လက်ထောက်ရှောင်းကအမှောင်ကြောက်တယ်(Unicode)

4.7K 392 2
                                    

စားပွဲပေါ် ကစာရွှက်အလွှတ်နှစ်ခုကို ရှောင်းကျန့်က ဘောပင်နဲ့ဆွဲခြစ်လိုက်သည်။သူအခုတကယ်ကိုစိတ်ပျက်နေပြီ။လက်ထဲက နာရီကိုကြည့်မိတော့လည်း ၆နာရီတောင်ခွဲနေပြီ။ ဒါ်ဘယ်လိုတောင် မဖြစ်သင့်တဲ့ ကိစ္စလည်း ~ရုံးခန်းထဲက စားပွဲပေါ်မှာထိုင်ပြီး ကွန်ပြူတာတတောက်တောက်နဲ့ သ့ူရဲ့ဌာနမှူးကိုကြည့်ပြီး ဒေါသကပိုထွက်လာသည်။ ဒီနေ့ သူ့ရဲ့ ငယ်သူငယ်ချင်းလေးက မုန့်ဝယ်ကျေွးမယ်ဆိုလို့ သူဘယ်လောက်တောင်တက်ကြွနေခဲ့သလည်း။ဒါပေမဲ့ အဲ့ဒီဌာနမှူးအစုတ်ပျက်ရဲ့ အချိန်ပို ဆင်းရမယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် သူဟာ အခုချိန်ထိအလုပ်စားပွဲကနေ ဖင်မကြွရသေး။ စိတ်ပျက်ဖို့ကောင်းလိုက်တဲ့ ဌာနမှူး ~~

"ရှောင်းကျန့် "

ဘေးနားက ကျိုး အကိုကြီးက အသံခပ်အုပ်အုပ်နှင့်လှမ်းခေါ်သည်။ရုံးမှာသူတို့ Team တစ်ခုပဲ အချိန်ပိုဆင်းရတော့ တိတ်ဆိတ်နေသည်။

"မင်း ဗိုက်ဆာနေလား "

ရှောင်းကျန့်က နှုတ်ခမ်းလေးဆူကာ ခေါင်းကိုတဆတ်ဆတ်ငြိ်မ့်ပြသည်။

"ရော့ နေ့လယ်က ငါစားဖို့ဝယ်ထားတဲ့နို့နဲ့ ပေါင်မုန့် မင်းစားလိုက် "

"ဟာ အားနားစရာကြီး ကျိုးသာကော (သာကော -အကိုကြီး )ကလည်း ဟီး "

ရှောင်းကျန့် သွားလေးဖြဲပြကာ ကျိုးလီရှင်းရဲ့ နွားနို့နဲ့ ပေါင်မုန့်ထုတ်ကိုဆတ်ခနဲလှမ်းယူလိုက်သည်။ဌာနမှူးကြောင့်သာမဟုတ်ရင် သူအခု ဆိုင်ကောင်းတစ်ခုခုမှာ အပီအပြင်လွေးနေရလောက်ပြီ။သ့ူရဲ့ သူငယ်ချင်းဟောင်းလေးက ဘောစိမှန်း ကြည့်တာနဲ့တင်သိသာနေသည်မို့ ~

"ရတယ်အားမနာနေနဲ့ မင်းရဲ့ ဗိုက်ထဲက ထွက်တဲ့ ဂွီဂွီ ဂွမ်ဂွမ် အသံတွေကိုမကြားချင်တော့လို့ "

"ဟီးး ဟုတ်"

ရှောင်းကျန့်က ကျိုးလီရှင်းကို သွားလေးဖြီးကာ ခေါင်းလေးကို တဆတ်တဆတ်ငြိမ့်ပြလိုက်သည်။နို့ ကိုတဂွတ်ဂွတ်နဲ့သောက်ချလိုက်ကာ ပေါင်မုန့်ကို ပါးစပ်တစ်ခုလုံးအပြည့်ကိုက်ချကာစားနေလိုက်သည်။

Tie me down ( yizhan )[completed]Donde viven las historias. Descúbrelo ahora