Room 6 (First love)

450 26 0
                                    

"ဟဲလို"
"ဟဲလို ဘယ်သူလဲခင်ဗျာ့"
သူ့အသံကနားကြောထဲသို့စိမ့်ဝင်သွားလေသည်။
ဖုန်းစပီကာနှင့်ကပ်ထားလျက်ပင် သူမ နှုတ်ခမ်းတွေကော့တက်ပြုံးမိစေသည်။
"ဝတ်မှုန် ပါ...."
သူ သိပ်အံ့သြသွားရသည်။ အသံလေးကိုကြားကြားချင်း  ရင်ခုန်သံများတဖြည်းဖြည်းအရှိန်မြန်လာရသည်။
"ဝတ်..ဝတ်မှုန် ကိုယ့်ဆီ ဖုန်းဆက်တယ် ဟုတ်လား"
"အင်း"
"ဒ..ဒါဆို..ကိုယ့်ကို..."
"ညနေ ၅ နာရီ လောက် ကော်ဖီဆိုင်ကို လာခဲ့ပါလား...စောင့်နေမယ်နော်။"
"အိုကေ အိုကေ..ကိုယ် မရောက်ရောက်အောင်လာခဲ့မယ်နော် ဝတ်မှုန်"
ဖုန်းချလိုက်သည်နှင့် သူ အပျော်လွန်ပြီး အော်မိသည်။
"Yes! Yes!"
မျှော်လင့်ထားသော သူမဆီမှ မထင်မှတ်ထားသည့်အချိန်တွင် အကြားချင်ဆုံးစကားတစ်ခွန်းကိုနားထောင်ရတော့မည်ဖြစ်၍ အကြီးအကျယ်ပျော်မြူးနေ၏။ နာရီကိုကြည့်လိုက်တော့ ညနေ ၄ နာရီ ထိုးတော့မည်။
"fuck"
သူ လုပ်လက်စတွေအကုန်ပစ်ချပြီး ရေချိုးခန်းထဲသို့ ပြေးဝင်သွားတော့သည်။ စားပွဲပေါ်တွင် မြည်နေသည့် ringtone သံကိုတော့ မကြားနိုင်တော့။
xxxx
နေ့စဥ်ရက်ဆက် မပျက်မကွက် ထိုးလာခဲ့သော သိုးမွေးအကျီလေး အောင်မြင်စွာပြီးစီးသွား၍
စန္ဒီနိုင် အကျေနပ်ကြီးကျေနပ်နေသည်။
အပြာရင့်ရောင်သိုးမွေးအကျီလက်ရှည်လေးကို တစ်ယောက်သောသူအတွက်ရည်ရွယ်ပြီး ထိုးလာခဲ့သည်မှာ အခုတော့ ဆွယ်တာအဖြစ်ရောက်ရှိခဲ့ပြီ။
သူတို့မတွေ့ဆုံကြသည်မှာ ဘာလိုလိုနဲ့ တစ်နှစ်ပင်ပြည့်တော့မည်။
"Happy birthday my........ဟာ"
တစ်ယောက်ထဲတီးတိုးရေရွတ်မိရင်း ဆွယ်တာလေးကိုရင်ခွင်ထဲပိုက်ကာ တခစ်ခစ်နှင့်ရယ်မိသည်။ ဒီနေ့တော့ ပိုင်ရှင်လက်ထဲရောက်အောင် ထိုဆွယ်တာလေးကိုအပ်နှံရမည်ဟု ဆုံးဖြတ်ရင်း ဖုန်းဆက်လိုက်သည်။ သို့သော် ဖုန်းမကိုင်၍ အနည်းငယ် စိတ်ထင့်သွားရသည်။ သူမ ကိုယ်တိုင် သူရှိရာသို့ အရောက်သွားပြီး ပေးလည်းဖြစ်တာမို့ အပြင်သွားရန်ပြင်ဆင်လိုက်သည်။
xxx
တောက်လျှောက်ဖုန်းခေါ်နေသော်လည်း ဖုန်းမကိုင်၍ စိတ်အနည်းငယ်တိုလာသည်။ ခဏနေတော့ ဖုန်းဝင်သွားသည်။
"ဟဲလို အေး ပြော"
စိတ်တိုတိုနှင့် အော်လိုက်ချင်ပေမယ့် သူမ သည်းခံလိုက်ပါသည်။
"နင်အခုဘယ်မှာလဲ။"
"ငါအခု လမ်းမှာဟ..အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့ သွားနေပြီ..."
အရေးကြီးသောကိစ္စ ဆို၍ သူမ ဆက်မပြောတော့ပါ။ ဖြစ်နိုင်ရင် ဒီနေ့ပင် သူ့ကို ဒီလက်ဆောင်လေး ပေးချင်ပေမယ့် အခြေအနေအရ မနက်ဖြန်မှပဲ ပေးတော့မည်။ ကိုယ့်ကြောင့်နဲ့ သူ့ကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်။
"အေးပါ...အဲ့ဒါဆိုလဲ မနက်ဖြန်မှတွေ့ကြတာပေါ့။"
"အရေးတကြီးပြောစရာရှိလို့လား။"
"ဟင့်အင်း...မကြီးပါဘူး။ ရတယ် ရတယ်..နင်စိတ်ဖြောင့်ဖြောင့်နဲ့သွား..ငါမနက်မှ လာတော့မယ်။"
"အိုကေ သယ်ရင်း...ဒါပဲနော်။"
သူ့ဘက်က ဖုန်းကျသွားသည်။ ဘယ်သွားရမှန်းမသိ စဥ်းစားရင်း Book shop တစ်ခုသို့ဝင်ရန်ဆုံးဖြတ်လိုက်သည်။
ဆိုင်နားရောက်တော့ မီးပွိုင့်တဖက်ခြမ်းတွင် သော်တာ့ကိုတွေ့ လိုက်ရ၍ သူမဝမ်းသာအားရနှင့် လက်ပြကာလှမ်းခေါ်သည်။
"သော်တာရေ...သော်...."
သူမကြား။ ကော်ဖီဆိုင်နားတွင် ဖုန်းပြောနေ၏။
စန္ဒီ ကားလမ်းကူး၍ သူ့ဆီသွားမည်အလုပ်တွင် ရုတ်တရက် တုံ့ဆိုင်းသွားခဲ့ရသည်။ အကြောင်းမှာ သော်တာခွန်းလက်ပြနှုတ်ဆက်နေသော သူမနှင့် ကားငါးစီးစာ အကွာအဝေးတွင် ကားလမ်းကူးနေသော မိန်းကလေးတစ်ဦး.....။
ချက်ချင်းဆိုသလို သူမ လက်ကိုပြန်ချပြီး နောက်သို့သုံးလှမ်းမျှဆုတ်လိုက်သည်။ တပြိုင်နက်ထဲမှာပင် သူမရှေ့က မြင်ကွင်းများ ဝေဝါးစပြုလာလေပြီ။
နှစ်လိုဖွယ်ပြုံးပြနှုတ်ဆက်နေတဲ့ သူ။
ညင်သာစွာသူ့ဆီလျှောက်လှမ်းနေသော ထိုမိန်းကလေး။
သူတို့နှင့်တနေရာထဲ၌ ရှိနေပြီး တချိန်ထဲမှာပဲ ပျောက်ကွယ်သွားသလိုခံစားလိုက်ရတဲ့ သူမ။
သူတို့နှစ်ဦး လက်တွဲလို့ ဆိုင်ထဲဝင်သွားသည်အထိ လူကူးမျဥ်းကြားထောင့်စွန်းလေးမှာ မတ်တပ်သေနေခဲ့သော သူမ။
ဆို့နင့်လာမှုတွေကို လေပူအဖြစ်နဲ့ ခပ်ပြင်းပြင်း တစ်ချက်မှုတ်ထုတ်လိုက်ပြီး ကျလုဆဲဆဲ မျက်ရည်စတွေကိုတားဆီးရန်ကြိုးစားသည်။ မျက်ရည်တစ်ပေါက်ကတော့ လမ်းမပေါ်သို့ ပဲ့စင်ကြွေလွင့်သွားလေပြီ။ သူမ မငိုအောင်တင်းထားရင်း လေးလံကြေကွဲခြင်းများဖြင့် လမ်းမကြီးရဲ့ ဘေးမှာ တစ်ဦးတည်းလျှောက်လှမ်းလို့.....။

💔🚦💔

Hello!
အခုထိ အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
စာဖတ်သူဟာ ကိုယ့်အတွက် Vitamin ပါ။
စာဖတ်သူ တစ်ယောက်ပဲရှိလည်း
အဲ့တစ်ယောက်အတွက် အဆုံးထိရေးနေပါမယ်။
ရေးနေရင်းနဲ့ ဒီအခန်းလေးနဲ့ တိုက်ဆိုင်နေမယ့်သီချင်းလေးတစ်ပုဒ်ပါ တင်ပေးထားပါတယ်။ အားလုံးကြားဖူးနားဝရှိဖူးတဲ့ သီချင်းလေးပါ။

Peace & Love
MJ11 🍀

မတော်တဆ 🤍💋❤Where stories live. Discover now