ရှောင်းကျန့် ဒီနေ့အစောကြီးပဲနိုးနေတယ်။နှီးနှောမှုတွေနဲ့နေသားကြပြီးတဲ့နောက်မှာတော့ ကိုယ်လက်ကိုက်ခဲတတ်တာတွေကိုလျစ်လျူရှုလာနိုင်နေပြီလေ။ရှားပါးလွန်းတဲ့ပိတ်ရက်လေးမှာ ရှောင်းကျန့်က သူ့ယောကျာ်းအတွက် ထူးခြားတဲ့ဟင်းလျာလေးတွေကိုပြင်ဆင်ပေးနေတာပင်။
အရမ်းကြီးချက်ပြုတ်တတ်နေတာမျိုးမဟုတ်ပေမဲ့ မားဆီကသင်ယူထားတဲ့နည်းလမ်းအချို့နဲ့ဆိုရင် ထမင်းစားကောင်းအောင်တော့သူလုပ်နိုင်တယ်။
"အချစ် "
ကြက်သွန်မြိတ်တွေကိုခပ်ပါးပါးလှီးနေရင်း ရင်းနှီးနေတဲ့အသံနဲ့ အတူကိုယ်သင်းနံ့မွှေးမွှေးလေးကိုပါတစ်ဆက်တည်းရလိုက်သည်။သွေးကြောတွေရှက်ဖြာနေတဲ့လက်မောင်းတွေက သူ့ခါးတစ်ဝိုက်ကိုရစ်ပတ်လာပြီး ပခုံးပေါ်ကိုမေးတင်ကာပါးနှစ်ခုချင်းကိုထိကပ်လာသည်။မျက်နှာသစ်ပြီးလို့ သန်းရှင်းရေးလုပ်ပြီးခါစထင်သည် မျက်နှာဖွေးဖွေးက အေးပြီးကြည်လင်နေသည်။
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့လည်တိုင်သေးသေးကြားကိုတိုးဝှေ့ကာခွေးပေါက်လေးလိုအီနေသည်။ထိုအပြုမူကြောင့်ရှောင်းကျန့်က တစ်ချက်ရယ်သွမ်းကာ ခေါင်းကိုဖွဖွလေးပုတ်လိုက်သည်။
"ကေလးလား ဒီလိုလုပ်နေရအောင် "
"အချစ်ထက်ငယ်တယ်လေ ကေလးမဟုတ်ဘူးလား "
"အိုက်ယား ဝမ်ရိပေါ်ဒီလိုတွေတောင်ပြောတတ်လာပြီပဲ "
တိတ်ဆိတ်နေတဲ့ မီးဖိုခန်းကျဉ်းလေးထဲမှာရယ်သံလေးတွေစွက်သွားပြီး အေးချမ်းသည့်အငွေ့သက်လေးတွေလွှမ်းခြုံသွားသည်။
ဖြစ်နိုင်ရင်ထိုအချိန်လေးတွေကိုလက်မလွှတ်ချင်ပဲ လည်ပတ်နေတဲ့နာရီတွေကိုတောင်ရပ်ပြစ်ထားလိုက်ချင်တော့သည်။
စားသောက်ပြီးစီးလို့ သူတို့နှစ်ယောက်လုံးချစ်ကြည်နူးပြီးအိမ်ထောင်ရေးသုခကိုအအြပြည့်အဝခံစားနေချိန်မှာတော့ ရှောင်းကျန့်ရဲ့ဖုန်းလေးကအလိုက်မသိစွာနဲ့မြည်ဟည်းလာသည်။
တီ တီ
ရှောင်းကျန့်က ခါးကိုရစ်ပတ်ထားတဲ့ဝမ်ရိပေါ်လက်ကိုဖြုတ်ကာဖုန်းကိုကိုင်လိုက်သည်။အလိုမကျဖြစ်သွားတဲ့ဝမ်ရိပေါ်ကတော့ ဆူပူတ်လျှက်~
YOU ARE READING
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~
![Tie me down ( yizhan )[completed]](https://img.wattpad.com/cover/282055448-64-k828677.jpg)