Chapter 97- အဖြေ
စောင်အောက်မှာ သူတို့အသက်ရှူသံတွေ မြန်လာကတြယ်။ ရင်ချင်းအပ်ထားကြတော့ တစ်ယောက်ရင်ခုန်သံကို တစ်ယောက်က ခံစားမိနေတယ်။
BaiLuoYin မျက်နှာတွေ ပူလောင်လာတယ်။ မိုးညရဲ့အမှောင်ထုကသာ သူ့အတွက် အကောင်းဆုံးသော မျက်နှာဖုံးဖြစ်တယ်။ GuHaiရဲ့မျက်နှာ နီးကပ်လာတာကို သူမြင်တယ်။ BaiLuoYin ဂဏှမငြိမ်ဖြစ်လာပေမယ့်၊ GuHaiရဲ့အခွင့်ရေးယူခြင်းကနေတော့ သူရှောင်ထွက်မသွားခဲ့မိ။
GuHaiဟာ BaiLuoYinရဲ့ အောက်နှုတ်ခမ်းလေးကို အမိအရ စုပ်နမ်းလိုက်တယ်။ နှုတ်ခမ်းလုံးလုံးလေးတွေကို လျှာနဲ့ ပွတ်လျက်နေတာဟာ BaiLuoYinရဲ့သီးခံနိုင်စွမ်းကို စမ်းသပ်နေသလိုပဲ။ BaiLuoYinရဲ့ခန္ဓာကို်ယ် ပြေလျှော့သွားပြီဆိုမှ၊ GuHaiတစ်ယောက် နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်တော့ " ပြွတ်ခနဲ" အသံမြည်သွားပြီး နှုတ်ခမ်း၂စုံတို့ ခွာသွားကတြယ်။ ဒါပေမယ့် ချိုမြိန်တဲ့အရသာသာ သူတို့နှုတ်ခမ်းထောင့်မှာ စွဲကျန်ရစ်ခဲ့တယ်။
BaiLuoYin တစ်ယောက် ဟောဒီလူသားရဲ့အနမ်းတွေနဲ့ ပိုပြီးပိုပြီး အသားကျလာခဲ့ပြီ။
အစပိုင်းမှာတော့ ဒါဟာ သီးခံလို့ရတဲ့အဆင့်နဲ့ မကျနေပ်ချက် ပြောစရာ မရှိရုံတမယ်ပဲ။ ဒါပေမယ့် အခုတော့ ဒီအနမ်းတွေဟာ သူ့အဖို့ သက်တောင့်သက်သာတောင် ဖြစ်နေသေးတာ။
BaiLuoYinကို ကြည့်တဲ့ GuHaiရဲ့မျက်ဝန်းတွေထဲမှာ အချစ်တွေကို အပြည့်အဝတွေ့နိုင်တယ်။ BaiLuoYinနဲ့ အဆင့်တက်ချင်တယ်ဆိုရင် GuHaiတစ်ယောက် BaiLuoYinဆီက အဖေရြဖို့ လိုအပ်တယ်။ ဒါဟာ ခန္ဓာကိုယ်ကို ရချင်ရုံသက်သက် မဟုတ်ဘဲ၊ နှလုံးသားကိုပါ အပိုင်လိုချင်လို့ ဖြစ်တယ်။ တဖက်မှာလည်း BaiLuoYinရဲ့မျက်ဝန်းအိမ်တွေထဲကနေသာ သူ့တောင်းတခဲ့ရတဲ့ အဖေကြိုရများရရင် ဒီကောင်လေးကို ဘိန်းစွဲသလို သူစွဲစွဲလမ်းလမ်းဖြစ်သွားမှာလည်း GuHai စိုးရိမ်မိတယ်။
GuHaiရဲ့လျှာဟာ BaiLuoYin ရဲ့သွားတွေနဲ့ပဲ တိုးတိုးနေပြီး၊ BaiLuoYin နှုတ်ခမ်းဖွင့်ပေးလာမှာကို သူစောင့်ဆိုင်းနေတယ်။
အရင်တခါကလို ကြမ်းတမ်းတဲ့ အနမ်းတွေနဲ့ မတူဘဲ၊ ဒီတကြိမ်မှာတော့ GuHaiဟာ အင်မတန် ညင်သာနေတယ်။
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...