Chapter 56- ဘတ်စကတ်ဘောပွဲ

2K 207 3
                                    

Chapter 56- ဘတ်စကတ်ဘောပွဲ

အခန်း၂၇က အတန်းသားတွေ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဘတ်စကတ်ဘောပွဲ ကစားလို့နေကတြယ်။
အတန်းထဲက ကျောင်းသားတွေကို တဖွဲ့စီခွဲပြီး BaiLuoYinကတဖွဲ့ကို ဦးဆောင်ကာ၊ ကျန်တစ်ဖွဲ့ကို GuHaiက ခေါင်းဆောင်တယ်။ နှစ်သင်းစလုံး ဘယ်သူ့ဘယ်သူမှ အလျှော့မပေးကလြို့၊ အကျိတ်အနယ် ဖြစ်နေကတြယ်။ ပထမ၊ အသင်းသားတစ်ဦးက GuHaiဆီ ဘောလုံးပေးလိုက်တယ်။ GuHai ဘောလုံးကို ကြမ်းခင်းနဲ့ အဆက်မပြတ် ပုတ်နေတယ်။ နောက် ရွှီခနဲ မယူကာ ဘတ်ကဘောခြင်းဆီ ချိန်ပစ်လိုက်တော့၊ လှပတဲ့ ဂိုးသွင်းချက်ကြောင့် လက်ခုတ်တွေ ဝိုင်းတီးကတြယ်။
BaiLuoYinဟာ လက်ထဲ ဘောလုံးရောက်လာတာနဲ့ မြဲမြဲကိုင်လျက် နောက်တန်းက လူ၂ယောက်ကို ဖြတ်ကျော်ပြီး၊ ရှေ့ကို ဆက်တိုးသွားတဲ့အခါ၊ GuHaiက ခပ်ဝေးဝေးကနေ သူ့လမ်းကြောင်းကို ပိတ်ဆို့ထားတယ်။ အဲ့ဒီအချိန် ရုတ်တရက်ကြီး GuHaiက အရှိန်နဲ့ BaiLuoYinဆီ ဦးတည် တိုးလာတယ်။ BaiLuoYinက ဘောလုံးကို GuHaiခေါင်းပေါ်ကနေ ကျော်ပစ်ပြီး၊ သူကိုယ်တိုင်ကတော့ GuHai ဘေးကနေ ဖြတ်ရှောင်ကာ၊ ကျလာတဲ့ ဘောလုံးကို ပြန်ဖမ်းလိုက်ပြန်တယ်။
GuHai ခေလြှမ်းတွေကို ပြန်ဆုတ်ပြီး ဂိုးခြင်းဆီကို အပြေးသွားလိုက်ပေမယ့်၊ BaiLuoYinကတော့ ဂိုးခြင်းထဲကို ဂိုးပစ်သွင်းဖို့ အရံသင့်စောင့်နေတဲ့ အသင်းသားတစ်ယောက်ဆီကို ဘောလုံးပစ်ပေးပြီးသွားပြီ။ ဂိုးသွင်းလိုက်တဲ့ ဘောလုံးဟာ ဂိုးခြင်းရဲ့နှုတ်ခမ်းသားပေါ်မှာ ကျလုကျလုနဲ့ လည်ပတ်နေတုန်း၊ GuHaiက စွတ်ခနဲ လှမ်းဖမ်းနှုတ်လိုက်တယ်။ သူူဟာ ဘောလုံးကို အမိအရယူကာ နောက်တန်းက လူနှစ်ယောက်ကို ကွေ့ပတ်ရှောင်ပြီး BaiLouYinရှေ့ရောက်သွားတဲ့အထိ ဘောလုံးကို တဘုတ်ဘုတ် ပုတ်နေတယ်။
GuHaiဟာ ဘောလုံးကို ဘယ်ဖက်လက်နဲ့ပုတ်လိုက်၊ ညာဖက်လက်နဲ့ပြောင်းပုတ်လိုက် လုပ်လို့ကောင်းနေတုန်း၊ BaiLuoYinဟာတော့ GuHaiရဲ့ခေလြှမ်းတွေကို မျက်ခေမြပြတ် စောင့်ကြည့်နေတယ်။ သူတို့နှစ်ဦးသားရဲ့ခန္ဓာကိုယ်တွေဟာလည်း ပွတ်သီကပ်သီလေး ထိထိနေကတြာ ပွဲစဉ်တစ်လျှောက်လုံးပဲ။ BaiLuoYinက GuHaiရဲ့အားနည်းချက်ကို ရှာနေတာ။ ဒါပေမယ့် ဘယ်လိုမှ ရှာလို့မရတာ ခက်တာပဲ။
သူတို့ အကျိတ်အနယ် ကစားလေလေ၊ ပွဲက ပိုပြီးကြည့်ကောင်းလာလေလေပဲ။ ဒီတော့ အားပေးသူတွေရဲ့လက်ခုတ်သံတွေလည်း သောသောညံလာတယ်။ BaiLuoYinတစ်ယောက် ဆိုင်းမဆင့် ဗုံမဆင့် ပြုံးလိုက်တယ်။ အကြောင်းကတော့ အခုလိုမျိုး သူနဲ့လက်ရည်တူတဲ့ ပြိုင်ဖက်ကို မတွေ့ရတာ ကြာပြီမို့လို့။ သူ့အပြုံးလေးက သိပ်ကို ထူးခြားပါတယ်။ သူ့မျက်နှာမှာ အရောင်ထွက်နေသလိုမျိုး ဝင်းလက်တောက်ပနေလေတော့၊ မျက်နှာပုံပန်းလေးက ဆွဲဆောင်မှု အရမ်းရှိနေစေတယ်။
GuHaiရင်ထဲ နှလုံးသားကြိုးမျှင်လေးတွေ တင်းလာပြီး နှလုံးသွေးတွေ ရုတ်တရက် တိုးလာတယ်။ ဒီတော့ သူ ခေမြကိုင်မိ လက်မကိုင်မိနဲ့ လက်ချော်သွားတယ်။
ဒီအခွင့်အရေးကို ချောင်းပြီး BaiLuoYinက ဘောလုံးကို လုယူလိုက်တယ်။ နောက် သူ အသာလေးခုန်လျက်၊ ၃မှတ်တန်းကနေ ဘောလုံးကို ပစ်သွင်းလိုက်တော့၊ ပရိသတ်တွေရဲ့လက်ခုပ်သံတွေ စီကနဲ ညံသွားတယ်။
GuHaiတစ်ယောက် BaiLuoYinကို မကျနေပ်ချက်များစွာနဲ့ အနိုင်ပြန်ယူမယ်ဆိုတဲ့ အကြည့်ကြီးနဲ့ ဂြိုလ်ကြည့်တွေ ပေးနေတယ်။ အဓိပ္ပာယ်ကတော့ မင်း ငါ့ဆီက ဘောလုံးကို ကလိမ်ကျပြီး အလစ်တိုက်ယူတယ်ပေါ့လေ?!
ငမ်းကြောထတာ မင်းလေ၊ ငါ့အပြစ်မှ မဟုတ်ဘဲ။ ခံရတာတောင် နည်းသေးတယ်....ဆိုတဲ့ အထာနဲ့ BaiLuoYinတစ်ယောက်ကလည်း သွေးနားထင်ရောက်စွာ လှောင်ပြုံး ပြုံးလိုက်တယ်။
YouQiကတော့ ခုံးတန်းရှည်ပေါ်မှာ ထိုင်လျက်၊ စားလိုက် သောက်လိုက်နဲ့ ကစားပွဲကို မိန့်မိန့်ကြီးကြည့်နေတယ်။ သူ့ဘေးမှာတော့ မိန်းမချောအုပ်စုဟာ၊ သူ့ကို အညောင်းဖြေပေးသူနဲ့၊ ရေတိုက်သူနဲ့ ဝိုင်းဝိုင်းလည်နေတယ်။
ဘယ်လောက်တောင် သာယာလိုက်တဲ့ ဘဝပါလဲ!
ဒီနှစ်ယောက် ဘတ်စကတ်ဘော ကစားရင်းနဲ့ ကြူနေကတြာ၊ ကြည့်ရတာနဲ့တင် သောက်မြင်ကပ်လာပြီ!
( တော်တော့ ငါ့ကို မနှိပ်နဲ့တော့) YouQiဟာ သူ့ဘေးက ကောင်းမလေးကို ခပ်မာမာပြောလိုက်ပြီးတဲ့နောက် ( အခု ငါ ဝင်ပါရမယ့်အချိန်ပဲ)
အင်မတန် ရုပ်ရည်ချောမောတဲ့ ကစားသမား နောက်တစ်ဦး ပွဲထဲ ထပ်တိုးလာတယ်ပဲ ဆိုကပြါစို့။
ပွဲထဲကို YouQi ဝင်လာတဲ့အချိန်၊ သူ ကစားနေတာဟာ တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက်တော့ ရှိပါရဲ့။ ဒါပေမယ့် ပွဲစည်းကမ်းတွေ ဘာတွေ ဘာမှနားမလည်ဘူး လာမပြောနဲ့၊ ငါ့ပုံစံ မိနေမိုက်နေရင် ပြီးတာပဲ ဆိုတဲ့ပုံမျိုးနဲ့! သူ့ခန္ဓာကိုယ်ကို လှုပ်ရှားနေပုံက သူ့ကို အော်ဟစ်အားပေးနေတဲ့ မိန်းကလေးအုပ်စုကို ဆွဲဆောင်နေတယ်။ သူ့ဟာက ကစားပွဲကို ရှိုးပွဲနဲ့တူအောင် လုပ်နေတာပဲ။
YouQiဟာ လွတ်နေတဲ့နေရာကို ဝင်သွားပြီး၊ GuHaiဆီ ဘောလုံးပစ်ပေးလိုက်တယ်။
GuHaiက ဘောလုံးကို ဖမ်းယူလိုက်ပြီး၊ တိုက်စစ်ဆင်ဖို့ ရှေ့တိုးသွားတယ်။ ဂိုးသွင်းမယ့်ဇုံနေရာကို အဝင်၊ ဘောလုံးကို လှမ်းအပစ်မှာ YouQiက သူ့ရှေ့ကနေ ဖြတ်ဝင်ပြီး ဘောလုံးကို ဂိုးခြင်းဆီမရောက်အောင် လမ်းမှာတင် လှမ်းဖမ်းလိုက်တယ်။ GuHai ကြောင်သွားတယ်။ YouQiကို ရှောင်ဖို့အကြံ သူ့မှာမရှိဘူး။ သူ့ဆီ ဘောလုံးရောက်အောင် ပစ်ပေးတာ YouQiလေ။ ဒီတော့ YouQiကို သူ့အဖွဲ့ဝင်လို့ သူထင်မိတာပေါ့။ ဒါဖြင့် သူ့ဆီကနေ ဘောလုံးကို ဒီကောင် ဘာကိစ္စ ပြန်လုယူသွားသေးတာလဲ?
GuHai ခေါင်းရှုပ်ပြီး ကြောင်နေတဲ့ အခိုက်အတန့်၊ YouQiက BaiLuoYinဆီ ဘောလုံးကို ပစ်ပေးလိုက်တယ်။
BaiLuoYin အထင်ကတော့ YouQiဟာ GuHaiကို တမင်တကာ တပတ်ရိုက်လိုက်တယ်ပေါ့။ ဒါ့ကြောင့် YouQiကို သူ ကျေးဇူးတင်စွာ ပြုံးပလြိုက်တယ်။ ဒါပေမယ့် BaiLuoYin ဂိုးသွင်းခါနီးမှ၊ အလားတူကိစ္စ ဖြစ်လာပြန်တယ်။ YouQiဟာ သူ့လက်ထဲက ဘောလုံးကို လုယူသွားပြီး အခြားတစ်ယောက်ဆီကို လက်လွှဲပေးလိုက်ပြန်တယ်။ ဒါလည်း သူ နောက်ထပ်တခါ ထပ်လုဦးမှာပဲ။
GuHaiနဲ့ BaiLuoYinတို့ အကြည့်ချင်း ဖလှယ်နေကြပြီး နောက်ဆုံး နားလည်သွားတာက-- ဒီကောင် တကယ်ဝင် ကစားနေတာ မဟုတ်ဘဲ၊ ကစားပွဲကို သက်သက်လာနှောက်နေတာပဲလို့!
( အမယ်လေးဗျ... ငါ့ကို မရိုက်ကနြဲ့နော်။ လက်ပါတာက စည်းဖောက်တာပဲ!)
YouQi အခုလို နာလို့ အော်နေတာတောင်၊ သူ့ဆံပင်ကို စတိုင်မပျက်အောင် ပြန်ပြင်ဖို့ မမေ့ဘူး။
( ဘယ်သူမှ မင်းလို့ မကစားဘူးကွ! သွားစမ်း။ အာရုံ လာမစားနဲ့။ မင်းနဲ့တန်တဲ့နေရာမှာသာ သွားထိုင်နေချစေမ်း!)
YouQi ကွင်းထဲကထွက်သွားပြီး၊ ပွဲကို ဆက်ကစားကတြယ်။ ပွဲက ပြီးခါနီးပေမယ့်၊ အမှတ်တွေက သိပ်မကွာလှဘူး။ ဒီတော့ နှစ်ဖက်အသင်းသားတွေဟာလည်း သူ့ထက်ငါသာအောင် ပိုပြီးအကြမ်းဖက်တဲ့ နည်းတွေနဲ့ ကစားလာကတြယ်။ ဒီအတန်းချိန် မပြီးသေးခင် တစ်ဖက်အသင်းကို အပြတ်အသတ်နိုင်လိုက်ချင်တာ။
GuHaiရဲ့အသင်းထဲမှာ တုတ်ပေါလို့ နာမည်ပြောင်ပေးထားတဲ့ လူတစ်ယောက်ပါတယ်။ သူဟာ နာမည်ပြောင်အတိုင်းပဲ ခန္ဓာကိုယ် ဝဝဖိုင့်ဖိုင့်နဲ့ ထစ်ခနဲဆို ထောင်းခနဲ ဒေါသထွက်တတ်တယ်။ အခု ဘတ်စကတ်ဘော ကစားတော့လည်း တုတ်ပေါဟာ အားဗြဲကြီးနဲ့ အော်ဟစ်နေတာပဲ။ တခါတခါ ကစားဖော်ကစားဖက်တွေကိုလည်း မတော်တဆ ဘော်ဒီ ဝင်တိုက်တတ်သေးတယ်။ GuHai စိုးရိမ်မိတာက၊ အဲ့ဒီ တုတ်ပေါ BaiLuoYinကို ထိခိုက်အောင် လုပ်မှာကိုပဲ။ ဒါ့ကြောင့် သူဟာ တုတ်ပေါကို BaiLuoYin ရဲ့အသင်းက ဒုတိယအားထားရတဲ့ ကစားသမားကို တားဆီးဖို့ပဲ နေရာချပေးထားတာ။ ဒါပေမယ့် အဲ့ဒီ တုတ်ပေါကောင်ကလည်း နိုင်လိုစိတ်တွေများပြီး GuHaiရဲ့ညွှန်ကြားချက်ကို မလိုက်နာဘဲ၊ ကစားပွဲ နိုင်ဖို့အရေးသာ အာရုံစိုက်နေလို့၊ သူ့ရဲ့ကြမ်းချက်ကတော့ နိုင်းပလပ်စ် ရှိလောက်ရဲ့!
အားကစားချိန် ပြီးဆုံးဖို့ ၁၀မိနစ်အလို။ BaiLuoYinက သုံးမှတ်တန် ၂ဂိုး ရပြီးသား။ တဖက်အသင်းထက် ၁မှတ်အသာနဲ့ ဦးဆောင်နေတယ်။ တုတ်ပေါ့က စိတ်တွေပူပြီး ဘယ်သူဘယ်ဝါမှန်း ဂရုမစိုက်တော့ဘဲ သူ့ကိုယ်လုံးကြီးနဲ့ BaiLuoYin နောက်ကို တောက်လျှောက် လိုက်နေပါတော့တယ်။ အခု၊ သူ့ရဲ့တခုတည်းသော ရည်မှန်းချက်က BaiLuoYinဆီ ဘောလုံးမရအောင် ကာကွယ်တားဆီးဖို့ပဲ။ BaiLuoYinလက်ထဲ ဘောလုံးရောက်ရင် သုံးမှတ်က သေချာနေပြီ။ BaiLuoYin အသင်းထဲ ဝင်ချင်တဲ့သူတွေ များရတဲ့ အဓိကအကြောင်းရင်းဟာလည်း BaiLuoYinရဲ့ ၃မှတ်တန်ဂိုးကို အားကိုးအားထားပြုကလြို့ပါပဲ။

End of Chapter 56

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now