Room 39 (Was it love?!)

410 22 9
                                    

တိုက်အောက်ကို ပြေးဆင်းသော်လည်း သူမကို အစအနပင်ရှာမတွေ့။ အခုမှပင် သော်တာခွန်းမှာ နားမလည်မှုတွေနှင့် စိတ်ပူခြင်းတွေပါ ထပ်ပေါင်း၍ ပိုစိုးရိမ်လို့လာသည်။ လမ်းပေါ်တွင် လူသူမရှိသောကြောင့် လမ်းထိပ်တဖက်စီကိုပင်လှမ်းမြင်ရသည်။ လမ်းသွယ်လေးတွင် တစ်ယောက်ထဲ ရပ်ကာ သူမ၏ အရိပ်ကိုပင် အသည်းအမည်းလိုက်ရှာနေမိသည်။
"စန္ဒီ....စန္ဒီနိုင်....."
စိုးရိမ်ပူပန်မှုမျာဖြင့် သူမ နာမည်လေးကိုရေရွတ်မိသည်။
X
"အဆင်ပြေလား စန္ဒီ....တစ်ယောက်ထဲဖြစ်ရဲ့လား"
သူမ ဖုန်းပြောရင်း ကုတင်ပေါ်တွင်ထိုင်ချလိုက်တော့သည်။
"အင်း...ပြေပါတယ်ဟာ...နင်တို့ရော အိမ်ရောက်ပြီလား"
တဖက်တွင် ခိုင်အိက ကျော်ကြီးဘေးတွင်ထိုင်ရင်း​ စန္ဒီနှင့်ဖုန်းပြောနေသည်။
"အင်း...ခုလေးတင်ရောက်တယ်...နင်အခု ဘယ်လိုနေသေးလဲ သက်သာလား...လည်ချောင်းယားနေပြီလား"
"အင်း...လည်ချောင်းတော့ ယားတယ်ဟ...နှာစေးတော့ နှာတွေမွှန်ပြီး နုံးချင်တယ်...ငါ ပါရာ သောက်ထားတယ် ခိုင်..."
အားပျော့နေသည့် စန္ဒီ့အသံကိုကြားရတာ ခိုင်အိကိုပိုစိတ်ပူစေသည်။
"ငယ်ချင်းရယ်...ငါနင်နဲ့အတူ လာနေပေးမယ်လေ...နင်က အခုဖျားသေးတာမှမဟုတ်တာ ငါလာနေလို့ရပါတယ်..."
ထိုအခါ ဖုန်းထဲကနေ ခပ်ကျယ်ကျယ်အသံလေးထွက်လာကာ....
"အမလေး အစ်မ...ကျမက အခုမဖျားပေမယ့် နောင်ဖျားမှာလေ...ပြီးတော့ နင့်လင် ငါ့သူငယ်ချင်းက နင့်ကိုလွှတ်ပါလိမ့်မယ် အားကြီးကြီး...ငါသေရင်တောင် အနားကပ်မှာမဟုတ်ဘူး ပိုးကူးမှာကြောက်လို့ ဟွန့်"
"ဟဲ့ ဘာစကား​တွေပြောနေတာလဲ ဒီကောင်မလေး"
"ဖွဟဲ့ ဖွဟဲ့...လွဲပါစေ ဖယ်ပါစေ...စန္ဒီ နင်ကလေ...အရမ်းကိုနော်...နင်မပြောရဲတဲ့စကား ဘာရှိလဲ...ဘာကိစ္စနင်က သေရမှာလဲ.."
ကျော်ကြီးတို့မောင်နှမ၏ အဆူအဆဲခံရင်း သူမ ရယ်မိသည်။ အခုလို ဒုက္ခရောက်အခက်တွေ့နေချိန်၊ ပြဿနာတွေအကုန်စုပုံရောက်လာချိန်တိုင်း သူတို့မောင်နှမကို အရင်ပြောပြမိသည်။ နိုင်ငံခြားရောက်နေတုန်းကလည်း လူသာ မရှိပေမယ့် ဘေးမှာရောက်နေသလို အားပေးခဲ့ကြသည်။ ခိုင်အိမှာ သူမ၏ အမွှာညီမဟုဆိုပါက ကျော်ကျော်ခိုင်သည် သူတို့၏ အစ်ကိုကြီးဖြစ်သည်။
အခုလည်း အိမ်ကနေ အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ဆင်းချလာပြီး လက်ထဲတွင် ဖုန်းတစ်လုံးသာပါသောကြောင့် သူတို့အစီအစဥ်ဖြင့် သူမ၏ ကိုယ်ပိုင်အိမ်လေးဆီ ပြန်လည်ခြေချနိုင်ခဲ့သည်။
ခိုင်အိက အတူလာနေဖို့ပြောပေမယ့် သူမကြောင့် ချစ်ရသော သူငယ်ချင်းများ ထိခိုက်နစ်နာမှာကို သေအောင်ကြောက်သည်။ အဲ့ဒီ့အစား ကိုယ်တိုင်ပဲ ခံလိုက်မည်ဆိုသော စိတ်သာရှိသည်။
ဖုန်းပြောပြီးသည့်နောက် သူမအိမ်ကို သေချာကြည့်မိသည်။ မနေဖြစ်သည့် လများအတွင်း ဖုန်တလူလူထနေသည့် အသုံးအဆောင်များ၊ ပရိဘောဂများကိုကြည့်ရင်း သူမ ခပ်ရွဲ့ရွဲ့လေးပြုံးမိသည်။ ဒီအိမ်လေးကို မပြန်ဖြစ်လိုက်သည့် ထိုနေ့က အကြောင်းအရာများပါ မှတ်ဉာဏ်ထဲ၀င်ရောက်လာတဲ့အခါ သူမ ဆက်မတွေးဘဲမေ့ပစ်လိုက်သည်။ ထို့နောက် အခန်းသန့်ရှင်းရေးလုပ်ရန် ပြင်လိုက်တော့သည်။
Ring tone သံကြားတော့ သူမလှည့်ကြည့်လိုက်သောအခါ မကိုင်ဘဲ ဆက်လျှောက်သွားတော့သည်။ ဖုန်းကတော့ အခန်းလေးထဲတွင် ဆက်လက်အော်မြည်နေဆဲ။
X
"ဟာ...တောက်! ဖုန်းလည်းမကိုင်ဘူးကွာ...f**k ပဲ"
ဒေါသထွက်ထွက်နဲ့ ကျိန်ဆဲမိကာ ထိုင်ခုံတွင်ထိုင်ချပစ်လိုက်သည်။ သော်တာခွန်း အိမ်ကထွက်သွားသည့် သူမကို နီးစပ်ရာတွင် လိုက်ရှာခဲ့သည်။ သို့ပေမယ့် အင်မတန် ခြေမြန်လက်မြန်ရှိသူမို့လားမသိ အမြီးပင်ရှာမတွေ့ခဲ့။
Covid ကာလမို့ လမ်းပေါ်တွင် လူသူမရှိသလောက် နည်း၍ လမ်းမပေါ်တွင် အရာအားလုံးကိုအရှင်းသားမြင်နေရသည်။ တနေရာရာတွင်ရှိနေဖို့ဆိုတာလည်း ဘာဆိုင်မှမဖွင့်၍ မဖြစ်နိုင်။ သော်တာ စိတ်ညစ်ညစ်နဲ့ ခေါင်းထိုင်ကုတ်နေတော့သည်။ ထို့နောက် အကြံတစ်ခုရကာ ဖုန်းထုတ်၍ ခိုင်အိကို ဖုန်းဆက်သည်။
"ဟဲလို ခိုင်အိလား ငါသော်တာ"
"သိတယ်လေ ဘာပြောမလို့လဲ"
"ဟို....စန္ဒီ...နင်တို့ဆီမှာလား"
"အမ်...မဟုတ်ပါဘူး...မရှိပါဘူး..."
သော်တာ အကြံအိုက်သွားသည်။ ပုံမှန်ဆို သူတို့နှစ်ယောက် ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ အချင်းချင်းပြောထားတတ်ကြသည်။ အခုတော့ သူမ bestie ကိုယ်တိုင်ပင် မသိဘူးဆို၍ အခက်တွေ့နေလေ၏။
"စန္ဒီ ဘာဖြစ်လို့လဲဟင် သော်တာ..."
"ဘာ ဘာမှမဟုတ်ပါဘူး...သူအိမ်မှာမရှိလို့..ဖုန်းဆက်တာလည်းမကိုင်ဘူးလေ အဲ့ဒါ နင်နဲ့များတွေ့နေလားဆိုပြီး လှမ်းဆက်တာ..."
"အော် ဟုတ်ပါပြီ...အာ့ဆို ဒါပဲနော် သော်တာ"
"အိုကေ အိုကေ"
သော်တာခွန်း စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းရှည်ကြီးတချက် ချမိသည်။
"ဟူး...."
သော်တာခွန်း၏ သက်ပြင်းရှည်သံကြီးကို ကြားပြီး ခိုင်အိ စိတ်မကောင်း နည်းနည်းဖြစ်မိပေမယ့် မတတ်နိုင်ပါ။ စန္ဒီနိုင်၏ အထူးတောင်းဆိုမှုကြောင့် သူမတို့ နှုတ်ဆိတ်နေမည်ဟု ကတိပေးထားပြီးဖြစ်သည်။ ခိုင်အိ တကိုယ်စာစိတ်နဲ့ဆို သူမ သူငယ်ချင်း၏ နှစ်ရှည်လများ အံ့ပုန်းခံစားမှု ပေါက်ကွဲမှုများနှင့်စာရင် သူသက်ပြင်းသံက အစပင်ရှိသေးသည်။ မမြင်နိုင်ပေမယ့် ဖုန်းကိုကြည့်၍ မျက်စောင်းချည်းထိုးမိနေတော့သည်။
"နင့်သက်ပြင်းလောက်ကတော့ စာမဖွဲ့ဘူး သားရေ...ကဲ နည်းနည်းလောက် လောင်လိုက်ပါဥိီး အဟင်းဟင်း...."
"ဘာတွေလောင်နေတာလဲ မိန်းမရဲ့"
"အမ်"
ရုတ်တရက် ယောကျာ်းဖြစ်သူ ထွန်းရှိန်၀ါ ရောက်လာ၍ ခိုင်အိ လန့်သွားသည်။
"ဟင့်အင်း...ဘာမှမလောင်ပါဘူး ယောကျာ်းရဲ့..ဘာလို့လဲ"
ခိုင်အိတစ်ယောက် ထွန်းရှိန်၀ါ မရိပ်မိအောင် မေးခွန်းပြန်ထုတ်လိုက်မိသည်။
"မသိဘူးလေ...မိန်းမပဲ နည်းနည်းလောင်လိုက်ဦးလို့ပြောနေတာလေ..စောနကတင်...မဟုတ်ဘူးလား...ကိုယ်ကြားလိုက်တယ်"
"အော်...မိန်းမ အခုကြည့်နေတဲ့ on going series က လောင်ရတယ်လို့ပြောတာကြားသွားတာနေမယ်...ယောကျာ်းက ကိုယ့်မိန်းမကို သစ္စာမရှိတော့ မိန်းမက အိမ်ပေါ်ကဆင်းပြီး ပြန်ကလဲ့စားချေပစ်တာလေ...အရမ်းမိုက်တယ်သိလား"
အလိမ်ပေါ်ကုန်မည်စိုး၍ ညကတွေ့လိုက်သည့် K drama series တစ်ခုကိုသတိရပြီး ပြောလိုက်သောအခါ ထွန်းရှိန်၀ါ ယုံသွားဟန်တူသည်။ ခိုင်အိမှာ ထိုကျမှ သက်ပြင်းချနိုင်၏။
ထွန်းရှိန်၀ါက ချစ်ဇနီးလေး နံဘေးတွင်ကပ်ထိုင်လိုက်ပြီး ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
"ခိုင်..."
"ဟင်...."
"ကိုယ်တို့ မ date ရတာကြာပြီနော်"
"အင်းနော်...ခိုင်လည်း work from home လုပ်မှ ကိုယ့်ယောကျာ်းနဲ့ကို date ဖို့မအားတော့ဘူးဖြစ်နေပြီ...ဒါနဲ့ ကို က ဘာလုပ်ချင်လို့လဲ"
"အင်း.....ကို ဘာလုပ်ချင်လဲဆိုတာ...ခိုင်သိပါတယ်...."
ပြီတီတီ မသတီစရာအကြည့်ကြီးနှင့် သူမကို သေချာစိုက်ကြည့်နေလာတာမို့ ခိုင်အိ စိတ်ပျက်ကာ နဖူးကို ဆက်ခနဲတောက်လိုက်သည်။
"အ...ခိုင်"
"အဲ့မယ် အားနေ အာ့ပဲစဥ်းစားနေလိုက် သိလား"
"ဟောဗျာ...လင်မယားပါဆို အာ့ပဲတွေးလို့ ဘာတွေးရမှာလဲလို့...ငယ်ငယ်ကလို ထုတ်စည်းထိုးတမ်းဆော့ရမှာလား"
မုန့်မစားရသည့် ကလေးလို ဆူပုတ်ပုတ်နဲ့ပြောနေသော သူ့ကိုကြည့်ရင်း ခိုင်အိ ခစ်ခနဲ ရယ်လိုက်မိသည်။ သူမ၏ လှစ်ပြုံးလေးကိုမြင်ပြီး အသည်းယားလာသဖြင့် လည်တိုင်ကျော့လေးကိုအသာဆွဲယူကာ နှုတ်ခမ်းလေးကို နမ်းလိုက်တော့သည်။ သူ့အနမ်းတွေကို ကျေနပ်စွာခံယူရင်း ရင်ခွင်ထဲခို၀င်နေလိုက်သည်။
"ခိုင် သိလား..."
"ဟင်..."
"ကိုယ်လေ...အခုလို ခိုင်နဲ့လက်ထပ်ပြီးအတူနေ လိမ့်မယ်လို့ တခါမှမတွေးခဲ့မိဘူး"
"ဘာ..."
မတ် ခနဲ ခေါင်းထောင်လာသည့် သူမသည် ထွန်းရှိန်၀ါကို ထူးဆန်းအံ့သြစွာကြည့်နေရင်းက စိတ်တွေပါတိုလာရင်း...
"ဒ ဒါဆို...ကို ကိုက ခိုင့်ကို လက်ထပ်ယူဖို့အထိ တခါမှ တွေးမထားဘူးပေါ့...ခိုင့်ကို အပျော်ကြံခဲ့တာပေါ့...ဟုတ်လား"
သူမစကားများကြောင့် ထွန်းရှိန်၀ါမှာ အကြီးအကျယ် ပြာယာခတ်မိကာ...
"အမလေး...မမလေးရယ်...ဘာစကားတွေပြောနေတာလဲ...ဟောဒီက ဒီကောင်ကြီးကလေ ခင်ဗျားလေးကို ဟိုး...လူပျိုပေါက်စန ဘ၀ထဲက စွဲစွဲလမ်းလမ်းချစ်ခဲ့ရတဲ့ကောင်ပါနော်...သူငယ်ချင်းက အချစ်ဦးမို့ ကြိတ်ချစ်ရတဲ့ကောင်"
"အာ့ဆို ဘာလို့ ယူဖို့အထိ မစဥ်းစားထားရတာလဲလို့...ဘာလို့ အဲ့လိုကြီးပြောတာလဲလို့...အဟင့်"
ပြောရင်း ၀မ်းနည်းပြီး မျက်ရည်ကျလာသူ ချစ်ဇနီးလေးကြောင့် သူ့ခမျာ စိတ်မကောင်းလည်းဖြစ်ရသလို သနားလည်းသနားမိသည်။ သူမ၏ မျက်ရည်များကို ညင်သာစွာသုတ်ပေးရင်း ၀ိုင်းစက်၍ နူးညံ့လှသော မျက်၀န်းတို့ကိုကြည့်ကာ...
"ခိုင်ရယ်...ဘယ်လိုတွေသဘောပေါက်ပြီး ဘယ်လောက်တောင်၀မ်းနည်းသွားရတာလဲ...ဒီမယ်...ကိုပြောတာက လေ...ခိုင့်ကိုမယူချင်လို့ လက်မထပ်ချင်လို့ပြောတာမဟုတ်ဘူး...ခိုင်နဲ့ကိုက ငယ်ငယ်လေးထဲက အတူတူကြီးပြင်း အရွယ်ရောက်လာတဲ့သူတွေလေ...သူငယ်ချင်းသံယောဇဥ်ကနေ အဆင့်တက်ပြီး ခိုင့်ကိုရင်ခုန်မိ ချစ်မိခဲ့တာ...ကို့ကို ခိုင်က ပြန်ချစ်လိမ့်မယ်လို့ ကိုမတွေးရဲခဲ့ဘူး သိရဲ့လား...အခုလို လက်ထပ်နိုင်ဖို့ဆိုတာ မပြောနဲ့...ကိုယ့်ဟာကိုယ် ယုံကြည်ချက်မရှိဘူး ခိုင်ရဲ့..."
ခိုင်အိ ထွန်းရှိန်၀ါပြောသမျှကိုသေချာနားထောင်နေမိသည်။
"ကိုတို့သူငယ်ချင်းအသိုင်းအ၀ိုင်းထဲမှာ မိဘအသိုင်းအ၀ိုင်းထဲမှာရော ခိုင့်ကို တမျိုးမမြင်စေချင်ဘူး အထင်မသေးစေချင်ဘူး...ဒါပေမယ့် ကို့မှာ ခိုင့်ကိုတာ၀န်ယူဖို့ထက် မိသားစု ပုခုံးပြောင်းတာ၀န်ကို စောစောယူလိုက်ရတော့ ခိုင်နဲ့​ေ၀းသွားမှာ သိပ်ကြောက်ခဲ့တယ်။ အဲ့အချိန်မှာ ကို့ကို အားပေးခဲ့တာ သော်တာပဲ...သူနဲ့တွေ့တိုင်း ကို့က်ို လက်မလျှော့လိုက်ဖို့ အမြဲအားပေးခဲ့တာ ခိုင်ရဲ့..."
"သော်တာက...အဲ့လိုပြောခဲ့တာ...ဟုတ်လား....သူပဲ သူငယ်ချင်းအချင်းချင်း မကြိုက်ဘူး မယူဘူး ပိတ်အော်နေတဲ့ကောင်က..."
"အဟက် ဟုတ်ပ...အဲ့ကောင်က ပါးစပ်နဲ့ ရင်ဘတ်က ဆက်နေတာမဟုတ်ဘူး ပြောလိုက်ရင် မကြိုက်ဘူး ဂရုမစိုက်ဘူးလုပ်နေပေမယ့်...မျက်စိအောက်က အပျောက်ခံတဲ့ကောင်မဟုတ်ဘူး...စန္ဒီ့ကိုပဲ ကြည့်...ဘာနေနေ သူ့အကြောင်းတွေချည်းပဲ"
"ဘယ်လို! သော သော်တာက...စန္ဒီ့အကြောင်းပြောတယ် ဟုတ်လို့လား ကိုရယ်...စန္ဒီကို သူဂရုမစိုက်ပါဘူး...သူ့အဆက်ဟောင်းကိုပဲ တမ်းတနေတာမလား...စွမြင်ကတ်တယ် ဟွန့်"
သူမနှုတ်ခမ်းလေးဆူတော့ ထွန်းရှိန်၀ါ သဘောကျစွာရယ်မိသည်။
"အင်း...ခိုင်နဲ့ကျော်ကြီးတို့က အနေ​ေ၀းသွားကြတော့ ကို့လောက် သော်တာ့အကြောင်း ဘယ်သိပါ့မလဲ။ နောက် ကိုတို့က အရင်သိခဲ့ကြတာကိုး...အင်း...ဘယ်လိုပြောရမလဲ ခိုင်ရယ်...တချို့ကိစ္စတွေက ပြောရတာ ခက်ပါတယ်...သော်တာက ကို့လို မပွင့်လင်းတဲ့ အကျင့်စရိုက်မို့လို့လားမသိ...သူခံစားရတာကို ထုတ်ပြောတာရှားတယ်။ ဒါမယ့် က်ိုတို့ယောကျာ်းလေးတွေချည်းတွေ့ကြ သောက်ကြရင် ပြောသမျှက သူနဲ့စန္ဒီ့အကြောင်းတွေချည်းပဲ...လုံး၀ ခေါင်းစိုက်သွားမှ ငြိမ်သွားတာ...စန္ဒီ့ကို ချစ်လား မချစ်လားဆိုတာ သူ့ဟာသူတောင် သိတာမဟုတ်ဘူး အဲ့ကောင်က"
ခိုင်အိ အနည်းငယ် တွေ​ေ၀သွားသည်။ လက်ရှိ ထွန်းရှိန်၀ါပြောနေတာနှင့် သူမကြားသိသမျှတွေဟာ လွဲချော်နေလေ၏။ သို့ပေမယ့် ကိုယ့် bestie ဘက်က ပိုနာရသဖြင့်...
"စန္ဒီ့ကို သူမြင်တောင်မမြင်ပါဘူး က်ိုရယ်...ဒင်းကြောင့် စန္ဒီ့မှာ ဘယ်လောက်တောင် ပူဆွေး၀မ်းနည်းနေရသလဲဆိုတာ ခိုင်အသိဆုံး...စန္ဒီက သူ့ကို ဟိုးငယ်ငယ်လေးထဲက ချစ်ခဲ့ရတာ ကို သိလား"
"အင်း...ရိပ်တော့ရိပ်မိပါတယ်...အာ့ကြောင့်လည်း သူတို့နှစ်ယောက်ကို အဆင်ပြေစေချင်တာလေ ခိုင်ရဲ့...ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲပြန်ဖိတ်တာ ဘယ်လောက်ကောင်းလဲ...ကိုတို့လင်မယားလိုပေါ့ ..နော့"
ထိုအခါ ခိုင်အိတစ်ယောက် အိမ်ခန်းလေးထဲမှာ တစ်ယောက်ထဲ ​ေ၀ဒနာခံစားနေရသည့် သူငယ်ချင်းဖြစ်သူ စန္ဒီနိုင့်ကို သတိရပြီး စိတ်မကောင်းဖြစ်မိသည်။ အခုအခြေအနေအရ အရမ်းမစိုးရိမ်ရပေမယ့် ဘယ်တော့ဘာဖြစ်မလဲ မသိနိုင်သော အနေအထားမို့ သူမကိုအိမ်ကနေသာ ထိုင်စိတ်ပူနေရသည့်အဖြစ်ပင်။ သူမဆီလည်း အလာမခံသည့်အပြင် စားစရာကအစ အပို့မခံဘဲ တစ်ယောက်ထဲ ကြိတ်ဖြေရှင်းနေလေ၏။ တစ်ခုခု လွဲမှားနေသည်က်ို သိပေမယ့် ခေါင်းမာလွန်းသော သူငယ်ချင်း​သဘောထားက်ို မငြင်းဆန်ချင်၍ သူမတို့ ဒီတိုင်းကြည့်နေရသည်။ အခုလို ယောကျာ်းဆီက ကြားလိုက်ရသည့် စကားများ​က သူမကို တွေ​ေ၀စေရသည်။ သူပြောသလိုသာ အတည်ဖြစ်နေရင် လက်ရှိ စန္ဒီနိုင့်အခြေအနေကိုသာ သော်တာခွန်းသိသွားပါက...ဘယ်လိုနေမည်နည်း။
"တီးတောင်...တီးတောင်...တီးတောင်"
သုံးချက်ဆင့်တီးသော ဘဲလ်သံကြောင့် ထွန်းရှိန်၀ါ အနည်းငယ် စိတ်တိုသွားသည်။
"ဟ ဘယ်လိုတောင်တီးနေတာလား...ဒီအချိန်ကြီးကျမှ ဘယ်ကခွေးသားလဲကွ"
"လက်သရမ်းတာလားမသိဘူးနော်...သတိထားပြီးဖွင့် ကို"
ထွန်းရှိန်၀ါ တံခါးဖွင့်မယ်ဆိုတော့ သူမပါအနောက်ကနေ အသာလေးထလိုက်လာသည်။ တံခါးဖွင့်ပေးလ်ိုက်တော့ ခိုင်အိ မျက်လုံးပြူးသွားရသည်။
"သော် သော်တာခွန်း..."
"ဟ သော်တာပါလား...မင်းကြီးတော်မို့လို့ ဘဲလ်ကို ဆက်တိုက်တွေတီးနေရလားကွ"
သော်တာ သူတို့ကို မမြင်နိုင်ဘဲ အိမ်ထဲကိုသာ ​ေ၀ှ့၀ိုက်ကြည့်နေ၏။
"ဟျောင့် ဘာလာရှာတာလဲ...ငါ့အိမ်မှာ တခုခုကျန်ခဲ့လို့လား..."
"မဟုတ်ပါဘူးကွာ...စန္ဒီ..."
"အမ်..."
သူမ နာမည်ကိုရေရွတ်မိရင်း..သူသက်ပြင်းလေးကြီးတစ်ခုချမိသည်။ ထို့နောက် ထိုင်ခုံတွင်ထိုင်ကာ စိတ်ညစ်ညစ်နှင့် ဆံပင်တွေကိုလှန်သပ်လိုက်သည်။
သော်တာ့အမူအရာကိုကြည့်ရင်း ပုံမှန်မဟုတ်တာကို ထွန်းရှိန်၀ါရော ခိုင်အိပါသိလိုက်သည်။
"သားကြီး...မင်းတစ်ခုခုဖြစ်နေတယ်မလား...ငါသိတယ်...စောနက မင်း စန္ဒီ့အကြောင်းဘာပြောမလို့လဲ"
ခေါင်းငိုက်စိုက်ကျနေသူ သော်တာခွန်းကိုကြည့်ရင်း ခိုင်အိမသိသလိုဟန်ဆောင်နေလိုက်သည်။
သော်တာခွန်းသည် လေးလံသော အသံဖြင့်...
"စန္ဒီ...အိမ်ကနေထွက်သွားတယ်"
"ဘယ်လို...ဘာလို့ ဘာလို့စန္ဒီက ထွက်သွားတာလဲ...ထွက်သွားတာရောဟုတ်ရဲ့လားကွာ...သူ့အိမ်သူပြန်တာများလား.."
"ငါဖုန်းဆက်ပြီးပြီ...သူတို့တောင် မသိကြဘူး..."
"နေစမ်းပါဦး...မင်းတို့နှစ်ကောင်က တလောက​ပဲ အဆင်ပြေနေပြီဆို ဘယ်လိုဖြစ်လို့ ဟိုတစ်ယောက်ကအိမ်ကနေပါ ထွက်သွားရတာတုန်း...မင်းငါ့ကိုနောက်နေတာမလား"
ထိုအခါ သော်တာခွန်း ဆတ်ခနဲ ထွန်းရှိန်၀ါကိုကြည့်လိုက်ကာ​...
"ငါ့ပုံစံက နောက်နေတဲ့ပုံပေါက်နေလား ငထွန်း...ဟမ် ငါ့ဟာငါတောင် ဘာဖြစ်လို့ဖြစ်မှန်းမသိတော့လောက်အောင် ငါလိုက်ရှာနေတာကွ"
"သော် တာ..."
ပေါက်ကွဲမှုတွေဟာ မီးတောင်ငယ်တစ်ခုလို ဆင့်ကာဆင့်ကာ ပူလောင်ပေါက်ကွဲသလိုမျိုး သော်တာခွန်းရင်ထဲက ပူလောင်မှုတွေသည် မီးတောင်လို ပေါက်ကွဲလာသောအခါ....
"သူထွက်သွားတာ ၂ရက်ရှိပြီ...ဖုန်းဆက်တာလည်းမကိုင်ဘူး စက်ပါပိတ်ထားတယ်...ခိုင်အိကိုမေးတော့လည်း မသိဘူးတဲ့...မနှင်းဆီကိုမေးတော့လည်း စက်ပိတ်ထားတယ်တဲ့...သူ့အိမ်ကိုလည်း သူအိမ်ပေါ်ကဆင်းသွားတာ ငါပြောမထွက်ဘူး...ပိုဆိုးလာဖို့ပဲရှိတာ...ငါဘာလုပ်ရမှန်းမသိတော့လို့ မင်းဆီရောက်လာတာ...သူများ မင်းတို့ဆီရောက်နေမလားဆိုပြီး ငါလိုက်ကြည့်မိတာပါကွာ...ငါ...ငါ မသိတော့ဘူးကွာ...ငါ့ဟာငါတောင် ဘာဖြစ်နေလဲမသိတော့တာ...ငါ့စိတ်တွေအ ရမ်းလေးနေပြီ...မင်းတို့ စန္ဒီ့ကိုကူရှာပေးကြပါဦးကွာနော်..."
ဆောက်တည်ရာမရ ဖြစ်နေသည့် သူငယ်ချင်းကိုကြည့်ပြီး ထွန်းရှိန်၀ါတို့ပါ စိတ်မကောင်းဖြစ်ရသည်။
"အေး အေးပါကွာ...ငါတို့၀ိုင်းကူရှာပေးပါ့မယ်...မင်းတို့ချင်း ဘယ်လောက်အထိဖြစ်ကုန်လို့ စန္ဒီက အိမ်ကနေထွက်သွားရတာလဲဆိုတာ ငါ့ကိုအရင်ပြောပြကွာ"
"ငါလဲသေချာမသိဘူး ဟျောင့်...ငါ နှင်းပွင့်စံနဲ့ပြန်တွေ့တာ သူသိပြီးသားပါ...ဒါမယ့် သူငါ့ကို အထင်လွဲနေသလိုပဲ...ငါနှင်းပွင့်စံနဲ့ပြန်တွဲနေတယ်များ ထင်သွားလားမသိဘူး..."
ထိုအခါ ခိုင်အိက နဂ်ါးမျက်စောင်းထိုးကာ
"ထင်သွားတာမဟုတ်ဘူးမလား...နင်တို့က တကယ်ပြန်တွဲနေတာကို"
ခိုင််အိ ဖြတ်ပြောတော့ သော်တာက
"အာ ဘယ်ကသာ ပြန်တွဲရမှာလဲ...ငါက ဘာကိစ္စ သူနဲ့ပြန်ပေါင်းထုတ် ရမှာလဲ"
"မသိဘူးလေ နင်တို့က တချိန်လုံး အနှင်းနဲ့ခွန်း ...ခွန်းနဲ့အနှင်း လုပ်နေတာလေ...အာ့ကို ငါ့သူငယ်ချင်း စန္ဒီ ဘယ်လောက်အသည်းကွဲခဲ့ရလဲနင်သိလား သူတောင်းစားရဲ့"
"ဟ ငါတို့က ဒီတိုင်းကော်ဖီဆိုင်မှာ အမှတ်မထင် ပြန်တွေ့ကြတာလေ..အဲ့နေ့က နင်တောင်ပါသေးတယ်လေ မဟုတ်ဘူးလား...နေစမ်းပါဦး စောနက နင်​ပြောလိုက်တာ...ငါ့ကြောင့် စန္ဒီက အသည်းကွဲရတယ် ဟုတ်လား...ဘာလို့သူက အသည်းကွဲရတာလဲ"
ခိုင်အိ စိတ်တိုသွားသည်။
ထက်မလိုလိုနဲ့ တုံးအသော ခွေးအ သော်တာခွန်းကို ခိုင်အိ စိတ်ရှိလက်ရှိ ပစ်ပေါက်ချင်စိတ်များ တဖွားဖွားပေါက်လာတော့သည်အထိ ကျွဲမြီးတိုရသည်။ သို့ပေမယ့် သူငယ်ချင်းစန္ဒီကို ပေးထားသော ကတိကြောင့် စိတ်ပြန်လျှော့လိုက်ရကာ...
"သော်တာခွန်း...နင်ကလေ လူရှေ့ကျ တော်သလိုထက်သလိုနဲ့...တကယ့် မဟာငတုံးကြီး ဆိုတာ ငါအခုမှပဲ သိတော့တယ်သိလား...နင့်ကိုငါ ဘာမှကို​မပြောချင်တော့ဘူး...အေး ဒါမယ့် နင်သိထားဖို့က စန္ဒီအိမ်ပေါ်က ဆင်းသွားတာ နင့်ကြောင့်ဆိုတာပဲ"
"ခိုင်! မင်းဘာတွေပြောနေတာလဲ...သော်တာလည်း မင်းသူငယ်ချင်းအရင်းကြီးပါကွ"
ထွန်းရှိန်၀ါ ၀င်ပြောသော် ခိုင်အိပ်ိုစိတ်တိုမိကာ
"ကိုက ကိုယ့်သူငယ်ချင်းဘက်ကနေ ၀င်ပါမနေနဲ့....သူ့ကြောင့် စန္ဒီအခုလို ဖြစ်ရတာမဟုတ်ဘူးလား ပြော"
"သော်တာ့ကြောင့် လို့တော့ ​အတပ်ပြောလို့မရဘူးလေ ခိုင်ရဲ့...ပြီးတော့ အားလုံးက သူငယ်ချင်းတွေပဲဟာ မင်းပြောတဲ့ပုံက စန္ဒီ့ကို သော်တာကပဲ အိမ်ပေါ်က နှင်ချလိုက်သလိုလိုနဲ့...."
ထိုစဥ် ခိုင်အိသည် ရုတ်တရက်မြည်လာသည့် လက်ကိုင်ဖုန်းကြောင့် သူမ အသိစိတ်၀င်ကာ ဖုန်းပြောရန် အထဲ၀င်သွားတော့သည်။ ထို့နောက် ဖုန်းထဲမှ စကားသံတချို့ကြောင့် သူမ အကြီးအကျယ် တုန်လှုပ်သွားမိရင်းက....
"ဘာ! စ..စန္ဒီ မူးလဲသွားတယ်..ဟုတ်လား...ဘုရား ဘုရား...စန္ဒီရယ် ...အစ်ကို ငါ အခုပဲလာခဲ့မယ်..."
ချက်ချင်း ဖုန်းချလိုက်ပြီး အခန်းထဲက ပြန်အထွက်တွင် အခန်း၀မှာ မတ်တပ်ရပ်နေသည့် သော်တာခွန်းကိုတွေ့လိုက်ရသောကြောင့် ထပ်မံ ခြောက်ခြားထိတ်လန့်သွားရသည်။
"သော်..သော်တာ..."
"ဘယ်မှာလဲ"
"ဟင်...ဘယ်...ဘယ်သူ"
"ငါ့မိန်းမ စန္ဒီနိုင် ဘယ်မှာလဲ"
ဟိန်း ခနဲထွက်ပေါ်လာသော သူ့အော်သံကြီးက ခိုင်အိရော ထွန်းရှိန်၀ါပါ ငြိမ်သက်သွားစေသည်။
သော်တာ့ခေါင်းထဲမှာတော့ စန္ဒီနိုင်ဆိုသော မိန်းကလေးကလွဲရင် ဘာမှမသိတော့။
X

လိုအပ်ချက်တွေရှိရင် သည်းခံပေးပါနော် 🥺

MJ11☘️

မတော်တဆ 🤍💋❤Donde viven las historias. Descúbrelo ahora