ဝမ်ပါးပါးကလာနှုတ်ဆက်တယ်(Unicode)

2.8K 272 4
                                    

အနည်းငယ်တွန့်ချင်ချင်ဖြစ်နေတဲ့အကျီ ် ကိုဆွဲချကာပြင်လိုက်ပြီး ဆွတ်နေကြရေမွှေးဘူးအသေးလေးကို ထုတ်ပြီး လက်နဲ့လည်ပင်းတွေကိုဆွတ်လိုက်သည်။ချစ်သူနားကပ်တဲ့အချိန်ကြရင်မွှေးနေဖို့ကအဓိကမဟုတ်လား...

အမြဲတမ်းတွန်းဖွင့်ပြီးဝင်နေကြတံခါးလေးကို နှစ်ချက်ဆင့်ခေါက်လိုက်ကာ လက်ကိုင်ဘုကို လှည့်ပြီးအထဲ သို့ဝင်လိုက်သည်။ ပြေပြစ်သည့်နဖူးကျယ်ကျယ်က အနည်းငယ်ကြုံ့နေပြီး လက်ကလည်းကွန်ပြူတာကိုအနှိပ်မပျက်...

"ဖိုင်တွေ ဒီမှာပဲတင်ထားခဲ့ရမလား ဌာနမှူး"

အသံခပ်တိုးတိုးလေးနဲ့ ပြောတော့ ဆတ်ကနဲမော့ကြည့်လာသည်။ချစ်စရာကောင်းလိုက်လေချင်း...

ဝမ်ရိ​ပေါ်က လုပ်လက်စကို လက်စသတ်ပြီးခုံကိုအနည်းငယ်​နောက်ဆုတ်ကာ ပေါင်ကိုပုတ်ပြသည်။ပုံမှန်အတိုင်းအကြောင်းသိနေတဲ့ရှောင်းကျန့်ကစွေ့ခနဲထိုင်လာသည်။

"တံခါးသေချာပိတ်ခဲ့လား "

"အွန်း "

မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ ရယ်ပြတော့ စိတ်မထိန်းနိင်တဲ့ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းတွေက ရှောင်းကျန့်ရဲ့ပါးနှစ်ဖက်ပေါ်တရွှတ်ရွှတ်နဲ့...

ဒီလိုတွေချစ်ရည်လူးချင်လွန်းလို့ ဝန်ထမ်းတွေကို လှမ်းမြင်အောင် သေချာလုပ်ထားတဲ့ မှန်အကြည်တွေကို လိုက်ကာ တွေနဲ့ ပိတ်ပြစ်လိုက်တယ်။အမှန်တော့ ချစ်သူလေးကို ဖက်ပြီး အနားယူချင်ယုံပါ။ ဒီလို အမောဖြေနည်းက ချစ်သူရှိတဲ့လူတွေအချင်းချင်းပဲနားလည်ပေးနိုင်မှာလေ...

အကြောင်းစုံသိနေပေမဲ့ CEO မျက်ကွယ်ပြုထားခြင်း က မတော်ရသေးတဲ့ယောက်ဖကိုကြောက်လို့ဆိုတာ ထက် ကိုယ်ချင်းစာလို့ဆိုတာပိုမှန်ပါမည်။

"ကိုကို... "

"အန်တီက ဘာပြောလည်း "

"ဘယ်သိမှာလည်း အိမ်တောင်မပြန်ဘူး "

ရှောင်းကျန့်ရဲ့ ပခုံးပေါ်မှာခေါင်းလေးအပ်ပြီး မျက်လုံးလေးတွေပါမှိတ်ထားတဲ့ လူက ခွေးပေါက်လေးလိုပဲ လေးတိလေးကန်နဲ့။ဘယ်သူက ထင်မှာလည်း တစ်မိုးအောက်ကတစ်ယောက်ဝမ်ရိပေါ်က ဒီလိုချွဲတတ်လိမ့်မယ်လို့...

Tie me down ( yizhan )[completed]Where stories live. Discover now