"မဖြစ်နိုင်တာ ငါက အဲ့လိုလုပ်ခဲ့တယ်ဆိုတာ "
တအံ့တသြနဲ့ပြောလာတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ဝမ်ရိပေါ်ကခပ်ဟဟရယ်သည်။
"မဟုတ်ပဲနဲ့ ကိုယ်ကပြောမလား ! ဒါနဲ့အချစ် ငါငါ နဲ့အရမ်းရိုင်းလာတယ်လို့ကိုယ့်ကိုမထင်ဘူူးလား "
"မထင်ပါဘူး ဘာပဲဖြစ်ဖြစ် ငါကပိုကြီးတာကို "
လျှာလေးထုတ်ပြီးပြောင်ပြတော့ ဝမ်ရိပေါ်က မနေနိုင်စွာ ပါးဖောင်းလေးတွေကိုဖိကပ်နမ်းပြစ်သည်။ဒီၤလိုချစ်စရာကောင်းအောင်လုပ်တတ်ရမယ်လို့ဘယ်သူသင်ပေးခဲ့ပါလိမ့်။ပိန်းပါးနေတဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ပြီး အတင်းလိုက်နမ်းတော့ မျက်နှာလေးကိုဟိုကွယ်ဒီကွယ်လုပ်ကာရှောင်တိမ်းသည်။ပါးစပ်ကလည်း တခိုးခိုးတခစ်ခစ်ကြိတ်ရယ်နေသေးတာ။ဒီဟာလေးကတော့ ~
"အဲ့ဒီပုန်းနေတဲ့မျက်နှာမိရင် မလွယ်ဘူးနော် "
"မကြောက်ပါ ! "
တမင် မမိအောင်လုပ်ပေးနေတော့ အဆိုးလေးက အတော်လေးသဘောကျနေသည်။တကယ်တမ်း ဖိနှိပ်ပြီးအတင်းအကျပ်လုပ်လျှင်ခံရမှာသူပဲကို! အလွှတ်ပေးလို့ရောင့်တက်နေတာ ~
"အားးး မလုပ်နဲ့ ရိပေါ် မလုပ်နဲ့ "
အဓိကနေရာဖြစ်တဲ့ ဝမ်းဗိုက်နားလေးကိုလက်နဲ့ကုပ်တော့ အတင်းကိုယိမ်းထိုးလာသည်။လှုပ်လို့မရအောင်ခွထားပြီး နားဖျားလေးကိုပါလိုက်ကိုက်တော့ အသံဆာဆာလေးက ကျယ်လောင််လျှက်။
"ပြောလေ နောက်မလေးမစားလုပ်အုံးမှာလား "
"မလုပ် ဟားး မလုပ်တော့ဘူးလို့ ဟားးဟား ရပ်ပါတော့ "
ရယ်ရလွန်းလို့ထင်သည်။မျက်တောင်စိပ်စိပ်လေးတွေမှာ မျက်ရည်ဥလေးတွေခိုတွဲလျှက်။စနေတာကိုရပ်ပြီး ချစ်မဝသည့်မျက်နှာလေးကိုစိုက်ကြည့်မိသည်။ဒီလူသားလေး သူ့ဆီရောက်လာတာ တကယ့်ဘုရားပေးတဲ့ဆုလာဘ်ပဲ။ခြောက်ကပ်နေတဲ့ သူ့ဘဝထဲကို ဒီသစ်ပင်စိမ်းလေးရောက်လာခဲ့လို့စိုပြေမှုတွေရောက်လာခဲ့တာ ။ရှောင်းကျန့်ဆိုသောလူသားဟာ သူ့အတွက်တော့ အဖိုးမဖြတ်နိုင်သောပါပဲ။
YOU ARE READING
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~
![Tie me down ( yizhan )[completed]](https://img.wattpad.com/cover/282055448-64-k828677.jpg)