တရုတ်နှစ်သစ်ကူးရက်တွေက အရမ်းပျော်စရာကောင်းတယ်။မိသားစု တွေအစုံလင်န့ဲအတူတူပျော်ဖို့အတွက်ခက်ခက်ခဲခဲရရှိထားတဲ့အခွင့်ရေးသေးသေးလေးပါပဲ။
ဒါပေမဲ့လူတွေအားလုံးကတော့ မျက်နှာမှာအပြုံးတွေဆင်ပြီး ရင်ထဲမှာပန်းတွေပွင့်နေကြသည်။ထိုအထဲမှာ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်လည်းအပါအဝင်ပေ။စုံစည်းဖို့ခက်ခဲတဲ့လူတွေဖြစ်သည်မို့။ဒီရက်မှာတော့ အကုန်လုံး မအားမနေရဖြစ်အောင်လုပ်ထားကြသည်။
ဝမ်ရိပေါ်ကတော့ သူ့အချစ်အတွက်စိတ်မကောင်းဖြစ်လွန်းလို့ ဒီရက်လေးကိုမျှော်လင့်နေခဲ့တာကြာပြီလေ။ရှောင်းကျန့်က အပြင်ပန်းမှာဘာမှဖြစ်ပုံမပြပေမဲ့ တကယ်တမ်းကြတော့မိသားစုကိုလွမ်းနေတ
်ဆိုတာသူသိပါသည်လေ။သူများမိသားစုတွေမြင်ရင် အမြဲတမ်းငြိုးကျသွားတဲ့သူ့အချစ်ရဲ့မျက်နှာလေးကိုမြင်ရင်သူကိုယ်တိုင်လည်း စိတ်မကောင်းပေ။သူကတော့ မားကိုသတိရပေမဲ့လည်း မိသားစုဆိုတဲ့စကားလုံးနဲ့မကိုက်ညီလှအောင် ဖြတ်သန်းခဲ့ရတဲ့အေးအေးစက်စက်စားပွဲတွေကိုမလွမ်းနိုင်တော့ပေ။သို့ပေမဲ့လည်းအချိန်ရရင်တော့ မားဆီကိုတော့သွားလည်ရအုံးမည်။ဘာပဲဖြစ်ဖြစ်သူလည်း သားတစ်ယောက်ပဲလေ…"ရိပေါ် ! ငါအဆင်ပြေလား ကြည့်ပေးပါအုံး "
အညိုရောင်မာဖလာလေးနဲ့ဆွယ်တာနီရဲရဲလေးကိုဝတ်ထားတဲ့အချစ်တုံးလေးက မျက်လုံးလေးကလယ်လယ်လုပ်ပြီးမေးလာသည်။ဒီလောက်ထိချစ်မြတ်နိုးစရာကောင်းနေတဲ့ လူသားကိုဘာတွေများထပ်ပြီးကြည့်ခိုင်းနေရတာလည်း။ဘယ်နေရာမှာမှအပြစ်နာဆာမရှိသောသူကိုဘာများဝေဖန်စရာလိုနေမည်နည်း။
"အားလုံးပါဖက်(perfect) "
လက်မထောင်ပြပြီးကျေနပ်အောင်ပြောလိုက်တော့ ဂုဏ်တဆာဆာနဲ့ဖြစ်သွားသည်။တကယ့်ဟာလေး…
"မင်းလည်းအရမ်းကြည့်လို့ကောင်းတယ် လောင်ကုန်း "
"ဒါပေါ့ … ဟမ် ဘာ ! ဘယ်လိုခေါ်လိုက်တာ "
"နိုးနိုး တစ်ခါပဲပြောမယ် နှစ်ခါမပြောဘူး ရှောင်းမျိုးရိုးသိက္ခာကျတယ် ဟွန့် "
![](https://img.wattpad.com/cover/282055448-288-k828677.jpg)
BẠN ĐANG ĐỌC
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~