ဝမ်ရိပေါ်က ရေစက်လက်နဲ့ ခေါင်းကို တဘက်နဲ့သုတ်ကာ သူ့ရဲ့ရှောင်းကျန့်ကို ဘယ်လိုချော့ရမလည်းစဉ်းစားနေသည်။သေချာပေါက်လွယ်ကူနေမဲ့ အရာတော့မဟုတ်ဘူး ~ တော်သေးတာပေါ့ ယုပန်ပန်ကလည်း ကားတစ်စီးလောက်နဲ့ရပ်သွားလို့ မဟူတ်ရင် သူ့ရဲ့ခေါင်းမှာ မီးခိုးတွေထွက်လာမဲ့အခြေနေဖြစ်နေလောက်ပြီ ~
ဝမ်ရိပေါ်က ရှောင်းကျန့်ကို စာပို့ရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။သမီးရည်းစား စိတ်ဆိုးစိတ်ကောက်ရင် ဘယ်လိုပြန်ချော့ရမလည်း ဆိုတာကို ယုပန်ပန်က နည်းလမ်းပေးသွားသည်လေ။အီစီကလီ ဘာညာပေါ့ ……
တင်မ် …… တင်မ်………
ဖုန်းကိုင်ရုံရှိသေး တတင်တင် တတောင်တောင်နဲ့ ဝင်လာတဲ့ စာပေါင်းသောင်းခြောက်ထောင်ကြောင့် ဝမ်ရိပေါ်က မျက်မှောင်ကြုတ်သည်။ဘယ်လက်ကမြင်းကြောထတဲ့လူတွေက စာတွေလာပို့နေတာလည်း။
ဝမ်ရိပေါ်က စာတွေကို ဖတ်ကြည့်လိုက်တော့ သူ့ရဲ့ရုံးက office group chat ပဲ ~မှားပြီး invite မိတာနေမယ်။ပြန်ထွက်ဖို့စိတ်ကူးလိုက်ပေမဲ့ group ထဲကို ဝင်လာတဲ့ ဓာတ်ပုံတစ်ပုံက ဝမ်ရိပေါ် စိတ်အစုံကို တွေဝေသွားအောင်လုပ်စေသည်။
ရှောင်းကျန့်က အင်္ကျီရှည်ပွကို ဝတ်ထားပြီး မျက်နှာလေးကရဲတွတ်နေသည်။ဝမ်ရိပေါ်ကို သွေးဆောင့်တက်အောင်လုပ်သည်မှာ အောက်က ဘာမှမဝတ်ထား ~
ဘောင်းဘီနဲ့ ကာ ထားကာ မျက်နှာက ပြုံးဖြီးနေသေးသည်။ဝမ်ရိပေါ်က group member အရေအတွက်ကိုပြေးကြည့်သည်။
18ယောက် !
အခု အဲ့ဒီ 18ယောက်က ရှောင်းကျန့်ရဲ့ဒီပုံကို မြင်ပြီးနေပြီလို့ဆိုလိုချင်တာလား။သူ့ရဲ့အပိုင်ကိုလေ ! ဝမ်ရိပေါ် က စားပွဲပေါ်မှ နို့ခွက်ကို ကုန်အောင်မော့ချလိုက်သည်။ဒါဘယ်လိုတောင် ဆီလျော်မှုမရှိတာလည်း ။သူ့ရဲ့ ရုံးက ဝန်ထမ်းတွေက အဲ့လောက်ထိတောင် ဗရုတ်ကျနေတာလား ~ မဖြစ်သင့်ဘူး လုံးဝမဖြစ်သင့်ဘူး။
ဝမ်ရိပေါ်က စိတ်ကိုဖြေပေမဲ့ ဒေါသတွေပဲထွက်လာတယ်။မျက်နှာကို လက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်ကာ ကုတင်ပေါ်တွင်ထိုင်လိုက်သည်။ဒီအချိန်မှာ ရှောင်းကျန့်ဆီသွားပြီ ဘယ်တုန်းကပုံလည်း ဘာလို့ရိုက်ထားတာလည်း သွားမေးလိုက်ရင်လည်း ဟိုက စိတ်ကောက်မပြေတဲ့အပြင် လမ်းခွဲပြတ်စဲကြလေသတည်းဆိုရင် ဟက်ကော့ကြီးကျန်ခဲ့မှာကသူပဲ ~ဆိုးဝါးလိုက်တဲ့ ခံစားချက်ကြီးပါလား ! ဘာလုပ်သင့်လည်း တရားထိုင်လိုက်ရမလား~
YOU ARE READING
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~
![Tie me down ( yizhan )[completed]](https://img.wattpad.com/cover/282055448-64-k828677.jpg)