သူများကြားဝင်မပါနဲ့(Unicode)

1.6K 123 0
                                        

ညနက်နေတဲ့အထိရှောင်းကျန့်အိပ်လို့မရ~

အကြောင်းအရင်းမှာ သူတွေ့ခဲ့တဲ့မနက်က CEOရဲ့ပုံရိပ်တွေကြောင့်ပင်။ရှောင်းလင်းယီက သူ့ယောကျာ်းနဲ့ပတ်သတ်ရင် အမြဲတမ်းကျေနပ်ပြီး ကြွားဝါးတတ်တယ်။သူ့ယောကျာ်းက သူ့ကိုဘယ်လောက်ထိဂရုစိုက်ကြောင်း ဘယ်လိုတွေချစ်ကြောင်း ဂုဏ်ယူပြီးသိပ်ပြောတတ်တာ။အခုလိုသာ အမျိုးသမီးတစ်ဦးန့ဲစည်းလွတ်ဝါးလွတ်မြင်နေတာကိုသွားပြောလိုက်ရင်ယုံပါ့မလား။အကယ်၍ သူ့ကိုတစ်မျိုးထင်နေရင်ဘယ်လိုများလုပ်ရပါ့။ဘာပဲဖြစ်ဖြစ်သူကတော့သူ့ညီကို တုံးအပြီးပြောသမျှရုံနေတဲ့လူအဖြစ်မရှိနေစေချင်ပါ။ အကိုတစ်ယောက်အနေနဲ့ မဖြစ်သင့်တာမဖြစ်ရအောင်တော့ အရိပ်အမြွက်ပြထားရအုံးမည်။

"အချစ် မအိပ်သေးဘူးလား "

ခန္ဓာကိုယ်နွေးနွေးကကျောပြင်ကိုထိကပ်လာပြီး လက်မောင်းစားတွေနဲ့ သိုင်းဖက်လာသည်။ရေချိုးထားပြီးခါစဆိုတော့ တစ်ကိုယ်လုံးမွှေးပျံ့ပြီး စူးရှနေသည်။

"အင်းး "

တစ်လုံးတည်းသောအဖြေကိုပြန်ပေးတော့ နားသယ်စပ်နားကိုခပ်ဖွဖွလေးလာနမ်းသည်။

"ဘာတွေစဉ်းစားနေလို့လည်း "

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲ "

"ဘာကိုဘာမှမဟုတ်တာလည်း အတွေးလွန်ပြီး ကို််ယ််လာတာတောင်မသိပဲနဲ့ "

အမှန်တရားတွေပဲမို့ရှောင်းကျန့့်ဆိတ်ဆိတ်သာနေနေလိုက်သည်။သူတစ်ကယ်ပဲ ဝမ်ရိပေါ်အနားရောက်လာတာကိုမသိ အသားချင်းထိမှ သိတာဖြစ်သည်။သူ့ယောကျာ်းက သေးသေးမွှားမွှားကအစ အကုန်သတိထားမိသည်။သိပ်ကိုမှ တော်လွန်းနေသောပါပဲ။

"မေးနေတယ်လေကွာ ဘယ်သူ့အကြောင်းလည်းလို့  ! "

မေးရင်းနဲ့ ဝမ်ရိပေါ်က ရှောင်းကျန်ရဲ့ ပါးပြင်တွေနဲ့လည်တိုင်ကျော့ကျော့ကိုတစ်ရွှတ်ရွှတ်လိုက်နမ်းသည်။ညိုတိုတို လည်စေ့လေးကို လျှာနဲ့တစ်ချက်သပ်ပြီး စုပ်ယူလိုက်တော့ ရှောင်းကျန့်ဆီက နူးနူးညံ့ညံ့အသံလေးတွေထွက်လာသည်။

Tie me down ( yizhan )[completed]Where stories live. Discover now