ရှောင်းကျန့်က ကားပေါ်ကိုတက်ခါနီးတွန့်ဆုတ် တွန့်ုဆုတ်နဲ့ရယ် ~ဘေးဘီကိုဝဲကြည့်တော့ လည်း အသီးသီးကားပေါ် တိုးရိုး တက်နေကြပြီ။သူမြင်ချင်သောတစ်ယောက်သောသူဟာ အခုထိရောက်မလာသေး…
မနက်ကလည်း ဘယ်အချိန်ကထသွားမှန်းမသိဘူး သူနှိုးလာလို့ မက်ဆေ့ချ်လေးတစ်စောင်ပို့ကာ ပျောက်ချက်သားကောင်းနေပြန်သည်။သူ့ရဲ့ ချစ်သူအသစ်စက်စက်လေးက စတင်ပြီး စိတ်ပူအောင်လုပ်နေပြန်သည်။
"ကျန့်ကျန့် ! "
" အားးး "
နားနားက ကပ်အော်လာတဲ့ ကျဲယမ်ယမ်ရဲ့အသံကြောင့် ရှောင်းကျန့်ထခုန်မိမတတ်။
ကျဲဟာလေ သူ့ရဲ့ အသံဆိုးကြီးနဲ့ သ့ူရဲ့နားစည်တွေတော့ကွဲပြီထင်ပါရဲ့ ~
"ကျဲ ဖြေးဖြေးအော်ပါ ဒီမှာ နားကန်းတော့မယ် "
"အံမယ် ဖြေးဖြေးအော်တုန်းကကြ နင်ကြားလို့လား အခု ဘယ်သူ့ကိုစောင့်နေတာလည်း လီရှင်းကဖြင့်ကားပေါ်တက်သွားတာကြာပေါ့ "
"ကျိုးသာကော ကို စောင့်စရာလား အားအားယားယား ဒီတိုင်းပဲ လူစစ်နေတာ ကျန်ခဲ့မှာဆိုးလို့ "
"အိုးး မေတ္တာရှင်ကြီးပဲ စောင့်မနေနဲ့ ကားထဲမှာ လူစုံနေပြီ နင်ပဲရှိတော့တာ ဌာနမှူးက CEO တို့ကားနဲ့လိုက်သွားတယ်ဆိုလား "
ကျဲ ရဲ့ စကားကြောင့် ရှောင်းကျန့်က စိတ်ခုသွားသည်။အခုဝမ်ရိပေါ်က သူ့ကို တစ်ခွန်းမှမဟပဲ အိမ်ကိုပြန်သွားတာလား ။ ဒါဘယ်လို တောင် စိတ်ပျက်စရာကောငး်တာလည်း ။မဟုတ်မှလွဲရော ညက သူမပေးလိုက်လို့ စိတ်ဆိုးသွားတာလား။ ဝမ်ရိပေါ် သောက်ရှုးကောင် မင်းငါ့ကိုလှည့်စားနေတာဆိုလို့ကတော့ အရေခွံဆုတ်ပြစ်မှာနော် ~
"ဟဲ့ ကျန့်ကျန့် ကားပေါ်တက်တော့လေ ဘာလုပ်နေတာလည်း"
"အရေခွံဆုတ်ချင်နေတာ "
"ဘယ်သူ့ကိုလည်း "
"ကျဲကို …… ဟာ ဘယ်သူ့ကိုမှမဟုတ်ဘူး ကျဲလုပ်တာနဲ့ကျွန်တော်ပါ ယောင်ကုန်ပြီ "
YOU ARE READING
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~
![Tie me down ( yizhan )[completed]](https://img.wattpad.com/cover/282055448-64-k828677.jpg)