူ့ရဲ့အိမ်သာသုံးတစ်သျှူးလိပ်ကို သူနဲ့အတူယူသွားဖို့ မမေ့ဘူး။
BaiLuoYinက YouQiရဲ့စားပွဲမှာထိုင်ပြီး၊ သူ့စာအုပ်တွေကို စားပွဲအံဆွဲထဲ ထည့်မယ်အပြု၊ သုံးပြီးသားတစ်သျှူးစတွေ ပြည့်နေတာ တွေ့တယ်။ အဲ့ဒါတွေနဲ့ YouQiဆီ ပစ်ပေါက်လိုက်ချင်ပေမယ့် အနောက်ဖက်စားပွဲက သူ့ဟာမို့ တနေ့လောက်တော့ ကျိတ်မြိတ်သည်းခံံကြည့်လိုက်တယ်။
အခုတော့ နှောက်ယှက်မယ့်သူမရှိတာ နတ်ပြည်ရောက်နေသလိုပါပဲ။
YouQiက အရေမရ အဖတ်မရတွေပြောတတ်ပါတယ်။ YouQiတစ်ယောက် အနောက်ကနေ ဗလုံးဗထွေးပြောချင်တာတွေ ပြောနေတာကို နားထောင်ရင်း BaiLuoYinဟာ အိပ်ပျော်သွားပြန်ပါတယ်။
ဖြည်းဖြည်းချင်း အိပ်မောကျသွားပြီး ရုတ်တရက်ကြီး စားပွဲခုံက သူ့ကျောကို အရှိန်နဲ့ဝင်ဆောင့်တယ်။
အစောပိုင်းက အောင့်နေတဲ့သူ့ကျောက နာကျင်မှုတောင် မပျောက်သေးဘူး။ အခု လာပြန်ပြီ။
သေစမ်း! ဘာတွေ ဖြစ်ပျက်နေကတြာလဲ?
BaiLuoYin နောက်လှည့်ကြည့်တော့ နာလို့ ရံှု့မဲ့နေတဲ့ YouQiကိုတွေ့တယ်။
( ငါ့လာမကြည့်နဲ့။ နောက်ကလူက တွန်းထည့်လိုက်လို့ ငါလည်း ဘာမှမတတ်နိုင်ဘဲ မင်းကို ဝင်ဆောင့်မိတာ)
BaiLuoYin ဒေါသတို့ အလိပ်လိုက်ထွက်လာတယ်။ GuHaiရဲ့အားကို သူသိပါတယ်။ အရှေ့ဆုံးတန်းကို BaiLuoYin ပြောင်းသွားရင်တောင်၊ နောက်ဆုံးတန်းကနေပြီး GuHai က တချက်တွန်းလိုက်တာနဲ့ တလိုင်းလုံး ဘေးဘက်ကို လွင့်စင်သွားနိုင်ပါတယ်။ GuHaiနဲ့ ရန်ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ ရန်ဖြစ်လည်း သူပဲ နာမှာ။ အခု အကောင်းဆုံးကတော့ GuHaiကို ပညာသားပါပါ ရင်ဆိုင်အနိုင်ယူမယ့် နည်းလမ်းကို စဉ်းစားကြည့်ဖို့ပဲ။ ဒေါသဖြစ်နေတဲ့ ခံစားချက်တွေကို BaiLuoYin ခတ္တယာယီ ဘေးချိတ်ထားလိုက်ပြီး၊ အခုကဲ့သို့ လူလည်လုပ်သလို ခေါင်းမာတတ်တဲ့ ရန်သူတော်ကို တိုက်ခိုက်ဖို့ အစီအစဉ်သာဆွဲဖို့ ခေါင်းပူအောင် အကြံထုတ်နေတယ်။
၄ချိန်မြောက် အချိန်ဇယားက စိတ်ကြိုက်စာလုပ်ချိန်ပါ။ သခင်လေးGuလည်း ပျင်းပျင်းရှိတာနဲ့၊ YouQiရဲ့ ပုခုံကိုပုတ်ပြီး အံဆွဲထဲက အိမ်သာသုံးတစ်သျှူးကို တောင်းလိုက်ပါတယ်။ ( ငါ့ကို တစ်သျှူးတစ်လိပ်လောက်ပေး။ ငါ လိုအပ်လို့)
YouQi တခန်းလုံးကို ဝေ့ကြည့်လိုက်တော့ အခန်းတဝက်လောက်က မလှုပ်မယှက် ကြောက်ရွှံ့နေတယ်။
( မင်း နည်းနည်းဆို မလောက်ဘူးလား။ တလိပ်လုံးကြီး တကယ်လိုအပ်လို့လား?)
(.......)
အဆုံးသတ်မှာတော့ YouQi ဖိအားကိုမခံနိုင်တော့ဘဲ သူ့ရဲ့ချစ်လှစွာသော အိမ်သာသုံးတစ်သျှူးအိတ်ကြီးထဲက တစ်လိပ်ကို မထုတ်ချင်ထုတ်ချင်နဲ့ ထုတ်လျက် GuHai လက်ထဲထည့်ပေးလိုက်ရတယ်။
GuHai တစ်သျှူးလိပ်ကို အစဆွဲထုတ်တယ်။ နောက် တမင်တကာ လက်ကိုတုန်နေသလိုလုပ်ပြီး သူ့လက်ထဲက တစ်သျှူးလိပ်ကို တမင်ချိန်ရွယ် ပစ်လိုက်တာ တစ်သျှူးလိပ်က ခုန်ပျံကျော်လွှားပြီး BaiLuoYinထိုင်နေတဲ့ စားပွဲပေါ် ကွက်တိကျသွားတယ်။
( ဆောရီး၊ ငါ လက်လွန်သွားတယ်)
GuHaiတစ်ယောက် တစ်သျှူးလိပ်ကို ယူဖို့ BaiLuoYinစားပွဲဆီ ခေလြှမ်းကျယ်ကြီးတွေနဲ့သွားလိုက်တယ်။ တစ်သျှူးလိပ်က BaiLuoYinရဲ့ဘယ်ဖက်ဘေးမှာ ကျနေတာ။ GuHaiက တစ်သျှူးကို ပြန်ယူပြီး ညာဖက်ကနေ ကွေ့ပတ်သွားတော့ BaiLouYinနဲ့ YouQiတို့နှစ်ယောက်ဟာ တစ်သျှူးစအရှည်ကြီးရဲ့ကြားထဲ ရောက်သွားတော့တယ်။
( ဟ! ဘယ်လိုဖြစ်တာပါလိမ့်?) GuHai ဘာဆိုဘာမှ မသိနားမလည်ချင်ယောင်ဆောင်ပြီး၊ လက်ထဲမှာလဲ တစ်သျှူးလိပ်ကြီးကိုင်လို့ အရှေ့သွားလိုက်၊ အနောက်ပြန်လာလိုက်နဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေလုပ်နေတယ်။
မူပျက်နေတဲ့လုပ်ရပ်ကို YouQiက တားကြည့်တယ်။ ( တော်တော့။ မင်းလုပ်တာနဲ့ ငါတို့နှစ်ယောက် တစ်သျှူးတွေနဲ့ ပတ်မိနေပြီ)
BaiLuoYinက YouQiရဲ့လက်မောင်းကိုဆွဲလျက်(လုပ်စမ်းဘာစေ)
GuHai သူ့လုပ်ရပ်တွေပြီးသွားတဲ့အခါ၊ စာတကြောင်းရေးပြီး သူ့ဘေးက ကောင်မလေးကို လှမ်းပေးလိုက်တယ်။ ( ဒီစာရွက်ကို ဘယ်ဖက်လိုင်း ၅ခုံမြောက်ကလူကို ပေးလိုက်စမ်းပါ)
( မြန်မြန် ဖြဲပစ်လိုက်။ ဘာတွေ ကြောင်တောင်တောင်လုပ်နေတာလဲ?) YouQi သည်းမခံနိုုင်တော့ဘဲ၊ သူတို့ကိုပတ်ထားတဲ့ တစ်သျှူးတန်းကြီးကို ဆုပ်ဖြဲမိတော့မယ့် အခိုက်အတန့်။
BaiLuoYinက GuHaiပေးလိုက်တဲ့စာရွက်ကို ဖျတ်ခနဲမြင်လိုက်လို့၊ ဖြဲပစ်ခါနီး YouQiကို ချက်ချင်းတားလိုက်တယ်။
( ဖြဲမပစ်နဲ့။ လုံးဝ မထိလိုက်နဲ့)
BaiLuoYinက အံဆွဲထဲက YouQiနှပ်ချေးညစ်ထားတဲ့ တစ်သျှူးအဟောင်းတွေကို အချိန်ကိုက်ထုတ်ပြီး၊ GuHai ရှုပ်ထားတဲ့ တစ်သျှူးတန်းပေါ် တင်ပြီးတာနဲ့ သူတို့နှစ်ယောက်က အောက်ကနေ လျှိုကာ အမြန်လစ်ထွက်လိုက်ကတြယ်။ ဘာတွေ ဖြစ်နေမှန်း YouQi နားမလည်ဖြစ်နေတယ်။ သူ့နောက်မှာရှိတဲ့ စားပွဲမှာတော့ တစ်သျှူးပင်လယ်ဖြစ်နေပြီ။
မကောင်းတာဖြစ်တော့မှာမို့ GuHaiဟာ ၅ခုံမြောက်က ကောင်လေးကို စာထဲကခိုင်းတဲ့အတိုင်းမလုပ်နဲ့လို့ တားလိုက်ပေမယ့်လည်း၊ နောက်ကျသွားခဲ့ပါပြီ။ အဲ့ဒီအချိန်မှာပဲ၊ ကောင်လေးဟာ လက်ဆန့်ကာ ပန်ကာခလုတ်ကို လှမ်းဖွင့်လိုက်ပါတယ်။
လေဝဲကယက် အကြီးကြီးတခု ဖြစ်ပေါ်လာပြီး၊ တစ်သျှူးဟောင်း ပင်လယ်ဟာလည်း လွင့်ပျံကာ GuHaiရဲ့ကိုယ်ခန္ဓာနဲ့ မျက်နှာတွေပေါ် တဖတ်ဖတ်နဲ့ ရိုက်ခတ်နေပါတော့တယ်။

End of Chapter20

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now