ဌာနမှူးဝမ်ကငါ့ကိုချစ်နေတယ်(Unicode)

4.6K 374 10
                                        

မွှေ့ယာကျယ်ကြီးပေါ်မှာ ရှောင်းကျန့်က တလူးလူးတလိမ့်လိမ်နဲ့။အိပ်လို့မရတာထက် အိပ်ဖို့ကြောက်နေတာဆိုပိုမှန်မည်။အထက်တုန်းက သူငဟ်ချင်းတွေနဲ့ အိပ်တုန်းကခွလိုခွ ဖက်လိုဖက်လုပ်လို့ရပေမဲ့ ယခုအချိန်က ဘေးနားမှလူဟာ ဘီလူးထက်ဆိုးနေတာရယ်။ အအိပ်ဆိုးသည့် သူ့အကြောင်းကို လည်း သူသာသိသည်။ မတော်တဆ လက်လေးတစ်ဖက် ခြေထောက်လေးတစ်ချောင်း တင်မိခဲ့သည်ရှိသော် သူရဲ့ လက်တွေခြေတွေကို ရိုက်ချိုးပြစ်မှာတော့ မဟုတ်ဘူးမလား~

ရှောင်းကျန့်က မျက်လုံးလေးကို ဖွဖွမှိတ်ထားသောကြောင့် မျက်ခွံလေးတွေကလှုပ်နေသည်။မျက်စိတစ်ဖက်ကို အသာဖွင့်ကာ note book နဲ့အလုပ်ရှုပ်နေသူကိုခိုးကြည့်မိသည်။နောက်ကျနေပြီ ခုထိမအိပ်သေးဘူး ။တယ်လည်းအလုပ်ကြိုးစားသော ဌာနမှူးရယ်ပါလား။ အားလပ်ရက်မှာတောင်အလုပ်တွေယူလာပြီးလုပ်နေတုန်းပဲ။ဖြတ်ခနဲသူ့ဘက်ကိုလှည့်လာတဲ့ ဌာနမှူးကြောင့် ရှောင်းကျန့်က မျက်လုံးကို စုံမှိတ်ကာ အသက်အောင့်ထားလိုက်သည်။စက္ကန့်အနည်းငယ်ကြာတော့ မျက်လုံးကိုပြန်ဖွင့်ကာ ခိုးကြည့်လိုက်သည်။

"အား "

နီးကပ်နေတဲ့ ဖြူဥဥမျက်နှာက ရှောင်းကျန့်ကိုအော်အောင်လုပ်သည့် တရားခံပင်။

"ဟေး ရှုး "

သွေးကြောစိမ်းလေးတွေသန်းနေသည့် လက်ချောင်းလေးက သူ့နှုတ်ခမ်းပေါ်လာထိကပ်သည်။

"ဘာလို့အော်နေတာလည်း မအိပ်ချင်ရင်လည်း ကိုယ့်ကို အလုပ်ဝိုင်းကူပေး အိပ်ချင်ယောင်ဆောင်မနေနဲ့ "

ရူးနေလား  ! အားလပ်ရက်မှာ အလုပ်တွေလုပ်တဲ့ သောက်ရှုးဘယ်မှာရှိလို့လည်း ?
သူရဲ့ ဌာနမှူးဝမ်ရိပေါ်က လွဲပြီးတော့ပေါ့~

"အိပ်မှာ အခုအိပ်တော့မှာ  နည်းနည်းပူနေလို့ "

"အဲကွန်းကို မြှင့်ပေးထားတယ်လေ ပူနေတုန်းလား "

"အာ အရမ်းကြီးတော့မဟုတ်ပါဘူး ဌာနမှူးလုပ်စရာရှိတာလုပ်တော့လေ "

ရှောင်းကျန့်က ပြောပြီး ဝမ်ရိပေါ်ကို ကျောခိုင်းကာ တစောင်းလှည့်အိပ်လိုက်သည်။ ဌာနမှူး ဝမ်က အခုတလော အကြောင်းမရှိပဲသူနဲ့ နီးနီးကပ်ကပ်ပြုမူတတ်နေသည်။ထိုအပြုမူများကြောင့် သူရဲ့စိတ်အခြေနေသည်လည်းမူမမှန်ချင်ပါ။သူဆင်ခြင်မှဖြစ်မည်။ဌာနမှူးဝမ်နဲ့သူက သာမာန် ပတ်သတ်မှုမျိုးထက်ကျော်လွန်ခဲ့ဖူးသည်မဟုတ်ပါလား။နှစ်ဦးနှစ်ဖက်လက်မခံနိုင်သည့်အခြေနေမှာ အစပြန်ပေါ်မလာအောင် လုပ်တာကအကောင်းဆုံးပင်~

Tie me down ( yizhan )[completed]Tempat cerita menjadi hidup. Temukan sekarang