တာဝန်ယူနိုင်တယ်(Unicode)

2.9K 285 9
                                    

"ကျန့်ကျန်ရေထတော့လေ အလုပ်မသွားဘူးလား "

အပြင်မှကျဲရဲ့ခေါ်သံကြောင့် ရှောင်းကျန့်က နားကိုပိတ်ပြီးစောင်ခေါင်းမူးခြုံလိုက်သည်။ဲSundayမှာအလုပ်သွားစရာလား ကျဲကျဲတို့လည်း စိတ်မှမှန်သေးရဲ့လား မသိ ~ ဟို ဝမ်ရိပေါ်ဆိုတဲ့ ဟာ က စာမလာသတင်းမကြား တစ်ညလုံး မချော့ပဲပြစ်ထားလို့တင်းနေရတဲ့ထဲ ....

အပြင်ဘက်က ရှောင်းလီလီက ခေါင်းတခါခါနဲ့ပဲ ... အရင်ကဆို ရုံးပိတ်ရက်လည်း အချိန်ပို အချိန်ပို ဆိုပြီး ရွစိတက်သွားချင်နေတဲ့ဟာက ဒီနေ့ကြတော့ နေဖင်ထိုးတောင် ဖင်ထောင်အိပ်နေတုန်း ! ဒင်းတိုပဲ တတ် တတ်နိုင်လွန်းတယ် ...

ရှောင်းပါးပါးက ရုံးပိတ်ရက်မနက်ခင်းတိုင်းမှာလမ်းလျှောက်ထွက်လေ့ရှိတယ်။

ဒီနေ့လမ်းလျှောက်ပြီးအိမ်ပြန်ရောက်တော့ မနက်စာအသဲသန်စားပြီး ရုံးသွားဖို့တာဆူနေတဲ့ သားငယ်ကိုလည်းမတွေ့သလို ထမင်းချိုင့်ကို ကတိုက်ကရိုက်နဲ့ ထည့်ပေးနေတဲ့ မိန်းမဖြစ်သူကိုလည်း မတွေ့ ! ဆိုးတော့မဆိုးဘူး နားညီးသက်သာသားပဲ ~

"ပါးပါးပြန်လာပြီလား "

ရှောင်းလီလီက မေးတော့ ရှောင်းပါးပါးက ခေါင်းအသာငြိမ့်ပြပြီး အားကစားဖိနပ်ကိုချွတ်နေသည်။တစ်အိမ်လုံးမှာ သမီးဖြစ်သူက သူ့ကို သတိရလို့တော်သေးတာပေါ့ ~

"သမီး မောင်ရော "

"သူ မထသေးဘူးပါး ဒီနေ့အချိန်ပိုလည်းမရှိဘူးထင်တယ် သွားနှိုးလိုုက်ရမလားပါး "

"နေပါစေ ထားလိုက် "

စကားအဆုံးရှောင်းပါးပါးက အ်ိမ်ထဲဝင်ရန်ပြင်သည်။

တင်းမ်တောင် .........

"ဘယ်က ဧည့်သည်လည်းမသိဘူး ! "

ရှောင်းလီလီက ရေရွတ်ကာ အိမ်ရှေ့တံခါးမကြီးကို ပြေးဖွင့်သည်။ရှောင်းပါးပါးက နားစွင့်နေကာ ဆိုဖာပေါ်တွင်ဝင်ထိုင်ပြီးအမောဖြေသည်။အသက်ရွယ်ကြောင့်လားမပြောတတ်ပေမဲ့ အရင်တုန်းကလို မသန်စွမ်းတော့တာအမှန်ပေ။

တံခါးကို ဖွင့်ပြီး မြင်လိုက်ရတဲ့မျက်နှာ ချောချောကြောင့် ရှောင်းလီလီက ငေးခနဲ ~
မျက်နှာတည်တည်နဲ့ထိုလူကို သူမမြင်ဖူးနေသလိုလို။

Tie me down ( yizhan )[completed]Où les histoires vivent. Découvrez maintenant