သဲသဲနဲ႔ ကဲကဲ (Unicode)

3.4K 306 4
                                    

ရှောင်းကျန့်က လီရှင်းလက်မောင်းကိုလှုပ်ရမ်းကာ နှုတ်ခမ်းဆူသည်။လီရှင်း မသိချင်ယောင်ဆောင်ကာ လုပ်ပြီးသားစာရင်းတွေကို ပြန်လုပ်နေသည်။

ဒီ သောက် ကလေး ဘာဖြစ်နေတာလည်း ......

"သာကော !ကျွန်တော်ပြောနေတုန်းလိုက်ခဲ့နော် မဟုတ်ရင် ကိုကို အယ် ဌာနမှူးကို လာခေါ်ခိုင်းမှာ "

တွေ့လား ဒင်းတို့အတွဲကို ကို ဒါတွေသောက်ကြောမတည့်တာ ငါနဲ့နော် ရည်းစားမရှိတာတောင် သူများအတွဲရဲ့နားပူနားဆာလာခံနေရတယ် ငါလူးထဲမှပဲ ~

ကျိုးလီရှင်းက တုတ်တုတ်မလှုပ်တော့ ရှောင်းကျန့် မတ်တပ်ရပ်လိုက်သည်။သူကိုစိတ်ပုတ်တယ်ပြောလည်း သဘောပဲ ဒါနောက်ဆုံးလက်နက်ရယ် ~

"ကျဲ ...... "

ရှောင်းကျန့်က အသံဆာဆာနဲ့အော်တော့ ကျဲယမ်ယမ်သာ မက တခြားဝန်ထမ်းတွေကပါ ရှောင်းကျန့်ကိုကြည့်လာသည်။

"ဟိုနေ့က လေ ကျဲရဲ့ ခုံပေါ်မှာ ချောကလက်တွေလာတင်ထားတာ ဘယ်သူလည်းသိလား "

ကျဲယမ်ယမ်က မျက်နှာလေးပန်းရောင်သန်းကာ ခေါင်းခါပြသည်။ယမ်ယမ်ကိုကြည့်ပြီးရှောင်းကျန့် စိတ်ထဲကကြိတ်ရီသည်။ ကြီးမှဝက်သက်ပေါက်ချင်တဲ့နှစ်ယောက် !လှော်ပေးလိုက် အုံးမယ် ...

"အဲ့တာက ကျိုး အု အွတ် ......"

ရှောင်းကျန့်ရဲ့ စကားတို့လို့တန်းလန်းက ကျိုးသာကောရဲ့ လက်အောက်တွင်ပျောက်သွားသည်။ဒါတောင် ရှောင်းကျန့် ကျိုးသားကော လက်အုပ်ထားသည့် ကြားက ဝူးဝူးဝါးဝါးနှင့်အော်နေသေးသည်။တုံးလို်က်တဲ့ကျိုးသာကော ဒီလိုလုပ်တော့မှ အကုန်လုံးရိပ်မိကုန်မှာပေါ့ ~

"ကျန့်ကျန့် မင်းပြောတော့ ဌာနမှူးနဲ့ အတူတူ ဆိုင်ခွဲတွေလိုက်ကြည့်ဖို့ လာခေါ်တာဆို လာလေ သွားကြမယ် သူများ က အမည်မဖော်ချင်လို့ မသိအောင်လာတင်တာကွာ မင်းက ပြော ပြလို်က်လို့ မကောင်းပါဘူး လာလာ "

ရှောင်းကျန့်ကို အတင်းဆွဲခေါ်သွားတဲ့ ကျိုးလီရှင်းကိုကြည့်ပြီး ယမ်ယမ်က ခေါင်းငုံ့ကာ ကြိတ်ပြုံးသည်။ဟိုတစ်စု ဒီတစ်စု ဝန်ထမ်းတွေကလည်း ဒီအဖြစ်ကို ကြည့်ပြီး ပြုံးစိစိနဲ့ ~သူတို့ရုံးရဲ့ ဂေါ်မစွံ နှစ်ယောက်က မကြာခင်မှာ အဆင်ပြေတော့မှာမို့လေ ......

Tie me down ( yizhan )[completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ