ကြင်သူအတွက်ပြောင်းလဲခြင်း(Unicode)

1.5K 123 7
                                        

လူတစ်ယောက်ရဲ့အမူအကျင့်တွေပြောင်းလဲသွားတာက တကယ့်ကိုမသိမသာလေးပါပဲ~

အိမ်ပြန်ပြီးထမင်းစားဖို့မေ့နေတတ်တာမျိုး တစ်စုံတစ်ယောက်ကအဆာခံပြီစောင့်နေတာကို ဘာမှမဖြစ်သလိုနေတတ်တာမျိုးပေါ့။
သူ့ရဲ့သက်ဆိုင်သူဟာတစ်ကယ့်ကိုမှပြောင်းလဲနေပါပြီလေ။

အခုသူ့ရဲ့စိတ်ထဲမှာမွန်းကြပ်ပြီး တစ်ဆို့နေသည်။တစ်ခုခုကိုပေါက်ကွဲပြီးအော်ဟစ်ငိုကြွေးပြစ်လိုက်ချင်မိသည်။သူအမှန်တကယ်ပဲတစ်စုံတစ်ခုကိုကြောက်ရွံနေသည်။သူကဆိုးတယ် … ရစ်တယ် … ကိုယ်ကိုချစ်တဲ့လူတွေအပေါ်ဆိုရင်ပိုပြီးအနိုင်ယူပြစ်ချင်တယ် ထိုအချက်တွေကသူ့ကိုတခြားတစ်ယောက်ရဲ့ ချန်ရစ်ခဲ့ခြင်းကိုခံစားရစေမှာကို ကြောက်တယ်။

သူသာ ချစ်ရသူရဲ့အစွန့်ပြစ်ခံပစ္စည်းဖြစ်သွားခဲ့လျှင် တကယ်ပဲအရူးတပိုင်းဖြစ်သွားလိမ့်မည်။သူဘယ်လိုပဲဖြစ်ဖြစ်အထားခဲ့မခံချင်ဘူး…

"ကျန့်ကျန့် … ကျန့်ကျန့် ! "

ခေါ်မကြားအော်မကြားဖြစ်ပြီးအတွေးလွန်နေတဲ့ရှောင်းကျန့်ကိုယမ်ယမ်ကကျောတ်ချက်ပုတ်လိုက်သည်။

"အမ် … ဗျာ ကျဲ "

"ဘာဖြစ်လို့အဲ့လောက်ငေးငိုင်နေတာလည်း ငါပြောတာမကြားဘူးလား "

"ဘာပြာလိုက်တာလည်းကျဲ "

"နင့်နဲ့နော် ! ညနေပြန်ရင် အကျၤ ီတစ်စုံလောက်ကူရွေးပေးပါလားလို့  ဒီနေ့လည်းဌာနမှူးနဲ့တူတူပြန်မှာမဟုတ်ဘူးမလား "

ကျဲစကားကြောင့် သူခေါင်းကိုသာသာလေးပဲငြိမ့်ပြလိုက်သည်။အရင်လိုတစ်ကားထဲစီးပြန်တူတူပြန်တဲ့အချိန်တွေဝေးနေပါပြီလေ။

"ကလေးလေး … အရင်လိုပဲပျော်ပျော်ပြန်နေစမ်းပါ မှုန်ကုပ်နေတာသဘောကိုမကျဘူး "

"ကျွန်တော်အဲ့လိုဖြစ်နေလို့လား "

"နင့်ဘေးနားကလူတွေကိုလည်းမေးကြည့်အုံး "

ရှောင်းကျန့်ကဘေးနားကိုဝေ့ဝဲကြည့်တော့ လုယီကခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။
သူတကယ်ပဲအဲ့လိုဖြစ်နေပြီလား။သူများတွေအမြင်မှာ သိသာနေတဲ့အထိလေ…

Tie me down ( yizhan )[completed]Donde viven las historias. Descúbrelo ahora