(Thawdar's version)
အိမ်ထဲသို့ရောက်သောအခါ သော်တာခွန်းသည် တိတ်ဆိတ်စွာ ထိုင်ခုံပေါ်တွင် ထိုင်နေလိုက်သည်။
ခန္ဓာကိုယ်က တည်ငြိမ်နေပေမယ့် အတွင်းစိတ်ထဲမှာတော့ မြောက်၀င်ရိုးစွန်းရောက်နေသလို အေးခဲတုန်လှုပ်နေ၏။ မကြာမီအချိန်လေးအတွင်းမှာ သူတွေ့ချင်လှပါသော အမျိုးသမီးလေးသည် ဒီအိမ်ကိုရောက်လာတော့မည်ဖြစ်သည်။
"တီးတောင်..."
ဘဲလ်တီးသံသည် သော်တာ့၏ အေးစက်မှုကိုဖြိုခွဲလိုက်ပြီးနောက် သော်တာ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထို့နောက် အတတ်နိုင်ဆုံး စိတ်အားတင်းကာ အသက်ရှုလိုက်သည်။
သော်တာအခန်းတံခါးဖွင့်လိုက်သော် စန္ဒီနိုင့်မျက်နှာလေးကို ပထမဆုံးမြင်လိုက်ရသည်။
မတွေ့ရသည့်ရက်ပိုင်းလေးအတွင်းမှာတင် ချောင်ကျသွားသော မျက်နှာလေး၏အရောင်မှာ ဝမ်းနည်းရိပ်များပေစွန်းနေဆဲ။ မထင်မှတ်ဘဲ တွေ့လိုက်ရသော
သူ့ကြောင့် အံ့သြမှုနှင့်အတူ
လှစ်လျူရှူဖို့အားမွေးလာဟန်တူသည့်အမူအရာမျိုးကိုပါ တွေ့ရသည်။ စန္ဒီနိုင်ဟာ သော်တာ့ရှေ့မှာတော့ ဘယ်တော့မှ ဟန်ဆောင်မကောင်းတတ်ခဲ့ပါ။
"လာပြီလား"
အဖြေပြန်မပေးဘဲ အိမ်ထဲဝင်သွားသည့်သူမကျောပြင်ကိုသာငေးနေသည်။ အခုချိန်မှာ သူ့ကိုစကားပြောချင်မှာလည်းမဟုတ်ဟု ဒီအိမ်ကိုလာကတည်းက နားလည်ထားပြီးသားဖြစ်၏။ထို့နောက် သူမနေခဲ့သည့်အခန်းထဲသို့ဝင်သွားပြီးပစ္စည်းတချို့ကိုအိတ်ထဲ
ထည့်နေသည်။ သော်တာခွန်းရင်ထဲမှာ
စန္ဒီနိုင့်ကို အော်ခေါ်နေပေမယ့် ဘာသံမှထွက်မလာခဲ့။ သူ၏ စိတ်ကိုထိန်းချုပ်နိုင်သရွေ့တော့ သူမ လှုပ်ရှားသမျှကိုစောင့်ကြည့်နေရင်းနှင့်သာ အချိန်တစ်ခုကိုစောင့်နေရုံသာဖြစ်သည်။ သို့ပေမယ့်....
ပစ္စည်းတွေသိမ်းထားသည့်အိတ်ကိုဆွဲ၍ စန္ဒီနိုင်အခန်းတံခါးပိတ်လိုက်သည်။ အိမ်ရှေ့တံခါးဝသို့မရောက်ခင်မှာပဲဆက် ခနဲလှမ်းဆွဲလိုက်သော လက်တစ်စုံကြောင့် အိတ်က လက်မှလွတ်သွားသည်။ ချက်ချင်းဆိုသလို အကြည့်စူးစူးများဖြင့် သူ့ကိုကြည့်လိုက်မိသည်။
"စန္ဒီနိုင်....ငါ့ကိုဘယ်အချိန်ထိ မမြင်ချင်ယောင်ဆောင်နေဦးမှာလဲ။"
"ဒါ...ဘာလုပ်တာလဲ။ ငါ့အိတ်ပြန်ပေး"
အေးစက်သောတုံ့ပြန်မှုကြောင့် ဆွေးခနဲဖြစ်သွားပေမယ့် ဒီနေ့တော့ သော်တာ လုံးဝ
အလျှော့မပေးဖို့ဆုံးဖြတ်ထားသည့်အတွက် စကားကိုဆက်သည်။
"ငါ့မှာပြောစရာရှိတယ် စန္ဒီ"
"ငါ့မှာမရှိဘူး။"
"မရှိလည်းနားထောင်ကွာ...ငါမင်းကိုပြောကိုပြောမှဖြစ်မှာ"
"သိပ်ပြောချင်ရင် လေယာဥ်ကွင်းလိုက်ခဲ့လိုက်...ငါလေယာဥ်ပေါ်မတက်ခင်အထိနင်ကြိုက်တာပြောလို့ရတယ်..."
ရုတ်တရက် သူ ထိတ်လန့်သွားကာ....
"ဘယ်လို....စန္ဒီ....နင်ဘယ်သွားမလို့လဲ။"
"စင်ကာပူ"
"ဘာ"
စန္ဒီက အေးအေးဆေးဆေးပင်ပြောလိုက်ပေမယ့် သော်တာ့အတွက်တော့ အံ့သြတုန်လှုပ်သွားရသည်။ မဖြစ်ဘူး...စန္ဒီနိုင် သူ့ဆီကထွက်သွားလို့မဖြစ်ပါ။
"စင်ကာပူ ဘာသွားလုပ်မှာလဲ...လေဆိပ်တွေပိတ်ထားတာမဟုတ်ဘူးလား...ဘယ်လိုသွားမှာလဲ"
"အဲ့ဒါငါ့ကိစ္စ....နင်နဲ့မဆိုင်ဘူး။"
"စန္ဒီမ"
စိတ်တို၍အော်လိုက်သည့်သော်တာ့ကိုစိုက်ကြည့်နေသည့် စန္ဒီ့မျက်လုံးများမှာ အရင်လိုမဟုတ်တော့ဘဲ ငြိမ်သက်နေလွန်းသည်။
"ငါ့ကို အဲ့နာမည်မခေါ်ပါနဲ့လို့ နင့်ကိုပြောဖူးတယ်မလား သော်တာခွန်း"
သော်တာခွန်း ချက်ချင်း မျက်နှာပျက်သွားကာ...
"ငါသိတယ်...ငါအရင်တုန်းကလို...လွှတ်ခနဲ..."
"အရင်တုန်းကလို....ဆိုတာ နင်နဲ့ငါ့ကြားမှာ မရှိနိုင်တော့ဘူး သော်တာ....အခုကစပြီး ငါနဲ့နင်နဲ့ကြားမှာဖြစ်လာမယ့်အရာတိုင်းဟာ ပြီးခဲ့တဲ့အချိန်တွေလို ပေါ့ပါးလွတ်လပ်မနေတော့ဘူး။ အဲ့လိုဖြစ်အောင် ငါတို့ကိုယ်တိုင်လုပ်ခဲ့တာ...ငါနင့်ရဲ့ စန္ဒီမ လည်း မဖြစ်ပါရစေနဲ့တော့"
"ငါနင့်အပေါ်....မတရားသလိုဖြစ်ခဲ့တာ ငါသိတယ်...စန္ဒီ ငါလေ...ငါမသိခဲ့တာ...အများကြီးပဲ...ငါ...အခုနင့်ကို တကယ်ချစ်မိ..."
"တော် တော်ပါတော့ သော်တာရယ်...ငါနား
မထောင်ပါရစေနဲ့တော့..."
သူ့ကို တားမြစ်လိုက်သည့် လက်ဖ၀ါးပြင်လေးသည် သူရှေ့ဆက်ပြောမည့် စကားများကို ဆွံ့အစေသည်။ မျက်ရည်စများနှင့် ရှိုက်သံသဲ့သဲ့ကြားရသောအခါ သူမနေနိုင်တော့....။
"ငါ့ဘ၀မှာ အချစ်နဲ့ပတ်သက်ပြီး အမြဲတမ်းရှုပ်ထွေးနှောက်ကျိနေခဲ့ရတယ်...ငါ..ငါ့အတွက် အချစ်ဆိုတာ...လရိပ်လိုပဲ...အဲ့ဒီ့
လရိပ်ကိုပဲ အရူးတစ်ယောက်လို တိတ်တိတ်လေး ကိုးကွယ်လာခဲ့တာ...ငါ ခု ပင်ပန်းနေပြီ...ငါ အရူးမ မဖြစ်ချင်တော့ဘူး...ငါတို့...
ငါတို့ တရား၀င်ကွာရှင်းရအောင်..."
"ဘာ"
"တရား၀င်ကွာရှင်းပြီး...ကိုယ့်လမ်းကိုလျှောက်ရအောင်...ကာလတစ်ခုကြာရင် အားလုံးနေသားကျသွားမှာပါ"
သူ့အပေါ်မှာခံစားချက်မဲ့နေသောမိန်းကလေးတစ်ဦးရှေ့တွင် သော်တာ့ခံစားချက်တွေဟာ ပေါက်ကွဲချင်နေသောမီးတောင်ငယ်လို
မတည်ငြိမ်နိုင်တော့။ အခြေအနေအရ ဒီနေ့သည် သူ့အတွက် နောက်ဆုံးလည်းဖြစ်ချင်ဖြစ်သွားနိုင်သည်။ နောက်တခါထပ်ပြီး နောင်တမရချင်တော့ပါ။ စန္ဒီ့ရဲ့ ဆံနွယ်မျှင်လေးတစ်မျှင်ပဲဖြစ်ဖြစ် ဆွဲထားဖို့ကြိုးစားရုံသာရှိသည်။
"ငါ့ကို အဲ့လောက်တောင်မုန်းသွားတာလား
စန္ဒီရယ်"
သူမက တည်ငြိမ်စွာပဲ...
"မခံစားနိုင်တော့တာပါ...နင့်အတွက်ရော...ငါ့ကိုယ်ငါအတွက်ရော..."
"ငါ ကွာရှင်းမပေးနိုင်ဘူး စန္ဒီနိုင်..."
"ငါတို့ သဘောတူထားတဲ့ စာချုပ်ထဲမှာ...အ.."
"မင်းငါ့ကို တော်တော်စိတ်ပျက်နေမယ်ဆိုတာငါသိပါတယ်။ ဒါပေမယ့် ငါ့ကြောင့်နဲ့တော့ ဘယ်ကိုမှထွက်မသွားပါနဲ့..."
သူမ စိတ်ရှုပ်လာသည်။
သူမ လက်တစ်ဖက်ကိုဆွဲကိုင်ထားပြီး သူမစကားမဆုံးခင် သူပြောချင်တာလည်းပြောသေးသည်။
"ငါတို့နှစ်ယောက်က ရှေ့ဆက် ဘယ်လိုမှအဆင်မပြေဘူးဆိုတာ နင်အသိဆုံးပဲလေ သော်တာရဲ့...ကျစ် ဖယ်စမ်းပါဟာ"
"မဖယ်နိုင်ဘူး...ဘယ်မှမသွားရဘူး စန္ဒီ"
သော်တာခွန်း သူမလက်ကိုဆွဲထားပေမယ့် သူမ ရအောင်ဖြုတ်ချလိုက်ပြီး အထုပ်ဆွဲကာ ထွက်သွားသည်။ တံခါးဖွင့်မည်ကြံတုန်း ရုတ်တရက် သူမ ခါးတ၀ိုက်တွင် တင်းကြပ်သော ခံစားမှုတို့ကြောင့် လှုပ်မရနိုင်ဖြစ်သွားတော့သည်။
"သော်တာခွန်း နင်..လွှတ်လို့ပြောနေတယ်နော်..ဒါ ဘာလုပ်တာလဲ"
ဒေါသထွက်ထွက်နှင့် သူ့လက်တွေကိုဆွဲဖြုတ်နေပေမယ့် သူမကိုလုံးဝအလျှော့မပေးဘဲ ဖက်ထားသည်။
"မလွှတ်နိုင်ဘူး..ဒီတခါ လွှတ်ပေးလိုက်ရင် ငါမင်းနဲ့ တသက်လုံး ဝေးရတော့မှာ ငါသိတယ်...မင်းငါ့ကို ဘယ်လောက်တောင်စိတ်ဆိုးဒေါသထွက်နေမလဲ ငါမှန်းကြည့်လို့ရတယ်...ငါ့ကို မင်းကြိုက်သလောက် ရိုက်လို့ရတယ်...ငါလုံးဝ ပြန်မလုပ်ဘူး...သိလား"
စန္ဒီ သူ့လက်တွေကိုအတင်းဖယ်ထုတ်သည်။ ဘယ်လိုပဲကြိုးစားဖယ်ထုတ်ပါသော်လည်း ရွေ့မသွားသော ထိန်းချုပ်မှုကြောင့် ရုန်းမရတော့၍ စိတ်တိုလာရသည်။ စိတ်ထဲမှာ ၀မ်းနည်းနာကျင်လိုက် စိတ်တိုလိုက်နဲ့ ကိုယ့်ကိုယ်ကိုပါ ဒေါသကထွက်လာ၍ မျက်ရည်တွေပါ ကျလာတော့သည်။
"သောက်ပိုတွေပြောမနေနဲ့ မသာကောင်ရဲ့...နင်အခုမှ ဒရမ်မာခင်းနေလို့မရတော့ဘူး...အဟင့်..
နင့်ကိုငါ မြင်လည်းမမြင်ချင်ဘူး...ကြားလည်းမကြားချင်ဘူး...နင်နဲ့အဝေးဆုံးမှာ သွားနေမှာ..."
အားနှင့်ရုန်းဖယ်နေသည့်သူမကြောင့် သော်တာအားအနည်းငယ်သုံး၍ တကိုယ်လုံးကိုဖျစ်ဖက်ထားမိလိုက်သည်။ ငယ်ငယ်ထဲက နပန်းဖက်လုံးလာခဲ့သဖြင့် သူမအားကိုသိပြီးသားဖြစ်သည်။ သော်တာ့ကိုယ်ထဲတွင်မြုပ်နေသော သူမ၏ပါးပြင်တဖက်ကို သူ့ပါးနှင့်ထိကပ်လိုက်မိသည်။
"ငါတကယ်ပြောနေတာ စန္ဒီနိုင်...ငါ့ကိုမင်း...ကြိုက်သလောက်ဆဲ...ကြိုက်သလောက် ရိုက် ငါခံမယ်....တစ်ခုပဲ...ငါ့ဆီကတော့ ထွက်မသွားပါနဲ့...."
"သွားမယ်....နင့်ကိုငါ သောက်ရမ်းမုန်းတယ်..သောက်ကောင် ဖယ်...အ.."
"မင်းငါ့ကို...အရမ်းချစ်ခဲ့ရလို့ အခုချိန်မှာ ငါ့ကိုအရမ်းသောက်မြင်ကတ်နေမယ်ဆိုတာ ငါနားလည်ပါတယ်...ငါ့ကိုမုန်းတယ်ပြောလည်း မင်းမမုန်းတာငါသိတယ်..."
"Fuck! သောက်ပိုတွေပြောမနေနဲ့.."
အတင်းရုန်းကန်လွန်း၍ တချက်တချက်အောင့်တက်သွားသော နံကြားထဲက နာကျင်မှုကိုသည်းခံရင်း အတင်းဖက်ထားမိသည်။ သူမကို ဘယ်နည်းနဲ့မှ လွှတ်မပေးတော့ဖို့လည်း ဆုံးဖြတ်ခဲ့ပြီးပြီ။
"အေး...ဟုတ်တယ်...အခုချိန်ကစပြီး ငါပြောမယ့်စကားတွေက မင်းပြောသလို သောက်ပိုတွေ ဖြစ်ကောင်းဖြစ်မယ်...ဒါပေမယ့် ငါ့အတွက်တော့ အသိနောက်ကျမှုတွေ နောင်တတွေကြောင့် အပိုတစ်ခုမှမပါဘူး။"
"............."
"ငါမင်းကို လုံးဝ မခွဲနိုင်ဘူး စန္ဒီ"
ငြိမ်သက်သွားသော ခန္ဓာကိုယ်နှစ်ခု၏ အသက်ရှူသံများပဲ့တင်ထပ်နေသည်။
"မင်း...အဲ့ဒီနေ့က ငါ့ရှေ့မှာ ငိုပြီးထွက်သွားတဲ့နေ့ကစပြီး...ငါဘယ်လိုမှ နေလို့မရဘူး...ငါ့ရင်ဘတ်တစ်ခုလုံး ဆွဲထုတ်ခံရသလိုပဲ...ငါတစ်ယောက်ထဲ...နေကြည့်တယ်..ဒါမယ့်....
မရဘူးဟာ...
ငါ...မင်းကိုပဲမြင်နေတယ်...မင်းကို...ငိုအောင်လုပ်ခဲ့မိလို့ ကိုယ့်ကိုယ်ကို ကြိမ်ဆဲမိတာလည်း နေ့တိုင်းပဲ...ဒါမယ့်...ငါ မင်းကိုစကားတောင်မပြောရဲခဲ့ဘူး....ငါ့ရင်ထဲမှာ ပူလောင်နေတာတောင် ငါမင်းကို မတားခဲ့နိုင်ဘူး....
စင်တာက ပြန်ရောက်ပြီး ၂ရက်လောက်ပဲဒီမှာနေပြီး ငါတံခါးသော့ပိတ်ထားခဲ့တယ် မနေ့ကအထိပဲ...ငါ ဘယ်လိုမှနေလို့မရတော့လို့...မင်းတစ်နေရာကိုသွားတော့မယ်လို့ ခိုင်လေး ပြောတော့ ငါအရမ်းခြောက်ခြားခဲ့ရတယ်...ဘာဖြစ်လို့လဲဆိုတော့...ငါ..မင်းမရှိဘဲမနေနိုင်လို့...အာ့ မင်းသိလား"
သော်တာ့စကားသံတွေအဆုံးမှာ စန္ဒီ့ကိုယ်လေး ငြိမ်ကျသွားသည်။ သော်တာလည်း ဖမ်းဆုပ်ထားသော သူမလက်တွေကိုပါ လွှတ်ပေးပြီး မျက်နှာချင်းဆိုင်လိုက်သည်။
ကြေကွဲဝမ်းနည်းနေမှုတွေက သော်တာ့မျက်နှာမှာ အပြည့်နေရာယူထားသည်။ သူမငေးကြည့်နေတုန်းမှာပဲ လှိမ့်ဆင်းလာသော မျက်ရည်တစ်စက်က သူ့ပါးပေါ်တွင်ဖြတ်ပြေးသွားသည်။
"ငါပြောတာ အမှန်တွေပါလို့ မင်းဘယ်ထင်ဦးမလဲ...ငါက နောက်ကျတာကိုး...မင်းစိတ်နာနေမယ်ဆိုတာ ငါသဘောပေါက်ပါတယ်...ငါလည်း အဲ့ဒီ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်...ဘာလို့ အခုမှ သဘောပေါက်ရတာလဲလို့.....ငါတောင်းပန်ပါတယ် စန္ဒီရယ် ငါ့ကို ပစ်မသွားပါနဲ့....ငါလည်း...အခုမှ သိလိုက်ရလို့ပါ...မင်းကိုငါ ချစ်နေတယ်ဆိုတာ...ငါအခုမှ သိလိုက်ရလို့ပါ..."
သို့ပေမယ့် နောက်ကျသွားခဲ့ပြီ။
"တော်ပါတော့ဟာ...."
သူ့လက်တွေကို ဖယ်ထုတ်နေသည့် လက်တစ်စုံက အင်အားမရှိတော့...
"မင်းပါထွက်သွားရင်....ငါ့မှာ....ငါ့မှာ ဘယ်သူမှ...မရှိတော့ဘူး...စန္ဒီရဲ့"
သူမ ရှေ့က ရပ်နေသော ထိုအမျိုးသားမှာ ခေါင်းကိုငုံ့ချလိုက်သည်။
စန္ဒီ ဒုတိယအကြိမ် မြင်ဖူးသော မျက်ရည်စများသည် သော်တာ့မျက်ဝန်းတွေမှာပြည့်လျှံနေလေသည်။ ထားခဲ့ခံရတော့မည့် ကလေးတစ်ယောက်လို ငိုနေသော သူ့ကိုကြည့်ပြီး
စန္ဒီအားတင်းထားသမျှ အကုန်ယိုင်လဲသွား
ရလေသည်။
"စိတ်ညစ်တယ်...."
တင်းတင်းဆုပ်ထားခဲ့သည့် သူမလက်တစ်စုံမှာ အခုတော့ သော်တာ့ပါးပေါ်က မျက်ရည်တွေကို ယုယစွာသုတ်ပေးနေမိသည်။
စိုစွတ်နေသည့် သူ့ပါးပြင်ပေါ်သို့ နွေးထွေးသော အထိအတွေ့လေးတစ်ခုခံစားလိုက်ရ
စဥ် သူမော့လိုက်သည်။ သူနှင့်အတူ မျက်ရည်ကျနေသည့် ချစ်ရသော သူငယ်ချင်းမလေးမှာ သူ့ကို မျက်ရည်တွေသုတ်ပေးနေသည်။ ထိုလက်ချောင်းရှည် များကို ညင်သာစွာ စုယူပြီးနောက် သူ့နှုတ်ခမ်းဖြင့် မြတ်နိုးစွာ နမ်းရှိုက်နေမိသည်။ ထို့နောက် သူမကို ညင်သာစွာ ဖက်ထားမိသည်။ နူးညံ့သော သူမ၏ လည်ပင်း
တဝိုက်တွင် သော်တာ့နှုတ်ခမ်းတို့ ဝဲပျံနေသည်။ တဖြည်းဖြည်းအပေါ်တက်လာသောအခါ စန္ဒီ့မေးရိုးနားအထိ ရောက်လာ၏။ သူမ နှာခေါင်းလုံးလုံးလေးကိုညင်သာစွာနမ်းပြီးနောက် နှုတ်ခမ်းပါးလေးအနားသို့ရောက်သော် ခတ္တ တုံ့ဆိုင်းသွားသည်။
သူတို့ငါးယောက် နောက်ဆုံးသောက်ခဲ့ကြသည့်ညက သူတို့ မတော်တဆ နမ်းမိခဲ့ကြသည်။ ထိုညက နှုတ်ခမ်းလေးသည် ပိုနီမြန်းသည်။ အခု တွေ့နေသော နှုတ်ခမ်းပါးလေးမှာမူ ဖြူရော့ရော့သာရှိနေ၏။ ရဲတွတ်သွားအောင် နမ်းပစ်လိုက်ချင်သော်လည်း သော်တာစိတ်ကိုထိန်းချုပ်လိုက်သည်။ လွှတ်ထွက်သွားမှာစိုးရိမ်နေသလိုမျိုး သူမကိုသာ ဖက်ထားနေမိတော့သည်။
သော်တာ့ရင်ခွင်ထဲတွင်မြုပ်နေသော သူမကတော့ ရင်တွေအခုန်လွန်ပြီးအသက်ရှုပင်ကြပ်လာသလိုလိုဖြစ်လာ၏။ တံခါးနားတွင် နှစ်ယောက်သားဖက်ထားလျက် မတ်တပ်ရပ်နေသည်မှာ စက္ကန့်မှမိနစ်သို့ကူးပြောင်းလာ၏။
"တနေ့လုံး ဒီတိုင်းပဲနေတော့မှာလား သော်တာခွန်း"
"အင်း...."
ရွဲ့မေးနေတာသိ၍ ရွဲ့ဖြေလိုက်သောကြောင့် သူမ စိတ်နည်းနည်းတော့တိုသွားသည်။
"ဘာကိုအင်း....ဖယ်တော့....အသက်ရှူကြပ်လာပြီ"
"မသွားတော့ဘူးဆိုမှ ဖယ်မယ်...မသွားတော့ဘူးမလား"
"လူကို သူ့ကိုယ်ထဲတ၀က်လောက်၀င်အောင် ဖက်ထားတာ...ဘယ်လိုလုပ်သွားလို့ရတော့မှာလဲ"
သူ့လက်များကိုဖယ်၍ ကိုယ်ကိုခွာလိုက်တော့မှ စန္ဒီ နေရအဆင်ပြေသွားသည်။ သို့ပေမယ့် သော်တာခွန်းအကြည့်တွေက စန္ဒီနိုင်ဆီကနေ ကွာကျမသွားသေးပါ။ စောနက အရမ်းဖက်ထားလိုက်မိ၍ ဖရိုဖရဲဖြစ်နေသော ဆံနွယ်ရှည်များကို တယုတယဖြင့် သပ်ပေးနေပြန်၏။ သော်တာသည် အရင်လိုမဟုတ်ဘဲ သူမကို အရုပ်လေးတစ်ရုပ်လို ကြင်နာနေပြန်သည်။ ရုတ်တရက်ကြီး ပြောင်းလဲမှုက
စန္ဒီနိုင်အဖို့ သိပ်တော့အဆင်မပြေသေး။ သော်တာကတော့ ပုံမှန် လုပ်နေကျအလုပ်တစ်ခုလို ဆံပင်တွေသပ်၍ တချို့ကို နားနောက်သို့ ညင်သာစွာထည့်ပေးနေ၏။ တကယ်တော့ ပိုနီးကပ်လွန်းလေ ပိုရင်ခုန်ရလေမို့ စန္ဒီစိတ်တွေလှုပ်ရှားနေတာလည်းပါသည်။
တည့်တည့်ကြည့်နေသည့် သော်တာ့ကို
မကြည့်ရဲ၍ အကြည့်လွှဲ၍သာနေရသည်။သော်တာခွန်းတစ်ယောက် ဘယ်လိုမှ မထိန်းနိုင်တော့၍ သူ့ကို အမြဲစိန်ခေါ်နေသော စန္ဒီ့နှုတ်ခမ်းပါးတွေကို လှစ် ခနဲ နမ်းမိသွားသည်။
နှင်းဆီပန်းလေးလို နီမြန်းသွားသော ပါးနှစ်ဖက်မှာ သော်တာ့ကို အူယားစေပြန်၏။
သူလိုချင်နေသောအဖြေတချို့ကိုမူ စန္ဒီ့မျက်လုံးတွေထဲ လိုက်ရှာမိနေသည်။ ထိုစဥ် မထင်မှတ်ဘဲတုံ့ပြန်လာသော သူမဆီက တန်ပြန်အနမ်းပွင့်များ....။
"စ..စန္ဒီ..."
နူးညံ့သော သူမ၏နှုတ်ခမ်းပါးလေးတစ်ခုလုံး ရဲတွတ်သွားအောင် ဖိကပ်နမ်းနေမိသည်။
ရင်ခုန်နွေးထွေးခြင်းတို့နှင့်အတူ သူတို့နှစ်ဦးလုံး အနမ်းမိုးစက်များအောက်တွင် လုံးဝနစ်မြုပ်နေခဲ့ကြသည်။
တဖြည်းဖြည်း ယှက်နွယ်လာသော သော်တာ့လည်ပင်းနားက သူမလက်များနှင့်
ပိုတင်းကျပ်အောင်ဖက်ထားသည့် စန္ဒီ့ခါးပေါ်က သူ့လက်များသည် နက်ရှိုင်းစွာနစ်ဝင်စီးမျောနေဆဲ။ နံရံနှင့်တစ်သားတည်းထိကပ်နေပြီဖြစ်သောစန္ဒီ့တွင် သော်တာ့ကြင်နာမှုများလက်မှ ဘယ်လိုမှရုန်းထွက်ဖို့အင်အားမရှိနိုင်တော့သလို သူမ၏လက်ချောင်းများမှာ သော်တာ့ဆံပင်တိုတိုများကိုထိုးခွင်းဆော့နေမိသည်က သော်တာ့ကိုချော့သိပ်နေသလိုပင်။
သော်တာ့အနမ်းများဟာလည်း စန္ဒီ့နှုတ်ခမ်းအပြင် နားရွက်သေးသေးလေးများနှင့် လည်တိုင်ကျော့လေးအနှံ့ခြေဆန့်နေတော့သည်။ တားဆီးမရတော့သည့် အရှိန်တစ်ခုနှင့်အတူ နှစ်ယောက်သား ခုတ်မောင်းနေကြရင်း မောဟိုက်လာကြသည်။
သော်တာ သူမကို အနားပေးလိုက်တော့ ဖောင်းအိနေသည့် နှုတ်ခမ်းရဲလေး၏ ၀င်သက်ထွက်သက်များမှာ သူ့မျက်နှာကို ဖြည်းညှင်းစွာ တိုက်ခိုက်နေဆဲ။ အနမ်းတွေ ခေတ္တရပ်စဲလိုက်ပေမယ့် နဖူးချင်းထိကပ်ထားသည့် နီးစပ်မှုကြောင့် အသက်ရှုသံတွေ တိုးမသွားခဲ့ပေ။
"ချစ်တယ် စန္ဒီ..."
နဖူးကျဥ်းလေးဆီသို့ ပူနွေးမှုသည် နှလုံသားထဲထိ ကျဥ်တက်သွားအောင် စီး၀င်လှုပ်ရှားသွားပြီးနောက် သူမ နှုတ်ခမ်းပါးတွေဆီ ထပ်မံနစ်မျောပြန်သည်။
"တီးတောင်....တီးတောင်...."
ဘဲလ်တီးသံကြား၍ စန္ဒီနိုင် အသိစိတ်ဝင်သွားရသည်။ သို့ပေမယ့် သော်တာကတော့ မကြားသလိုပင် လုပ်နေကျကိုဆက်လုပ်သည်။
"တီးတောင်.....တီးတောင်...."
စန္ဒီ့လက်များက သော်တာ့ကိုပုတ်နှိုးနေသော်လည်း တုပ်တုပ်ပင်မလှုပ်။ စကားပြောဖို့ရာလည်း သော်တာ့နှုတ်ခမ်းများက
ခွင့်မပေး။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခါတောင် ဘဲလ်တီးထားပြီဖြစ်၍ တံခါးသွားဖွင့်ရတော့မည်။ စန္ဒီ အတင်းပင် သော်တာ့ရင်ဘတ်ကိုတွန်းထုတ်လိုက်တော့မှ နှုတ်ခမ်းများလည်း ကွာကျသွားတော့သည်။ ထိုမှသာ နှစ်ယောက်လုံး အသက်ပုံမှန်ရှူနိုင်တော့သည်။
"ဘာလုပ်တာလဲ"
"ဟို...ဟိုမှာ ဘဲလ်တီးနေတယ်လေ..."
"တီးပလေ့စေ...သူ့ဟာသူပြန်သွားလိမ့်မယ်..."
သော်တာက သူမကို ထပ်နမ်းပြန်သည်။ သူမ မေးကိုမော့၍ မွတ်သပ်အောင်နမ်းပြန်၏။
"ဟျောင့် သော်တာခွန်း....စန္ဒီနိုင်....တစ်ယောက်မှမရှိကြဘူးလားကွ"
"ဟာ ဒုက္ခပဲ...အထဲမှာ အချင်းချင်း သတ်လို့သေနေပြီလားမသိဘူး...စန္ဒီရေ...ငါပါ ခိုင်အိ...တံခါးလာဖွင့်စမ်းပါဦး...."
ခေါ်သံများကြားပြီးနောက် နှစ်ယောက်လုံး နမ်းတာရပ်သွားကြသည်။ သူတို့နှစ်ယောက်ကိုစိတ်ပူ၍ လိုက်လာကြသော ဟိုသုံးယောက်မှာ အိမ်ရှေ့မှာ ဘဲလ်လာတီးနေကြပြီ။ စန္ဒီနိုင်ကတော့ မျက်လုံးကြီးပြူး၍ သွေးပျက်နေ၏။
"ဟဲ့ သော်တာ...ငါတို့ဆီ လိုက်လာကြတာ...ဘယ်လိုလုပ်ကြမလဲ...ဟဲ့...ဟဲ့...
သော်တာခွန်း..."
သော်တာခွန်းတစ်ကောင် အိပ်လို့ကောင်းနေတုန်းအတင်းနှိုးခံရသည့်ရုပ်နှင့် ဘာလုပ်ရမသိဖြစ်နေ၏။ တချိန်ထဲမှာ ဒေါသလည်းထွက်သွားရသည်။
"တောက်! ခွေးကောင်တွေ...ဘာကိစ္စ
ဒီအချိန်ကြီးရောက်လာကြတာတုန်း"
သော်တာ စိတ်ပေါက်ပေါက်နဲ့တံခါးသွားဖွင့်ဖို့လုပ်တော့ စန္ဒီက အကျီကိုလှမ်းဆွဲ၍ ပြန်ပါလာသည်။
"ဟာ..ဒီတိုင်းကြီးသွားမဖွင့်နဲ့လေ...နင့်ကိုယ်နင် ပြန်ကြည့်ဦး..."
"ဟင်..ငါ ဘာဖြစ်နေလို့လဲ..."
"ဟို...နှုတ်ခမ်းနီတွေ...."
သူမ ရှက်ရှက်နှင့်ပြုံးလိုက်မိသည်။
သော်တာ့နှုတ်ခမ်းတဝိုက်က ပေကျံနေသည့် သူမနှုတ်ခမ်းနီများကို တစ်ရှူးနှင့်ညင်သာစွာသုတ်ပေးနေသည်။ပြုတ်နေသောကြယ်သီးတစ်လုံးကိုတပ်ပေးပြီး သူမ ဆွဲစုတ်ခဲ့သည့် အကျီစတွေကို ပြန်ပြင်ပေးနေသည်။ ခုနက ဖွထားမိသော ဆံပင်တို့ကိုပါ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်ပေးရင်း သော်တာနှင့်
အကြည့်ချင်းဆုံမိသည်။ နှစ်ယောက်သား
အကြည့်ဆုံနေကြရင်း ဖြစ်ခဲ့သမျှပြန်တွေးမိကာ ရှက်ရှက်နှင့်ရယ်မိကြသည်။
သော်တာက သူမ၏နှုတ်ခမ်းနီများကို အကုန်စင်အောင်ဖျက်လိုက်သည်။ ချစ်သူသူငယ်ချင်းမလေးကို အကြည်နူးဆုံးပြုံးပြလိုက်ပြီး နဖူးလေးကိုဖွဖွနမ်းမည်ပြင်လိုက်စဥ် တံခါးထုသံများအဆက်မပြတ် ကြားရပြန်၏။ ထိုသို့ တဒုန်းဒုန်းနှင့် ထုနေသည်မှာတော့ မိခိုင်နှင့် ခင်နှင်းဆီတို့ဖြစ်သည်။
"ဟဲ့ စန္ဒီနိုင်...နင်ငါ့သူငယ်ချင်းကို အနိုင်
မကျင့်နဲ့နော်..."
"ဟာ...ကိုကလည်း ပြောင်းပြန်တွေပြောနေတယ်..အခု ဘယ်သူကဘယ်သူ့ကိုအနိုင်ကျင့်နေတာလဲလို့..."
"အာ...ခိုင်မသိလို့နော်...စန္ဒီမက ဒေါသထွက်ပြီဆို ရေဘူးအဖုံးတောင်မလှည့်နိုင်တဲ့ အဲ့လက်တွေက တကိုယ်လုံး ပစ်ပေါက်နိုင်တယ်...ကိုယ်တွေ့နော် ကိုယ်တွေ့....ဟိုကောင်သော်တာက ကို့လောက်တောင်အားရှိတာမဟုတ်ဘူး..."
ထွန်းရှည်ပြောတာကို ဘေးကကျော်ကြီးက အမြင်တွေကတ်လာသည်။
"ဟာ...သောက်စကားတွေများလိုက်တာကွာ...ငါစိတ်မရှည်တော့ဘူး။ ကဲ အထဲက နှစ်ကောင် ငါသုံးအထိ ရေလို့မှ တံခါးလာ
မဖွင့်ဘူးဆိုရင် နောက်တံခါးအသစ် တစ်ချပ် ဝယ်ဖို့ပြင်ထားကြ..ဒါပဲ"
ကျော်ကြီးက ရှူးရှူးရှဲရှဲနှင့် နောက်သို့အနည်းငယ်ဆုတ်လိုက်သောအခါ ဘေးမှာထုနေသည့် ခင်နှင်းဆီက လှမ်းတားသည်။
"ကျော်...ကျော်....မလုပ်ပါနဲ့ကျော်ရယ်....ဆူဆူညံညံနဲ့ ပတ်ဝန်းကျင်ကကြားရင်
မကောင်းပါဘူး..."
ထိုအခါ ကျော်ကျော်ခိုင်က ရယ်သည်။
"မ ရာ...အခုဒီကောင်တွေ ဒီလောက် တဒုန်းဒုန်းနဲ့ ထုနေကတည်းကိုက ဆူနေပြီလေ...မောင့်လူတွေအကြောင်း မောင်သိပါတယ်...မ စောင့်ကြည့်နေ.."
ခင်နှင်းဆီကို ပြုံးပြပြီးနောက် နံပါတ်စင်ရေတော့၏။
"တစ်"
အထဲမှာလည်း ရေသံကိုကြားရ၍ စန္ဒီနိုင် သော်တာခွန်းကိုတံခါးသွားဖွင့်ဖို့ပြောနေရသည်။
"သော်တာ...ငါတောင်းပန်ပါတယ်ဟာ..တံခါးမြန်မြန်သွားဖွင့်လိုက်ပါတော့..."
သော်တာကမကြားချင်ယောင်ဆောင်ကာ စန္ဒီနဖူးကိုနမ်းရန်ပြင်သည်။
"နှစ်"
သော်တာ မဖွင့်ရင် သူမ ကိုယ်တိုင်တံခါးဖွင့်မည်ဆိုတော့လည်း ပေးမသွားဘဲ တားပြန်၏။ သော်တာလုပ်တာနှင့် ဒီပုံစံကြီးကို ဟိုသုံးယောက်မိသွားပါက တွေးတောင်မတွေးရဲပေ။ နှစ်ယောက်စလုံး ပိုးစိုးပက်စက် အပြောခံရမှာသေချာသည်။ဒီလိုနေနေလို့မဖြစ်။ စန္ဒီ သက်ပြင်းချကာ သော်တာ့ကိုခြေဖျားထောက်၍ သူမလက်ဖြင့် သူ့ပါးနှစ်ဖက်ကိုကိုင်လိုက်သည်။ ထို့နောက် စူထားသလိုဖြစ်နေသည့် သော်တာ့နှုတ်ခမ်းကို ခပ်ပြင်းပြင်း တစ်ချက် နမ်းလိုက်သည်။ ရုတ်တရက် အနမ်းခံလိုက်သော သော်တာမှာ ဘယ်လိုပြောပြရမှန်းမသိသော ခံစားချက်တွေ ကြည်နူးမှုတွေဖြစ်လာရသည်။ ရင်တွေပါ ပစ်ခုန်သွားကာ မျက်စိထဲမှာ အသည်းပုံလေးတွေ ၀ဲလို့...။
"ကျေနပ်ပြီမလားဟင်...တံခါးသွားဖွင့်ပါတော့နော်..."
ရှက်၍ခေါင်းငုံ့ထားသော သူမ၏တောင်းဆိုမှုကို သော်တာ ဆေးမိသွားသည့်ရုပ်နှင့်ခေါင်းငြိမ့်လိုက်ရသည်။
အပြင်က အဖွဲ့ကလည်း နောက်ဆုံးနံပါတ်လို့မှလာမဖွင့်ရင် တကယ်တံခါးချိုးဝင်ရန်အတွက်အသင့်ပြင်ထားသည်။
"သုံး"
'ချလပ်'
နံပါတ်အဆုံးတွင် တံခါးဖွင့်သံနှင့်အတူ သော်တာခွန်းကို မြင်လိုက်ရလိုက်သည်။
"မင်းတို့ကောင်တွေ သောက်ရမ်းနားငြီးတယ်သိလား...ပတ်ဝန်းကျင်ကိုအားနာရကောင်းမှန်းမသိဘူး..."
ကျေးဇူးရှင်ကအရင် ဦးအောင် ဘုတောတောလိုက်၍ အကုန်လုံး မကျေမနပ်တွေဖြစ်ကုန်၏။
"နင်တို့ကို ငါတို့ လူလိုတံခါးခေါက်ပြီးအေးအေးဆေးဆေးခေါ်တုန်းက အထဲမှာ ဘာလုပ်နေကြတာလဲ ဟမ်...ဘာသံမှမကြားတော့ ငါတို့ကစိတ်ပူပြီး ထုတော့တာပေါ့...
သူကပဲ ပြောရတယ်ရှိသေး...ဖယ် ငါ့သူငယ်ချင်း စန္ဒီ ဘယ်မှာလဲ"
ခိုင်အိက ပြန်ရန်တွေ့ပြီးနောက် သော်တာခွန်းကိုဖယ်ထုတ်ကာအိမ်ထဲဝင်သွားသည်။
ထိုစဥ် ရေသောက်နေသည့် စန္ဒီနိုင်ကိုတွေ့ရတော့မှ ခိုင်အိမှာ စိတ်ဒုန်းဒုန်းချနိုင်တော့လေ၏။
"စန္ဒီရယ်...စိတ်ပူလိုက်ရတာဟယ်...ငါ့ကိုပြောစမ်း...ဟိုမသာ သော်တာ နင့်ကိုဘာလုပ်သေးလဲ"
စိုးရိမ်နေသောမျက်လုံးများဖြင့် ခိုင်အိကမေးနေသော်လည်း စန္ဒီနိုင် ဖြည်းဖြည်း ခေါင်းခါသည်။
ကျန်တဲ့သူတွေလည်း အိမ်ထဲဝင်လာကြသည်။
"သူနင့်ကို ဘာလုပ်သေးလဲဟင်"
ထိုအခါ စန္ဒီ သူ့ကိုမသိမသာလှမ်းကြည့်လိုက်မိသည်။ သော်တာကလည်း ရှက်ကိုးရှက်ကန်းနှင့် ပြုံးစိစိ လုပ်နေ၏။
"ဘာမှမလုပ်ပါဘူး..."
ခိုင်အိ မသက်ာတော့ပေ။
"အမ်....ဘာမှမပြော ဘာမှမလုပ်ဘူးဆိုတော့ ငါတို့တံခါးကွဲအောင်ထုတာမကြားကြဘူးလား....ဒါမှမဟုတ် မကြားနိုင်လောက်အောင် နင်တို့...ဘာတွေများလုပ်နေကြလို့လဲဟ"
ကျော်ကြီးကဖြတ်မေးလိုက်တော့ စန္ဒီ့မျက်နှာလေး ရဲခနဲဖြစ်သွားသည်။သို့ပေမယ့် အတတ်နိုင်ဆုံး ပြန်ထိန်းကာ ရေတစ်ခွက်ထပ်သောက်လိုက်ပြန်သည်။
"ဘာလုပ်နေလဲဆိုတော့...."
သော်တာ့အသံကိုကြားသည်နှင့် စန္ဒီ ဒိန်း ခနဲ ဖြစ်ကာ မျက်လုံးပြူးပြလိုက်သည်။ တစ်စုံတစ်ခုကိုပြောမည့်ဆဲဆဲတွင် ပြူးပြလိုက်သောကြောင့် တွန့်ဆုတ်သွားပြီး ချောင်းဟန့်လိုက်သည်။
"အော်..မင်းတို့ကလည်းကွာ ငါတို့က....ဒါ...ဟို...ရင်ကြားစေ့တာကွာ...."
"အမ်!"
"ရင်ကြားစေ့ညှိနှိုင်းတာလေဟာ..မကြားဖူးဘူးလားဟ.."
"အော်...အဲ့လို"
"အင်း...ငါတို့နှစ်ယောက် ပြန်အဆင်ပြေသွားပြီကွာ...ဇာတ်လမ်းကတော့ဒါပဲ...အဟမ်း"
"ဟုတ်တယ်...သူပြောတဲ့အတိုင်းပဲ"
သော်တာခွန်း သူမကို မသိမသာလှမ်းကြည့်ပြီး ရေတစ်ခွက်ကိုမော့ချလိုက်သည်။
ထွန်းရှိန်၀ါက သူ့ဘော်ဒါ မူမမှန်တာကို ရိပ်ဖမ်းသံဖမ်းရှိသည်။
"မင်းတို့က ဘယ်လိုတောင်ရင်ကြားစေ့နေလို့ ငါတို့ တံခါးခေါက်တာကိုမကြားရတာလဲ"
"ဟင်"
"အေ့လေ...ဘယ်နားသွားစေ့ နေလို့လဲ"
ထိုအခါ မျက်နှာကြီးရဲတက်လာသော သော်တာခွန်းတစ်ယောက်....
"ဟ ဘယ်နားစေ့စေ့ပေါ့ကွာ...ပြန်တည့်သွားရင် ပြီးရောမလား...မင်းလည်း မင်းမိန်းမနဲ့ပေါင်းပြီး မိန်းမကြီးလို ငါ့ကို မေးခွန်းလာ
မအစ်နဲ့..."
"အောင်မာ...ငါ့ကျားကျားကိုများ မိန်းမကြီးတဲ့...နင်က မူမမှန်တော့ သူကမေးတာပေါ့"
"သူပြောတာ ဘာမူမမှန်လို့လဲ..ငါတို့ကြားထဲက ပြဿနာတွေကို ခေါင်းချင်းဆိုင်ဖြေရှင်းကြတယ်..အခု နှစ်ယောက်လုံးညှိနှိုင်းပြီးပြီ အဆင်ပြေသွားပြီလေ..ဒါ နင်တို့လိုချင်တဲ့အဖြေမဟုတ်ဘူးလား...အဲ့ဒါကို ဘာလို့ ကျောက်ခဲရေညှစ်သလို အတင်းတွေညှစ်ချနေတာလဲလို့"
ခိုင်အိက သူ့ယောကျာ်းကိုထိ၍ ၀င်စွာစဥ် စန္ဒီနိုင်က သော်တာ့ဘက်က ကာပြောပေးလိုက်သဖြင့် တဖွဲ့လုံး တိတ်သွားသည်။
ကျော်ကျော်ခိုင်နဲ့ ခင်နှင်းဆီတို့မှာ အူတူတူလေးထိုင်နေကြသည်။ တစ်ယောက်သောသူကတော့ ကျေနပ်သလိုလို ရှက်သလိုလိုနှင့် ခေါင်းလေးငုံ့ကာပြုံးနေ၏။ ထိုစဥ် သူမကို နားမလည်စွာငေးကြည့်နေသူက ခိုင်အိ။
"စန္ဒီနိုင်....နင်...နင်ကခုတော့ နင့်ယောကျာ်းကိုထိတော့ နာပြီပေါ့လေ ဟလား..."
"ဟာ...ဟဲ့ အက် အဲ့လို မဟုတ်ဘူးလေ"
စန္ဒီနိုင် မျက်နှာလေး နီသွားသည်။။
'နင့်ယောကျာ်း တဲ့။ သူ့ကိုအခုမှ ကြည်ဖြူလိုက်တာကို ဘယ်လိုလုပ် ယောကျာ်းလို့ သတ်မှတ်ရမှာလဲလို့။'
"တွေ့လား ဟိုက နွားပွဲစားရုပ်နဲ့ ဖြီးနေတာပဲ...စိတ်တိုလိုက်တာ"
နွားပွဲစား သော်တာခွန်းက နံရံလေးမှီကာ မျက်ခုံးပင့်ပြတော့ ခိုင်အိမှာ ကျလိကျလိ ဖြစ်နေ၏။
စန္ဒီနိုင်ကတော့ ခေါင်းကြီးသာငုံ့နေလေသည်။ သူ့ကို ခိုးကြည့်လိုက်တော့ နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး ပြုံးမိပြန်ရော...။
XClimax is getting higher 💋🔥💫
ချစ်ရင် Vote ပါ လို့ 😁MJ11🍀
YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...