Chapter 44- အပမှီနေလား?
( နင်... နင် နေတာ ဒီနေရာ?)
JinLuLu စက်ဘီးပေါ်က ဆင်းတော့ လက်တွေ့ဘဝကို ပြန်ရောက်သွားတယ်။ သူမ စိတ်ကို ငြိမ်အောင် မထိန်းနိုင်ဘဲ ဖြစ်နေတယ်။
JinLuLu အထဲ ဝင်လာရင်း အိမ်အနီးအနား ပတ်ဝန်းကျင်ကို မျက်မှောင်ကြုတ်ကြည့်နေတယ်။ ခြံကျဉ်းကျဉ်းလေးထဲမှာ ၁၀ယောက်လောက် စုနေကတြာ။ ခြံဝင်းပေါက်မှာပဲ အမေတစ်ယောက်က သူ့ကလေးကို ချော့နေတုန်း တန်းလန်းကြီး။ ကောင်လေးနဖူးမှာ ဖုန်တွေပေနေတာ ထောက်ရင်၊ အဲ့ကောင်လေး ကျွမ်းထိုးရင်း ချော်လဲကျသွားတာ ဖြစ်လောက်တယ်။ ဒီကောင်လေး အာခေါင််ခြစ်ပြီး အော်ငိုနေတာ ကြားရသူအဖို့ စိတ်မချမ်းသာလှဘူး။
( ဖီ..)
အသံကြားလိုက်လို့ JinLuLuလှည့်ကြည့်တော့ ဦးလေးကြီးတစ်ယောက်က သူမခြေထောက်နား ချွဲတွေတခဲကြီး ထွေးထုတ်လိုက်တာကို တွေ့ရတယ်။
GuHaiက တံခါးကိုဖွင့််နေချိန်၊ JinLuLu အဝင်ပေါက်မှာ တုတ်တုတ်မှ မလှုပ်ဘဲရပ်နေတယ်။
မှောင်မဲနေတဲ့ အခန်းကျဉ်းလေးက ၁၀ပေပတ်လည်တောင် မရှိလောက်ဘူး။ အထဲမှာရှိတာက တစ်ယောက်အိပ်ကုတင်ရယ်၊ လက်မ၂၀တီဗီရယ်၊ နောက်ပြီး ဆေးကွာနေတဲ့ လေးထောင့်စားပွဲလေးရယ်..ဒါပဲ။ အခန်းထဲတောင် မဝင်ရသေးဘူး... မှိုနံ့က ထောင်းခနဲထွက်လာတယ်။
( ဒီနေရာက လူနေလို့ရော ရလို့လားဟာ?) JinLuLuက သူမကိုယ်သူမ လက်နှစ်ဖက်နဲ့ ဖက်ထားတယ်။
GuHaiက ရေတစ်ခွက် ငှဲ့သောက်ပြီး၊ JinLuLu အတွက်လည်း ရေတခွက် ငှဲ့ပေးတယ်။
( ဒီနေရာက ဘာဖြစ်နေလို့လဲ? စစ်တပ်က လေ့ကျင့်ရေးစခန်းမှာတောင် ဒီလိုပဲ ငါ နေလာတာ နှစ်ပေါင်းမနည်းဘူး။ အဲ့ဒီစခန်းဆို ဒီထက်တောင် အခေအြနေဆိုးသေးတယ်။ ဒါတောင် ငါ အသက်ရှင်ခဲ့သေးတာပဲ)
JinLuLuက အားနာစရာကောင်းတဲ့ မေးခွန်းကိုမေးတယ်။ ( ဒါပေမယ့် ဒီနေရာကြီးကလေ...နဲနဲလေး အောက်တန်းကျ မနေဘူးလားလို့?)
( ဒီအနီးတဝိုက်မှာ အိမ်ကြီးအိမ်ကောင်းတောင် ရှိတာမဟုတ်ဘူး)
JinLuLuက GuHaiကို ဆွဲပြီး ထိုင်ခိုင်းလိုက်ပေးမယ့် သူမ နေရာထိုင်ခင်းကိစ္စကို လက်မခံနိုင်သေးဘူး။
( ဒီလိုနေရာမျိုးမှာ နင် နေမှကို ဖြစ်မှာလားဟာ? နင်တို့ကျောင်းနားမှာ ကောင်းကောင်းကန်းကန်း တိုက်ခန်းတွေ ရှိသားနဲ့! ဘာလို့ ဒီနေရာမှာလာနေပြီး ဒုက္ခခံနေတာလဲ?)
( ဒီနေရာကို ငါကြိုက်လို့လေ)
( ဘာ... ဒီနေရာက ဘာများကောင်းနေလို့တုန်း?)
( တော်တော့ကွာ)
JinLuLu အခုထိ သူမစိတ်ထဲ ဘဝင်မကျသေး။
( နင်အဖေက မုန့်ဖိုးလေး ဘာလေး နင့်ကို ပေးမထားဘူးလားဟင်?)
GuHai ဘာမှမပြောဘဲ စီးကရက်တစ်လိပ်ကို ထုတ်သောက်နေတယ်။ ဒီလိုအခေအြနေနဲ့ GuHaiကို မြင်ရတာ၊ JinLuLu ရင်ကွဲရတယ်။
( တကယ်လို့ နင့်မှာ ပိုက်ဆံမရှိဘူးဆိုရင်လည်း၊ ငါ့ဆီက ယူပေါ့! LiShouနဲ့ HuZiတို့ကရော ပိုက်ဆံမရှိဘူးတဲ့လား? သူတို့က နင့်ကို သောင်းချီ မချေးနိုင်ဘူးဆိုရင်တောင်၊ ထောင်ချီလောက်တော့ ချေးပေးနိုင်မှာပါ ဟုတ်တယ်မလား? ဒိထက်ပိုကောင်းတဲ့ အိမ်လေးငှားနေရင် ဘာဖြစ်သွားမှာမို့လို့လဲဟယ်? နင့်သိက္ခာနင်တော့ ထိန်းဦးမှာပေါ့။ ဆင်ကဘယ်လောက်ပိန်ပိန် ကျွဲလောက်တော့ရှိသေးတာပဲဥစ္စာ။ ပြီးတော့ နင့်အဖေက နင့်ကိုမုန့်ဖိုး ဖြတ်ထားတယ်ဆိုရင်တောင်၊ နင့်မှာ စုထားတဲ့ပိုုက်ဆံတော့ ရှိတယ်မလား?)
( ပိုက်ဆံကြောင့်မဟုတ်ဘူး။ ငါကိုက ဒီနေရာမှာ နေချင်တာ)
GuHaiသောက်တဲ့ ဆေးလိပ်ငွေ့ကြောင့် JinLuLuချောင်းဆိုးလာလို့၊ ဟောင်းနွမ်းပြီး ဖုန်အလိမ်းလိမ်းတက်နေတဲ့ ပတြင်းပေါက်ကို သွားဖွင့်ရတယ်။ အဲ့ဒီအချိန်ကျမှ၊ စားပွဲပေါ်တင်ထားတဲ့ ဟမ်းဖုန်းအစုတ်လေးကို သူမ တွေ့သွားတယ်။
( ငါ့ကို ဒီဖုန်းနဲ့ဆက်တယ်တာတော့ မဟုတ်ဘူးမလား?)
( ဟုတ်တယ်၊ နင့်ဆီ ဖုန်းခေါ်တိုင်း အဲ့ဖုန်းနဲ့ပဲ ခေါ်တာ)
JinLuLu ပြောနေရင်း မျက်ရည်တွေဝဲလာပြီး ( အဲ့ဒါကြောင့်မို့ ငါ ဘယ်လောက်အော်ပြောပြော အသံကို ကောင်းကောင်းမကြားရတာကိုး။ ဖုုန်းလိုင်းမဆွဲတာလည်း အံ့သစြရာတော့မရှိဘူး)
GuHai ဖိနပ်ချွတ်၊ အိပ်ယာပေါ်တက်ပြီး လက်နှစ်ဖက်ကို ခေါင်းအောက် ယှက်လျက် လှဲအိပ်ရင်း မျက်နှာကျက်ကို စိုက်ကြည့်နေတယ်။
JinLuLuက အခန်းကိုပတ်ကြည့်ပေမယ့်၊ သူမအတွက် စိတ်ဝင်စားစရာ ဘာတခုမှမရှိ။ ဒါ့ကြောင့် GuHaiရဲ့ကျောင်းလွယ်အိတ်ကို သူမ ယူကြည့်တယ်။ အိတ်ထဲမှာလည်း စာအုပ်တွေပဲ ရှိတယ်။
ဒီတော့ GuHai ရည်စားအသစ်ရနေတဲ့ အစအန ဘာတခုမှရှိမနေတာ အမှန်ပါပဲ။
( ဟဲ့ နင့်အတွက် ငါထွင်ပေးထားတဲ့ နာမည်ဒီဇိုင်းကို ဘာလို့ နင်ဖျက်ပစ်လိုက်ရတာလဲ?) JinLuLuက GuHiကို ဒေါသထွက်စွာနဲ့ ကြည့်လိုက်တယ်။
( နင့်ကို ငါ ပစြရာရှိသေးတယ်)
JinLuLu သိလိုစိတ်နဲ့ ဘေးမှာမတ်တပ်ရပ်ရင်း၊ GuHai ကို စိတ်လှုပ်ရှားစေတဲ့ ရတနာပစ္စည်းဟာ ဘာများလဲဆိုတာ သူမသိချင်လာတယ်။
( ဒီစာရွက်၂ရက်ပေါ်က လက်ရေး၂ခုကို တထပ််တည်း တူတယ်လို့ နင်ထင်လား?)
JinLuLuက စာရွက်၂ရွက်ကို သေသေချာချာလေးကြည့်တယ်။ တစ်ရွက်က BaiLuoYinရဲ့လက်ရေး၊ အခြားတစ်ရွက်ကတော့ BaiLuoYinရဲ့လက်ရေးပေါ် ထပ်ရေးထားတဲ့ GuHaiရဲ့လက်ရေး။
( ဟင့့်အင်၊ မတူဘူး) JinLuLu သူမ ထင်တဲ့အတိုင်းပြောတယ်။ ( မတူတာ အသိသာကြီးကို)
ဒီအဖေကြို GuHai လက်သင့်မခံနိုင်လို့၊ မျက်နှာ ရှစ်ခေါက်ချိုးဖြစ်နေတယ်။
( နည်းနည်းလေးတောင် မတူဘူးလား? စာလုံးကို မကြည့်နဲ့လေ။ စုတ်ချက်ကို ကြည့်။ စုတ်ချက်ကို နင်ကြည့်တတ်တယ်မလား?)
( တစက်ကလေးမှ မတူတာ)
GuHaiဟာ စားပွဲခုံပေါ်ကို စာရွက်၂ရွက်စလုံး ပစ်တင်လိုက်ပြီး စကားမပြောဘဲ ငြိမ်နေတယ်။
GuHaiရဲ့ဖြစ်ပျက်နေပုံကိုကြည့်ပြီး JinLuLu ရယ်ချင်လာတယ်။ သူတို့နှစ်ယောက်တွဲလာတာ ၃နှစ်ရှိပြီ၊ အခုလို ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ စိတ်ဒုက္ခရောက်နေတဲ့ GuHaiကို သူမ အရင်က မမြင်ဖူးဘူး။ လက်ရှိGuHaiကမှ ကိုယ့်အပြစ်ကိုယ် မမြင်တဲ့ အသက်၁၇နှစ်အရွယ် မြီးကောင်ပေါက်လေးနဲ့ တကယ်တူသွားတာ။
ဒါပေမယ့် ဒီတရုတ်စာလုံးတွေကို သူ အချိန်အားတိုင်းကျင့်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုတော့ GuHai ကိုယ်တိုင်သာ သိတာပါ။
ညရောက်တော့၊ တစ်ယောက်အိပ်ကုတင်လေးပေါ် ရည်းစားနှစ်ယောက် ပျစ်သိပ်အိပ်ကတြယ်။
JinLuLuဟာ GuHaiရဲ့ကိုယ်သင်းရနံ့ကို ရှူရှိုက်မှတ်သားရင်း ပြုံးမိတယ်။ နောက် GuHaiရဲ့မေ့စေ့ကို သူမ နမ်းဖို့လုပ်တယ်။
GuHaiက လုလုရဲ့နောက်ကျောကို ပွတ်သပ်နေတယ်။ JinLuLuက GuHaiရဲ့နားရွက်ကို ဖွဖွလေးကိုက်တော့ သူမရဲ့ အာငွေ့နွေးနွေးက သူရဲ့မျက်နှာပေါ် ယှက်တိုက်သွားတယ်။
GuHaiရဲ့ တင်းပြောင်ပြီး ချောမွတ်နေတဲ့ စွဲမက်စရာ ရင်အုပ်မှာ နဲနဲလေး တင်းကြပ်ကြပ်ဖြစ်လာတော့၊ သူ့ရဲ့အားသန်တဲ့ ခြေထောက်တွေနဲ့ JinLuLuကို ခွရင်း သူမကို ဆွဲလှည့်လိုက်တဲ့အခါ JinLuLuက GuHai အောက်ကိုရောက်သွားတယ်။ JinLuLu ရှက်ပြုံးလေး ပြုံးလျက် GuHaiရဲ့လည်ပင်းကို လက်နှစ်ဖက်နဲ့ချိတ်ထားတယ်။
( ပြောကြည့်စမ်း..)
( ဘာကိုလဲဟင်?) JinLuLuတစ်ယောက် GuHaiကို မြတ်နိုးစွာ ကြည့်နေတယ်။
ပြုစားတတ်တဲ့အပြုံးတစ်ခုက GuHaiရဲ့နှုတ်ခမ်းထောင့်မှာ ပေါ်လာတယ်။
( BaiLuoYinလို စိတ်တိုတတ်တဲ့သူက တစ်ယောက်ယောက်နဲ့အိပ်တဲ့အခါ ဘယ်လိုပုံစံဖြစ်နေမယ် ထင်လဲ? သူ ဖီးတွေတက်ပြီး ငြီးနေမလား? ဒါမှမဟုတ် ဆဲဆိုနေမလား...?)
GuHai ပြောနေရင်း ပြောနေရင်းနဲ့ သူနဲ့အတူရှိနေသူဟာ JinLuLuဆိုတာကို မေ့သွားပြီ။
JinLuLuက GuHaiရဲ့နောက်စေ့ကို ပွတ်သပ်ရင်း အသံယဲ့ယဲ့လေးနဲ့မေးလိုက်တယ်။ ( နင် သရဲများ ဝင်ပူးနေလားဟင်?)
( အမ်?)
( အိပ်တော့!)
JinLuLu ခါးခါးသီးသိီး စကားပြန်လိုက်ပြီး တဖက်လှည့်ကာ GuHaiကို နောက်ကျောပေးလျက် အိပ်ပျော်သွားပါတော့တယ်။End of Chapter 44
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...