CEOကဖောက်ပြန်နေတယ(Unicode)

1.7K 128 2
                                    

ပေကျင်းရဲ့မိုးဦးမို့ရာသီဥတုက စိုစွတ်စွတ်လေးနဲ့မိုးပွားလေးတွေကျနေတယ်~

ရုံးဆင်းချိန်ဟာ ကားတွေအပိတ်ဆုံးပဲပေါ့။ရှောင်းကျန့်က ကားမှန်ကိုချလိုက်ပြီးကားအတွင်းပိုင်းထဲကို လွင့်စင်လာတဲ့မိုးပေါက်သေးသေးလေးတွေကိုမျက်စိမှိတ်ပြီးခံယူလိုက်သည်။သူ့စိတ်ထဲမှာအခုတင်းကျပ်ပြီး လေးလံနေသည်။ရုံးခန်းထဲကို ကိုကိုနဲ့ထိုအမျိုးသမီးဝင်သွားလိုက်တဲ့အချိန်ကစလို့သူနေလို့ထိုင်လို့မကောင်း ~ ကိုယ့်လူကိုမယုံဘူးလားဆိုတော့လည်းမဟုတ်။တခြားမိန်းကလေးကိုလည်း ယိုးမစွပ်ချင်။ဒါတွေအားလုံးဟာ တကယ်တော့ သူအတွေးလွန်နေလို့ဖြစ်လာရတာကြီးပါပဲ…

"အချစ် ဘာဖြစ်လို့လည််း ! ကားမှန်ပြန်တင်လိုက်မိုးတွေစင်နေပြီ  "

ရှောင်းကျန့် ကသူ့ဗီီီီဇအတိုင်းအင်းမလုပ်အဲမလုပ်ပဲ ငြိိမ်ကုပ်နေသည်။သူအခုကားပြတင်းပေါက်ကိုပြန်မတင်ချင်ဘူူး။သူ့ယောကျာ်းနဲ့လည်းစကားပြောဖို့စိတ်မကြည်ဘူး။ဘယ်သူ့အပြစ်မှမဟုတ်ပေမဲ့ သူတစ်ယောက်ထဲအတွေးထဲများနေတာကိုလည်း ငြင်းဆန်ဖို့မဖြစ်နိုင်။ဒီစိတ်ရှုပ်ရပါသောအခိုက်တန့်တွေကို မြန်မြန်ပဲဖြတ်ကျော်ချင်နေပါမိပါသည်။

"းအချစ် ကိုယ်ပြောနေတာကြားလား ! "

ရှောင်းကျန့်က ပြန်မဖြေနှုတ်ဆိတ်နေသည်။သူဟာ အလိုလိုက်ခံအဆိုးလေး ! သဘောမကျစရာတွေရှိလာရင်လည်း အလိုမကျတဲ့အမူယာကိုမပြတတ်ပဲ ဂျစ်တိုက်နေတတ်သည်။ချစ်သူသပ်တမ်းနုနုလေးနဲ့အိမ်ထောင်သည်အဖြစ်ခံယူထားကြတဲ့သူတို့နှစ်ယောက်လုံးက ဒီကိစ္စတွေအတွက်ခံနိုင်ရည်ရှိပါ့မလား။တစ်နေ့ ကိုကိုသူ့အပေါ် အလိုမလိုက်နိုင်တော့အချိန်ကြရင် ……

"ကျစ် ရှောင်းကျန့် ! "

ကြားရဲ့သားနဲ့ခွန်းတုန့်မပြန်တဲ့လူက အခုတော့ မျက်လုံးအပြူးသားနဲ့မော့ကြည့်လာသည်။အော်မိပြီးမှာကိုယ့်ပါးစပ်ကို ပြန်ရိုက်ပြစ်လိုက်ချင်သည်။သူ့အချစ်က နာမ်စားတွေနဲ့ပတ်သတ်ပြီး အရမ်းကိုမှ senstiveဖြစ်တတ်မှန်သိရဲ့သားနဲ့။သူကစိတ်မရှည်တတ်တဲ့လူစား သူ့အချစ်က အဆိုးအဆာလေး။

Tie me down ( yizhan )[completed]Место, где живут истории. Откройте их для себя