special part❣

2.8K 235 3
                                    

Zawgyi

စေ့စပ်ကြောင်းလမ်းခြင်း 🍒

တိတ်ဆိတ်နေတဲ့အခန်းကျယ်ထဲမှာ ~ရှောင်းကျန့်ကချွေးစေးပြန်နေတယ်။ဒီနေ့ကသူ့ရဲ့စေ့စပ်ပွဲနေ့!

လက်ထပ်ပွဲကိုအလျင်စလို မလုပ်ပဲ လူကြီးမိဘတွေကို အရင်နှုတ်ဆက်ပြီးမှ အခြေနေအရစီစဉ်မယ်လို့ပဲဆုံးဖြတ်ခဲ့ကြတယ်။ဝမ်ရိပေါ်ကတော့ လက်ထပ်ပွဲကိုမြန်မြန်ဖြစ်စေချင်နေပေမဲ့ ရှောင်းကျန့်ရဲ့ အချိန်ယူဖို့လိုသေးတယ်ဆိုတဲ့ ဖြောင်းဖြစကားကြောင့် အင်တင်တင်နဲ့ပဲလက်ခံလိုက်ရသည်။

စားပွဲထိပ်ရဲ့တစ်ဖက်ခြမ်းမှာ ရှောင်းပါးပါးနဲ့ ရှောင်းမားမားကထိုင်နေပြီး တစ်ဖက်မှာ တော့ဝမ်ပါးပါးနဲ့ဝမ်မားမားက ထိုင်နေသည်။အလယ်မှာတော့ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်က ပူးကပ်နေကာ ဘေးနားတွင်တော့ ရှောင်းလီလီက ငြိမ်သက်စွာထိုင်နေသည်။

ဘယ်သူကစမှ အသက်ဝင်မလည်းမသိပေမဲ့ ရှောင်းကျန့်ကတော့လူကြီးတွေရဲ့မျက်နှာကို ခိုးခိုးကြည့်ပြီး စိတ်လှုပ်ရှားနေသည်။

"အဟမ်း အန်ကယ်ရှောင်းနဲ့အန်တီ မင်္ဂလာပါ "

အေးစက်သည့်အခြေနေကိုဝမ်ရိပေါ်ကစတင်ဖြိုခွဲသည့်အခါ ရှောင်းပါးနဲ့မားက အသိမှတ်ပြုသည့်အနေဖြင့်ခေါင်းငြိမ့်ပြသည်။ရှောင်းမားမား က ကြည်လင်ပြီးပြုံးရယ်နေပေမဲ့ ရှောင်းပါပါးကတော့ ထုံးစံတိုင်းအေးစက်စက်မို ဝမ်ရိပေါ်လည်း အနည်းငယ်စိတ်ပူသည်။

"ဒီဘက်က ကျွန်တော့်ရဲ့ပါးနဲ့ မားပါ "

ဝမ်ရိပေါ်က မိတ်ဆက်ပေးတော့ လေးစားသမှုနဲ့. ခေါင်းငြိမ့်ပြကြကာ အပြုံးသေးသေးတွေနဲ့ အသိမှတ်ပြုကြသည်။

" ကလေးတွေကြောင့် ဆိုပေမဲ့ ရှောင်းလူုကြီးမင်းနဲ့ကျွန်တော်တို့ ဆုံဖူးကြသလား လို့ဗျာ "

ဝမ်ပါးပါးရဲ့စကားကြောင့် ရှောင်းပါးပါး ကတစ်ချက်စဉ်းစားဟန်ပြုသည်။

" ဦးထုပ်အဝိုင်းနဲ့ဂျာကင်ဝတ်ပြီး စမတ်ကျတဲ့ ပေကျင်းကောလိပ်က ကျောင်းသားကို မှတ်မိတယ်ထင်တာပါပဲ "

"အိုး တစ်ကယ်ကြီးဟုတ်နေတာပဲ ဒီအချိန်ထိမှတ်မိနေပုံထောက် ကျွန်တော်တို့ဦးနှောက်တွေက အခုထိမဟောင်းသေးဘူးပဲ မထင်ထားဘူးပဲ ကျောင်းသားဟောင်းတစ်ယောက်နဲ့ ဒီလိုပြန်ဆုံရမယ်မှန်း "

Tie me down ( yizhan )[completed]Wo Geschichten leben. Entdecke jetzt