စားပွဲရဲ့အစွန်းနှစ်ဖက်မှာ တစ်ဖက်တစ်ချပ်စီထိုင်နေတဲ့လူနှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်နေကြသည်။တစ်ယောက်ကတော့ မယုံကြည်သောမျက်လုံးတွေနဲ့ လိမ်ညာမှုတွေကိုရှာဖွေနေကာ နောက်တစ်ယောက်ကတော့ ချစ်ရည်ရွှန်းလဲ့သောမျက်လုံးများဖြင့်~
"ကျွန်တော်က ဌာနမှူးဝမ် ကို မယုံဘူး ဘာလို့ဒီလိုပြောင်းလဲသွားတာလည်း "
"ကိုယ်မပြောင်းလဲပါဘူးကိုယ့် ခံစားချက်တွေကို သေချာမသိခဲ့ရုံပါ "
"ဒါဆို ဒီအလုပ်မှ ကျွန်တော်တို့ဆုံတာ သုံးနှစ်တောင်ရှိပြီ အခုမှ ခံစားချက်တွေကိုနားလည်တာလား "
ပလိပ်စစ်သလိုစစ်နေတဲ့ ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ်က အကြံအိုက်သွားသည်။သူကိုယ်တိုင်လည်းဒီအဖြေကို မဖြေတတ်။ဟုတ်တယ်လို့ပြောလိုက်ရင်လည်း ချစ်တယ်လို့ ပြန်မကြားရပဲ ရိုက်ထုတ်ခံရမဲ့ကိန်းမှာရှိတယ်။
"မဖြေတတ်တော့ဘူးလား ? ဟိုကိစ္စနဲ့ပတ်သတ်ပြီးစိတ်လှုပ်ရှားနေတာဆိုရင်တော့မပူပါနဲ့ အထိတွေ့မှာသာယာတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်"
"ကိုယ်က ဆယ်ကျော်သက် အထက်တန်းကျောင်းသားမှမဟုတ်တာ မင်း အရင်ကကိစ္စကြောင့် ကိုယ့်အချစ်ကိုမယုံကြည်ကောင်းမယုံဖြစ်နိင်တယ် ဒါပေမဲ့ မင်း အဖြေပြန်ပေးဖို့တော့ စဉ်းစားပေး "
အာဏာကြီးနဲ့ အမိန့်တွေလာပေးနေတဲ့ ဌာနမှူးကိုကြည့်ပြီးရှောင်းကျန့်ကစိတ်အိုက်လာတယ်။ဒီလိုပုံစံနဲ့ သူတို့ဘယ်လိုရှေ့ဆက်သွားနိုင်မှာလည်း ?
" ကျွန်တော် မသိဘူး လူတစ်ယောက်ကိုချစ်မိလားမချစ်မိဘူးလို့လားဆိုတာ မဝေခွဲတတ်ဘူး "
မျက်လုံးအိမ်လေးတွေဟိုရွှေ့ဒီရွှေ့နဲ့ရှောင်းကျန့်က မျက်နှာလေးငဟ်ပြီးပြောသည်။ကြည့်ရတာ ဒီအခြေနေတွက်သူစိတ်ရှုပ်နေပုံပဲ။ပြသနာမရှိပါဘူး ငတုံးလေးတွေကပိုချစ်ဖို့ကောင်းတယ်။
"ကိုယ်က မင်းသိလာအောင်လုပ်ပေးမယ်ဆိုရင်ရော အဆင်ပြေလား "
"ဌာနမှူးက ဘယ်လိုလုပ်ပေးမှာလည်း "
"ဒါကလွယ်ပါတယ် မင်းစိတ်ကိုယ်မင်းသိအောင် ကိုယ်နဲ့အနီးဆုံးနေရာမှာနေပြီး မင်းရဲ့ရင်ခုန်သံတွေကို ပြန်နားထောင်ပေါ့ "
YOU ARE READING
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~
![Tie me down ( yizhan )[completed]](https://img.wattpad.com/cover/282055448-64-k828677.jpg)