Zawgyi
ချိုမြနေတဲ့ပီယာနိုသံက အဖြူရောင်ခန်းမထဲတွင်ငြိမ့်ငြိမ့်လေးလွင့်ပျယ်နေသည်။
အလှဆင်ထားတဲ့ ပန်းဆိုင်ပန်းခက်များနဲ့ မီးဆိုင်းများ အစားသောက်များကလည်းနေရာတကျပင်။လူအများပြား ပျားပန်းခတ်လှုပ်ရှားနေကြပြီး စိတ်လှုပ်ရှားမှုတွေလည်း ရင်ထဲတွင်ကိန်းအောင်းနေကြသည်။ထိုထဲတွင် အဆိုးဆုံးက ကာယကံရှင်နှစ်ဦးပင်ဖြစ်လိမ့်မည်။
အဖြူရောင်နက်ခ်တိုင်လေးကို သေချာညှိလိုက်ကာ မှန်ရှေ့တွင်တစ်ကိုယ်လုံးပတ်ကာ ကြည့်လိုက်သည်။ဒါနဲ့ဆို သုံးခေါက်မြောက်ပင်~
ရင်ထဲမှာလည်းတဒုတ်ဒုတ်နဲ့ နှလုံးသားကပေါက်ထွက်မတတ်ပင်ဖြစ်နေသည်။တစ်ဖက်သော အဝတ်လဲခန်းထဲက ကိုကိုလည်း သူလို့ပင်ဖြစ်နေမည်ထင်သည်။
"ကျန့်ကျန့် အရမ်းစိတ်လှုပ်ရှားမနေနဲ့ စိတ်ထဲမှာရှင်းရှင်းလေးထားထား ခန်းမထဲရောက်မှ ခြေတုန်လက်တုန်နဲ့အမှားလုပ်မိအုံးမယ် "
ဘေးနားတွင်ရပ်နေသည့်ရှောင်းလီလီက သူမရဲ့မောင်ကို သတိပေးစကားပြောသည်။အဖြူရောင်စွတ်စွတ်နဲ့ သတို့သားလေး ရှောင်းကျန့် က အရမ်းကိုချစ်စရာကောင်းနေသည်မှာအမှန်ပေ။သူမတောင် အတော်လေးစိတ်တိုင်းကျနေတာ သူ့မတ်သာ မြင်ရင် ဒူးတွေပါပျော့ခွေကျသွားမည်ထင်သည်။သိတဲ့အတိုင်း သူမရဲ့ မတ်က အကဲကပိုပိုရယ်.....
"အိုးမိုင်ဂေါ့ ကျန့်ကျန့် ချောလိုက်တာကြည့်စမ်း နတ်သားလေးကြနေတာပဲ ဌာနမှူးလက်ထဲ ထည့်ပေးရမှာတောင်နှမျောလိုက်တာ "
ကျဲယမ်ယမ်က အခန်းထဲကိုဝင်လာတာနဲ့ ရှောင်းကျန့် ရဲ့တစ်ကိုယ်လုံးကို နေရာလပ်မကျန်အောင်ကြည့်ပြီး မှတ်ချက်ပေးသည်။ထုံးစံတိုင်း ကျဲ ရဲ့ personal
bodyguard. နှစ်ယောက် ဖြစ်တဲ့ကျိုးသာကောနဲ့ လုယီကတော့
အနောက်မှာကုတ်ကုတ်လေးပါလာသည်။
ကိုယ်ချောတာကိုယ်သိပေမဲ့လည်း အားလုံးက ဝိုင်းချီးကျူးနေတော့ ရှောင်းကျန့်ကမနေတတ်စွာဖြင့် ဂုတ်ပိုးကိုပွတ်သပ်လိုက်သည်။
"ကျဲကလည်း အဲ့လောက်ကြီးမဟုတ်ပါဘူး "
ရှောင်းကျန့်ရဲ့မျက်နှာရဲရဲကိုကြည့်ပြီး အားလုံး စကြသည်။ရှောင်းကျန့်ကမစနဲ့လို့သာ ဝတ္တရား အရပြောနေတာ တစ်ကယ်တော့ သူအားကြီး သဘောကြနေပါသည်။တစ်ခြားလူတွေတောင်ဒီလိုဖြစ်နေတာ ကိုကိုသာတွေ့ရင် ဒီထက်ပိုပြီး သဘောကြမည်ထင်သည်။ရှောင်းကျန့်ရဲ့နှလုံးသားသေးသေးလေးက လိုတာထက်ပိုခုန်နေပြီ ဖြစ်သည်။
YOU ARE READING
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~
![Tie me down ( yizhan )[completed]](https://img.wattpad.com/cover/282055448-64-k828677.jpg)