ငါ့ရဲ့ခံစားချက်တွေကိုပြန်စစ်ဆေးဖို့လိုနေပြီ(Unicode)

4.1K 379 13
                                    

ရှောင်းကျန့်က luggage အလေးကြီး ကိုလက်နှစ်ဖက်ဖြင့််မကာ ကားပေါ်သို့တင်လိုက်သည်။အသစ်စက်စက်မျက်မှန်အနက်လေးကို တစ်ချက်ပင့်လိုက်တော့ ကိုယ့်ကိုယ့်ကို ယုံကြည့်မှုပိုရှိသွားတယ်လို့ခံစားလိုက်ရသည်။ဒီနေ့ဟာ သူတို့ရဲ့ နှစ်ကုန်အားလပ်ရက်အတွက် ကမ်းခြေကို ခရီးထွက်ရမဲ့ ~

အင်းဟုတ်တယ် …သူက xx တောင်တန်းတွေကို သွားခြင်ပေမဲ့ ဝန်ထမ်းမိန်းကလေးအများစုက ကမ်းခြေကိုပဲရွေးကြတယ်လေ။အကြောင်းရင်းကတော့ ထိုကမ်းခြေမှာ ဌာနမှူးဝမ် အဖေပိုင်တဲ့ ဘန်ဂလိုတွေ ဟိုတယ်တွေအများကြီးရှိလို့ပါတဲ့။သူများရဲ့ ပိုင်ဆိုင်မှုကိုစူးစမ်းခြင်တဲ့မိန်းကလေးတွေက တစ်ကယ့်ကိုပဲ ထိန်းရခက်တယ်။အခုတော့ သူရဲ့ ဒေသခံမိန်းမလှလေးတွေနဲ့လည်းဝေးရော့ပေါ့ ~

"Wow ကျန့်ကျန့် တစ်ကယ့်ကို မိုက်နေတာပါလား မင်းသားတောင်ရှုံးတယ် "

ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ကျဲယမ်ယမ်က ရှောင်းကျန့်ရဲ့ ပခုံးကို တဖတ်ဖတ်နဲ့ရိုက်ကာပြောသည်။မိန်းကလေးတွေများ ခြေရောလက်ပါ ကဏှာမငြိမ်ဘူး~

ဟာဝိုင်အီ ရှပ်လေးနဲ့ ဘောင်းဘီအနက်ရောင်ဒူးထိ လေးကိုဝတ်ထားတဲ့ရှောက်ူကျန့်က တစ်ကယ်လည်း ကြည့်လို့ကောင်းနေပါသည်။အိမ်ထောင်သည်ဝန်ထမ်းတွေကြားထဲ မှာ သူက ဘုရင်တစ်ဆူလိုဖြစ်နေသည်။ကွက်ကြည့်ကွက်ကြည့်နဲ့ Team ပေါင်းစုံက ကောင်မလေးတွေ တီးတီးတိုးတိုးပြောနေကိုလည်းရိပ်မိပါသည်။ဘယ်တတ်နိုင်မလည်း အမေပေးထားတဲ့ရုပ်ရည်ကာ ချောမောလွန်းနေပြန်တော့လည်း အာရုံစိုက်ခံရပြီပေါ့ ~

ဂုဏ်ဆာနေတဲ့ ရှောင်းကျန့်က ကော်လံလေးကိုတကိုင်ကိုင်နဲ့ မြောက်ကြွမြောက်ကြွဖြစ်နေသည်။ရှောရှောကျလာတဲ့ မျက်မှန်ကို ပင့်တင်ရတာလည်းအမော~

"အာ ကျန့်ကျန့် ကားပေါ်မတက်သေးဘူးလား ၁၅ မိနစ်ပဲလိုတော့တယ် ဟို လီရှင်း ငတုံးကောင်က ဘာလိုမလာသေးတာလည်း "

"လာမှာပေါ့ ကျဲကလည်း လောနေလိုက်တာ ကျဲရဲ့ကောင်လေးက ခရီးကိုလိုက်ဖြစ်အောင်လိုက်မှာပါပူမနေနဲ့ ကျွန်တော်ကားပေါ်တော့ မတက်ချင်သေးဘူး အိုက်လို့ "

Tie me down ( yizhan )[completed]Where stories live. Discover now