Room 27 (Together 1)

372 20 0
                                    

တစ်ပတ်ကြာသောအခါ သူတို့တရားရုံးတွင် လက်မှတ်ထိုးခဲ့ကြသည်။ ကျော်ကျော်ခိုင်နှင့် ခင်နှင်းဆီတို့က အသိသက်သေနေရာက လက်မှတ်ထိုးပေးသည်။ အပြန်တွင် ထွန်းရှိန်ဝါက သူ့ယောက်ဖကိုပင် နောက်လိုက်သေးသည်။
"ငါတို့လင်မယားလက်မှတ်ထိုးတော့ သော်တာတို့က အသိသက်သေထိုးပေးခဲ့တာနော်"
"အင်း....ဟုတ်တယ်...ဘာဖြစ်လို့လဲ"
ကျော်ကျော်ခိုင်က ကားမောင်းရင်းမေးသည်​။
"အော်...ငါတို့ကိုအသိသက်သေထိုးပေးတဲ့ သော်တာနဲ့စန္ဒီ အခုညားသွားပြီလေ...အဲ့တော့ သော်တာတို့ကို အသိသက်သေနေရာထိုးပေးတဲ့ ယောက်ဖနဲ့ခင်နှင်းဆီလည်း ....ထိုနည်း၄င်း လာတော့မလား..မသိဘူးလို့ ဟီးဟီး"
ထွန်းရှိန်ဝါနှင့်ကျော်ကျော်ခိုင်တို့က သဘောတွေကျပြီးရယ်နေသော်လည်း ခင်နှင်းဆီကတော့ မျက်နှာလေးရဲကာ ထူပူသွားရသည်။ ဒါကိုသိလိုက်တဲ့ ခိုင်အိက သူ့ယောကျာ်းလက်မောင်းကို ဖြန်းခနဲ လှမ်းရိုက်၍မျက်လုံးပြူးပြသည်။
"နင်တို့ကလည်း ကိုယ်ထင်တာတွေစွတ်ပြောမနေကြနဲ့...ဒီမှာ မနှင်းဆီကိုလည်းအားနာကြဦး..."
ခိုင်အိက အားတွေနာနေ၏။ ကျော်ကျော်ခိုင်က ရှက်နေသည့် ခင်နှင်းဆီကို လှည့်ကြည့်သည်။
"ဆောရီးပါ မ ရယ်...ကျွန်တော်သတိလွတ်ပြီးရယ်လိုက်မိတယ်...စိတ်မဆိုးပါနဲ့နော်"
ကျော်ကျော်ခိုင့်အသံက ပုံမှန်ထက် ပျော့ပျောင်းနေ၏။ ခင်နှင်းဆီကလည်း စိတ်ဆိုးသည့်ပုံမပေါ်သည့်အပြင် ရှက်ပြုံးပြုံးကာ...
"ရပါတယ်...မ စိတ်မဆိုးပါဘူး..."
ကျော်ကြီးနှင့်ခင်နှင်းဆီတို့ကိုကြည့်ပြီး အံ့သြမိသူက ထွန်းရှည်တို့လင်မယား။ အနေအထား မြွေဖားက ပုံမှန်ဆက်ဆံရေးထက်ကျော်နေသည်မလား။
"မိန်းမ...သူတို့နှစ်ယောက် something တော့ something ပဲနော်.."
"ဟုတ်တယ်...something တော့ something ပဲ"
ခင်နှင်းဆီအိမ်ကိုရောက်တော့ အိမ်ရှေ့တွင်ကားရပ်လိုက်သည်။ သူမ ကားပေါ်ကဆင်းသောအခါ ကျော်ကျော်ခိုင်ကပါ ကားပေါ်ကဆင်းသွားသည်။ ထို့နောက် ခဏရပ်စကားပြောကြပြီး ကားထဲပြန်ရောက်လာသည်။ ခင်နှင်းဆီကို လက်ပြကာ ကားမောင်းထွက်သွားတော့သည်။
ထွန်းရှိန်ဝါ အခြေအနေအားလုံးကို သုံးသပ်ပြီးနောက် နားလည်သွားတော့သည်။
"ယောက်ဖ"
"ဘာတုန်းဟ"
"မင်းနဲ့မနှင်းဆီက ဘာလဲကွ...မဟုတ်မှလွဲရော...."
ကျော်ကျော်ခိုင် သဘောကျစွာပြုံးလိုက်သည်။
"ယောက်ဖ...မင်းစောနက ပြောတဲ့စကားမှတ်မိသေးလား"
"ဘာလဲကွ"
"လက်ထပ်စာချုပ်မှာ အသိသက်သေနေရာကထိုးပေးတဲ့အကြောင်းလေ..."
"အေး သိတယ်လေ...ငါတို့နှစ်ယောက်ကို သော်တာတို့ထိုးပေးလို့ အခုယူသွားပြီလေ...ယောက်ဖတို့တောင် အသိသက်သေထိုးပေးရသေးတယ်"
"အေးကွ...နောက်ထပ် အသိသက်သေနေရာထိုးဖို့လိုလာတော့မယ်ထင်တယ်..."
"ဟေ" "ဟယ်"
လင်မယားနှစ်ယောက် အာမေဋိတ်ကိုယ်စီတမိလျက် အံ့သြသွားရသည်။ ကျော်ကျော်ခိုင့်အတွက်လည်း ဝမ်းသာမိသည်။
"ကိုကျော်...နင်....နင်တကယ်ပြောနေတာလား....တစ်ယောက်ထဲ ဖိတ်စာတစ်ခြမ်းရိုက်နေတာတော့....မဟုတ်ပါဘူးနော်"
"စောနက မင်းတို့ဝိုင်းစတော့ မ က ဘာမှ ပြန်မပြောဘူးလေ...ငါတစ်ယောက်ထဲ ဖြစ်နေတာဟုတ်ပါ့မလား...တွေးကြည့်လေဟ"
သေချာတွေးကြည့်တော့ ကျော်ကျော်ခိုင် ပြောသလို ခင်နှင်းဆီ စိတ်ဆိုးတာ ဒေါသထွက်တာမျိုးမရှိဘဲ ရှက်၍ခေါင်းငုံ့နေခဲ့သည်။ ခိုင်အိတစ်ယောက် သူ့အစ်ကိုဝမ်းကွဲအတွက် အရမ်းပျော်သွားသည်။
"အေးနော်....ဒါနဲ့ ဘယ်တုန်းက အိုကေသွားတာလဲ..ကိုယ့်သူငယ်ချင်းတွေတောင် မပြောဘူးနော် လျှိုချက်ပဲ ဟွန့်"
"လျှိုတာမဟုတ်ပါဘူးဟာ....မသေချာသေးလို့မပြောသေးတာပါ...ငါ propose လုပ်ထားတာကြာပြီ ဟိုတနေ့ကမှ အဖြေရတာ..."
"ဘာပဲဖြစ်ဖြစ် Congratulations ယောက်ဖရေ...ကိုယ့်လူအချင်းချင်း အတွဲဖြစ်တာလောက် အဆင်ပြေတာမရှိဘူး...ငါကတော့ ကြိုက်တယ်"
ထွန်းရှိန်ဝါစကားကြောင့် ခိုင်အိ သူငယ်ချင်း စန္ဒီနိုင်နှင့်သော်တာခွန်းတို့ကိုသတိရသွားသည်။ ကိုယ့်လူအချင်းချင်း ချစ်သူဖြစ်ရတာ ပျော်စရာကောင်းပါသည်။ သို့သော်...စန္ဒီ့တို့နှစ်ယောက်အတွက်တော့ အဆင်ပြေနေလိမ့်မည် မဟုတ်။
X
"စန္ဒီရေ....လာပါဦးဟ"
အိပ်ရာပေါ်မှာ ရုတ်ထားသည့် အဝတ်တွေထိုင်ခေါက်နေတုန်း သော်တာခေါ်၍ စန္ဒီ ထကာ အခန်းထဲသို့​ဝင်လာလိုက်သည်။
"ဘာလဲ ငါမအားဘူး"
"မအားလည်း နောက်မှလုပ်...ဒီမှာကြည့်"
"အမ် ဘာရီးလဲ"
သော်တာခွန်းက သူမကို မျက်စိဖြင့်ပြလိုက်၍ ကြည့်လိုက်သည်။
"ဒါနင့်ကုတင်လေ...နင့်ဘာသာဝယ်ထားတာမလား...ဒါနဲ့...နေပါဦး...ကုတင်က ကြီးလာသလိုပဲနော်..."
စန္ဒီနိုင် ကုတင်ကိုပြူးပြီးကြည့်နေ၏။ သော်တာက စိတ်ပျက်စွာဖြင့်....
"ဟ ကြီးလာတာမဟုတ်ဘူးဟေ့...ကြီးကိုကြီးသွားတာ...ငါ့ကုတင်ကိုဖြုတ်ပြီး နှစ်​ယောက်အိပ်နဲ့လဲသွားတာ"
"ဟင်"
သူတို့နှစ်ဦး မျက်နှာလည်းပူ စိတ်လည်းညစ်ရပါ၏။ သော်တာခွန်းက လေပူတွေမှုတ်ထုတ်ရင်း စန္ဒီ့ကို မသိမသာစွေကြည့်သည်။ သူမလည်း မျက်နှာကလေးရဲလို့ ဟိုဘက်လှည့်နေ၏။ မတ်တပ်ရပ်နေရင်း အခန်းကြီးက ပိုပူလာသလိုခံစားရပြီး လူလည်းအတော် နေရကြပ်လာ၏။သော်တာခွန်းတစ်ယောက် ကသိကအောက်ဖြစ်နေရင်း စန္ဒီနိုင့်ကိုလှမ်းကြည့်လိုက်တော့ စန္ဒီကပြုံးကာနေ၏။
"အော်...အာ့ကောင်းတာပေါ့ဟ...နှစ်ယောက်အိပ်ဆိုတော့ နင်ကျယ်ကျယ်ဝန်းဝန်းအိပ်လို့ရတာပေါ့...လှိမ့်ချင်သလောက်လှိမ့်...ကားချင်သလောက်ကား ပြုတ်မကျဘူး မိုက်တယ်"
"မမိုက်ပါဘူး...ငါ့အရင်ကုတင်လေးပဲ ကြိုက်တာ...ပိုလည်းမပို လိုလည်းမလိုဘူး...ကွက်တိပဲ"
"ဒါဆို နင်က အခေါင်းလိုကုတင်မျိုးကိုကြိုက်တာပေါ့ဟုတ်လား..ငါကတော့ ကုတင်ကျယ်ကျယ်ဝန်းဝန်းပဲအိပ်တတ်တာ..ကျဥ်းရင် တမျိုးပဲ..."
"အေးလေ...နင်က single bed နဲ့လည်းမရပါဘူး...နင်အိပ်တဲ့ပုံစံမျိုးနဲ့ဆို ညတိုင်းပြုတ်ကျလို့ ခေါင်းကွဲမှာသေချာတယ်..."
"ဘာ!"
စန္ဒီ ဆွေ့ဆွေ့ခုန်ကာ သော်တာ့ကိုအော်ပစ်လိုက်သည်။ သော်တာကတော့မသိချင်ယောင်ဆောင်ကာ အိပ်ရာခင်းကိုသေချာဖြန့်နေ၏။
"နင်ဒီကုတင်မကြိုက်ဘူးမလား...ငါနဲ့အခန်းချင်းလဲမယ်"
"မလဲတာ...ငါနှစ်​ယောက်အိပ်နဲ့အိပ်ကျင့်မရှိလို့ သိပ်မကြိုက်တာ...ဒါမယ့်...အခုတော့ အိပ်ကျင့်ရှိအောင်လုပ်ရတော့မှာပေါ့..."
စန္ဒီ့ကိုစချင်သည့်သဘောနှင့် သော်တာအိပ်ရာတွင်တစောင်းလှဲချလိုက်ကာ သူ့ဘေးက နေရာလွတ်ကြီးကို ပွတ်သက်ပြနေ၏။ လုပ်ပြနေသည်မှာ အသည်းယားပြီး မသတိီစရာကောင်းလွန်း၍ စန္ဒီ့မျက်နှာရှုံ့တွသွားသည်။
"မိန်းမလည်း ရပြီ.....ဆိုတော့....နောက်ဆို....နှစ်ယောက်အိပ်နဲ့ပဲအိပ်ရတော့မှာမလား....ဟင်..."
"လဲသေလိုက်!"
X
Hello! နေကောင်းကြရဲ့လား 😊✌

မတော်တဆ 🤍💋❤Where stories live. Discover now