မနေ့က သူနဲ့ ဝမ်ရိပေါ်ရဲ့အကြောင်းကို အိမ်ကိုဖွင့်ပြောပြီးတော့ ရှောင်းကျန့်ရဲ့စိတ်တွေကပေါ့ပါးလန်းဆန်းနေတယ်။
ပုံမှန်ဝတ်ခဲတဲ့ style pant နဲ့ T shirt ဖြူဖြူကို ဝတ်ထားပြီး ခပ်အုပ်အုပ်ဆံပင် တွေပါလှန်တင်ထားမိသည်။သေချာတာကတော့ ဒီနေ့ Yang office ရဲ့ အချောအလှ က ရှောင်းကျန့်ပင်ဖြစ်လိမ့်မည်။
နာရီလေးကို တစ်ချက်ငုံ့ကြည့်ကာ ရုံးထဲကိုဝင်လိုက်သည်။ရုံးတက်ချိန်မရောက်သေးသည်မို့ ဟိုတစ်စု ဒီတစ်စုနဲ့ ကောင်မလေးတွေက တိုးတီး တိုးတီးနဲ့~
အိမ်မှာထဲက မှန်ကို ဖင်တပြန်ခေါင်းတပြန်ကြည့်လာတဲ့ရှောင်းကျန့်က ကောင်မလေးတွေရှေ့ရောက်တော့ ကော်လံတထောင်ထောင်နဲ့ ~
" ဟဲ့ ဒီကိစ္စ တစ်ကယ်ကြီးလား "
" သြော် တစ်ကယ်မို့လို့ ဒီလိုတက်နေတာပေါ့ မဟုတ်ရင် ဌာနမှူးacc hack ခံရတာလား "
" ဒါဆို ဟိုကျဲနဲ့ ဌာနမှူး စေ့စပ်ပွဲပျက်သွားတာ ဒါကြောင့်လား "
ဖုန်းကို ကြည့်လိုက်သူ့ကိုကြည့်လိုက်နဲ့ တိုးတိုးပြောနေကြတဲ့ ကောင်မလေးအုပ်စုကို ကြည့်ပြီး ရှောင်းကျန့် က ခေါင်းတစ်ချက်ရမ်းတယ်။ဧကန္တသူ့အတင်းကို တုတ်နေတာတော့မဟုတ်ဘူးမဟုတ်လား …
ရှောင်းကျန့်က ဝိုင်းကြည့်ခံရပါများတော့ ရှက်ရွံလာသည်။lift နေရာကို မြန်မြန်ရောက်ဖို့ခပ်သွက်သွက်လျှောက်လိုက်ပေမဲ့ တစ်စုံတစ်ယောက်ရဲ့ လက်တွေက သူ့ရဲ့ပခုံးကို သိုင်းဖက်လာသည်။
ခပ်လေးလေး လက်တွေရဲ့ ပိုင်ရှင်ကိုရှောင်းကျန့်က ကြည့်မိတော့ မျက်လုံးတွေဝိုင်းစက်သွားသည်။
ဒီဝမ်ရိပေါ် ရူးသွားပြီလား ……
ရှောင်းကျန့်က သူတို့ကို ဝိုင်းကြည့်နေတဲ့ ဝန်ထမ်းတွေကိုကြည့်ပြီး ခပ်ဟဟ တစ်ချက်ရယ်ပြကာ ပခုံးပေါ်က လက်တွေကို ဖယ်ချသည်။
"ငြိမ်ငြိမ်နေ မဟုတ်ရင် ဒီနေရာမှာ ဖက်နမ်းလိုက်မယ် "
ဝမ်ရိပေါ်ရဲ့ ခပ်တိုးတိုးအသံက ရှောင်းကျန့် ရဲ့ နားစည်ထဲကို တုန်ခါမှုအပြည့်စုံနဲ့ ဝင်ရောက်လာသည်။သေချာတယ် ဝမ်ရိပေါ် ရူးနေပြီ ~

YOU ARE READING
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~