စိုစိနေတဲ့ စောင်ကိုဆွဲခွာကာ တောက် တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်သည်။စိတ်ရှုပ်ဟန်ဖြင့် ဆံပင်တွေကို ပွတ်သပ်လိုက်ကာ စားပွဲပေါ်က ရွှေရောင် စီးကရက်ကို ကောက်ယူလိုက်သည်။မီးတစ်ချက်ညှိကာ ခပ်ပြင်းပြင်းရှိုက်လိုက်တော့ ရင်ဘတ်ထဲ ယင် ဆယ်ကောင် တဝီဝီ ပျံနေသလိုပဲ။မီးခိုးငွေ့တွေနဲ့ အတူ လေပူတချက်ကိုပါမှုတ်ထုတ်လိုက်တော့ ပတ်ဝန်းကျင်မှိုင်းသက်သက်ဖြစ်သွားသည်။
" ကျစ် ခများ ဒီကိစ္စကို ဘယ်လိုလုပ်မှာလည်း "
စိတ်မရှည်သံဖြင့် ခပ်ဆတ်ဆတ်မေးတော့ အိပ်ယာပေါ်ကလူက ခေါင်းလေးထောင်ကြည့်လာသည်။နှုတ်ခမ်းကို တင်းတင်းစေ့စေ့ကာ မျက်လုံးအိမ်များက သူ့ဆီက အနည်းငယ်မှ မရွေ့။အဝတ်မပါတဲ့ ခန္ဓာကိုယ် ကို ကြည့်ပြီး တွေးစရာအဲ့လောက်များသလား။
"မနက်ကျမှ ပြောရင်မဖြစ်လို့လား ငါအခု သောက်ရမ်းအိပ်ချင်နေပြီ "
ပြောပြီးတော့ စိတ်ချလက်ချ ပြန်အိပ်ပျော်သွားသည့်ထိုလူကို ကြည့်ပြီး ကျိန်ဆဲလိုက်မိသည်။စိတ်ပျက်ဖို့ကောင်းလိုက်တာ ...
သူ အမှန်ကယ်ဆို ဒီ ညစ်ပတ်နေတဲ့ ညစာစားပွဲကိုမလာခဲ့သင့်သလို အဝင်ဆိုးတဲ့ ခပ်ခါးခါးအရည်တွေကိုလည်းမသောက််ခဲ့သင့်ဘူး။အဲ့တာဆို ဘာမှန်းမသိတဲ့ ရွ့ံစရာကောင်းတဲ့လူနဲ့လည်း ခန္ဓာကိုယ်ချင်းနှီးနှောမိမှာမဟုတ်ဘူး။
လက်ထဲမှာ အနည်းငယ်ကျန်နေသးတဲ့ ဆေးလိပ်တို ကို ပြာခွက်ထဲ ဖိချေလိုက်သည်။ကျိန်းစပ်နေတဲ့မျက်လုံးကို ပွတ်သပ်ကာ တစ်စုံတစ်ယောက်ဆီ ဖုန်းဆက်လိုက်သည်။
" အင်း အဲ့လောက်ဆို အဆင်ပြေတယ် "
"...... "
"ငါ့အတွက်လေ မင်းမှာ ပြသနာရှိလို့လား "
"........."
"ထပ်မမေးပဲ လွှဲထားလိုက်စမ်းပါ "
ဖုန်းချလိုက်ကာ နံရံသို့ ဖုန်းကို ခပ်ပြင်းပြင်း ပြစ်ပေါက်လိုက်သည်။တိတ်ဆိတ်နေသည့် အခန်းမို့ အသံက ဟိန်းခနဲ။ သို့သော် အိပ်ယာပေါ်ကလူက တော့ ဘာမှမဖြစ်သလိုဆက်အိပ်နေဆဲ။
STAI LEGGENDO
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~