သော်တာခွန်း အလောသုံးဆယ့်ဖြင့် ကားသော့နှိပ်လိုက်ပြီး ကားတံခါးဖွင့်သောအခါ ထွန်းရှိန်၀ါ အချိန်မီ ဖမ်းကိုင်လိုက်လေသည်။
"ဖယ်..."
"ဟျောင့်...ငါမောင်းမယ်....မင်း ဒီစိတ်နဲ့ကားမောင်းရင် ငါတို့ စန္ဒီ့ဆီမရောက်ဘဲ မသာပေါ်ကုန်လိမ့်မယ်"
သူမဆီရောက်ချင်ဇောနှင့် အရာရာ စိတ်ပူပန်ကာ လောနေမိ၍ သူငယ်ချင်းပြောတာကို သူလက်ခံကာ ဘေးတွင်၀င်ထိုင်လိုက်ရသည်။ လူကသာ ကားထဲရောက်နေပေမယ့် စိတ်ကတော့ သူမဆီမှာ....။ ခိုင်အိကတော့ အနောက်တွင်ထိုင်ကာ ဖုန်းကိုထုတ်သည်။
"ယောကျာ်း...ဟို စန္ဒီတို့အိမ်ကို အသိပေးထားတာကောင်းမယ်ထင်တယ်နော်...ခိုင် ဖုန်းဆက်လိုက်မယ်လေ"
"မဆက်နဲ့....လူကြီးတွေသိရင် အကုန်ရှုပ်ကုန်မှာ...ရိုးရိုးမူးလဲတာလည်း ဖြစ်နိုင်တာပဲ...နောက်မှ ငါဆက်လိုက်မယ်...ဒါနဲ့ စန္ဒီက ဘယ်တုန်းထဲကဖြစ်တာလဲ...အိမ်မှာတုန်းက ဘာမှမဖြစ်ပါဘူး"
"ငါတို့ မုန့်သွားစားပြီးနောက်၃ရက်လောက်နေတော့ ချောင်းစဆိုးတယ်။ နောက် လည်ချောင်းနာလာလို့ငါ့ကိုဖုန်းဆက်ပြောတော့မှ ငါလည်းသိတာ...အခု စန္ဒီ...အဟင့် စန္ဒီက အနံ့ပါပျောက်နေတယ်တဲ့..."
"ဟာ"
ခိုင်အိမှာ ပြောနေရင်း၀မ်းနည်းကာ ငိုမိသည်။ သော်တာလည်း အခြေအနေကိုသိလိုက်ရပြီးနောက် စိုးရိမ်မှုတွေဟာ ဒီဂရီမြင့်တက်လာပြီး သူမဆီ မြန်မြန်ရောက်ချင်စိတ်သာ ကြီးစိုးနေတော့သည်။
"ငထွန်း မင်းဒီထက်မြန်မြန်မောင်းလို့မရတော့ဘူးလား ဟမ်"
"ဟ ဒီ့ထက်မြန်ရင် သေကုန်မှာပေါ့ ယီးလိုပဲ မင်းက ဘာလို့ အခုမှာ ပျာယာခတ်နေတာလဲ...အစထဲက ကိုယ့်မိန်းမ ကိုဂရုစိုက်မှပေါ့ကွ...မင်းက အနားမှာရှိတုန်းက စောက်ဂရုစိုက်ရမှန်းမသိဘူး...အိမ်ကထွက်သွားမှ ဆပ်ပြာသည်မယားပျောက်နေသလိုပဲ..."
သော်တာခွန်း ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်ကျသွားသည်။ ခိုင်အိက သူမအစ်ကို ကျော်ကျော်ခိုင့်ဆီဖုန်းဆက်နေ၏။
"ကျော်ကြီးဆီက ဖုန်းရတယ်...သူတို့ရောက်ခါနီးပြီတဲ့"
"အေး ကိုတို့အရင်ရောက်ဖို့များတယ် ခိုင်...ရှေ့ကွေ့လိုက်ရင် ရောက်ပြီ"
မကြာမီ တိုက်ခန်းတစ်ခုရှေ့တွင် ကားရပ်ချလိုက်သည်။ ကားရပ်လိုက်သည်နှင့် ခိုင်အိနှင့်သော်တာတို့ကားပေါ်က ဆင်းကြသည်။ ကျော်ကျော်ခိုင်တို့လည်း ရောက်လာကြလေ၏။ တိုက်တံခါးရှေ့ကိုရောက်သော်...
"တံခါးပိတ်ထားတယ်ဟ...ဒီတိုက်တံခါးသော့ က စန္ဒီချပေးမှဖြစ်မှာမလား...ဘယ်လိုလုပ်မလဲ"
"ငါ့မှာ သော့ပိုရှိတယ်"
ခိုင်အိက မြန်မြန်ဆန်ဆန်ပင် သော့ဖွင့်ပေးလိုက်သည်။ ထိုအခါ သော်တာခွန်းသည် ခိုင်အိလက်ထဲက သော့ကို ဆွဲယူ၍တိုက်အထဲကိုအမြန် ခုန်၀င်လိုက်ကာ တံခါးပိတ်ချပစ်လိုက်သည်။
"ဒုန်း!"
"ဟဲ့ နင်ဒါဘာလုပ်တာလဲ"
"ဟာ ဟျောင့် ဘာလို့ပိတ်တာလဲ ငါတို့ပါတက်မယ်လေ"
"တို့အကုန်တက်သွားရင် လူပိုသိကုန်မယ်...ပြီးတော့....."
သော်တာ သူ့သူငယ်ချင်းများကိုသေချာလေးေ၀့ကြည့်လိုက်မိရင်း စဥ်းစားသည်။
စန္ဒီနိုင်ခံစားနေရသည့် ရောဂါလက္ခဏာများမှာ ယခုဖြစ်နေသည့် Corona virus ကူးစက်ခံရနိုင်ခြေများ၏။ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး ကူးစက်နှုန်းကလည်း အင်မတန်မြန်လွန်းသည်။ အခုလို သူတို့အဖွဲ့လိုက်ကြီးတက်သွားပါက အကုန်လုံးပိုးကူးကုန်မှာ အသေအချာပင်။ သူက ကိစ္စမရှိပေမယ့် သူ့သူငယ်ချင်းများထိခိုက်နာကျင်မှာကိုမူ သူလုံး၀မလိုလားပေ။ အခုလို သူတို့နှစ်ယောက်၏ ဇာတ်ထုပ်ထဲ၀င်ပါနေရတာကိုပင် လွန်လှပြီဖြစ်၏။
ကျော်ကျော်ခိုင်က သူ့ကိုစိတ်မရှည်တော့ပဲ လက်ထဲကသော့က်ိုတောင်းသည်။ ခိုင်အိတို့က တံခါးဖွင့်ခိုင်းနေ၏။
"ဟျောင့် ဘာလုပ်နေတာလဲ...ငါတို့ကိုမမြင်ဖူးဘူးလား"
"ကြည့်ချင် နောက်မှ အိမ်ခေါ်ပြီးတ၀ ကြည့်ခိုင်းမယ်...တံခါးဖွင့်စမ်းပါဟဲ့...အပေါ်မှာ ဘာဖြစ်နေပြီလဲမသိဘူး"
သော်တာခွန်းက...
"ဘာမှမဖြစ်ဘူး...ဖြစ်မှာလည်းမဟုတ်ဘူး...ငါပြောတာ သေချာနားထောင်...အပေါ်မှာ စန္ဒီက ရိုးရိုးမူးလဲတာလာ ကိုဗစ်လား ပြောရတာမဟုတ်ဘူး...တကယ်လို့ ကိုဗစ်ဆို ငါတို့အုပ်စုလိုက်တက်သွားရင် အုပ်လိုက်ကြီး ပိုးကူးကုန်မှာ....နားလည်လား"
သော်တာ့စကားအဆုံးတွင် သူတို့ငြိမ်သွားကြသည်။
"အဲ့တော့ အပေါ်ကိုငါပဲတက်မယ်...ပြီးရင် ငါဖုန်းဆက်မယ်...ငါဖုန်းမဆက်မချင်း မင်းတို့လိုက်မလာရဘူးနော်...တိုက်ရှေ့မှာ ဆူမနေကြနဲ့အုံး တစ်လမ်းလုံးမှာငါတို့ပဲရှိတာ တော်ကြာ ရပ်ကွက်လူကြီးရောက်လာလို့ တိုင်ပတ်ကုန်မယ်...မင်းတို့ကားထဲမှာ၀င်စောင့်နေ..."
သော်တာခွန်းပြောတာနားထောင်ပြီး သူတို့အားလုံး သူ့ကိုစိတ်ပူသွားရပြန်သည်။
"သားကြီး မင်းတစ်ယောက်ထဲ ဖြစ်ပါ့မလားကွာ"
"အေးလေ...ငါလိုက်ခဲ့မယ်လေဟာ နော်"
ခိုင်အိတို့လင်မယား အတူလိုက်ရန်ဖျောင်းဖျသော်လည်း သော်တာခွန်းက လက်ကာပြကာ...
"နေစမ်းပါဟာ...ငါတို့ကိစ္စထဲ မင်းတို့၀င်ပါနေရတာနဲ့တင် ငါအားနာနေပြီ..နောက်ပြီး ဒါလူတစ်ယောက်ရဲ့အသက်နဲ့လည်းဆိုင်တယ်...ငါတစ်ယောက်ထဲ ပိုးကူးလို့ဘာမှမဖြစ်ဘူး...မင်းတို့ တစ်ခုခုဖြစ်မှာက်ိုသာ ငါမမြင်ချင်ဘူး...ငါပြောသလိုသာလုပ်ပါကွာ...ပြီးတော့ စန္ဒီက ငါ့မိန်းမ ဖြစ်နေပြီလေ...သူ့အနားမှာ အရှိသင့်ဆုံးက ငါပဲ"
သော်တာ၏ စိတ်သဘောထားကိုသိလိုက်ရသည့်အခါ သူတို့ဘာမှ ထပ်မပြောကြဘဲ Mask နှင့် hand gel ကိုလက်ထဲထည့်ပေးလိုက်တော့သည်။
"အေးပါ...Mask သေချာတပ်...စန္ဒီ့အနားအရမ်းမကပ်နဲ့အုံး..."
"နင်ဖုန်းဆက်တာနဲ့ ငါ ambulance တန်းခေါ်မှာ"
"အေးပါ ငါဖုန်းဆက်တာကိုစောင့်နော်..ငါသွားပြီ"
သော်တာခွန်း လှေကားတက်သွားသောအခါ သူတို့အားလုံးစိတ်ပူပြီးကျန်ခဲ့ကြသည်။ ကျော်ကျော်ခိုင်က ကားထဲတွင်စောင့်နေဖို့ပြော၍ သူတို့ကားထဲပြန်၀င်နေလိုက်ကြသည်။
X
အိမ်ရှေ့ရောက်သော် တံခါးလော့မချထား၍ အဆင်ပြေသွားသည်။ ၀င်၀င်ချင်း သူမကို မျက်စိတဆုံးလိုက်ရှာပေမယ့် မတွေ့ရ၍ အလွန်စိတ်ပူသွားတော့သည်။
"စန္ဒီနိုင်....စန္ဒီ....."
အော်ခေါ်နေလည်း ဘာသံမှမကြား၍ ထပ်ခါခေါ်မိသည်။
"စန္ဒီရေ....နင်ဘယ်မှာလဲ...စန္ဒီ...ဟာ"
အခန်းထဲက ဘီဒိုကိုမှီကာ ခွေခွေလေးနေနေသော သူမ။
သူမကို တွေ့လိုက်ရတော့ ထိတ်လန့်ကာ သွေးပျက်သွားသော သော်တာခွန်း...။ သူမဆီလာဖို့ပြင်တော့ mask အုပ်ထားသည့် သူမက ခေါင်းခါ၍ လက်ကာပြသည်။
'ဟင့်အင်း...မလာနဲ့...ငါ့ဆီမလာနဲ့ သော်တာခွန်း'
အခန်း၀မှာ သူမကိုစိုးရိမ်ကြည့်တွေနှင့် သူမအနားကိုလာဖို့စိုင်းပြင်းနေသော သူ့ကို ရောဂါပိုးတွေနှင့် အန္တရာယ်များလွန်းသည့် သူမဆီမခေါ်ရက်ပါ။ သူမကတော့ ထွက်လာကတည်းက အဆိုးဆုံးအခြေအနေအထိ တစ်ယောက်ထဲရင်ဆိုင်ဖို့ဆုံးဖြတ်ထားပြီးသားမို့....။
'အခုချိန်မှာ ရောဂါပိုးထက် ငါ့အပေါ်လွှမ်းမိုးလွန်းတဲ့နင်...ငါ့ရင်ဘတ်ထဲမှာ ရွစိတက်နေတဲ့ အဲ့ဒီပိုးတွေကို ပိုကြောက်တယ်...စန္ဒီ'
ရှိသမျှ အားအင်လေးနဲ့ မလာဖို့ တားနေသည့် သူမ ချောင်းတွေဆိုးနေပြန်၏။ မျက်စိရှေ့က သူမ၏ေ၀ဒနာများဟာ သူ့ဆီကို နာကျင်၀မ်းနည်းမှုအဖြစ် ကူးစက်စေတဲ့အခါ...
သော်တာခွန်းသည် ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်တော့သည်။
"ခိုင်အိ...ခုချက်ချင်း ambulance ခေါ်လိုက်...Covid သံသယလူနာ...နှစ်ဦး ရှိလို့ ချက်ချင်းလာခေါ်ပေးပါလို့ ပြောပေးပါ"
ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်ပြီး သူမဆီ တည့်တည့်ကြီးလျှောက်ကာ ဒူးတဖက်ထောက်ထိုင်လိုက်သည်။
မျက်နှာချင်းဆိုင်တွင် သူမကို အရည်လဲ့နေသော မျက်၀န်းများဖြင့် ကြင်နာစွာကြည့်နေသူ သော်တာခွန်း...
"အဲ့ဒါကြောင့်လား..."
"............."
"ငါ့ကို ပိုးကူးမှာစိုးလို့.... ငါ့ကို အဓိပ္ပါယ်မရှိတာတွေ ပြောပြီး အိမ်က ထွက်သွားတာမလား"
နွမ်းလျနေသည့် သူမမျက်၀န်းများဆီက ေ၀့တက်လာသော မျက်ရည်စတွေကို မြင်လိုက်ရသည်။
စကားပြန်ပြောဖို့ အားမရှိလောက်အောင်ပင် နုံးချိပင်ပန်းနေသည့်ကြားက...
"ဘ..ဘာလို့...လာတာလဲ...ပိုး..ကူး လိမ့်မယ်"
သူမစကားသံသေးသေးလေးကြားရသောအခါ သူမမျက်၀န်းလေးများကို သေချာစိုက်ကြည့်၍ ဖြေလိုက်သည်။
"ချစ်လို့"
အနှစ်နှစ် အလလ ကြားချင်မိခဲ့သော...မျှော်လင့်ခဲ့ရပါသော...သူ့ဆီက သူမတစ်ဦးတည်းကို ရည်ညွှန်းပြောသော စကားလေးတစ်ခွန်း....။
ထို ရူးသွပ်ရပါသော စကားလေးကို မျှော်လင့်ထားသည့်အချိန် နှစ်လတွေ ပြက္ခဒိန်စာရွက်သာ ကုန်သွားခဲ့ရသည်။ မျှော်လင့်ခြင်းတွေ အငွေ့ပျံကုန်ဆုံးသွားပြီလို့ ထင်မှတ်ပြီး အရာအားလုံးကို လွှတ်ချလိုက်မိတဲ့အခါမှာမှ...မနက်ဖြန်ဆိုတာ မသေချာတော့သလို ေ၀၀ါးလာသည့်အခါမှာမှ...ကြားလိုက်ရတာဟာ..."ချစ်တယ်" တဲ့လား။
စန္ဒီနိုင် ရင်ထဲက ပျော်ရွှင်ခြင်းလား ၀မ်းနည်းခြင်းကြောင့်လားမေ၀ခွဲတတ်တော့ဘဲ မျက်ရည်လေးတစ်ပေါက်သာ လှိမ့်ဆင်းလာခဲ့သည်။
Xအလစ်တဲ တိုသွားတယ် 😁
2 ကျမှ ရှယ်ဖတ်တော့နော် 😘btw Covid အသံပြန်ကြားနေရတယ်
ဂရုစိုက်ပါ ဒါဒါတို့ရေ 🥺
🌟 လေးပေးဖို့လည်း မမေ့နဲ့ဦးနော် 😁MJ11☘️
YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...