Room 19 (Out of the blue)

344 24 0
                                    

တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသော အိမ်ကလေးထဲသို့ ညနေခင်းနေရောင်ခြည်တချို့ ဖိတ်စင် ဝင်ရောက်လာသည်။ စန္ဒီနိုင်သည် အခန်းထဲတွင် အိပ်မောကျရာက ပူစပ်စပ်ခံစားမှုများနှင့်အတူ နိုးလာခဲ့သည်။ မျက်လုံးများဖွင့်လိုက်တော့ အပြာရောင်အခန်းနံရံကိုအရင်တွေ့ရသည်။ တချိန်ထဲမှာပင် ခံစားလိုက်ရသည်က သူမကိုယ်ပေါ်က လေးလံသလိုခံစားမှုတစ်ခုနှင့် သူမ၏ ဂုတ်နားတွင် ယိမ်းနွဲ့နေသော ဆံနွယ်အထိအတွေ့။ တဖက်ကိုလှည့်လိုက်သောအခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် သော်တာခွန်းကို စန္ဒီတွေ့လိုက်ရသည်။
"ဟင်"
နိုးခါစ မျက်လုံးလေးများ ချက်ချင်းပြူးကျယ်သွားရပြီး အသံမထွက်မိစေရန် စန္ဒီ ကိုယ့်ပါးစပ်ကိုပြန်အုပ်ထားလိုက်ရသည်။
'ဘယ်လိုလုပ်ပြီး...ဒီမှာ လာအိပ်နေတာတုန်း'
အံကြိတ်သံလေးနှင့်ပဲ ပြောရင်း ငုတ်တုတ်ထထိုင်လိုက်သည်။ သူမ အခန်းကိုသေချာကြည့်တော့ ဒါသော်တာ့အခန်းဖြစ်နေ၏။ ပြန်စဥ်းစားလိုက်တော့ ခေါက်ထားသော သော်တာ့အကျီတွေ အခန်းထဲလာထားရင်း ကုတင်ပေါ်တွင် ခဏမှေးနေရင်းက အိပ်ပျော်သွားခြင်းကိုပြန်သတိရသွားသည်။ အကျီလေးတွေက ခေါက်လျက်သားပင် စားပွဲပေါ်တွင်ရှိနေသည်။ သော်တာကတော့ ချာတိတ်ပေါက်စလေးလိုနှစ်ခြိုက်စွာအိပ်မောကျနေဆဲ။
ဖြောင့်စင်းသော နှာတံရှည်မှာ ဘေးစောင်းထားသောမျက်နှာအနေအထားဖြင့် ထင်ရှားနေ၏။ အဲ့ဒီအောက်က မထူမပါး နှုတ်ခမ်းလွှာများကို စန္ဒီ ရုတ်တရက် ကြည့်မိသွားသည်။ ချက်ချင်း ဆိုသလို အတွေးတစ်ခုကြောင့် အရင်တွေးနေသောအတွေးကို ရပ်ပစ်ကာ ကုတင်ပေါ်မှ အသံမထွက်ဘဲဆင်းသွားလေသည်။
သော်တာ နိုးလာတော့ စန္ဒီနိုင် laptop ရှေ့တွင် ထိုင်နေသည်။ သူမ ပစ္စည်းတချို့ကို ခိုင်အိအကူအညီဖြင့် စန္ဒီ့အိမ်ကိုသွားယူပေးနိုင်ခဲ့သည်။ Lockdown ကြောင့် အပြင်ထွက်မရချိန် စန္ဒီနိုင်မှာ သော်တာပေးထားသော အပြာရောင် ရှပ်အပွနှင့် သူမ ကိုယ်ပေါ်က အကျီတစ်ထည်နှင့်သာ စခန်းသွားနေသည်မဟုတ်ပါလား။ အခု အကျီအလုံအလောက်ရှိပြီဖြစ်၍ စန္ဒီ့အကြိုက် Pajama ရောင်စုံလေးတွေသာ ထည်လဲဝတ်နေ၏။ အခုလည်း အဝါရောင် ဝမ်းဆက် Pajama ကိုဝတ်ပြီး ဆံထုံးသေးလေးထုံးကာ မျက်မှန်ကြီးတပ်ပြီး အသည်းအသန် စာရိုက်နေ၏။ သော်တာ အနောက်မှာရပ်နေသည်ပင် သတိမထားမိ။
"ဘာတွေရေးနေတာလဲ။"
"ဟဲ့ ပလုတ်တုတ်!"
စျာန်ဝင်နေစဥ် ရုတ်တရက် အသံပေးလိုက်သောကြောင့် စန္ဒီ လန့်သွားသည်။ ချက်ချင်း laptop ကိုပိတ်ချလိုက်ကာ သော်တာ့ကိုမျက်စောင်းလှမ်းထိုးတော့သည်။
"ဘာမှမဟုတ်ဘူး....ဘာလို့လာချောင်းတာလဲ။"
"ဟောဗျာ....နင်ဘာစာတွေရေးနေလို့ ဒီလောက်တောင် မာန်ဖီနေရတာလဲ။ မဟုတ်မှလွဲရော...adult စာတွေလား..."
"ဟဲ့"
စန္ဒီမ မျက်နှာကြီး ရဲတက်သွားတာကိုကြည့်ပြီး ရယ်ချင်သွားသည်။
"ဘာလဲ...ငါအကောင်းပြောမို့ပါ...adult စာဆို ငါ့လည်းပေးဖတ်လို့ပြောမလို့"
စန္ဒီမျက်လုံးပြူးကာ...
"adult မဟုတ်ဘူး...ဟုတ်လည်း နင့်ပေးမဖတ်ဘူး...အထန်ကောင်ရဲ့"
"အမယ် အထန်ကောင်တဲ့ ငါ့ပဲပြောရသေး....အခုခေတ် လူတိုင်း ဖတ်နေ ရေးနေတာပဲ....နင့်ဟာ ငါဖတ်ပြီးတော့ ဝေဖန်အကြံပေးလို့ရတာပေါ့ဟ..ဒါနဲ့ နင် ထန်မထန်တော့မသိဘူး...မှန်တော့မှန်တယ် သိလား"
"ဘာပြောတယ်....နင် နင်ဘာစကားပြောတာလဲ"
"ဘာလဲ...နင် အရက်သောက်ရင် အမြဲမူးပြီးမှန် နေတာပြောတာလေ..ဒုက္ခပဲ"
ပြောင်ချော်ချော်မျက်နှာပေးနဲ့ သော်တာခွန်းကြောင့် သူမ စိတ်တွေတအားတိုနေ၏။ သူမ မခံချင်အောင် တမင်လုပ်နေခြင်း။
"ဒီမှာ ငါ့ဟာငါ ထန်ထန် မှန်မှန် နင့်သောက်ပူ မပါဘူး...ဆရာကြီးလေသံနဲ့ လာမပြောနဲ့"
သော်တာခွန်းက မကြားသလိုလုပ်ကာ ဖုန်းထိုင်ပွတ်နေ၏။ ထိုစဥ်.....
"တီးတောင်....တီးတောင် တီးတောင်"
ဘဲလ်တီးသံကြောင့် သူတို့အချင်းချင်းအကြည့်ချင်းဆုံသွားသည်။ စန္ဒီနိုင် ဒီအိမ်ရောက်ကတည်းက ဘယ်သူမှ မလာကြသလို လာလည်းမလာရဲကြ။ ပိုးတွေ့လူနာ ရှိသော တိုက်ဖြစ်၍ အကုန်လုံး ဝေါင်ဝေါင်ရှေးကြသည်။ အပြင်ထွက်မရတာလည်းပါ၏။ အခုလို ည ၇ နာရီ ထိုးခါနီး ဘဲလ်တီးလာ၍ နှစ်ယောက်လုံး အံ့သြနေသည်။
သော်တာခွန်း တံခါးသွားဖွင့်မယ်လုပ်တော့ စန္ဒီနိုင် အကျီစကိုလှမ်းဆွဲလိုက်သည်။
"ဟဲ့ ရမ်းမဖွင့်နဲ့ဦး...ဘယ်သူမှန်းမသိပဲနဲ့"
သော်တာက မျက်မှောင်ကြုံ့၍....
"ဘယ်သူမှန်းမသိလို့သွားဖွင့်မှာလေဟာ..."
"အကုန်မဖွင့်နဲ့နော်...တော်ကြာ ငါ့အမေဖြစ်နေရင် သေပြီ"
"ဒါဆိုလဲ အနောက်မှာနေ....အန်တီဆိုတာနဲ့ နင်အခန်းထဲပြေး...."
စန္ဒီ စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြသည်။ သော်တာလည်း သူမပြောမှ စိတ်လှုပ်ရှားမိသွားသည်။ တကယ်လည်းဒီပုံစံနဲ့ သူတို့ကိုတွေ့သွားရင် အဆင်ပြေမည်မဟုတ်။ သော်တာ စိတ်ကိုပြန်ထိန်းကာ တံခါးကိုဖြည်းဖြည်းဖွင့်လိုက်သော် တွေ့လိုက်ရသည်ကား.....
"ဟမ်...ကျော..ကျော်ကြီး...မင်းက ဒီအချိန်ကြီး ဘာလာ..."
ကျော်ကြီးကြည့်ရတာ အလျင်စလိုနှင့်....
"နောက်မှမေး ဟျောင့် ငါ့အထဲပေးဝင်ဦးဟ"
"အော် အေးအေး"
သော်တာလည်းအူကြောင်ကြောင်နဲ့တံခါးဖွင့်ပေးလိုက်သည်။ ကျော်ကြီးမှန်းသိတော့ စန္ဒီလည်း ရှေ့ထွက်လာခဲ့သည်။ ကျော်ကြီးမှာ အိမ်ထဲရောက်သည်နှင့် ရေခဲသေတ္တာထဲက ရေတစ်ဘူးယူကာမော့ပစ်လိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ပဲ ဆိုဖာပေါ်လာထိုင်၏။ သော်တာနှင့်စန္ဒီတို့နှစ်ယောက်စလုံး ကျော်ကြီးကို နားမလည်စွာနဲ့လက်ပိုက်ကြည့်နေကြ၏။
ထို့နောက် သူတို့နှစ်ဦးလုံး ကျော်ကြီးဘေးတွင်ထိုင်ချလိုက်သည်။
"ကျော်ကြီး..."
"ဝေ့"
"နင်ဘာဖြစ်လာတာလဲဟင်...နင်မဟုတ်တာတစ်ခုခုလုပ်လာတယ်မလား"
စန္ဒီနိုင့်အ​ပြောကိုသဘောကျစွာပြုံးလိုက်သည်။
"မဟုတ်တာလုပ်လာတာထက်...လုပ်သင့်တာကိုလုပ်ပြီးပြန်လာတာ"
"အမ်....ဘာများပါလိမ့်...မင်းရဲ့လုပ်သင့်တာက..."
သူတို့နှစ်ယောက်လုံး စိတ်ဝင်စားသွားရသည်။ သိချင်စိတ်တွေနှင့်အတူ ကျော်ကြီးအဖြေကိုနားစွင့်နေကြသည်။
"မိန်းမ သွားခိုးပေးလာတာ"
"ဟင်...ဘယ်သူလဲ...နင်...နင်လား"
စန္ဒီနိုင် မျက်လုံးလေးပြူးပြောတော့ ကျော်ကြီးက မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။
"ငါ့ဟာဆို နင်တို့အိမ်လာမလား....တနေရာဒိုးမှာပေါ့"
"ဟုတ်သားပဲ... ဒါဖြင့် ဘယ်သူ့မိန်းမသွားခိုးပေးတာတုန်း"
"ဟိုကောင် ထွန်းရှည်ပေါ့"
"ဘာ!"
နှစ်ယောက်လုံးရဲ့ ဟိန်းသံကြီးမှာ  ကျော်ကျော်ခိုင်နှင့် တခန်းလုံးသာမက အပြင်ဝရန်တာက အပင်တွေပါ တုန်လှုပ်သွားစေနိုင်၏။ မီးဝင်းဝင်းတောက်နေသော စန္ဒီနိုင်၏ မီးတောက်အကြည့်များကို ကျော်ကြီးစတင်ခံစားနေရပြီဖြစ်သည်။ တချိန်ထဲမှာပဲ လေကဲ့သို့မြန်သည့်အရှိန်ဖြင့် အားပါသော လက်သီးဆုပ်မှာ ကျော်ကြီးပါးပေါ်သို့
ဝှစ် ခနဲ.....
"ခွပ်"
"အွတ်"
"ဒီ မအေပေး ခွေးသား က သူ့ညီမတစ်ယောက်လုံးကို လင်နောက်လိုက်ဖို့ စရိတ်ငြိမ်းကူလိုက်တာကို...ဘာ...လုပ်သင့်တာကို လုပ်လိုက်တယ်ဟလား..."
"နေနေ....စန်....စန္ဒီ...ငါပြောတာနား...."
"ထောင်စရာလား...ဟမ်...ညီမ လင်နောက်လိုက်ဖို့ အစ်ကိုက ကူညီပေးတယ်တဲ့...ဟင် ကြားလို့မှကောင်းသေးရဲ့လား...ဟမ် နင်ကြားကောင်းနေလား...ကျော်ကျော်ခိုင်"
စန္ဒီနိုင်ဒေါသများမှာ ချော်ရည် တပွမ်းပွမ်းနဲ့ ဆူပွတ်နေသည့် မီးတောင်ကြီးအလား အထွဋ်အထိပ်ကိုရောက်ရှိနေလေပြီ။ အကြောင်းသိသော သော်တာခွန်းကတော့ စန္ဒီ့လည်းမဆွဲ ကျော်ကြီးလည်းမကူဘဲ လက်ပိုက်ကြည့်နေ၏။ စိတ်ထဲမှာတော့ ကျော်ကြီးကို စိတ်တိုနေမိသည်။
စန္ဒီ ဗျင်းသမျှ လှိမ့်ခံနေရသော ကိုကြီးကျော်မှာ ဘာမှမတတ်နိုင်ဘဲ လှည့်ခံနေရသည်။ သို့ပေမယ့် ဘယ်လိုမှ ဆက်ငြိမ်လို့မဖြစ်တဲ့အခါ စန္ဒီ့လက်သီးဆုပ်တွေကို သူ့လက်ဝါးများဖြင့် တားဆီးလိုက်ရသည်။
"တော်ပါတော့ဟာ...ငါလည်းငါ့ညီမကို နှမြောတာပေါ့...ဒါမယ့် ဒီကောင်တွေတွဲတာကြာနေပြီလေ"
"ဟဲ့ တွဲလို့ကြာနေလို့....ပိုစိတ်တိုတာလေ
မိဘတွေရော အပေါင်းအသင်းတွေရော အကုန်လုံး သိနေတာကို ဒင်းတို့က မစောင့်နိုင်ကြတော့ဘူးလား...တော်တော်ဖြစ်နေကြလား...တောက်! ငါလေ...ငါသေ သာသေလိုက်ချင်တယ် သိလား....သေသာသေလိုက်ချင်တော့တယ်ဟာ...အီး...ဟီးဟီး.."
စန္ဒီ ဒေါသတွေထွက်ပြီး အားကုန်ခမ်းကာ ထိုင်ငိုနေတော့သည်။ သူငယ်ချင်းတွေကို စိတ်ရောကိုယ်ပါ ချစ်တတ်တဲ့သူမရဲ့ ရင်ထဲက ခံစားချက်တွေကို မသိသူများကတော့ အပိုတွေဟု ထင်ကောင်းထင်နိုင်မည်။ သော်တာနှင့်ကျော်ကြီးတို့တော့ ငယ်ငယ်ထဲက ခိုင်အိအပေါ်ထားတဲ့ သူမရဲ့ အချစ်ကိုနားလည်ပြီးသားမို့ ဘာမှမပြောသာ။ အခုလိုဒေါသထွက်မိတာလည်း သူမကို ဘာမှမပြောဘဲ လုပ်သွားသည်ထက် နှစ်ဖက်မိဘများကပါ သဘောတူကြည်ဖြူထားတဲ့ကြားမှ ခိုးပြေးသွားသည်ဆိုတာ ဘယ်လိုမှ မဖြစ်သင့် မလုပ်သင့်လို့ပဲ စန္ဒီနိုင်မြင်သည်။
သော်တာခွန်းလည်း စန္ဒီ့ခံစားချက်ကိုနားလည်ပေးနိုင်သည်။ သူငယ်ချင်းတွေကို စိတ်တိုနှမြောစိတ်နှင့် မျက်ရည်ကျနေသည့် သူမကိုသာ ဘေးကနေ အားပေးနှစ်သိမ့်နေလိုက်သည်။
ကျော်ကျော်ခိုင်ကတော့ ထိုသို့မတွေး။ အစ်ကိုတစ်ယောက်အနေနဲ့ရော သူငယ်ချင်းတစ်ယောက်အနေနဲ့ပါ သူလုပ်ပေးနိုင်တာကို အဆင်ပြေအောင်ကြည့်ကောင်းအောင် စီမံပေးလိုက်နိုင်၍ နောင်တမရခဲ့။ သို့ပေမယ့် မိန်းကလေးချင်းမို့ သူ့ညီမ ခိုင်အိကို နှမြောနေတဲ့ သူငယ်ချင်း စန္ဒီ၏စိတ်ကိုလည်း ကောင်းကောင်းနားလည်ပါသည်။ တကယ်တော့ ဒီကိုမလာခင်ကတည်းက စန္ဒီ့လက်စာမိမယ်ဆိုတာပါထည့်တွေးထားပြီးသားဖြစ်၏။
"ကဲ စန္ဒီနိုင်...နင့်စိတ်ကိုခဏလေး လျှော့ပြီးငါပြောတာကိုဆုံးအောင်နားထောင်..နော်..."
".........."
"တကယ်တော့ ထွန်းရှည်နဲ့ခိုင်အိက မဂ်လာဆောင်ဖို့ ခန်းမတွေကအစ ဘွတ်ကင်ယူထားပြီးသား...အခု အကုန်လုံး ကိုဗစ်ကြောင့် အကုန်ကမောက်ကမတွေဖြစ်ကုန်တော့ အဲ့နှစ်ယောက်တိုင်ပတ်ကော"
"တိုင်ပတ်ရုံမက တိုင်ပဲဖတ်ရဖတ်ရ စောင့်လို့မရဘူးလား...စွန့်စွန့်စားစား ခိုးပြေးရအောင် ၂၀ပတ်လည်ချာတိတ်တွေလား မနက်ဖြန် သဘက်ခါပဲ ၃၀ပြည့်ပြီ...နည်းပါး ခေါင်းမသုံးကြတော့ဘူးလား"
ကျော်ကျော်ခိုင် စိတ်ကိုဆွဲဆန့်ကာ....
"နင်က သူတို့ပဲအပြစ်ပြောလို့မရဘူး...ငါပြောတာနားထောင်...နင်ခိုင်အိ အဒေါ်ကိုသိတယ်မလား"
"အမ်း"
"အေး..ငါ့အမျိုးအကြောင်းမကောင်းပြောရတာတော့ သိပ်အဆင်မပြေဘူး။ အဲ့အပျိုကြီးက...ထွန်းရှည်နဲ့စတွဲကတည်းက ထွန်းရှည်ကို သဘောကျတာမဟုတ်ဘူး။ အခုလည်း သူသဘောတူတဲ့ နယ်ကကောင်ကိုမရွေးဘဲ သူသဘောမကျတဲ့ ထွန်းရှည်ကိုယူမယ်ဆိုတော့ ဘဝင်မကျဖြစ်နေတာ...အခု ဟိုကောင်တွေက အကုန်စီစဥ်ထားပြီးလို့ အေးဆေးနေနေတာကို သူက ဟိုနယ်ကကောင် အိမ်ခေါ်လာတယ်လေ.."
"အမ်"
"ငနဲကလည်း ပိုင်ပြီဆိုပြီး အတင်းတွေဝင်လုံးနေတာ ဒီကိုဗစ်ကာလကြီးကို နယ်မှာက ကိုဗစ်က ဘယ်သူမှမဖြစ်တော့ ခိုင်အိတို့တမိသားစုလုံးကို သူ့အိမ်ခေါ်ပြီး သူ့ယောက္ခမတွေလို ဆက်ဆံနေတာဟေ့" 
"ခိုင်အိမိဘတွေက မသိကြဘူးလား"
"သိတာပေါ့...ဒါမယ့် ငယ်ကြောက်လေ...ခိုင်အိတို့အဖွားဆုံးကတည်းက အမေလိုမျိုး မောင်နှမတွေအကုန်လုံး ထိန်းကျောင်းခဲ့တာဆိုတော့ တော်ရုံမလှန်ရဲကြဘူး။ အိမ်ထောင်ကျတာပဲ ကံကောင်း..."
ကျော်ကျော်ခိုင်ပြောမှ ငယ်ငယ်တုန်းက သူတို့ကို မျက်စိဆံပင်မွှေးစူးနေခဲ့သော ထိုအပျိုကြီးမျက်နှာကိုသတိရသွားသည်။
"ကြာတော့ စကားတွေလွန်သလိုဖြစ်လာရော...ဟိုငနဲက ငါ့အဒေါ်ကိုအပီကပ်ပြီး ဖိတ်စာတစ်ခြမ်းရိုက်နေတော့ ခိုင်အိမိဘတွေလည်း အကြပ်တွေ့ ထွန်းရှည်နဲ့ခိုင်အိလည်း စကားများရန်ဖြစ်ကြတယ်။"
"ငါ ခိုင်နဲ့တနေ့ကပဲဖုန်းပြောဖြစ်သေးတာ အဆင်ပြေကြသလားလို့"
"နင်လည်းနင့်အပူနဲ့ဆိုတော့ မပြောဖြစ်တာနေမယ်...ထွန်းရှည်လည်း နယ်ကနေ ဒီကိုမလာနိုင် အသည်းတွေကွဲနဲ့...ငါ့ကိုရင်လာဖွင့်မှ ငါသိရတာ"
"ဟာ ဒီကောင် ငါ့ကိုဘာလို့ ဘာမှမပြောရတာလဲ။ ခိုင်ကရော ဘာမှမပြောဘူးလား..."
"ငါ့ညီမကတော့ သူ့လိပ်ပြာသူလုံတယ် ဘာညာပေါ့ကွာ...သူထွန်းရှည်က မယုံဘူးဆိုပြီး အထင်လွဲနေတာ"
"ဒါနဲ့ သူတို့ခိုးပြေးတာ အန်တီတို့သိလား"
"သိတယ်"
"ဟင်...ဒါဆို အခု အဲ့အိမ်မှာ မိုးမီးလောင်နေပြီပေါ့"
"အေး..လောင်တယ် ဒါမယ့် ငါ့အဒေါ်ပဲကွက်လောင်နေတာလေ..အကြီးအကျယ်ပဲ ဟားဟား..."
သဘောကျပြီးရယ်နေသော သကောင့်သားကို စန္ဒီတို့နားမလည်နိုင်။
"မင်းဟာကလည်း မဟုတ်သေးဘူး.....ဦးနဲ့အန်တီက ဘာမှမဖြစ်ကြဘူးလားဟ"
"အော်..မဖြစ်ဆို သူတို့ကိုယ်တိုင် ထွန်းရှည်ကိုလာခိုးခိုင်းတာလေကွာ"
"ဘယ်လို!" "ပြီးတာပဲ!"
သော်တာခွန်း သဘောကျပြီး ဟက် ခနဲရယ်လိုက်သည်။ စန္ဒီနိုင်ကမူ အူတူတူနှင့်....။
"အခု ဘယ်မှာလဲ"
"ငါ့အိမ်မှာလေ"
"ဟင်...အဲ့တော့ မင်းက ဘယ်မှာအိပ်မှာတုန်း"
"ဒီမှာ အိပ်မှာပေါ့...အိပ်ဖို့လာတာကို...ဘာလဲ မင်းကငါနဲ့ အတူမအိပ်ချင်ဘူးလား"
"ဟ..."
"မအိပ်ချင်ရတယ်နော်...ငါစန္ဒီနဲ့ သွားအိပ်မှာ"
"ဘာ!"
သော်တာ့အသံကြောင့် ကျော်ကြီးလန့်သွားသည်။
ထို့နောက် မျက်လုံးကြီးပြူး၍...
"အိပ်စရာလားကွ...မင်း ဘာစကားပြောတာလဲ။"
"ဟျောင့် အိပ်မလားကွ....နောက်နေတာလေဟာ...စန္ဒီ က ဘာမှမဖြစ်ဘူး မင်းကဘာဖြစ်နေတာလဲ။"
"အေ့လေ...သူနောက်တာ ငါတောင်သိတယ်..."
သော်တာ နည်းနည်းတော့ရှက်သွားသည်။ ချက်ချင်း ပြန်ထိန်းကာ...
"မင်းကအတည်ပေါက်ကြီးပြောနေတာကိုး"
"အတည်​ပေါက်ကြီးဆို အဲ့ကောင် ဒီလိုထိုင်နေတာတောင်နင်တွေ့ရမှာမဟုတ်ဘူး..အသက်ပျောက်နေပြီ။"
ကျော်ကြီးက မျက်ခုံးတွန့်ပြသည်။
"ဒါနဲ့ နင်က စိတ်ဆိုးသေးလား ဟိုနှစ်ယောက်ကို"
စန္ဒီ သက်ပြင်းသာချမိသည်။
"ငါစိတ်ဆိုးတော့ရော..ဘာတတ်နိုင်မှာလဲဟာ...ငါထွန်းရှည်ရော ခိုင့်ကိုပါ ချစ်ပါတယ်။ အခုလို ငါဒေါသထွက်မိ ပြောမိတာလည်း သူတို့နှစ်ယောက်ကို ပတ်ဝန်းကျင်က အတင်းပြောဝေဖန်တာတွေကြားရင် ငါခံနိုင်မှာမဟုတ်ဘူး သိလား"
"အာ့တော့ နင်ဘာမှမပူနဲ့ ငယ်ချင်း...နင်ပြောသလို လူသိရှင်ကြား အရှက်ကွဲမှာတော့ လုံးဝမဖြစ်စေရဘူး...အဲ့လိုမဖြစ်အောင် ငါအားလုံးစီစဥ်ထားတယ်။ မနက်ဖြန်မနက် ရုံးတက်လက်မှတ်ထိုးကြလိမ့်မယ်...နင်နဲ့သော်တာ က အသိသက်သေနေရာကထိုးပေး...အဓိကကလက်မှတ်ထိုးလိုက်ရင် ပြီးပြီပဲ။"
"မင်းပြောတာ ဟုတ်တယ်...တရားဝင်လက်မှတ်ထိုးလိုက်ရင် မင်းအဒေါ်ခွဲလို့မရတော့ဘူး။ နောက်မှ အေးဆေး မဂ်လာပွဲလုပ်ရုံပဲ။"
စန္ဒီနိုင် သက်ပြင်းနောက်တစ်ကြိမ်ချလိုက်တော့သည်။ ဒီတခါတော့ သူမအတွက်ဖြစ်သည်။
x
"ခိုင်"
သူ့ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ အခန်းဝတွင် မတ်တပ်ရပ်နေသည်ကိုတွေ့ရသည်။ ဗြုန်းစားကြီး ခေါ်ရာလိုက်ခဲ့ရ၍ ကျေနပ်တာမဟုတ်။ ဒီကြားထဲ အဆက်အသွယ်ဖြတ်ထားသောကြောင့် ထွန်းရှိန်ဝါကို စိတ်တိုနေဆဲဖြစ်သည်။
"ကိုယ်...ဝင်လာခဲ့မယ်နော်"
ထွန်းရှိန်ဝါ ခိုင်အိဘေးတွင် ဝင်ထိုင်တော့ သူမက ဟိုဘက်ရွှေ့ထိုင်လိုက်သည်။ မျက်နှာကို နံရံဘက်ပေးထား၍ သူကြည့်လို့မရ။
ဘာမှမပြောဘဲ ခေါ်လာခဲ့မိ၍ ချစ်သူစိတ်ဆိုးနေမည်​ကို ကောင်းကောင်းကြီးသိနေသည်။ သို့ပေမယ့် ဖြစ်လာမယ့်အခြေအနေတွေကို ကြို​မြင်ပြီး မတတ်သာ၍ စီစဥ်လိုက်ရခြင်းမဟုတ်ပါလား။
"ကိုယ်တောင်းပန်ပါတယ် ခိုင်အိ....ကိုယ်စိတ်ထင်ရာ လျှောက်လုပ်သလိုဖြစ်သွားတယ်ထင်တယ်...ခိုင် ကိုယ့်ကိုစိတ်ဆိုးနေတုန်းပဲဆိုတာ ကိုယ်သိတယ်"
"........"
"ကိုယ်တို့တဖြည်းဖြည်းနဲ့ ဝေးရမှာကို တွေးရင်းကိုယ်ကြောက်လာတယ်..ကိုယ်နေနိုင်မှာမဟုတ်ဘူး...အာ့ကြောင့် ကျော်ကြီးနဲ့တိုင်ပင်ပြီး အခုလို လုပ်လိုက်ရတာ"
ခိုင်အိ စကားတစ်ခွန်းမှမပြောဘဲငြိမ်နေ၏။ ထွန်းရှိန်ဝါ သူမကိုကြည့်တော့ ဘာပြောပြော လက်ခံမယ့်ပုံမပေါ်။ သူ့ကြောင့် ပိုစိတ်ညစ်နေရမည်ကိုစိုး၍ အခန်းထဲက ထွက်ရန်ထရပ်လိုက်တော့သည်။
"ကို ခိုင့်ကို တကယ်ရောချစ်ရဲ့လားဟင်"
သူမစကားသံကြောင့် ထွန်းရှိန်ဝါ ချက်ချင်းလှည့်ကြည့်မိသည်။
"ဘယ်လိုမေးလိုက်တာလဲ ခိုင်ရယ်...ကိုယ်....ကိုယ်ခိုင့်ကို ချစ်လွန်းလို့ အခုလို..."
"ဒါဆို ဘာလို့ ခိုင့်ကိုမယုံကြည်ရတာလဲ။ ခိုင့်အချစ်ကို ဘာလို့မယုံရတာလဲဟင်..."
မျက်ရည်လေးဝေ့လာသော သူမမျက်ဝန်းကိုကြည့်ရင်း ဝမ်းနည်းသွားရသည်။ ထွန်းရှိန်ဝါ သူမရှေ့တွင်ဒူးထောက်ထိုင်ချလိုက်သည်။
"ခိုင့်ကို ကိုယ်ယုံတယ်။ ဒါမယ့် ကံကြမ္မာကို မယုံဘူး...ကိုယ်တို့ လက်ထက်ဖို့အားလုံးစီစဥ်ထားတာတောင်မှ ကိုယ်တို့ကိုခွဲမယ့်သူပေါ်လာခဲ့တယ်မဟုတ်လား...တကယ်လို့ ကိုယ်တို့ဝေးသွားရင် ဘယ်လိုလုပ်မလဲ...ကိုယ် ဘာဖြစ်ပြီးကျန်ခဲ့မလဲ ခိုင်တွေးမိသလားဟင်"
မျက်ရည်များနှင့်အတူ ဒူးထောက်နေသော သူ့ကိုသေချာကြည့်နေမိသည်။ တကယ်ဆို သူသာ ခိုင့်ကိုတကယ်ယုံတယ်ဆိုရင် အခုလို လုပ်ဖို့မလိုပေ။
"ကို အဲ့လိုပြောထဲကိုက ခိုင့်ကိုမယုံတာပဲ...ခိုင်က အဲ့လို ခဏလေးနဲ့ စိတ်ယိုင်မှာတဲ့လား...မနေ့တနေ့ကမှ မြင်ဖူးတဲ့ယောကျာ်းတစ်ယောက်ကို စွဲပြီး ကိုယ်နဲ့ နှစ်ပေါက်အောင်ချစ်လာတဲ့သူကို ထားပစ်ခဲ့မှာတဲ့လား..."
"ကိုယ်ပြောပြီးပြီလေ..ခိုင့်ကိုယုံတယ်လို့"
"အာ့ဆိုဘာလို့ ခိုးပြေးလဲ"
"ခိုင့်ကို ဆုံးရှုံးမှာစိုးလို့...ခိုင်နဲ့မခွဲနိုင်လို့ပေါ့...ပြီးတော့...ခိုင့်မိဘတွေကလည်း လာခိုးလို့ရတယ်ဆိုလို့..."
"ဘာ!"
ခိုင်အိ မျက်လုံးကြီးပြူး၍ ဆွံ့အသွားသည်။
"ပေါက်ကရတွေ"
"တကယ်ပြောတာ...ခိုင့်မိဘတွေက ခိုင့်အဒေါ်  သူသဘောတူတဲ့သူနဲ့ ပေးစားချင်လို့ လျှောက်လုပ်နေတာကို သဘောမကျဘူး။ ခိုင့်အဖေက သူ့အစ်မကို မပြောသာဘူးလေ ပိုဆိုးလာရင် ကိုယ်တို့စီစဥ်ထားတာတွေအကုန်ပျက်ကုန်မှာ...ခိုင့်ကို ကိုယ်နဲ့ပဲစိတ်ချတယ် သူ့သမီးလေး မချစ်တဲ့သူနဲ့ တသက်လုံးပေါင်းရမှာကို မကြည့်ရက်ဘူးတဲ့...အဲ့ဒါနဲ့ ကိုယ်နဲ့ကျော်ကြီးနဲ့ ပေါင်းပြီး လုပ်လိုက်တာ"
ခိုင်အိ အခုထိ မယုံချင်​သေးပါ။
"ကိုယ့်ကို ခိုင်စိတ်ပျက်သွားမယ်ဆိုတာ သိတယ်။ ခိုင့်ကိုမိသားဖသားပီပီ ကိုယ်လာတောင်းရမ်းဖို့ စိတ်ကူးလာခဲ့တာ...ဒါမယ့် အခြေအနေက မပေးတော့ အခုလို ခိုးပြေးရတဲ့အဖြစ် ဖြစ်သွားရတယ်...ခိုင့်​ကို မယုံလို့မဟုတ်ပါဘူး ခိုင်ရယ်"
မျက်ရည်တွေနဲ့သူ့မျက်နှာစွန်းနှစ်ဖက်ကိုကိုင်မော့လိုက်ပြီး စိုက်ကြည့်နေမိသည်။
"ကိုယ်ခိုင့်ကို စချစ်ကတည်းက အကောင်းဆုံးတွေပဲ ပေးချင်ခဲ့တဲ့ကောင်ပါ။ ခိုင် ကိုယ့်ကို စိတ်ပျက်သွားမှာ မုန်းသွားမှာကို အကြောက်ဆုံးပဲ...ကိုယ့်ကို မမုန်းလိုက်ပါနဲ့နော်..."
သူငယ်ချင်းဘဝထဲက ချစ်လာခဲ့ရသည့် ထိုလူသည် သူမ၏ အချစ်ဦး ရည်းစားဦးဖြစ်သလို၊ သူမသည်လည်း သူ၏ အချစ်ဦး ရည်းစားဦးဖြစ်သည်။ သမီးရည်းစားဘဝရောက်တော့လည်း သူမကို အလိုလိုက် ချစ်ခင်ပေးဆဲ။ သူ့ကြောင့် သူမဘဝလေး လုံခြုံနေခဲ့ရသည်။ အမှတ်တရတွေအများကြီး ပိုင်ဆိုင်ဖြတ်သန်းဖူးပြီ။ တခါတလေ သူမကပင် အနိုင်ကျင့်သလိုဖြစ်မိတဲ့အထိ ထွန်းရှိန်ဝါကို ပြန်သနားမိရသည်။
အခုလို ရုတ်တရက် ဖြစ်လာသည့် ဆုံးဖြတ်ချက်တစ်ခုသည် လုံးဝမှားသည်ဟုမဆိုနိုင်သလို မှန်ကန်တဲ့လုပ်ရပ်မျိုးတော့မဟုတ်။ သို့ပေမယ့် အချိန်အကြာကြီး သူမ မစဥ်းစားချင်တော့။ သူမ သူ့ကိုချစ်သည်။ ထို့ကြောင့် သူ့ကို စိတ်ဆိုးတာထက် ပိုချစ်မိလာတော့သည်။ သူမကိုဆုံးရှုံးရမှာကြောက်သလိုပဲ သူနဲ့ဝေးရမှာကို ခိုင်အိ ကြောက်ပါသည်။
ထွန်းရှိန်ဝါ၏ ညင်သာသော အနမ်းပွင့်တို့က ခိုင်အိ မျက်နှာပေါ်တွင် ကူးလူးယှက်ပြေးနေသည်။ ​သူမနှုတ်ခမ်းဖူးငုံကို တပ်မက်စွာ နမ်းရှိုက်လာသည့်အခါ ခိုင်အိလည်း မက်မောစွာ တုံ့ပြန်နေမိသည်။ သူ့အကျီ ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်တဲ့အခါ အကြည့်စူးစူးတို့က သူမမျက်ဝန်းတွေဆီရောက်လာသည်။
အပေါ်ပိုင်းဗလာကျင်းသွားသော သူ့ခန္ဓာကိုယ်မှာ တောင့်တင်းပြီး ဆွဲဆောင်မှုအားကောင်းနေ၏။ သူမ၏ ခန္ဓာကိုယ်ပေါ်က နောက်ဆုံးအဝတ်ကို ချွတ်ပစ်လိုက်တဲ့အခါမှာတော့ ကြီးမားသော သူ့ခန္ဓာကိုယ်က သူမကိုအုပ်မိုးထားလိုက်တော့သည်။
နူးညံ့၍ ထိရှလွယ်သော အစိတ်အပိုင်းတချို့ကို နယ်​ကျော်လာသူ ထွန်းရှိန်ဝါမှာ ချုပ်ထိန်းနိုင်အား ပိုကျဆင်းလာ၏။ ပြင်းပြသည့်အနမ်းတို့နှင့်အတူ အခန်းလေးထဲတွင် သူတို့နှစ်ယောက်ထဲ အရှိန်တင်ကာ ခုတ်မောင်းနေကြသည်။
"ခိုင်..."
ဦးဆောင် ခုတ်မောင်းနေသော ထွန်းရှိန်ဝါ၏ ချွေးစက်တို့မှာ သူမပေါ်သို့ ဖိတ်စင်လာသည်။ တချိန်ထဲမှာပဲ ဖော်ပြရခက်သော ခံစားမှုတို့မှာ နိမ့်သွားလိုက် မြင့်လာလိုက်နှင့် ခိုင်အိကို မိန်းမောစေသည်။ သူတို့နှစ်ဦး ခုတ်မောင်းနေသည့် ရထားကြီးမှာလည်း တဖြည်းဖြည်း ပို၍အရှိန်ပြင်းထန်ကာ တရစပ် ခရီးနှင်နေတော့သည်။ ခန္ဓာကိုယ်အောက်ပိုင်းတို့က အဆက်မပြတ်လှုပ်ရှားနေသလို ခိုင်အိနှုတ်ခမ်းများကိုလည်း အမိအရ နမ်းရှုံ့နေလေ၏။
"အ...ကို..."
ထွန်းရှိန်ဝါ၏ အချစ်ကြမ်းကြမ်းတွေကို သူမကြုံဖူးသည်။ သို့ပေမယ့် လက်ရှိကြုံကြိုက်နေရသည်နှင့်နှိုင်းယှဥ်ဖို့တော့ခက်လိမ့်မည်။ နာကျင်မှုတွေဟာ တချိန်ထဲမှာပဲ သာယာစေသလိုပေါ့။ ဟိုးအမြင့်ကြီးသို့ ပျံတက်သွားခါမှ ဝုန်းခနဲ ပြုတ်ကျသလိုမျိုး အကြိမ်ကြိမ် ခံစားမိရင်း ခိုင်အိတစ်ယော​က် ဒါတွေကို ကျေနပ်စွာ လက်ခံမိနေသည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင်မိတဲ့အခါ ခိုင်အိ သူ့ကိုမကြည့်ဝံ့။ သူ့ကိုသာ အတင်းကုတ်တွယ်ထားရင်း မျက်နှာကွယ်ထားမိသည်။ ရှက်နေသော ချစ်သူလေးကိုကြည့်ရင်း ထွန်းရှိန်ဝါ သဘောကျ၍ ပြုံးမိသည်။
"ရှက်နေတာလား...ဟင်"
သူမ ဘာမှမပြောဘဲ ငြိမ်နေ၏။ တမင်မကြားချင်ယောင်ဆောင်နေမှန်းသိ၍ ထွန်းရှိန်ဝါ ပိုအရှိန်မြှင့်လိုက်သည်။
"ဖြေလေ"
တတ်နိုင်သလောက် အံကြိတ်အသံဖြင့် ခေါင်းခါသည်။
"အဟင့်..ဟင့်အင်း...."
တကယ်တော့ ထွန်းရှိန်ဝါတစ်ယောက်လည်း သူမအသံကြားချင်လို့သာ ညစ်နေတာဖြစ်သည်။ သူမက သူအရှိန်မြှင့်တိုင်း လန့်၍ညှစ်လိုက်တိုင်း သူ့အတွက် အခက်တွေ့ရသည်။ နူးညံ့ပေမယ့် တခါတရံ ခေါင်းမာတတ်သောသူမအကြောင်းကိုသိနေ၍ သူကလည်း အလျှော့မပေးသေးဘဲ ထပ်အရှိန်တင်၏။
"အာ့...အ...ထွန်းရှိန်ဝါ..."
နှုတ်ခမ်းတို့ကိုသာဖိကိုက်ရင်း ကြိတ်ခံနေသောမျက်နှာလေးမှာ သူ့ကိုပိုဆွနေသလိုပင်။ သူလည်း ကြာကြာဆက်ထိန်းထားနိုင်တော့မည်မထင်။
"ချစ်တယ်...ကိုယ်မင်းကို အ..ရမ်း..ချစ်တယ်"
"ခိုင်လည်း ကို့ကို...အာ့..အွန့်"
သူမ ခါးလေးကိုသေချာထိန်းကိုင်ကာ တရစပ် လှုပ်ရှားမှုကြောင့် ခိုင်အိ စကားသံတို့ဆွံ့အသွားရသည်။ တချိန်ထဲမှာပဲ မျက်နှာကိုအသာလှည့်ဆွဲ၍ နမ်းလိုက်ပြီး အသာလှဲချလိုက်သည်။ သို့ပေမယ့် ခန္ဓာချင်းရော နှုတ်ခမ်းချင်းရော လုံးဝကွာဟမသွားခဲ့။ အမြင့်ဆုံးနေရာသို့ နှစ်ယောက်သား တဟုန်ထိုး မနားတမ်းမောင်းနှင်ခဲ့ရာမှ ခိုင်အိရော ထွန်းရှိန်ဝါပါ ကျေနပ်ဖွယ်ခံစားချက်များ ရရှိခဲ့ရသည်။ သူမ၏ ချွေးများစိုရွဲနေသော မျက်နှာလေးမှာ ဖြူဝင်းသည့်အသားရောင်ကြောင့်လား လရောင်ကြောင့်လား...အလင်းမှုန်တို့ကပ်ငြိနေသလိုတောက်ပနေသည်။ မောဟိုက်နွမ်းလျနေတဲ့ အသက်ရှုသံများဟာ သူတို့နှစ်ဦးရဲ့ နှာခေါင်းနဲ့နှုတ်ခမ်းတလျောက် ပြေးလွှားလျက်.....
"ကောင်းလားဟင်"
သူမေးတော့ သူမ မျက်နှာလေးပိုရဲသွားသည်။ သူ့ကို အကြည့်လွှဲတော့ ပူးကပ်နေဆဲ ခန္ဓာကိုယ်နှစ်ခုကို ပိုဖိကပ်လိုက်သည်။
"ဟာ...ဖယ်တော့လေ..."
အတင်းရုန်းထွက်နေသည့်သူမလက်လေးတွေကိုဖမ်းဆုပ်ပြီး သူမြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။ထို့နောက် ​သူမ၏ လည်တိုင်လေးနှင့် နူးညံ့သောအသားစိုင်များတလျောက် နေရာလပ်မကျန် မွှေးကြူလိုက်လေသည်။
"အင်း...ထွန်းရှည် နင်.. "
"ဖြေ...ကောင်းလားလို့"
သူမ မဖြေမချင်း ဆက်လုပ်နေရင် မလွယ်မည့်အနေအထားမို့ သူမ တိုးတိုးလေး ပြန်ပြောလိုက်ရသည်။
"အင်း...."
"ဟင်...ဘာကို အင်းလဲ..ကောင်းတယ်ပြော"
သူဆက်နမ်းနေ၏။
"အဟင်း....ကောင်းတယ်..."
သူမဆီကအဖြေကြောင့် သူကျေနပ်သွားရသည်။
ထို့နောက် သူမပေါ်ကိုအုပ်မိုး၍ အနမ်းမိုးတွေ ဆက်လက်ရွာသွန်းမိသည်။
အဲ့ဒီညက ကောင်းကင်ပေါ်မှ လမင်းကြီးကတော့ တိမ်စိုင်တွေကြား ပုန်းကွယ်နေသည်ထင်၏။

မီးလေးတချက် မှိတ်လိုက်ပါပြီနော် 😆

အခုထိ ဖတ်ရှူပေးသူတွေရော vote ပေးတဲ့သူတွေရော တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

MJ11 🍀

မတော်တဆ 🤍💋❤Where stories live. Discover now