Chapter 101- သန်းခေါင်ယံ ဧည့်သည်

2K 187 3
                                    

Chapter 101- သန်းခေါင်ယံ ဧည့်သည်

( အဆင်ပေသြွားမှာပါ၊ အဲ့ဒီအကြောင်းကို ထပ်တွေးမနေနဲ့တော့)

လမ်းမှာ GuHaiဟာ ကားမောင်းရင်း BaiLuoYinလက်တဖက်ကို ကိုင်ထားတယ်။ ( ဘာပြဿနာမှ ရှိမှာမဟုုတ်တော့ပါဘူး)

BaiLuoYinရဲ့ပါးပြင်တဖက်မှာ လရိပ်ကျပြေီး ကျန်ပါးပြင်တဖက်ကတော့ GuHaiရဲ့ တောက်လောင်နဲ့အကြည့်တွေအောက် ရောက်ရှိနေတယ်။ တခါတရံ သူ့ရင်ထဲ အေးသွားသလို၊ တခါတခါကျ သူ့ရင်တွေ ပူလာပြန်တယ်။ BaiLuoYinဟာ သူ့ရဲ့ ရှည်ရှည်သွယ်သွယ်လက်ချောင်းတွေနဲ့ သူ့နှုတ်ခမ်းသူ ပွတ်ရင်း ခဏလောက် စဉ်းစားကညြ့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်တာက ( ငါ ဒီလိုပဲခံစားမိတယ်၊ MengJianZhiလို လူမျိုးဟာ ပေါ့သေးသေးလို့ တွက်ထားလို့မရတဲ့ လူစားပဲ။ သူ့မှာ အလေးထားပြီး ဂရုစိုက်စရာ မိသားစုလည်းမရှိဘူး။ သူ့မှာ လောကကျင့်ဝတ်လည်းမရှိဘူး။ သူက သေမထူး နေမထူးဆိုတော့ ငါတို့ကို ပြဿနာရှာကောင်းပေါ့။ သူ့ကြည့်ရတာ အသက်ဆက်ရှင်ချင်ပုံလည်း မပေါ်ဘူး။ စိတ်ရင်းကလည်း မကောင်းတော့ ဘာမဆို လုပ်ရဲမယ့်လူစားပဲ)

GuHai သက်ပြင်းချလျက် ( အင်း... တကယ်တမ်းပြောရရင် အဲ့ဒီလူကို ပယ်ပယ်နယ်နယ် ရိုက်လိုက်ဖို့က အလွယ််လေးပဲ။ ခက်နေတာက အန်တီZhou)

( ဖြစ်ချင်တော့ သူက အန်တီZhouယောက်ျားဖြစ်နေတယ်။ ပြီးတော့ ကလေးလည်း ရှိသေးတော့)

( ငါတို့ ဘာတွေပြောနေကမြှန်းရော မင်းသိရဲ့လား?) GuHaiဟာ BaiLuoYin လက်ဖဝါးကို ပွတ်ချေနေရင်း ( ငါတို့မှာ ပြောရမယ့် အခြားအကြောင်းအရာ မရှိတော့ဘူးလား? သူတို့အသက်အရွယ်တွေက ငါတို့အတွေးတွေနဲ့ အပုံကြီးကွာတယ်။ ငါတို့နဲ့ယှဉ်ရင် သူတို့မှာက အပူအပင်ပိုများတာပေါ့။ ဒီတော့ မင်း ဒီကိစ္စကို အထပ််ထပ် အခါခါ တွေးနေလို့လဲ အပိုပဲ။ အသုံးမဝင်ဘူး)

BaiLuoYin ငြိမ်ကျသွားပြီး ကားမှန်ကတဆင့်မြင်ရတဲ့ ညရှူခင်းကိုပဲ သူငေးကြည့်နေမိတယ်။

GuHaiဟာ BaiLuoYinရဲ့လက်ကိုကိုင်ထားရာက တဖြည်းဖြည်းနဲ့ BaiLuoYin ခြေထောက်တွေပေါ် နေရာရွှေ့သွားပြီး ပွတ်သပ်နေတယ်။

Are you addicted?Book-1 (Myanmar Translation )حيث تعيش القصص. اكتشف الآن