ချစ်စခင်စ ကြင်နာစ(Zawgyi)

1.8K 101 0
                                    

နေလုံးနီနီနဲ့ ပင်လယ်လယ်ပြာ ……

ကျေက်ဆောင်တွေကို တဖုန်းဖုန်းရိုက်နေတဲ့ ရေလှိုင်းတွေ ……

သောင်ပြင်အစပ်ကိုတက်လာလိုက်  ပြန်ကျဆင်းသွားလိုက်နဲ့ ရေတွေက ထိုနေရာမှာလမ်းလျှောက်နေတဲ့ကောင်လေးနှစ်ယောက်ရဲ့ ခြေထောက်တွေကို လာထိခတ်သည်။

တစ်စုံတစ်ယောက်ကို ချစ်ချင်းမှာ ကျား မ ခွဲခြားဖို့လိုမနေပါဘူး။ရင်ထဲက ဖြစ်တည်လာတဲ့ ခံစားချက်တွေက စစ်မှန်နေဖို့ပဲ လိုတာပါ။ လိင်တူ ဆိုတဲ့ စကားက သဘာဝကို ဆန့်ကျင်ကောင်းဆန့်ကျင်နိုင်တယ် ဒါပေမဲ့ လောကကြီးကို အကျည်းတန်ရုပ်ဆိုးစေတာမျိုးတော့လည်း ဟုတ်မနေပါဘူး~

"ရှောင်းကျန့်  မနက်ဖြန်ဆို ကိုယ်တို့ ပေကျင်းကိုပြန်ရတော့မယ် နော် "

တိတ်ဆိတ်နေတဲ့အခြေနေမှာ ဝမ်ရိပေါ်က စကားစသည်။ကမ်းခြေမှာနေတဲ့ လေးရက်လုံးမှာ ရှောင်းကျန့်က တခြားလူတွေရှေ့ဆိုရင် စကားကို ရေပတ်မဝင်အောင်ပြောတတ်ပေမဲ့ သူ့ရှေ့ရောက်ရင် အလိုလိုစကားနည်းသွားတတ်သည်။သူက အဖြေကိစ္စနှင့်ပတ်သတ်၍ စကားစလျှင်လည်း သိသိသာသာနဲ့ ရှောင်နေတတ်သည်။ နားဖျားလေးတွေရဲပြီး စကားတွေပါ ထစ်သွားတတ်သူကို ရှက်နေသည် ဟု သူက ယူဆပါသည်။လွှတ်ပေးသင့်သလောက်လည်း လွှတ်ပေးခဲ့ပြီးပြီ  ဒီနေ့တော့ သူ လူဆိုးလုပ်ရတော့မည်။

"အင်းး အားလပ်ရက်ကလည်း ကုန်တာမြန်လိုက်တာ "

" ဟုတ်တဟ် အချိန်တွေက ကုန်တာမြန်တယ် တစ်ခါတစ်လေကြတော့လည်း လိုချင်တာရဖို့ကို စောင့်နေရပြန်ရော "

"ဒါပေါ့စောင့်ရမှာပေါ့ မြန်မြန်ရလိုက်ရင်ဘယ်အရာမှ မကောင်းဘူးလေ တန်ဖိုးမဲ့သွားမှာပေါ့ "

"တန်ဖိုး ဆိုတာ အချိန်ကာလတွေ နဲ့မဆိုင်ပါဘူး ပိုင်ရမဲ့လူအပေါ်ပဲမူတည်တယ်  ကိုယ်တိုင်မြတ်နိုးရင် တန်ဖိုးကြီးမယ် ပေါ့ပေါ့တန်တန်သဘောထားရင်တော့ တန်ဖိုးမဲ့သွားရော  "

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့စကားကို ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ~

"အဲ့ဒီတော့ ……… "

ဝမ်ရိပေါ်က မျက်မှောင်ကြုံ့သွားသည်။ဒါသူ့ကို လှောင်နေတာလား !

Tie me down ( yizhan )[completed]Where stories live. Discover now