ဘယ်သူမှမလိုဘူး(Unicode )(Final)

2.7K 159 2
                                    

"ကိုကို… ဘာဖြစ်လို့ဒီလိုဖြစ်နေရတာလည်း! သူကကလေးလေးပဲလေ အဲ့လောက်ထိစိတ်ဆိုးစရာမလိုပါဘူး "

"မလိုဘူး! သိပ်ကောင်းတယ်။သူကငါ့ပုံစံအတိုင်းလိုက်လုပ်ပြီးမင်းဆီက ဂရုစိုက်မှုတွေယူနေတာကိုပေါ့ "

ဝမ်ရိပေါ်ကဒေါသထွက်ထွက်ဖြင့် ကားစီယာတိုင်ကိုခပ်ပြင်းပြင်းတစ်ချက်ပုတ်လိုက်သည်။ထို့နောက်ရှုးရှုးရှဲရှဲဖြင့်ကားကိုလူရှင်းတဲ့တစ်နေရာတွင်ထိုးရပ်လိုက်သည်။အခုသူကဘယ်လောက်ဒေါသထွက်နေလည်းဆိုတာသူပဲသိတယ်။တစ်စုံတစ်ယောက် ကသူ့အပြုမူတွေကိုအတုခိုးပြီးတော့ သူ့ပုံစံအတိုင်းနေပြပြီးရှောင်းကျန့်ဆီကသူပဲရရမဲ့ အရာတွေလုယူသွားတာကိုကြည့်နေနိုင်မတဲ့လား။ဘယ်လိုပဲဒါက မသိတတ်သေးတဲ့ကလေးဖြစ်စေအုံးတော့ !

"တော်ပါတော့ ယောကျာ်း ! ထပ်ပြီးဒေါသထွက်မနေပါနဲ့တော့။ဟုတ်ပြီလား သူကသုံးနှစ်တောင်မပြည့်သေးတ့ဲကလေးလေးလေ "

သုံးနှစ်မပြည့်သေးတဲ့ကလေးမိုလိ့ုပေါ့ အကယ်၍ကိုယ်နဲ့ရွယ်တူတန်းတူသာဆိုရင်တော့ဒီလိုလုပ်ဖို့ခွင့်ပြုနိုင်ဖို့မပြောနဲ့ မျက်လုံးနဲ့စွေကြည့်ရင်တောင် အဲ့ဒီမျက်လုံးတွေကိုဖောက်ထုတ်ပြစ်မှာ။

"အချစ်ပြောတာကိုနားလည်တယ်မဟုတ်လားဟင် နော်ကိုကို"

ဝမ်ရိပေါ်ကအင်းမလုပ်အဲမလုပ်နဲ့ ပြတငး်ပေါက်တစ်ခြမ်းကိုသာ မျက်နှာမူထားသည်။ပြောရဆိုရခက်တဲ့ ယောကျာ်းလုပ်သူကြောင့် ရှောင်းကျန့်ရဲ့စိတ်ရှည်သည်းခံမှုတွေကိုဆွဲဆန့်ထားရသည်။ပုံမှန်ဆိုသူက ကောက်ရတာကိုပဲကြိုက်တာ တခြားလူဆိုချော့ချင်တာမဟုတ်ဘူး။အခုတော့ ကြီးကောင်ကြီးမားကြီးကို သူချော့နေရတော့သည်။ဝမ်ရိပေါ်ဆိုတာဟာလေ ဘာမဟုတ်တာလေးကို!

"ကိုကို !ဒီဘက်ခဏလှည့်ပါအုံးကွာ "

မွ…

ဖြေးညှင်းစွာလှည့်လာတဲ့ခေါင်းလေးကိုထိန်းကိုင်ပြီး လုံးဝန်းနေတဲ့နှာခါင်းထိပ်လေးကိုနမ်းလိုက်သည်။ထို့နောက် တင်းရင်းနေတဲ့ပါးမို့မို့နှစ်ဖက်ကို တစ်ဖက်ဆီ မွကာ နှုတ်ခမ်းထူထူလေးကိုသူ့နှုတ်ခမ်းတွေဖြင့်ကြာမြင့်စွာဖိကပ်ထားလိုက်သည်။

Tie me down ( yizhan )[completed]Donde viven las historias. Descúbrelo ahora