သူတို့တွေ့ဆုံပွဲလေးနောက်ပိုင်း "Fields of Gold" ဆီသို့အပတ်တိုင်းရောက်လာတတ်သူမှာ ကျော်ကျော်ခိုင်ပင်ဖြစ်သည်။ ဆိုင်ကိုလာသည်မှာ သူငယ်ချင်းမလေး စန္ဒီကိုလာအားပေးတာမဟုတ်ဘဲ ခင်နှင်းဆီကြောင့်ဆိုတာ တဖွဲ့လုံးသိထားပြီးဖြစ်သည်။ တခါတခါတော့လည်း ဆိုင်ရှင် စန္ဒီမ ကြည်ဖြူအောင် မုန့်နဲ့ဖားတတ်ရသေးသည်။
First year တုန်းက ရည်းစားဦး၏သစ္စာဖောက်မှုကြောင့် အသည်းကွဲပြီး ဆယ်စုနှစ်နီးပါး FA လုပ်လာသော ဆရာကြီးမှာ ယခုတော့ နွားသိုးကြိုးမပြတ်ရုံတမယ် ဆိုင်ကိုလာ ကိုယ်ထင်ပြရသည်မှာ အမော။ မကြာခဏဆိုသလို တွေ့မြင်နေရသောကြောင့် ရင်းနှီးမှုlevel တက်လာတာမှန်သော်လည်း နှစ်ယောက်စလုံးက ဟိုမရောက် ဒီမရောက်zone ထဲပင်နေနေကြသည်။ စန္ဒီနိုင်အူယားတာလည်းအဲ့ဒီအချက်ပင်ဖြစ်၏။ စိတ်မြန်လက်မြန်ရှိသောသူမအတွက် ကျော်ကြီးကိုလည်းကြည့်မရတော့သလို မခင်နှင်းဆီကိုလည်း တစ်ခုခုတုံ့ပြန်စေလိုနေ၏။ သူငယ်ချင်း ကျော်ကြီးကို အသည်းမကွဲစေချင်သလို မခင်နှင်းဆီကိုလည်း မတွေဝေစေလို၍သူမ တစ်ခုခုကြံမှဖြစ်မည်ဟုတွေးလိုက်သည်။
ညနေဆိုင်သိမ်းတော့ အိမ်ပြန်ဖို့ ကားဂိတ်သို့လမ်းလျှောက်နေစဥ် ဖုန်းမြည်လာသည်။ ခိုင်အိဆီကဖြစ်သည်။
"Hello ခိုင်လေး..ပြောလေ..."
"သူငယ်ချင်း နင်ပြန်နေပြီလား"
"အေး..အခုပြန်မလို့ ကားစောင့်နေတယ်။ ဘာလို့လဲဟင်"
ခိုင်အိအသံက ခပ်အုပ်အုပ်လေးဖြစ်နေသည်။တစ်ယောက်ယောက်ကြားမည်စိုး၍တိုးတိုးလေးပြောနေသလိုပင်။
"သူငယ်ချင်း...နင်ဘယ်မှာလဲ။ ဘယ်ရောက်နေတာလဲ ငါ့ကိုပြော"
စန္ဒီအနည်းငယ်စိတ်ပူသွားသည်။
"ငါအခု..ထွန်းရှည်အိမ်မှာ...ငါ"
"ဘာ..နင်...နင်ကဘာလို့ အဲ့ကောင်အိမ်ရောက်နေတာလဲ။ မဟုတ်မှလွဲရော နင်....နင့်ကိုဟိုကောင်ခိုးပြေးတာလား ဟမ့် မိခိုင်"
အချစ်ဆုံးသူငယ်ချင်းမလေးကိုစိတ်ပူနှမြောစိတ်ဖြင့် စန္ဒီအသံကျယ်သွားသည်။
တဖက်က ခိုင်အိမှာ စိတ်ပျက်စွာဖြင့်...
"အာ....ပေါက်ကရတွေ စန္ဒီနိုင်ရယ်...နင်ဆိုသည်မှာလည်း ငါ့ကိုအားနေ လင်နောက်လိုက်ပြေးနေတယ်များအောက်မေ့နေသလားမသိဘူး။"
"သိဘူးလေ..နင့်အသံက တိုးတိုးတိုးတိုးနဲ့ဆိုတော့ ဟိုကောင်မသိအောင်ဆက်နေတာလားလို့"
"ဘယ်ကသာ...ငါတို့ကဘာမှမဖြစ်ဘူး။ ဖြစ်တာ သော်တာခွန်း..."
"ဘယ်လို..သော်တာ..သော်တာ..ဘာဖြစ်လို့လဲဟင်"
သော်တာဘာများဖြစ်တာပါလိမ့်။သူမစိတ်ပူသွားရပြန်သည်။
"ပြောရမှာတော့နည်းနည်းရှည်တယ်ဟာ...နင် တက္ကစီနဲ့သာ လာခဲ့လိုက်တော့"
"အေးအေး"
စန္ဒီနိုင်ဖုန်းချလိုက်ပြီး ကားတစ်စီးကိုလှမ်းတားလိုက်တော့သည်။
xxxxx
အိမ်ထဲဝင်လာသည်နှင့် စန္ဒီ့ကိုဆီးကြိုလိုက်သောအရာများ ဘီယာပုလင်းခွံများနှင့် နံဟောင်လှသည့် အရက်နံ့ဆိုးများ။
"ဒ..ဒါက ဘယ်လို...ဘယ်သူ အဲ့ဒီလောက်တောင်သောက်ထားတာတုန်း"
စန္ဒီနှာခေါင်းကိုလက်ချောင်းဖြင့်ပိတ်ရင်း အံသြမိနေ၏။ စီထားသောပုလင်းခွံများ၏နောက်တွင် မှောက်နေပြီဖြစ်သည့်သော်တာခွန်းကိုတွေ့လိုက်သည်။
"ဟဲ့ ဘယ်လိုဖြစ်တာလဲ။"
ခိုင်လေး သော်တာ့ကို စိတ်မကောင်းစွာဖြင့်
လှမ်းကြည့်လိုက်သည်။
"သူ့အမေ အိမ်ပေါ်ကဆင်းသွားတယ်ဟာ"
"ဟင်...ဘယ်လိုဖြစ်ရတာလဲ သူ့ မိဘတွေ အဆင်ပြေနေတာမဟုတ်လား"
ဆယ်စုနှစ်တာ ခင်မင်လာခဲ့သော်လည်း ပွင့်ပွင့်လင်းလင်းပြောရင် သော်တာခွန်းသည် သူ့မိသားစုအကြောင်းသိပ်မပြောပြတတ်။ သူငယ်ချင်း ၅ ယောက်လုံး၏အိမ်တွေအကုန်ရောက်ဖူးပေမယ့် သော်တာ့အိမ်ကိုမူ နှစ်ကြိမ်သာရောက်ဖူးသည်။ ဆယ်တန်းအောင်အမှတ်တရ မုန့်ကျွေးတုန်းက နှင့် အသက်နှစ်ဆယ်ပြည့်မွေးနေ့တုန်းက ဖြစ်သည်။ သို့ပေမယ့် သော်တာခွန်းဆိုသည်မှာ အနည်းငယ် အေးတိအေးစက်နိုင်၍ ဆရာကြီးအထာဖမ်းနေတာကများလို့လားမသိ။ သူမ ဒီအကြောင်းတွေ လုံးဝ မရိပ်မိခဲ့။
"အင်း...တာတာမ က ကြည့်တော့သာ smart boy လို ဂရုမစိုက်သလိုနဲ့ အိမ်တွင်းပြဿနာတွေကို ကြိတ်ခံစားခဲ့တာဟ။ သူ့မိဘတွေက သူငယ်ငယ်ထဲက မတည့်ကြဘူး။ တစ်ဦးတည်းသောသားလေး မျက်နှာကြောင့် တအိမ်ထဲအတူနေကြပေမယ့် သိပ်စကားပြောကြတာမဟုတ်ဘူးတဲ့။"
"ထွန်း..ထွန်းရှည်ရော..ထွန်းရှည်တောင်ဒါတွေမသိဘူးလား"
"သိတဲ့အတိုင်း ဒီကောင်က အိမ်အကြောင်းသိပ်ပြောတာမဟုတ်တော့ သူလည်းနောက်မှသိတာ။ ဒါတောင် သော်တာ့အဖေထိုးလိုက်လို့ မျက်နှာကြီးဖူးရောင်လာမှ သိတာတဲ့။"
လောကကြီးကို ဘီယာနဲ့မျှောပြီးမော့ချလိုက်သော သူကတော့ မှောက်လျက်သာရှိနေသည်။ စန္ဒီနိုင် အချစ်ဆုံးသူငယ်ချင်းကိုငေးရင်း စိတ်မကောင်းဖြစ်သွားရသည်။ ထိုစဥ် ကျော်ကျော်ခိုင်နှင့် ထွန်းရှိန်ဝါတို့ အပြင်မှပြန်လာကြသည်။ လက်ထဲတွင် စားစရာနှင့်ဆေးဝါးတချို့ ပါ၏။
"အေး စန္ဒီ ကြာပြီလား ရောက်တာ"
စန္ဒီ ခေါင်းခါပြလိုက်သည်။ ကျော်ကြီးက စန္ဒီ့နားတွင်ထိုင်လိုက်သည်။
"ငါတို့ အန်တီ့ကိုရှာတွေ့ပြီ။ အခုပဲ အန်တီ့ကိုလိုက်ပို့...ဒီကောင့်အတွက် ဆေးဝယ်ပြီးပြန်လာတာ"
ကျော်ကျော်ခိုင်က သော်တာနိုးမည်စိုး၍ အသံတိုးတိုးပြောသည်။
"ဟုတ်လား...တော်သေးတာပေါ့ဟယ်...အန်တီက ဘယ်လိုလုပ် အိမ်ပေါ်ကဆင်းသွားတာလဲ။"
ထိုအချိန် ထွန်းရှိန်ဝါက မီးဖိုချောင်ကနေ
ပန်းကန်နှစ်ချပ်ကိုင်ကာ ထွက်လာသည်။ ထို့နောက် မလှမ်းမကမ်းက စားပွဲဝိုင်းပေါ်တွင်တင်လိုက်ကာ....
"အဲ့နားမှာ တိုးတိုးတိုးတိုးနဲ့ပြောမနေကြနဲ့။ လာ ဒီကို...ငါပြောပြမယ်...စန္ဒီမ"
"အင်း"
"ဆိုင်ကနေ တန်းလာတာမလား.."
"အေး"
"လာ...ငါ မာလာရှမ်းကောဝယ်လာတယ်။"
တနေကုန်ဆိုင်မှာအလုပ်များနေသောကြောင့် ထမင်းကောင်းကောင်းမစားရသေးပါ။ ထို့ကြောင့်သုံးယောက်လုံးနေရာရွှေ့ပြီး ထွန်းရှိန်ဝါဆီပြောင်းထိုင်ကြသည်။ သာမန်အချိန်တွင် တစက်မှမတည့်ကြပေမယ့် ထွန်းရှိန်ဝါသည် သော်တာတို့ကျော်ကျော်ခိုင်တို့ထက် ပိုအလိုက်သိတတ်သည်။ သို့ပေမယ့် သော်တာ့အကြောင်းကို သိချင်စိတ်ကစိုးမိုးနေ၍ ဘာမှမစားချင်သေးပါ။
"ဟဲ့ ထွန်းရှည်...ငါတို့ကိုပြောပါဦးဟာ..သော်တာက ဘီယာသုံးဗူးနဲ့တင် မူးတဲ့ကောင်...အခုကြည့်စမ်း...ဘေးမှာ ပုလင်းတွေနဲ့ဘယ်လိုတွေသောက်ပြီး မှောက်သွားရတာလဲ။"
ထွန်းရှိန်ဝါ သက်ပြင်းချလိုက်သည်။
"ပြောရရင်တော့ လူကြီးတွေရဲ့ အတ္တကြောင့် သားသမီးက အချောင် စိတ်ဆင်းရဲရတာပဲ။ သော်တာ့မိဘတွေက ချစ်လို့ယူကြတာပေမယ့် မာနတွေကြီးကြတယ်။ သူတို့က ကျောင်းနေဖက်တွေလေ...တက္ကသိုလ်ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာပြန်တွေ့ပြီး လက်ထပ်ကြတာ။ ဒါပေမယ့် သော်တာ့ကိုမွေးပြီးနောက်ပိုင်း လင်မယားတွေ ညစဥ်ရက်ဆက် စကားများရန်ဖြစ်တယ်။ ဒါတွေကို သော်တာက ဘယ်သူ့မှမပြောဘဲ ဒီအရွယ်အထိ တစ်ယောက်ထဲကြိတ်ခံစားနေခဲ့တာပေါ့။"
သူတို့အားလုံးသူငယ်ချင်းအတွက်စိတ်မကောင်းဖြစ်မိသည်။
"နေပါဦး မင်းကဒါတွေဘယ်လိုလုပ်သိတာလဲ။"
ကျော်ကျော်ခိုင်က မေးသော် ထွန်းရှိန်ဝါက မာလာရှမ်းကောစားရင်းဖြေ၏။
"သိဆို...ငါတို့က လတိုင်း ဆုံရင်သောက်ဖြစ်တယ်လေ။မင်းတို့ကောင်တွေက အားမှမအားကြတာ။ ခိုင်နဲ့မင်းက နိုင်ငံခြားရောက်ပြီး စန္ဒီက အလုပ်ဝင်နေတယ်လေ။ ပြောမယ့်သာပြောတာ ငါတို့လည်း အားနေတာတော့မဟုတ်ဘူး သိလား။ ငါလည်းအဲ့တုန်းက ဆိုင်ခွဲဖွင့်လိုက်လို့ ဟိုဒီ ခွနေရတာ..သော်တာကြီးလည်း သူ့ဆိုင်တဖက်နဲ့မအားတဲ့ကြားက ငါ့ဆီရောက်ရောက်လာတာ..မင်းတို့သာ အဲဗား ဘီးဇီးနေတာ"
ထွန်းရှည် စိတ်တိုတိုနှင့် ထမင်းဖြူတွေချည်းကောက်ဝါးနေ၏။ သူစိတ်တိုလည်းတိုချင်စရာဖြစ်၍ သုံးယောက်သားငြိမ်နေကြသည်။ ထိုစဥ် လောကနှင့်ခဏတာအဆက်ပြတ်နေသော သော်တာခွန်းတစ်ယောက် လှုပ်စိလှုပ်စိဖြစ်လာသည်။ သို့သော် တအောင့်နေတော့ ပြန်အိပ်ပျော်သွားပြန်၏။
"ကို ကလည်း...ခိုင်တို့ အဲ့တုန်းက ကိုယ်စီ အလုပ်တွေရှုပ်နေကြတာလေ။ ခိုင်တို့လည်း သူငယ်ချင်းတွေအကုန်ဆုံချင်တာပေါ့။ ဒါမယ့် အားမှမအားကြတာကို..."
"အေ့လေ...ကိုကလည်း..."
"--ီးကို ကို..လား"
ကျော်ကြီးကိုလှမ်းဆဲတော့ လေးယောက်လုံးရယ်ကြပြန်သည်။
"အဲ့တော့ အခု အန်တီက သူ့အမေအိမ်ပြန်ရောက်သွားတာပေါ့။ ဦးလေးကရော..."
"အန်တီ့အမေက ဆုံးသွားပြီ။ အခု အန်တီနဲ့သူ့အစ်မ မိသားစုတွေနေကြတယ်။ ဦးလေးကတော့....အိမ်မှာပဲ"
"ဟင်း.....ငါတို့တော်တော် လွန်တာပဲ။ ကိုယ့်သူငယ်ချင်းတစ်ယောက်လုံး အခုလိုဖြစ်နေတာကို ဘာလို့မသိကြတာလဲ။"
ခိုင်အိစကားကြောင့် လေးယောက်လုံး ငြိမ်သွားကြပြန်သည်။
"သူတို့က မကွာရှင်းကြဘူးလား"
"ဟင့်အင်း...သူတို့မာနတိုက်ပွဲကြောင့် သော်တာ မြေစာပင်ဖြစ်ရတာသိလို့ သားမျက်နှာကိုထောက်ပြီး နှစ်ယောက်လုံး ကွာရှင်းဖို့မပြောကြဘူး။ ဒါပေမယ့် အခုတော့ ကွာရှင်းစာချုပ်မှာ သော်တာကိုယ်တိုင် လက်မှတ်ပေးထိုးလိုက်ပြီ။"
"ဘာ"
သုံးယောက်လုံး ဆွံအသွားသည်။ မိဘတွေကွာရှင်းဖို့သားသမီးက လက်မှတ်ထိုးခိုင်းတယ်တဲ့လား။
"ဘယ်လို ဘယ်လို...အဲ့ကောင်က သူ့မိဘတွေကို တရားဝင်ကွာရှင်းခိုင်းတယ်...ဟုတ်လား"
"ဟုတ်တယ်။ ဒီနေ့ပဲ သူ့မိဘတွေကို သူ့ရှေ့မှာတင် လက်မှတ်ထိုးခိုင်းတာ...အာ့ကြောင့် အခုလို မှောက်နေတာ"
"သူ့မိဘတွေရဲ့ဆန္ဒကို သူကိုယ်တိုင် ဖြည့်ဆည်းပေးလိုက်တာပေါ့။"
ဘယ်လောက်တောင် ရင်တွေနာနေမလဲ သူငယ်ချင်းလေးရယ်။ ငါက ဒါတွေကိုမသိဘဲနဲ့
နင့်ကို...နင့်ကို ဂရုမစိုက်ခဲ့မိဘူး။ နင့်ကိုငါ ရှောင်နေခဲ့မိတာလား သော်တာ....။
မျက်ရည်စတွေနှင့် ငေးကြည့်နေသော သူမမျက်ဝန်းတို့ကို ဒီညတော့ သူမြင်နိုင်တော့မည်မဟုတ်။Hello readers ✌🏻
ဒီအပိုင်းလေးရေးရင်း သတိရသွားတဲ့ သီချင်းတစ်ပုဒ်ကို ဒီအပိုင်းရဲ့လက်ဆောင်အဖြစ်ပေးပါရစေ။စာဖတ်သူတစ်ယောက်ပဲရှိနေပါစေ..အဲ့ဒီ့တစ်ယောက်အတွက် ဆက်ရေးနေမှာပါ။😊
အခုထိ ဖတ်ပေးသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်။
Vote လေးပေးပြီးအသိအမှတ်ပြုပေးပါဦးနော်။Peace in love
MJ11🍀
YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...