ငါတို့ရဲ့ဌာနမှူးကထူးဆန်းနေတယ်(Unicode)

4.6K 391 11
                                    

ရှောင်းကျန့်က သူရဲ့ရှေ့မှာရှိတဲ့ ခေါက်ဆွဲကို ခက််ရင်းနဲ့ ထိုးဖွရငး် တစ်စုံတစ်ခုကို တွေးတောနေတယ်။ဒီမြင်ကွင်းကိုကြည့်နေတဲ့ ကျဲယမ်ယမ်နဲ့ ကျိုးလီရှင်းက ပါးစပ်လေးဟပြီးအံ့သြပုံ့ပြုနေတယ်။သူတို့နှစ်ယောက်လုံးက ရှောင်းကျန့်ရဲ့ဒီလို ပုံစံကိုတစ်ခါမှမမြင်ဘူးဖူးလေ။သွက်လက်တဲ့ရှောင်းကျန့်ရဲ့ အစားမက်မှုက သူတို့ရဲ့Teamတင်မကဘူး တစ်ဌာနလုံးအသိပဲ။အဲ့ဒီတော့ ဒီမြင်ကွင်းကအနည်းငယ်ထူးဆန်းနေတာဖြစ်သင့်တယ်မလား။

"ကျန့်ကျန့် နင်နေမကောင်းဘူးလား အစားလည်းကောင်းကောင်းမစားဘူး "

"မဟုတ်ဘူး ကျဲ ကျွန်တော်စဉ်းစားနေတာ "

"ဘာလည်း ဒီဇိုင်းအကြောင်းလား ပုံကြမ်းကအဆင်ပြေပါတယ် အရမ်းကြီးမစိုးရိမ်နဲ့"

ရှောင်းကျန့်က ယမ်ယမ်ရဲ့ အပြောကိုခေါင်းလေးခါပြကာ ~

"မဟုတ်ဘူးကျဲ ကျွန်တော့စဉ်းစားနေတာက လူတစ်ယောက် စိတ်နှစ်မျိုးဖြစ်နေနိုင်လား ဥပမာဗျာ အစကတော့ အော်ငေါက်နေပြီး နောက်တော့နူးညံသွားတာလေ ပြီးရင်ပြန် အော်ငေါက်ပြန်ရော ဟောနောက်တော့ပြန်နူးညံသွားပြန်ရော အဲ့လိုပြောတာ "

"ကျဲအထင်ပြောရရင်တော့ အဲ့ဒီလူက …………… ကျပ်မပြည့်တာဖြစ်ရမယ် "

ကျဲယမ်ယမ်၏ အပြောကြောင့် ရှောင်းကျန့်က စိတ်အိုက်သွားသည်။ဌာနမှူးကအဲ့လောက်ထိတော့ မဟုတ်လောက်ဘူးမလား။

"ဟို ကျဲ ကလည်း အဲ့လောက်ထိတော့မဟုတ်လောက်ပါဘူး အလုပ်တွေပိပြီးနည်နည်းကြောင်သွားတာများလား "

"ကျန့်ကျန့်ပြောနေတာက ဘယ်သူလည်း "

ကျဲယမ်ယမ်က မေးတော့ ရှောင်းကျန့်က အအေးကို မော့သည်။ကျွန်တော်ပြောနေတာက ကျွန်တော်တို့ရဲ့ချစ်လှစွာသော ဌာနမှူးကြီးပါလို့ပြောလို့မဖြစ်ဘူးမလား။

"ဟို အဲ့ဒီကိစ္စက သိပ်တော့လည်းအရေးမကြီးပါဘူး ကျဲကို ကြုံလို့မေးကြည့်တာဟီးး"

"ဌာနမှူး ဝမ် "

တစ်ချိန်လုံးတိတ်နေတဲ့ ကျိုးသာကောရဲ့ အပြောကြောင့် ရှောင်းကျန့်ရောကျဲယမ်ယမ်ကပါ မျက်လုံးလေးပြူးပြီးကြည့်လာသည်။

Tie me down ( yizhan )[completed]Tempat cerita menjadi hidup. Temukan sekarang