Room 4 (Departure) 1

433 30 0
                                    


"ကျေးဇူးပြု၍ နားဆင်ပါရှင်။လူကြီးမင်းတို့ စီးနင်းလိုက်ပါမယ့်..... ယာဥ်အမှတ်......."

ကားဂိတ်တွင်သူတို့မတ်တပ်ရပ်နေကြသည်။
ထွန်းရှိန်ဝါနှင့် ခိုင်အိတို့နှစ်ယောက် အဝေးပြေးကားတစ်စင်းအနီးတွင် တိတ်ဆိတ်နေကြသည်။
သူတို့နှင့်ခပ်လှမ်းလှမ်းမှာ ကျန်တဲ့သုံးယောက်။

"ဟိုက ကားပေါ်တက်ခိုင်းနေပြီ။ဒင်းတို့က ဘာလုပ်နေကြတာလဲ။"
ကျော်ကျော်ခိုင် သူတို့ကိုကြည့်ရင်းစိတ်မရှည်တဲ့လေသံဖြင့်ပြောသည်။ တကယ်တော့ ခိုင်အိကိုပြောပြချင်တဲ့စကားတချို့ကို ထွန်းရှိန်ဝါပြောထားနှင့်ပြီးသားဆိုတာ ကျော်ကြီးမသိရှာပေ။ ဟိုနှစ်ယောက်လည်းမသိကြပါ။
x
ထိုနေ့က တနဂ်နွေနေ့ဖြစ်သည်။
တိမ်ဖြူစတွေ ပြန့်ကျဲနေတဲ့ နေသာသောနေ့လေးတစ်နေ့တွင် ကော်ဖီဆိုင်တစ်ဆိုင်အတွင်း၌ ခိုင်အိ ထွန်းရှိန်ဝါနှင့်တွေ့ခဲ့ကြသည်။
ထွန်းရှိန်ဝါကိုမြင်သည်နှင့်ထိုညက သူမရရှိခဲ့သော ပူနွေးမှုမှာ ရင်ခုန်ခြင်းနှင့်အတူ ပါးပေါ်သို့ဟပ်ထင်ဆဲ....။ သူမ အရှက်အကြောက်ကြီးသည်ကို ကောင်းကောင်းသိသော ငယ်သူငယ်ချင်း​က ဘာကြောင့်ဒီလိုပြုမူခဲ့ရသလဲဆိုတာတော့ တွေးမရခဲ့။ ထိုအတွက် အဖြေကိုကြားရမှ ကျေနပ်နိုင်မည်။ သူမ ထွန်းရှိန်ဝါ၏ခံစားချက်အမှန်ကိုသိချင်သည်။
ထွန်းရှိန်ဝါတစ်ယောက် ခိုင်အိရှေ့တွင် ချောင်းဟန့်သံပင်မကြားရ။ငြိမ်ကုတ်နေ၏။ ဆိုင်တွင် လူပါးသောနေ့လည်ခင်းချိန်ဖြစ်၍ သူတို့ဝိုင်းအပါအဝင် စားပွဲဝိုင်း သုံးဝိုင်းသာ လူရှိသည်။
"ခိုင်အိ..."
ထွန်းရှိန်ဝါမှစကားစလာသည်။ ခိုင်အိ သူ့ကိုကြည့်နေသည်။
"ငါ့ကို နင်..စိတ်ဆိုးနေတယ်မလားဟင်"
သူမ ပြန်မဖြေပါ။ကော်ဖီကိုသာငုံ့သောက်နေ၏။
"ငါ...တောင်းပန်ပါတယ်နော် ခိုင်လေး....ငါနင်စိတ်ဆိုးအောင်လုပ်ခဲ့မိတယ်။နင့်ကိုငါ နမ်းမိ...."
"တော်တော့ ထွန်းရှည်"
ထွန်းရှည် တိတ်သွားသည်။ ခိုင်အိကိုကြည့်တော့ မျက်နှာလေးက ပန်းသီးလိုရဲတွတ်နေ၏။ ထိုသို့ရှက်နေသည်လေးမှာ ချစ်ဖို့ကောင်းနေသည်။
"ဟဲ့ ဘာလို့အကြာကြီး စိုက်ကြည့်နေတာလဲ"
"သြော်..အေး"
လူမိသွားသောထွန်းရှည်ခမျာ မျက်နှာကြီးနွေးသွားသည်။
"ငါမေးတာကို အမှန်တိုင်းဖြေရမယ်နော်။"
ထွန်းရှည် ခေါင်းငြိမ့်သည်။
"ဘာလို့အဲ့လိုလုပ်ရတာလဲ။"
"အမ်"
"ဘာလို့ ငါ့ကို အဲ့လိုလုပ်ရတာလဲလို့။"
"ဘာကိုလဲ...သြော် နမ်းတာလား"
"ဟာ အဲ့စာလုံးကြီးခဏခဏမပြောနဲ့။ မျက်နှာပူလွန်းလို့..."
ခိုင်အိ မျက်နှာလေးငုံ့သွားသည်။
"ဘာလို့လုပ်တယ်လို့ ထင်လဲ ခိုင်"
"ဟင်"
ထွန်းရှည်က ခပ်တည်တည်နဲ့မေးလာတော့ သူမက တိုးတိုးလေးအံကြိတ်သံနဲ့ပြန်ဖြေသည်။
"နင်ငါ့ကို နောက်ချင်လို့ လုပ်လိုက်တာမလား။ငါက ခပ်ရိုးရိုးကြီးဆိုပြီး အပျော်သဘောနဲ့ စလိုက်တာမလား။"
"ငါနင့်ကို တခါမှ ရိုးရိုးကြီးလို့မခံစားမိဘူး ခိုင်အိ။
ငါနင့်ကို ကြိုက်နေတာ ကြာလှပြီ။ ငါနယ်ကိုပြန်ရတော့မှာမို့လို့....နင်နဲ့ခွဲရတော့မှာမို့...နင်သိအောင် ပြောပြခဲ့ချင်တာ ဒါပဲ။"
"နယ်..နယ်ပြန်ရမယ်"
ခိုင်အိ အံ့သြသွားသည်။ ထွန်းရှည် နယ်ပြန်မယ့်ကိစ္စမှာ ခိုင်အိအတွက် အခုမှ ကြားဖူးသည်ကိုသူမှတ်မိသွား၍အကြောင်းစုံပြောပြလိုက်သည်။ ဒီလိုကျတော့လည်း သူငယ်ချင်းဖြစ်သူ ထွန်းရှည်နဲ့ခွဲရမည်ဖြစ်၍ ခိုင်လေးမှာစိတ်မကောင်းဖြစ်ရသည်။
"အခုချိန် နင်ငါ့ကို ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာ ငါသိတယ် ခိုင်လေး...ငါနင့်ကို လန့်အောင်လုပ်မိတဲ့အတွက်ငါတောင်းပန်ပါတယ်နော်...ငါ..ငါစိတ်မထိန်းနိုင်လို့ဖြစ်သွားရတာပါ။"
"......."
"နင်မကြိုက်ရင် နောက်ဒါမျိုး ဘယ်တော့မှမလုပ်တော့ဘူးနော်...ငါ့ကို မုန်းတော့မမုန်းလိုက်ပါနဲ့ဟာ..."
ထွန်းရှည် မျက်နှာငယ်လေးနဲ့ ခိုင်လေးကိုကြည့်နေသည်။ ခိုင်လေးကတော့ မျက်နှာတည်ကြီးနဲ့ ဘေးကိုလွှဲထားသည်။
"နော်.....လို့ ခိုင်လေး....."
ခွေးပေါက်မျက်လုံးများနှင့်ငေးကြည့်နေသောကြောင့်ထွန်းရှည်ကိုကြည့်ပြီး ရယ်ချင်လာသည်။
"တော်ပါတော့...နင့်ရုပ်ကြီးနဲ့မှမလိုက်"
"နော့ နော် နော်"
ရူးသလိုပေါသလိုနှင့် မျက်နှာကြီးငေါထွက်ပြီး ကလေးမသာလိုလုပ်ပြနေ၍ မထိန်းတဲ့အဆုံး လှစ် ခနဲရယ်မိတော့သည်။
ခိုင်အိရယ်သံတိုးတိုးလေးကြောင့် ထွန်းရှည် အကြီးအကျယ်ပျော်သွားသည်။
ထိုနေ့သည် တလောကလုံးအလွန်လှပနေခဲ့သည်။

ထိုအကြောင်းများကိုပြန်တွေးတော့ ထွန်းရှည် ကားပေါ်ရောက်နေပြီ။ စန္ဒီနဲ့ ကျော်ကျော်ခိုင်တို့က ငိုကြ၍ချော့ခဲ့ရသေးသည်။ သော်တာခွန်းတစ်ကောင်ကတော့ သူ့ကိုစကားတစ်ခွန်းမှ မပြော။ ခိုင်လေးကတော့ ဝမ်းနည်းနေလေ၏။ ထွန်းရှိန်ဝါ သိပ်ချစ်ရတဲ့ သူငယ်ချင်းများအကြောင်းတွေးရင်း မျက်လုံးများမှိတ်ထားလိုက်သည်။ အဝေးပြေးကားကြီးကတော့ ရန်ကုန်မြို့မှ တရွေ့ရွေ့ထွက်ခွာရင်း........။

MJ11 ☘

အဆင်ပြေရင် vote လေး ပေးပေးကြပါဦးနော်။ Vote ​တွေမြင်ရတော့ moti တက်တာပေါ့လို့ 😍

မတော်တဆ 🤍💋❤Where stories live. Discover now