Room 45 Your breakfast

611 23 8
                                    

အိပ်ရာက နိုးနိုးချင်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည့်အခါ ပထမဆုံး မြင်လိုက်ရသော အရာကြောင့်သူမ အသံထွက်လုနီးပါး တုန်လှုပ်သွားခဲ့ရသည်။ 

မည်းနက်ကော့စင်းသည့်မျက်တောင်တိုလေးများကိုအုပ်မိုးထားသော နက်မှောင်သည့်မျက်ခုံးမတိုမရှည်လေး နှစ်စင်း...

ထိုမဟူရာမျက်ခုံး၊ မျက်တောင်တို့အောက်က ထင်ပေါ်နေသည့် နှာတံချွန်ချွန်လေး...

ပြီးတော့...တညလုံး သူမကို အရိုင်းဆန်စေခဲ့သော အရိုင်းဆန်ခဲ့သော မထူမပါး ပန်းရင့်ရောင် နှုတ်ခမ်းတစ်စုံ တို့ကို မြင်နေရသည်။ ဗလာကျင်းနေသည့် ခန္ဓာကိုယ်လေးတ၀က်ဟာ ပြတင်းပေါက်ကနေကျွံကျလာတဲ့နေရောင်​ကြောင့် ဖြူ၀င်းလို့နေသည်။

စန္ဒီနိုင် အသက်ပင်ရှုမိရဲ့လားမသိ။

ဘ၀မှာ အ​ေ၀းကပဲ ခိုးချစ်ရင်းနဲ့ အိုမင်းသေဆုံးသွားရမယ်လို့ ထင်ခဲ့သော အချစ်ဟာ အခု သူမ ဘေးမှာ ညင်သာစွာအိပ်မောကျနေသည်တဲ့။ နှစ်ယောက်တွေ့တိုင်း မသိသလို မကြိုက်သလို ဟန်ဆောင်ကောင်းတတ်ခဲ့ရင်း သူ့ကို ကိုယ့်ရဲ့မေတ္တာမ​ဆိုထားနှင့် ကြင်နာမှုလေးတောင် မိနစ်နဲ့ချီ မပေးဘဲ လျစ်လျူရှုထားခဲ့ဖူးသည်။ သူဟာ ဘယ်တော့မှ ကိုယ့်အတွက်ဖြစ်လာလိမ့်မည်မဟုတ်လို့ တွေးမိတိုင်း ရင်နာခဲ့ရသည်။ 

အခုတော့ ကိုယ့်အပိုင်အဖြစ်သိမ်းလိုက်မိလေပြီ။ 

သူ့အသက်ရှုသံကအစ နားထဲကတဆင့် ရင်ဘတ်ထဲအထိ မှတ်မိနေပြီ။ရင်ဘတ်ထဲတင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံးကပါ မေ့မရအောင် မှတ်ထားလိုက်မိပြီ။ 

အိပ်မောကျနေသည့် ချစ်ရသူကိုငေးရင်း စန္ဒီသည်စောင်ပုံလေးထဲ ခေါင်းလေးပု၀င်သွားကာညတုန်းက အဖြစ်အပျက်တွေကိုပြန်တွေးမိရင်းအသံမထွက်အောင် ပြုံးရယ်နေမိသည်။ 

'ဒေါ်စန္ဒီ....ဒေါ်စန္ဒီ....နင်တော့မလွယ်ဘူး...ခိခိ'

X

သူနိုးနိုးချင်း ဘေးပတ်လည်ကိုလက်နှင့်လျှောက်စမ်းကြည့်တော့ ရှာနေသည့်အရာကို မတွေ့၍ မျက်မှောင်ကြုံ့မိသည်။ လေးလံနေသော မျက်လုံးများကိုအသာ ဖွင့်လိုက်ရင်းအိပ်ရာကနိုးလာခဲ့လေသည်။တကိုယ်လုံး ရှိသမျှအကြောတွေအကုန်ဆံ့ထုတ်ပြီးသည့်အခါညကပုံရိပ်တို့သည် ဖလင်လိပ်နောက်ပြန်လည်သလို တခန်းပြီးတခန်း ခေါင်းထဲ၌ပြန်ပေါ်လာလေသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Apr 21 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

မတော်တဆ 🤍💋❤Tempat cerita menjadi hidup. Temukan sekarang