လက်ထောက်ရှောင်းလေးကံမကောင်းပါ(Unicode)

4.1K 376 14
                                    

လေအေးအေးနဲ့ ပင်လယ်အငွေ့သက်က တဖြည်းဖြည်းတိုးဝှေ့လာသည်။နေလုံးနီနီ ပျောက်လုအချိန်မှာ ဝန်ထမ်းတွေ အပြည့်နဲ့ ကားလေးက ကားရပ်နားစခန်းတွင်တအိအိနဲ့ ထိုးရပ်သွားသည်။ကားပေါ်ရှိဝန်ထမ်းတွေက အကြောဆန့်ကာ သမ်းဝေကာ အထုတ်တွေယူပြီး ဆင်းကုန်ုကြပြီ။တောင့်တောင့့်ကြီးထိုင်နေသေးတဲ့သူတို့ရဲ့ ဌာနမှူးနဲ့ ဌာနမှူးရဲ့ ရင်ခွင်ထဲမှာ တရှုးရှုးနဲ့အိပ်နေသောလက်ထောက်ရှောင်းကို ကြည့်ကာ မျက်လုံးအပြူးသားနဲ့ ဆင်းသွားကြသည်။

"ဟဲ့ လက်ထောက်ရှောင်းက မြွေမကြောက်မကင်းကြောက်နဲ့ အိပ်နေလိုက်တာ "

"ဟုတ်ပ့ သူကတော့စံပဲ "

"ဟဲ့ တိုးတိုးပြောကြ ကြားသွားမယ် "

တိုးတိုး တိုးတိုး နဲ့ဘေးနားကဖြတ်လျှောက်သွားသည့် မိန်းကလေးနှစ်ယောက်ကို ကြည့်ပြီးဝမ်ရိပေါ်က မျက်မှောင်ကြုံ့သည်။မိန်းကလေးတွေဖြစ်ပြီး မထိန်းသိမ်းနိုင်လိုက်ကြတာ တတွတ်တွတ်နဲ့ အသံတွေကြောင့် လက်ထောက်ရှောင်း နိုးသွားရင်ဘယ်လိုလုပ်မလည်း !

သူတွေးလို့မှမဆုံးသေး သူ့ရင်ခွင်ထဲမှရှောင်းကျန့်က တအင်းအင်းတအဲအဲနဲ့ လှုပ်ယွလာသည်။ခေါင်းလေးကို ပုတ်ကာ တကျွတ်ကျွတ်နဲ့ ပြန်ချော့လိုက်တော့ငြိမ်ကျသွားပြန်သည်။လက်ထောက်ရှောင်းက တစ်ကယ်အိပ်ပုတ်လေးပဲ~

ယမ်ယမ်နဲ့ လီရှင်းကတော့ ခြေမကိုင်မိလက်မကိုုင်မိဖြစ်နေသည်။သူတို့ရဲ့ကျန့်ကျန့်လေးက ရာဇဝင်အိုးကို ဒုတ်နဲ့ထိုးနေသည်မဟုတ်ပါလား။ဝမ်ရိပေါ်ကသူ့ရဲ့နားလာပြီးဝေ့လည်ကြောင်ပတ်လုပ်နေတဲ့နှစ်ယောက်ကို ဘုကြည့်ကြည့်လိုက်သည်။

"ဌာနမှူး ဟို ကျန့်ကျန့်ကလေ …… "

ယမ်ယမ်ရဲ့ စကားမဆုံးခင် ဝမ်ရိပေါ်က လက်ကာ ပြသည်။ ထို့နောက် စကားလုံးအနည်းငယ်ကို နှုတ်ခမ်းလှုပ်ယုံရွတ်ပြသည်။

"ထွက်သွား !!! "

ထိုအသံမကြားရသည့် စကားက ယမ်ယမ်နဲ့လီရှင်းကို တချိုးထဲလစ်ပြေးစေသည်။
တစ်လမ်းလုံးမှီအိပ်လာသည့် ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်ရဲ့ ကျောနဲ့ခါးကအောင့်သက်သက်ဖြစ်နေသည်။သူ အကြောဆန့်ချင်လို့ လှုပ်ရင် နိုးသွားမည့် လက်ထောက်ရှောင်းကြောင့် သူ ဒီတိုင်းမလှုပ်မရပ်ပဲ ငြိမ်သက်နေခဲ့တာ။
ကားပေါ်ကလူတွေကုန်သည်အထိ နိုးမလာသေးတဲ့ရှောင်းကျန့်ကို သူနှိုးသင့်သလား။နဂိုထဲက အမြင်မကြည်ရတဲ့ ကြားထဲ ရှောင်းကျန့်ပိုစိတ်ဆိုးသွားမှာသူမလိုလားပါ။ အင်း အရင်ကတော့ အမြင်မကြည်ရတဲ့ သူက သူပေါ့။ဘယ်လိုတောင် နေရာလဲသွားလည်း သူလည်း မပြောတတ်တော့ပါ။

Tie me down ( yizhan )[completed]Tempat cerita menjadi hidup. Temukan sekarang