Chapter 128- အပြစ်ကို ဝန်ချခြင်း
ပင့်လာတဲ့ ဆရာဝန်ဟာ အတွေ့အကြုံရင့်ပြီး ဗဟုသုတ ပြည့်စုံတဲ့ အထွေထွေရောဂါကု ဆရာဝန်တစ်ယောက်။ နိုင်ငံခြားမှာလည်း စာတွေအများကြီးလေ့လာထားသလို BaiLuoYinနဲ့ ဖြစ်ရပ်တူ ရောဂါတွေကိုလည်း ကုသဖူးပါတယ်။ ဒါပေမယ့် အခုလို လူတစ်ယောက်က ခံနိုင်ရည်အားကိုကျော်လွန်ပြီး နာကျင်တာမျိုးကိုတော့ တစ်ခါမှ သူ မကြုံဖူးခဲ့။ ဆရာကြီးရဲ့မျက်ခုံးမွှေးထူထူတွေဟာ အံ့ဩမှုကြောင့် ကွေးကျုတ်လျက် သူ့မျက်နှာက ခပ်တွန့်တွန့်ဖြစ်သွားတဲ့ အမူအရာဖြစ်သွားတယ်။ ဒဏ်ရာကို နည်းနည်းလေး ဖြဲကြည့်ပြီးတဲ့နောက်၊ သူ့အကြည့်တွေက GuHaiမျက်နှာပေါ် ရောက်လာတယ်။ နောက် ဒဏ်ရာကို သူ ပြန်ကြည့်တယ်။ အဲ့ဒီနောက် GuHaiကို သူပြန်ကြည့်ပြန်တယ်။ ဒီလိုနဲ့ ဆရာဝန်ကြီးဟာ ဒဏ်ရာနဲ့ GuHaiကို တလှည့်စီကြည့်နေတယ်။
GuHai စိတ်တွေပူပန်လာပြီး ( ဆရာ၊ သူ ဘယ်လိုနေလဲဟမ်?)
( ကောင်းသွားမှာပါ။ ဒါက အပေါ်ယံဖြစ်တဲ့ ဒဏ်ရာပါ)
ဗျာပါဒပွေနေတဲ့ သူ့စိတ်သူ မထိန်းနိုင်ဘဲ GuHaiက ဆရာဝန်ကြီးကို သူ့အနားဆွဲခေါ်ကာ ( သေရာပါမယ့် အနာတရတော့ မဟုတ်ဘူးမလား ဆရာ?)
( ဒါက....) ဆရာဝန့်ကြည့်ရတာ အခက်တွေ့နေသလိုပဲ။ ( ဒါမျိုး ဒုတိယအကြိမ် အဖြစ်မခံဖို့တော့လိုမယ်)
ဆရာဝန် ဆိုလိုချင်တာက အခုလို ကြမ်းတမ်းတဲ့လုပ်ရပ်မျိုးကို ဒုတိယအကြိမ် မလုပ်မိဖို့ ပြောတာ။ ဒါပေမယ့် GuHaiက အဓိပ္ပာယ်ကောက်လွဲပြီး အခုလို ချစ်တင်းနှောတဲ့ကိစ္စကို ဒုတိယအကြိမ် လုပ်လို့မရတော့ဘူးလို့ ဆရာဝန်က ပြောတယ် ထင်သွားတယ်။ ဆရာဝန့်ရဲ့စကားတွေကြောင့် သူ့မျက်နှာလေး သိသိသာသာ ညှိုးငယ်သွားတယ်။ ဒါပေမယ့် အခုလို အရေးပေါ်ဖြစ်နေတဲ့ ကာလမှာတော့ အိပ်ယာပေါ်က ကိစ္စတွေကို တွေးဖို့ GuHaiအတွက် အချိန်ပိုမရှိပါ။
BaiLuoYinက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာလေ။ ပိုပြီး အရေးကြီးတာက BaiLuoYin အမြန်ဆုံး နေကောင်းသက်သာလာဖို့ GuHai ဘာများ စွမ်းဆောင်ပေးနိုင်သလဲ ဆိုတာပဲ။
( ဆရာပြောတော့ အပေါ်ယံ ဒဏ်ရာဆို။ ဘာလို့ သူ သတိလစ်သွားရတာလဲ?)
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...